Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းအီတလီသမ္မတနိုင်ငံ၊ ရောမမြို့မှ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ

(၈)ကြိမ်မြောက် အာရှ-ဥရောပ ပါလီမန်ဆိုင်ရာ မိတ်ဖက်အစည်းအဝေးတက်ရောက်ရန် အတွက် အီတလီသမ္မတနိုင်ငံ၊ ရောမမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အောက်တိုဘာလ (၈) ရက်နေ့တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသံရုံး၌ သံရုံး မိသားစုများအား တွေ့ဆုံနှုတ်ဆက်ပြီး ဒေသစံတော်ချိန် (၂၂၀၅)နာရီ အချိန် တွင် ရောမမြို့၊ FIUMCINO အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ သံအမတ်ကြီး ဦးမြင့်နောင်နှင့် သံရုံးဝန်ထမ်းများက ပို့ဆောင်နှုတ်ဆက်ကြသည်။

ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့ဝင်များသည် အောက်တိုဘာလ ၉ ရက်နေ့ ဒေသစံတော်ချိန် (၀၅၄၅)နာရီချိန်တွင် အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းမြို့သို့ ရောက်ရှိကြပြီး DAMAC မြို့ပြစီမံကိန်းသို့ သွားရောက်၍ စီမံကိန်းလုပ်ငန်းများကို လေ့လာကြရာ မြို့ပြစီမံကိန်းတာဝန်ရှိသူများက မြို့ပြစီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့ဝင်များသည် အာရပ်စော်ဘွားများပြည်ထောင်စု ၊ ဒူဘိုင်းမြို့မှ ဒေသစံတော်ချိန် (၂၀၅၅)နာရီချိန်တွင် လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ အောက်တိုဘာလ ၁၀ ရက်နေ့ ဒေသစံတော်ချိန် (၀၆၄၀)နာရီတွင် ရောက်ရှိကြပြီး ၎င်းမှတစ်ဆင့် ဆက်လက်ထွက်ခွာလာရာ (၀၈၄၅)နာရီချိန်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့သည်။

ပြည်ထောင်စု လွှတ်တော်နာယကနှင့်အတူ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ရင်းနှီးမြုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးဌေးမြင့်၊ပြည်သူ့ငွေစာရင်းကော်မတီအဖွဲ့ဝင် ဒေါက်တာ ဝင်းမြင့်၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံး တာဝန်ရှိ သူများ ပြန်လည် လိုက်ပါလာကြောင်း သတင်းရရှိသည်။