Skip to main content

ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဗန်ကောက်မြို့အခြေစိုက် ဘယ်လ်ဂျီယံနိုင်ရုံးမှ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည် ဗန်ကောက်မြို့အခြေစိုက် ဘယ်လ်ဂျီယံနိုင်ရုံးမှ သံအမတ်ကြီး H.E. Mr. Marc Michielsen အား ယနေ့ နံနက် ၉ နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် (D)ဆောင်၊ ဒုတိယထပ်တွင် လက်ခံ တွေ့ဆုံခဲ့ပါသည်။

မြန်မာနိုင်ငံလွှတ်တော်၏ ဥပဒေပြုရေးဆောင်ရွက်နေမှုအခြေအနေများ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှုကော်မတီ၏ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအကော်အထည်ဖော်မှု ကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးစံပြည့်၊ ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးခင်ဇော်၊ ဦးအောင်မြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။