Skip to main content

လွှတ်တော်သို့ လာရောက်လေ့လာကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အတွင်းရေးမှူး ဦးချစ်ဆွေ ခေါင်းဆောင်သည့် ပါတီ ကော်မတီဝင်များနှင့် စည်းရုံးရေး မှူးများ ၈၅ ဦး၊ “မြန်မာ့လွှတ်တော်ကိုအဝေးကြည့်” ဆောင်းပါးရေးသားနေသူ အမေရိကန် နိုင်ငံသား ဦးအောင်ဒင် (Mr. Aung Din) နှင့်အဖွဲ့ဝင် ၄ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရွှေ(ခင်ဦးမဲဆန္ဒနယ်)၏ မိသားစုဝင် ၂ ဦးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးနှင့်အဖွဲ့ ၃ ဦး စုစုပေါင်း ၉၄ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၌ ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ ကျင်းပနေမှုနှင့် လွှတ်တော် အဆောက်အအုံများကို လေ့လာကြည်ရှုခဲ့သည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတင်ကျင်းပသည့် ၁၁-၉-၂၀၁၄ ရက်နေ့မှ ယနေ့ ၁၉ ရက်မြောက်နေ့အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် ၈၈၆ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ  ၃၄၁ ဦး၊ ကျောင်းသား/ကျောင်းသူ ၂၅၄ ဦး၊ အခြားပါတီ/ အဖွဲ့အစည်း/ပြည်သူလူထု ၄၄၀ ဦး၊ နိုင်ငံခြားသား ၁၀  ဦး စုစုပေါင်း ၁၉၃၁ ဦး တို့သည် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပနေမှုနှင့် လွှတ်တော် အဆောက်အအုံ အတွင်း လေ့လာကြည်ရှုခဲ့ကြသည်။