(င) - အထည်အလိပ်နည်းပညာကျောင်းများကို တက္ကသိုလ်အဆင့်၊ သိပ္ပံအဆင့်၊ အထက်တန်းကျောင်းနှင့် သင်တန်းကျောင်းများဖွင့်လှစ်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
အထည်ချုပ်လုပ်ငန်းကဏ္ဍသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ပို့ကုန်လုပ်ငန်းကဏ္ဍအဖြစ် ကိုယ်စားပြုနေပြီး လွန်ခဲ့တဲ့ငါးနှစ်ကျော်ကာလ အတွင်းတွင် တစ်နှစ်ကို ၂၅ ရာခိုင်နှုန်းဖြင့် တိုးတက် မြင့်မားလာခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် အဆိုပါ လုပ်ငန်းကဏ္ဍအတွက် စုစုပေါင်းပို့ကုန်တန်ဖိုး သည် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံရှိခဲ့ပါကြောင်း၊ အလုပ်သမားငါးသိန်းကျော်ကိုလည်း အလုပ် ပေးထားနိုင်