Skip to main content

ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဂျာမနီနိုင်ငံ Hanns Seidel Foundationမှ ကြီးမှူးကျင်းပသည့် ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို မတ် ၈ ရက် နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် Hanns Seidel Foun dation မှ Director of the Institute for International Cooperation ဖြစ်သူ Dr. Susanne Luther တို့က အဖွင့်အမှာစကား ပြောကြားကြသည်။

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာနယ်ပယ်ကဏ္ဍ အလိုက် ခေါင်းစဉ် များကို ဆွေးနွေးကြသည်။

ယနေ့အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ် ဦးရေ (၅၀) ဦးနှင့် Hanns Seidel Foundation မှ တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲကို မတ် ၉ ရက် နေ့အထိ ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။

 

၂၀၁၄ မတ် ၈