Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အီတလီနိုင်ငံ ရောမမြို့သို့ရောက်ရှိ

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းသည်အီတ လီနိုင်ငံ၊ ရောမမြို့၌ ကျင်းပမည့် (၈)ကြိမ်မြောက်အာရှ- ဥရောပပါလီမန်ဆိုင်ရာမိတ်ဖက်အစည်း အဝေး တက်ရောက်ရန်အတွက် ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်သူ့လွှတ်တော် ရင်းနှီးမြုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဋ္ဌေးမြင့်၊ ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီအဖွဲ့ဝင် ဒေါက်တာဦးဝင်းမြင့်၊ ပြည်ထောင်စု လွှတ်တော်ရုံးနှင့်

ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၄ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ည၂၁၄၀ နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး ၎င်းမှတဆင့် အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၀၀၂၀နာရီတွင် လေကြောင်းခရီးဖြင့် ဆက်လက် ထွက်ခွာ လာခဲ့ရာ အီတလီနိုင်ငံ၊ ရောမမြို့၊ FIUMICINO အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန်  ၀၆၅၀ နာရီတွင်ရောက်ရှိကြသည်။

ပြည်ထောင်စု လွှတ်တော်နာယကနှင့် အဖွဲ့ဝင်များအား FIUMICINO အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အီတလီနီုင်ငံဆိုင်ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ သံအမတ်ကြီး ဦးမြင့်နောင်နှင့် သံရုံး မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။