Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာန ချုပ်၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သည်‌့အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်၊ ညွှန်ကြားရေးမှူးချုပ် Dr. Margaret Chan ဦးဆောင်သည့်အဖွဲ့အား ၂၀၁၄ မတ် ၁၈ မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် အတူ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ကျန်းမာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်မြင့်၊ အမျိုးသား လွှတ်တော်၊ ပညာရေး၊ကျန်းမာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြဦး၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၄ မတ်လ ၁၉