Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဘူတန်နိုင်ငံ ဝန်ကြီးချုပ် ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်   ဘူတန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှာရင်း တော့ဂေး ဦးဆောင်သည့်အဖွဲ့အား ၂၀၁၄၊ မတ် ၅ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေ မန်း နှင့် အတူ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့ လွှတ်တော် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးမောင်မောင်သိမ်း၊ ဦးလှမြင့်ဦး၊ အတွင်းရေး မှူး ဒေါ်ဒွဲ ဘူ၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူ၊ ဘူတန်နိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သံအမတ်ကြီး ဦး လှမြင့်ရွှေ နှင့် လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့ဝင်များသည် ဧည့်သည်တော် ဘူတန်နိုင်ငံ ဝန်ကြီးချုပ် ဦးဆောင်သည့်အဖွဲ့နှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

၎င်းနောက် ဘူတန်နိုင်ငံ ဝန်ကြီးချုပ်သည် ပြည်ထောင်စုလွှတ်တော် ဧည့်သည်တော် မှတ်တမ်းစာအုပ်၌ လက် မှတ်ရေး ထိုးသည်။

၂၀၁၄ ခုနှစ်၊ မတ်လ ၆ ရက်