ပန်ကြားလွှာ

ပြည်သူ့လွှတ်တော် Server များအား Maintenance လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပါသဖြင့် (၇.၁.၂၀၂၁) ရက်နေ့မှ (၁၅.၁.၂၀၂၁) ရက်နေ့အထိ ပြည်သူ့လွှတ်တော် Website အား ဝင်ရောက် ကြည့်ရှု၍ မရနိုင်ပါကြောင်းနှင့် ပြည်သူ့လွှတ်တော် e-Mail အားလည်း အသုံးပြု၍ မရနိုင်ပါကြောင်း လေးစားစွာ အသိပေး ပန်ကြားအပ်ပါသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားပါသည်။

(ဈ)-သတ္တမတန်းမြန်မာစာသင်ရိုးသစ်တွင်ပါဝင်သောအချက်အလက်များသည်တိုင်းရင်းသားအရေး၊ ထိခိုက်စေနိုင်ခြင်းနှင့်သမိုင်းအမှန်အချက်အလက်များ လူငယ်များအတွင်း မှားယွင်းစွာ သိမြင်သွားနိုင် ခြင်းတို့ကြောင့် ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ်ရှိ /မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

(ဈ)-သတ္တမတန်းမြန်မာစာသင်ရိုးသစ် ကျောင်းသုံးစာအုပ်စာမျက်နှာ ၅ နှင့် ၆ တွင်ပါဝင်သောအချက် အလက်များသည်တိုင်းရင်းသားအရေး၊ထိခိုက်စေနိုင်ခြင်းနှင့်သမိုင်းအမှန်အချက်အလက်များ လူငယ် များ

(က)-ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့နယ်၊တော်ဝင်လမ်း၊ အမှတ်(၃၅)ပေါ်တွင်တည်ရှိသည့် ကယားဂေဟာအမည်ရှိသောအဆောက်အအုံနှင့်မြေအား ကယားပြည်နယ်အစိုးရထံသို့ ဥပဒေနှင့် အညီ လွှဲပြောင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ တော်ဝင်လမ်း၊ အမှတ်(၃၅)ရှိ ကယားဂေဟာ အဆောက် အအုံနှင့်မြေ၏ ပထမပိုင်ရှင်မှ S.Balthazan သည် မြေဂရန်ပိုင်ရှင် ဖြစ်ပါကြောင်း၊ ဒုတိယပိုင်ရှင် Karenni State Government သည် ၁၉၅၁ ခုနှစ်တွင် အမည်ပေါက်ရထားခြင်းဖြစ်ပါကြောင်း၊ ၎င်း Karenni

(ည)-လူ၊ တိရစ္ဆာန်တို့၏ တစ်ခုတည်းသောကျန်းမာရေး(One Health)ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံတော်အဆင့် မဟာဗျူဟာ (National Strategic Plan) ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

ကျန်းမာရေးသည် အရေးကြီးသည့် လာဘ်တစ်ပါးဖြစ်ပါကြောင်း၊  Food Safety အာဟာရပြည့် ဘေးကင်းလုံခြုံသည့် အသား၊ နို့၊ ဥများကို စားနိုင်ရန် Food Security အစားအစာ အလုံ အလောက်ကိုလည်း လိုပါကြောင်း၊ လူသားတို့ ကျန်းမာရေးအတွက် ဆရာဝန်၊ သူနာပြုဆရာမတွေ သာမက ဆက်စပ်သူအားလုံးတွင် တာဝန်ရှိပါကြောင်း၊ ယခုဆိုလျှင် COVID-19 ရောဂါက ကမ္ဘာကြီး

(ဋ)-မရှိမဖြစ်လိုအပ်သည့် ကျေးလက်ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ပေးရန်မေးခွန်းနှင့်ပတ်သက်၍ ဝန်ကြီးဌာနမှ ကျေးရွာအမည်များ လွဲမှားစွာဖြေကြားလာမှုကို သိလိုခြင်းနှင့်ကျေးလက်ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ခေါင်လန်ဖူးမြို့နယ်သည် တောင်ပေါ်ဒေသတွင် တည်ရှိသည့်အပြင် ဝေးလံခက်ခဲပြီး ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်ရန် များစွာ လိုအပ်နေသေး သည့် မြို့နယ်တစ်မြို့နယ်လည်း ဖြစ်ပါကြောင်း၊ မိမိတို့ခေါင်လန်ဖူးမြို့နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေးအခက်အခဲကြောင့် တစ်ရွာနှင့်တစ်ရွာ၊ တစ်အုပ်စုမှတစ

(ည)- ထီးလင်းမြို့နယ်ရှိ အခြေခံပညာကျောင်းရှစ်ကျောင်းတွင် ကျောင်းဆောင်သစ်များ တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မိမိတို့မြို့နယ်အနေဖြင့် ကျောင်းဆောင်သစ်များကို တင်ပြရာတွင် လိုအပ်ချက်များနှင့်ပတ်သက်၍ လျာထားတောင်းခံသည့်အခါ အမျိုးသားစီမံကိန်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီများ၊ သက်ဆိုင်ရာဌာနအကြီးအကဲများကိုယ်တိုင်ကွင်းဆင်းပြီး အမှန်တကယ်လိုအပ်သည့် ကျောင်းများကို လျာထားတောင်းခံခဲ့ခြင်းဖြစ်ပါကြောင်း၊