Skip to main content
စုစုပေါင်းမေးခွန်း (35) ခု
(ခ)-အုန်းဇုန်းကျေးရွာအုပ်စုနှင့်ချောင်းကြီးကျေးရွာအုပ်စုနှစ်ခု၏အုပ်စုခြားနယ်နိမိတ်သတ်မှတ်ပေးရန်နှင့်သပိတ်ကျင်းမြို့နယ်နှင့်စဉ့်ကူးမြို့နယ်နှစ်ခုကြားတိကျသော မြို့နယ် ခြား နယ်နိမိတ်သတ်မှတ်ပေးရန်ကိစ္စအား သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

သပိတ်ကျင်းမြို့နယ်အတွင်း အုန်းဇုန်းကျေးရွာအုပ်စုနှင့် ချောင်းကြီးကျေးရွာအုပ်စုနှစ်ခု၏ အုပ်စုခြား နယ်နိမိတ်သတ်မှတ်ပေးရန်နှင့် သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ် နှစ်ခုကြားတိကျသော မြို့နယ်ခြား နယ်နိမိတ်သတ်မှတ်ပေးရန်ကိစ္စအား သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

(က)-လက်ပံတန်းမြို့နယ်၊ မကျီးကွင်းကျေးရွာအုပ်စုပိုင် စားကျက်မြေ ၁၆၃.၆၂ ဧက စားကျက်မြေ အားလုံးကို တည်ဆဲဥပဒေများနှင့်ညီညွတ်ခြင်းမရှိဘဲ ပယ်ဖျက်ခဲ့သည့်အတွက် မည်သို့ပြန်လည် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မကျီးကွင်းစားကျက်မြေမှာ ၁၆၃.၆၂ ဧကကျယ်ဝန်းပြီး ရန်ကုန် - ပြည်လမ်းဘေး ဂရံစံပြကျေးရွာနှင့် ဂွေးတောက်ကွင်းကျေးရွာကြားတွင်ရှိပါကြောင်း၊ ယခင်အစိုးရလက်ထက်တွင် တည်ဆဲဥပဒေများနှင့်အညီ ညီညွတ်ခြင်းမရှိဘဲ စားကျက်မြေအားလုံးကို ပယ်ဖျက်ပြီး

(ဃ)-ဖလမ်းမြို့နယ်၊ သီးဆင်ကျေးရွာအုပ်စု၊ ဝေဠုဝန်စခန်းကို ဒေသခံပြည်သူများ၏ အခေါ်အဝေါ် ကိုက်ညီသော ဗားလုံ(Valung) ကျေးရွာအဖြစ် ပြောင်းလဲပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း


ချင်းပြည်နယ်၊ ဖလမ်း မြို့နယ်၊ သီးဆင်ကျေးရွာအုပ်စု၊ ဝေဠုဝန်စခန်းသည် ၁၉၄၅-၁၉၄၆ ခုနှစ်တွင် ဗိုလ်တဲဆောက်လုပ်ပြီး ၎င်းဗိုလ်တဲအနီးပတ်ဝန်းကျင်တွင် ဝါးတောများထူထပ်စွာ ပေါက်ရောက် သည့်အတွက်(Bamboo Camp)ဟု ခေါ်ဝေါ်ခဲ့ကြပါကြောင်း၊ ၁၉၅၀ ခုနှစ်တွင် ထို(Bamboo Camp) အနီးတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးနှစ်ပါး သီတင်းသုံးနေထိုင်ခဲ့ပြီး ထို ဘုန်းကြီးမှ ဝေဠုဝန်စခန်းဟု ခေါ်တွင်ခဲ့ပါကြောင်း၊ ၁၉၅၃ ခုနှစ်တွင် အစိုးရစိုက်ပျိုးရေးဌာနမှ စိုက်ပျိုးရေးခြံအဖြစ်သတ်မှတ် လုပ်ဆောင်ခဲ့ပြီး ဝေဠုဝန်စခန်း စိုက်ပျိုးရေးခြံဟု ခေါ်ဝေါ်ခဲ့ကြပါကြောင်း၊ သို့သော်ဒေသခံ ချင်းတိုင်း ရင်းသားပြည်သူများသည် ယခင်အခ

(ဂ)-ဝန်းသိုမြို့နယ်၊ တောင်ကုတ်ကျေးရွာအုပ်စု၊ ကျောက်ပါးစပ်ကျေးရွာအား ပြည်ထဲရေးအမည်ပေါက် ကျေးရွာအဖြစ် သတ်မှတ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း


ဝန်းသိုမြို့နယ်တွင် ပြည်ထဲရေးအမည်ပေါက် ကျေးရွာပေါင်း ၁၇၉ ရွာရှိပြီး ယခုမေးခွန်းတွင် ပါဝင်သော ကျောက်ပါးစပ်ကျေးရွာအပါအဝင်ဆိုပါက ရွာပေါင်း ၁၈၀ ရှိမည်ဖြစ်ပါကြောင်း၊  ကျောက် ပါးစပ်ကျေးရွာသည် ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းများကို အမှီပြုပြီး ပေါ်လာသည့် ရွာတစ်ရွာ ဖြစ်ပြီး အဆိုပါ ရွှေသတ္တုတူးဖော်ခြင်းလုပ်ငန်းကို လွတ်လပ်ရေးမရခင်ခေတ်ကပင် စတင်၍ ယနေ့အထိ လုပ်ကိုင်နေကြဆဲဖြစ်ပါကြောင်း၊ ၁၉၉၀-၁၉၉၁ ခုနှစ်လောက်ခန့်စတင်၍ လူများ စတင်အခြေချ နေထိုင်လာခဲ့ပြီး ယခုဆိုလျှင် ရွာ၏ အခြေကျမှုသည် နှစ်ပေါင်း ၃၀ နီးပါးကြာမြင့်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ကျောက်ပါးစပ်ကျေးရွာတွင် ယခုလက်ရှိ အိမ်ခြေ ၃၁၇

(ခ)-ကချင်ပြည်နယ်တရားလွှတ်တော်အဆောက်အဦအသစ် သီးခြားဆောက်လုပ်နိုင်ရန် မြေနေရာရရှိ ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင် မြေကွက်အား ညှိနှိုင်းဆောင်ရွက်ပေးနိုင် ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း


ကချင်ပြည်နယ်တရားလွှတ်တော်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်တွင်တည်ရှိပြီး အလျား ၂၉၀ ပေ၊ အနံ ၂၇၀ ပေ  ၁.၇၆၈ ဧက ရှိပါကြောင်း၊ အဆိုပါတရားလွှတ်တော်ရုံးဝင်းအတွင်း၌ ကချင်ပြည်နယ်တရားလွှတ်တော်၊ မြစ်ကြီးနားခရိုင်တရားရုံး၊ မြစ်ကြီးနားမြို့နယ်တရားရုံးတို့ တည်ရှိ နေပြီး ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး တရားခွင်သုံးရုံး၊ မြစ်ကြီးနားခရိုင် တရား သူကြီး တရားခွင်သုံးရုံး၊ မြစ်ကြီးနားမြို့နယ် တရားသူကြီး တရားခွင်လေးရုံးတို့ တည်ရှိနေပါကြောင်း၊ ၎င်းအပြင် အမှုတွဲခန်းများ အစည်းအဝေးခန်းမဆောင်တစ်ဆောင်၊ တရားရုံး အချုပ်ခန်းတစ်ဆောင်၊ ကားရပ်နားဆောင် တစ်ဆောင်၊ ရှေ့နေမျ