Skip to main content

ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Telenor နှင့် Ooredoo မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေ နှင့် အဖွဲ့ဝင်များသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ရှိ (I-9) တွင် ဆက်သွယ်ရေး Operator ၃ ခု ဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Telenor ၊ Ooredoo မှ တာဝန်ရှိသူများအား လက်ခံတွေ့ ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် အဆိုပါ Operator များ၏ ယနေ့ဆောင်ရွက်နေသော လုပ်ငန်းများနှင့် အနာဂတ်တွင် ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများအပြင် ပြည်သူများအတွက် ဆောင်ရွက်ပေးမည့် လူမှုရေးလုပ်ငန်း ကိစ္စများကိုလည်း ရှင်းလင်းတင်ပြပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်တွေ့ဆုံခဲ့ပါသည်။