Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သာယာဝတီ၊ မိုးညို၊ လက်ပံတန်းမြို့နယ် များမှ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မတ်(၈)ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့ စိုက်ပျိုးရေးသုတေသနခြံ ခန်းမ၌ကျင်းပသည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သာယာဝတီ၊ မိုးညို၊ လက်ပံတန်း မြို့နယ်များမှ စီမံခန့်ခွဲရေးကော်မတီများ၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုကော်မတီများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့်

တွေ့ဆုံပွဲသို့ တက်ရောက် အမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၊ ပဲခူးတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းတင်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်  ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်၏ ဆောင်ရွက်ချက် များကို ရှင်းလင်းပြောကြားရန်နှင်‌့ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနိုင်သည့် သက်ဆိုင်ရာ အဖွဲ့ အသီးသီး၏ ဆောင်ရွက်ချက်များကို သိရှိနိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံကို ပါတီစုံ ဒီမို ကရေ စီနှင့် ဈေးကွက် စီးပွားရေး စနစ်ကျင်‌့သုံးပြီး အေးချမ်းသာ ယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက် သည့် နိုင်ငံတော် တည်ဆောက်မည် ဟူသော ရည်မှန်းချက်ချမှတ်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၌လည်း အတိ အလင်း ပြဋ္ဌာန်း ထားပါကြောင်း၊ အဆိုပါ ပြဋ္ဌာန်းချက်အရ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ၌ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲကျင်းပပြီး ရွေးကောက်ပွဲရလဒ်များကို မူတည်ကာ လွှတ်တော်များ ဖွဲ့စည်းခဲ့ပါကြောင်း၊ လွှတ်တော်က အုပ်ချုပ်ရေးအဖွဲ့၊ တရားရေးအဖွဲ့နှင်‌့ အခြားအဖွဲ့ အစည်းများကို တာဝန်ပေးရွေး ချယ်ခဲ့ပါကြောင်း၊ ပါတီစုံဒီမို ကရေစီနှင်‌့ ဈေးကွက်စီးပွားရေး စနစ်ထူထောင်ပြီး အေးချမ်းသာယာပြီး ခေတ် မီဖွံ့ဖြိုးတိုးတက် သည့် နိုင်ငံတည်ဆောက်ရေး အတွက် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲမှ စတင်၍ ဆောင်ရွက်နိုင်ခဲ့ကြောင်း။

ယခုအခါ လွှတ်တော်သက်တမ်း(၃)နှစ်ပြည့်ခဲ့ပြီး လာမည့် မတ်လ(၃၁)ရက်တွင် အစိုးရသက်တမ်း(၃)နှစ် ပြည့် မည်ဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီနှင်‌့ ဈေးကွက်စီးပွားရေး စနစ် ကျင်‌့သုံးခဲ့သည့် (၃)နှစ်ကျော်အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင် ပြောင်းလဲမှု မည်မျှဆောင်ရွက်နိုင် ခဲ့ပြီကို ပြန်ကြည့်ရန် လိုကြောင်း၊ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုအရ ကျေနပ်မှုရှိမည်ဖြစ်သော်လည်း၊ စီးပွားရေးပြုပြင်ပြောင်း လဲမှု ကို ပြည်သူများ အတွင်း၌ ထူးထူးခြားခြား ပြောင်းလဲမှုမရှိသေးဟု သုံးသပ်မှုများရှိမည် ဖြစ်ပါကြောင်း၊ မည်သို့ ပင်ဖြစ်စေ ပြည်ထောင်စုအစိုးရအဖွဲ့နှင်‌့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင်‌့ ရည်မှန်းချက်အတိုင်း ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

