Skip to main content

ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များကို ဥပဒေပြုရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များကို ၂၀၁၄ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့ ညနေပိုင်း (၁၆း၃၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာ ဆောင်အမှတ် (I-2)၊ ဥပဒေကြမ်း ကော်မတီ အစည်းအဝေးခန်းမ၌ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။

ထိုသို့ဆွေးနွေးရာတွင် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အဖွဲဝင်များ ဖြစ်ကြသော ဒေါ်နန်းဝါနု၊ ဦးသောင်း၊ ဦးစတီဖန်၊ ဦးစိုးစိုး၊ ဦးခင်မောင်ညို၊ ဦးခင်မောင်ရွှေ၊ ဦးစိုးရယ်၊ ဦးသိန်းထွန်းဦး၊ ဒေါက်တာစိုးမိုးအောင်၊ ဦးအောင်မြသန်းတို့နှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးတင်ဝင်း၊ ဦးဆန်းလင်း၊ ဒေါ်သန်းသန်းရီ၊ ဒေါ်မြမြဝင်းနှင့် ဒေါ်သင်းခိုင်တို့ တက်ရောက်ခဲ့ကြပြီး ဥပဒေပြုရေး လုပ်ငန်းများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။