Skip to main content

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ၂၀၁၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲမဟာမင်္ဂလာ အခမ်းအနားသို့ တက်ရောက်

၂၀၁၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ မဟာ မင်္ဂလာအခမ်းအနားကို မတ်လ ၁၅ရက်နေ့ မွန်းလွဲ ၁နာရီခွဲတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိ ဝုဏ်ရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ကျင်းပရာ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ကြည်ညို၍ သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပြီး ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူ သည်။

ယင်းအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက် ခမ်းနှင့် ဇနီး ဒေါ်နန်းရွှေမှုန်၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီး ဒေါ်ခင်အေးမြင့်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း နှင့် ဇနီး ဒေါ်ခင်လေးသက်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ဇနီး၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာနှင့်ဇနီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်လှူဒါန်းကြသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ မုံရွာမြို့ မြဝတီရပ်ကွက် အုတ်ကန်တောရပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ နန္ဒောဘာသ၊ မြစ်သားမြို့ မြို့မအရှေ့ရပ် ကွက် မြို့ဦးပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တရေဝတနှင့် ပခုက္ကူမြို့ အမှတ် (၁) ရပ်ကွက် မဟာဝိဇ ယာရာမပါဠိတက္ကသိုလ် အရှေ့တိုက်ဆရာတော် ဘဒ္ဒန္တနယက တို့အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်တို့ကို ဆပ်ကပ်လှူဒါန်းကြောင်းသတင်းရရှိသည်။

၂၀၁၄ မတ်လ ၁၈