လွှတ်တော်သက်တမ်း (၃)နှစ်အတွင်း လွှတ်‌တော်ဆိုင်ရာ ဆောင်ရွက်ချက်များကို သုံးသပ်မည်ဆိုပါက ပြည်ထောင် စု လွှတ်တော်၌ ဥပဒေပေါင်း(၈၄)ခုကို ပယ်ဖျက်၊ ပြင်ဆင် ရေးဆွဲ ပြဋ္ဌာန်းနိုင်ခဲ့ပြီး လက်ရှိ တွင် ပြည်သူ့လွှတ်တော်နှင်‌့ အမျိုးသားလွှတ်တော်တို့၌ ဥပဒေပေါင်း(၆၀)ကို သက်ဆိုင်ရာ လွှတ်တော် ကော်မတီ များက ဆွေးနွေးဆောင်ရွက်လျက် ရှိပါကြောင်း၊ လွှတ်တော်၏ အဓိကတာဝန်မှာ ဥပဒေပြုရေးဖြစ် ၍ နိုင်ငံနှင်‌့ နိုင်ငံသားများ အကျိုးစီးပွား ဖြစ်ထွန်းစေပြီး အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးနိုင်သည့် ဥပဒေ များဖြစ်ရေး ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာ၌ တရားမျှတပြီး အားလုံး လိုက်နာနိုင်သော ဥပဒေများဖြစ်ရေးကို ရှေးရှုလုပ်ဆောင်လျက် ရှိပါကြောင်း၊ နိုင်ငံတကာက ကျင်‌့သုံးသည့် ကွန်ဗင်းရှင်း များနှင်‌့အညီ ဆောင်ရွက်ရသကဲ့သို့ ဥပဒေပြဋ္ဌာန်းရေးနှင်‌့ ပတ်သက်သည့် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များအတိုင်း ဆောင်ရွက်ရပါကြောင်း။

လွှတ်တော်အတွင်း၌  အဓိက ဦးတည်ချက်(၃)ရပ်ဖြစ်သည့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ အမျိုး သား ပြန်လည်သင်‌့မြတ်ရေးနှင်‌့ ပြည်တွင်းငြိမ်းချမ်းမှု ဖော်ဆောင်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ လွှတ်တော် အတွင်း၌ ပါတီ(၁၉)ခုမှ ကိုယ်စားလှယ်များ ရှိပါကြောင်း၊ အသီးသီးသော ပါတီများအနေဖြင်‌့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဟူသော ကောင်းမြတ်သည့် ရည်မှန်းချက်ရှိကြကြောင်း၊ ပါတီအချင်းချင်း လုပ်ဖော် ကိုင်ဖက်ကဲ့သို့ သဘောထားရမှာ ဖြစ်ကြောင်း၊ ငါနှင်‌့မတူ ငါ့ရန်သူဟု သဘောထားပြီး ဆောင်ရွက်ပါက အတိတ်ကကဲ့ သို့ ဖြစ်ရပ်များ ပေါ်ပေါက်လာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အနှောင်‌့အယှက် ဖြစ်စေ မည်ဖြစ်ကြောင်း၊ ပြ ဋ္ဌာန်း လိုက်သည့်ဥပဒေများသည် တရားမျှတပြီး နိုင်ငံသားများ လက်တွေ့လိုက်နာနိုင်သည့် ဥပဒေများွဖစ်ရန်လိုကြောင်း၊ ဥပဒေကို မလိုက်နာနိုင်ပါက တရားဥပဒေစိုးမိုးမှု ရှိမှာမဟုတ်ကြောင်း၊ ပြဋ္ဌာန်းလိုက်သည်‌့ ဥပဒေများ သည် နိုင်ငံတော်နှင်‌့ နိုင်ငံသားများ အကျိုးဖြစ်ထွန်းစေရမှာဖြစ်ပြီး အမှန်တကယ် ကိုင်တွယ်ကျင်‌့သုံးမှု ရှိ၊ မရှိ၊ ပြည်သူများက လိုက်နာမှု ရှိ၊ မရှိ၊ စောင့်ကြည့်ရမည် ဖြစ်ကြောင်း။

ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင်‌့ ရပ်ကွက်၊ ကျေးရွာ၊ အုပ်ချုပ်ရေးမှူးများကို လက်ရှိအနေအထားအရ အသင်‌့လျော်ဆုံးသူများဖြစ်အောင် ဖွဲ့စည်းပေးထားကြောင်း၊ ထို့ပြင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုအဖွဲ့များ၊ မြိ့နယ်စည်ပင်သာယာရေး အဖွဲ့၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီများကိုလည်း ဖွဲ့စည်း ပေး ထားပါကြောင်း၊ အောက်ခြေ ပြည်သူများကိုယ်စား မြို့နယ်စီမံခန့်ခွဲရေးကော်မတီများက မိမိတို့ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု အဖွဲ့များ ကလည်း ပြည်သူများနှင့်အတူ ပါဝင်ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ မိမိ ရပ်ကွက်၊ မိမိကျေးရွာ၊ မိမိတို့မြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကတာဝန်မှာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ စီမံခန့်ခွဲရေးကော်မတီနှင်‌့ ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု အဖွဲ့များပင် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရက စေတနာကောင်းဖြင်‌့ ဖွဲ့စည်းပေးထားသည်‌့ စီမံခန့်ခွဲရေး ကော်မတီများအနေဖြင်‌့ ပြည်သူအပေါ် သစ္စာရှိရန် လိုအပ်သကဲ့သို့ အစိုးရ အဖွဲ့အပေါ် သစ္စာရှိရန်လိုကြောင်း၊ မိမိတို့ ဒေသဖွံ့ဖြိုးရေးအတွက် စီမံခန့်ခွဲရေး ကော်မတီများ၊ ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြုအဖွဲ့များက တာဝန်ကျေပွန်စွာဖြင်‌့ အလေးထားဆောင်ရွက် ပေးကြရန် တိုက်တွန်းပါကြောင်းဖြင်‌့ ပြောကြားသည်။

ထို့နောက် လက်ပံတန်းမြို့နယ်၊ သာယာဝတီမြို့နယ်၊ မိုးညိုမြို့နယ်တို့မှ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု ကော်မတီဝင်များက ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ချက် များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဉာဏ်ဝင်း က တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော်နာယကက ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် တိုင်းဒေသကြီးအဆင်‌့က လုပ်ပေးရမည့်ကိစ္စ၊ ပြည်ထောင်စုအစိုးရ အဆင့်က လုပ်ပေးရမည့် ကိစ္စဟူ၍ရှိပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်က ထုတ်ပြန်လိုက်သည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)သည် တိုင်းဒေသ ကြီးနှင်‌့ ပြည်ထောင်စုအစိုးရ၏ စီမံကိန်းများ၌ မပါဝင်သည့်လုပ်ငန်းများ ကို ဆောင်ရွက် ရန်ဖြစ်ကြောင်း၊ ဒေသ ဖွံ့ဖြိုးရေး အတွက် တစ်ဖက်တစ်လမ်းက ကွက်လပ်ဖြည့်သည့် သဘောမျိုးဖြစ်ကြောင်း၊ ယနေ့ တင်ပြချက်များကို တာဝန် ရှိသူများက မှတ်သားပြီး ပြင်သည့် ပြင်ထိုက်သည့် ကိစ္စရပ်များကို လုပ်ဆောင် သွားရန်လိုကြောင်း၊ ယနေ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာ၌ ပြည်သူဗဟိုပြုဆောင်ရွက်လျက်ရှိရာ တက်ရောက်လာကြ သူများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးပါကြောင်း၊ မှန်ကန်သည့်စေတနာဖြင်‌့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါ ကြောင်းဖြင်‌့ ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုလွှတ်တော်နာယကသည် တွေ့ဆုံပွဲသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

၂၀၁၄ ခုနှစ်၊ မတ်လ၊ ၁၀ ရက်