(စ)-မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ ဦးချစ်ထွန်းလမ်းနှင်‌့ ကျောက်ပြားစက်ရုံလမ်းကြားရှိ မြေကွက်အား နိုင်ငံရေးပါတီ တစ်ခုအမည်ဖြင်‌့ ဂရန်ထုတ်ပေး ထားခြင်းကိုပယ်ဖျက်ပြီး မူလအတိုင်း ကလေးကစားကွင်းအဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

 

(စ)-မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ ဦးချစ်ထွန်းလမ်းနှင်‌့ ကျောက်ပြားစက်ရုံလမ်းကြားရှိ အလျားပေ (၁၀၀)၊ အနံ(၈၅)ပေ ကျယ်ဝန်းသောမြေကွက်အား နိုင်ငံရေးပါတီတစ်ခုအမည်ဖြင်‌့ ဂရန်ထုတ်ပေး ထားခြင်းကိုပယ်ဖျက်ပြီး မူလအတိုင်း ကလေးကစားကွင်းအဖြစ် ပြန်လည်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

(ဃ)-ပျော်ဘွယ်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာပေါင်း (၃၀)ခန့် လျှပ်စစ်မီး ရရှိသုံးစွဲ နိုင်ရန်အတွက် ယင်းတော်ရွာတွင် 33/11 KV 3 MVA ဓာတ်အားခွဲရုံ (၁)ရုံနှင့် ကျေးရွာများအတွက် 11 KV ဓာတ်အားလိုင်းတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

(ခ)-တောင်ကြီးမြို့နယ်ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းကို မည်သည့်အတွက်ကြောင့် ရပ်ဆိုင်း ထားရသည်၊ ရှေ့အနာဂတ်တွင် တိုင်းပြည်အတွက် ဆုံးရှုံးမှုမရှိအောင် မည်ကဲ့သို့ စီမံဆောင်ရွက်မည်တို့ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

(ဂ)-မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုအတွင်းရှိ စံသမာဓိ၊ မြဲမြံအောင်နှင့် ဂုံညင်းနီရပ်ကွက်များရှိ ပြည်သူများအတွက် နေထိုင်မှုအထောက်အထား အခက်အခဲကြောင့် မှတ်ပုံတင်မရရှိခြင်းအား မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မင်္ဂလာဒုံ မြို့နယ် ဂုံညင်းနီရပ်ကွက်၊ မြဲမြံအောင်ရပ်ကွက်၊ စံသမာဓိရပ်ကွက်များရှိ ပြည်သူများသည် အနယ်နယ်အရပ်ရပ်က စီးပွားရေးအကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့အခြေချနေထိုင်သူ မွေးရာပါ နိုင်ငံသားများ ဖြစ်ကြပါကြောင်း၊ သို့သော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးပိုင်းက အဆိုပါရပ်ကွက်များရှိ ပြည်သူ များကို ထောက်ခံစာမပေးသည့်အတွက် သန်းခေါင်စာရင်းပြုလုပ်ရာတွင် အခက်အခဲဖြစ်နေပြီး မွေးဖွား လာသည့် ကလေးများအတွက်လည်း မှတ်ပုံတင်မရဘဲဖြစ်နေပါကြောင်း၊ ယင်