Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတရုတ်ပြည်သူ့သမ္မတနိုင်ငံ Exim Bank ဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံExim Bankဥက္ကဋ္ဌ H.E.Mr. Li Ruogu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၄ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် (၈)နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ ပြည်သူ့လွှတ်တော် ပို့ဆောင် ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေ၊ ပြည်သူ့ လွှတ်တော် ရင်းနှီး မြုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဌေးမြင့်၊ အမျိုးသား လွှတ်တော် ရေးရာ ကော်မတီများနှင့် လွှတ်တော် အုပ်ချုပ်မှု မူဝါဒဆိုင်ရာ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မြင့်ဖေ၊ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုး၊ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်၊ ပြည်သူ့ငွေစာရင်း ကော်မတီအဖွဲ့ဝင် ဒေါက်တာဝင်းမြင့်၊ ရင်းနှီးမြုပ်နှံမှုနှင့် စက်မှုလက်မှုဖွံဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် ဦးဝင်းဦး၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ထွန်းနှင့်  ဒေါ်အေးအေးမူ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။