Skip to main content

ပည်သူ့လွှတ်တော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးလွန်းသီ နော်ဝေနိုင်ငံ လျှပ်စစ်ကုမ္ပဏီမှ ဦးဆောင် ညွှန်ကြားရေးမှူး H.E.Mr. Ole Kristian Odegard ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

 ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌဦးလွန်းသီသည် နော်ဝေအခြေစိုက် လျှပ်စစ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် ဂျကော့ပ်ဆန် အီလက်ထရို ကုမ္ပဏီ၏  ဦးဆောင် ညွှန်ကြားရေးမှူး H.E.Mr. Ole Kristian Odegard  ဦးဆောင် သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် (၈း၄၅)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၊  ပြည်သူ့လွှတ်တော် ရေးရာဆောင် (I-1)၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ (ကိုယ်စား) လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး  ကော်မတီဥက္ကဋ္ဌ ဦးလွန်းသီနှင့်အတူ အတွင်းရေးမှူး ဦးသိန်းလွင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးကြည်သာ၊ ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး Ms. Ann Ollestad လည်းတက်ရောက်သည်။