Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း မိုင်းလား အထူး ဒေသ(၄)အဖွဲ့ အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော်၊ တိုင်းရင်း သားရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ၏ တင်ပြချက် အရ ၂၀၁၄ ခုနှစ်၊ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း အထိမ်းအမှတ်

အခမ်းအနား တက်ရောက်ရန်နေပြည်တော်သို့ရောက်ရှိနေသည့် မိုင်းလား အထူးဒေ သ(၄) ဒုတိယဥက္ကဋ္ဌ ဦးဆမ် လူ ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့အား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေအိမ်၌ ၂၀၁၄ ခုနှစ်၊ မတ် ၁ ရက် နံနက် (၁၁း ၁၅)နာရီချိန်တွင် လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်အ တူ ပြည်သူ့ လွှတ်တော်၊ တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှု ဘဝမြှင့်တင် ရေးရာနှင့် ပြည်တွင်းငြိမ်း ချမ်းရေး ဖော်ဆောင် မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၄ ခုနှစ်၊ မတ်လ ၃ ရက်