Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း သြစတြေးလျ အမျိုးသားတက္ကသိုလ် ပါမောက္ခချုပ် ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည်သြစတြေး လျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊သြစတြေးလျ အမျိုးသား တက္ကသိုလ်ပါမောက္ခချုပ် ပရော်ဖက်ဆာ ဂရက်ဂျွန် အီဗန် ဦးဆောင်သောအဖွဲ့အား ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီခွဲတွင် နေပြည် တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယကနှင့် အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံး တာဝန်ရှိသူများ တက်ရောက်ကြသည်။