Skip to main content

ပြည်သူ့လွှတ်တော်နှင့် ဂျာမန်ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ)တို့အကြား ဘဏ္ဍာရေး ဆိုင်ရာ ဥပဒေများအား အထောက်အကူပြုရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကျင်းပ

ပြည်သူ့လွှတ်တော်နှင့် ဂျာမန်ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ)တို့အကြား ဘဏ္ဍာရေး ဆိုင်ရာ ဥပဒေများအား အထောက်အကူပြုရေး နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းတည့် (၁၂)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ( C ) ဆောင်ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက အဖွင့်အမှာစကားပြောကြားပါသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင် သောင်းနှင့် ဂျာမန်ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ)မှ Head of Project Mr. Thomas Foerch တို့က နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ရုံး ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးတင်ဝင်းအောင်နှင့် GIZ မှ Head of Project Mr. Thomas Foerch တို့သည် ပြည်သူ့လွှတ်တော်နှင့် ဂျာမန်ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့တို့အကြား ဘဏ္ဍာရေးဆိုင်ရာ ဥပဒေများအား အထောက်အကူပြုရေး နားလည်မှုစ ာချွန်လွှာ (MOU between Pyithu Hluttaw Office and GIZ on GIZ support for the legal framework for the financial sector in Myanmar) ကို လက်မှတ်ရေးထိုးကြပြီး အပြန်အလှန် လဲလှယ်ကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်း အနားကို ရုပ်သိမ်းလိုက်ပါသည်။