Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦး‌ရွှေမန်း ဖြူးမြို့နယ် မြို့မိမြို့ဖများနှင့် တွေ့ဆုံအမှာ စကားပြောကြား

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၁၄ခုနှစ်၊ ဧပြီ ၄ ရက် နံနက် ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ ဖြူးမြို့နယ မြေ အသုံးချမှု စီမံခန့်ခွဲရေးကော်မတီ၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီနှင့် မြို့မိမြို့ဖများအား တွေ့ဆုံ ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းတင်၊ အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမှာ စကား ပြောကြား ရာတွင် ယခုအခါ လယ်ယာမြေနှင့် အခြားမြေများ မတရားသိမ်းဆည်းမှုများ မဖြစ်ပေါ်စေရေးနှင့် မြေယာ အသုံးချရေး စီမံ ခန့်ခွဲရေး ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရန် သက်ဆိုင်ရာ မြို့နယ် အသီးသီး၌ ရုံးများဖွင့် လှစ်၍ ဆောင် ရွက်လျက်ရှိကြောင်း၊ လုပ်ငန်း အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ နယ်မြေအလိုက် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်ကြရန် နိုင်ငံတော် သမ္မတကြီးမှ တိုက်တွန်းခဲ့ ပါကြောင်း၊ မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့်လည်း တိုက်တွန်းချက်နှင့်အညီ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ပြီး မိမိအနေဖြင့်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအရ ပါဝင်ဆောင်ရွက်ရန် တာဝန်ရှိသည်ဟု ခံယူ၍ ယခုလိုလာ ရောက်ခြင်း ဖြစ်ပါကြောင်း၊ ဤမြို့နယ်အတွင်း ဖြေရှင်း ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဖွဲ့စည်းထားသော စီမံခန့်ခွဲရေးကော်မတီသည် မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေးအထောက် အကူပြု ကော်မတီ၊ ရပ်ကွက်/ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုကော်မတီနှင့် လိုအပ်ပါ က ဒေသ ခံပြည်သူ များ၏ တင်ပြချက်များကိုပါ ရယူ၍ မှန်ကန်မျှတစွာ ဖြေရှင်းဆောင်ရွက် ပေးရမှာဖြစ်သလို အခြားဌာန အဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းဖြေရှင်းဆောင်ရွက်ရန် ကိစ္စရပ်များရှိလာပါက သက်ဆိုင်ရာသို့တင်ပြ၍ ညှိနှိုင်းဖြေ ရှင်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် တာဝန် ကျရာ ဒေသ တွင် ကိုယ့်ဇာတိ၊ ကိုယ့်ရပ်ရွာလို သဘောထား၍ စေတနာ ထား ဆောင်ရွက်ပေးကြစေလိုကြောင်း၊ လိုအပ် သည်များရှိပါ ကလည်း ကူညီ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့မိမြို့ဖ ဦးတင်အောင်၊ တိုင်းသာသနာရေးမှူး ဦးမျိုးညွန့်အောင်၊ ဒုတိယ ဝန်ကြီး ဦးဇော်ဝင်း၊ ဖြူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းအောင်၊ မြို့နယ်မြေစာရင်းဦးစီး ဌာနမှူး ဦးစောတာမလာဖော တို့က သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းတင်နှင့် တိုင်းဒေသကြီး သစ်တောရေးရာဝန်ကြီး ဦးကျော်ဌေး တို့က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုကြောင့် နစ်နာမှုမရှိရေးအ တွက် ဆောင်ရွက် သင့်သည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကြံပြုတင်ပြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက တင်ပြချက်များအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးပြီး လိုအပ်ချက် များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးကာ နိဂုံးချုပ် အမှာစကားပြောကြားသည်။

တွေ့ဆုံပွဲမစတင်မီ ပြည်ထောင်စုလွှတ်တော်နာယကသည် ဖြူးမြို့၊ မြို့နယ်ခန်းမသို့ ရောက်ရှိကာ မြို့နယ်ခန်းမ အဆောက်အအုံကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းသည်။

ထို့အတူ ပြည်ထောင်စုလွှတ်တော်နာယကသည် ဖြူးမြို့ သာသနဟိတမြို့မဓမ္မာရုံ၌ ဖွင့်လှစ်ထားသည့် အခမဲ့နာရေး ကူညီမှုအသင်းရုံးတွင် မြို့မိမြို့ဖများအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ အားပေး စကား ပြောကြားခဲ့သည်။

၂၀၁၄ ဧပြီ ၄ ရက်