Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သတင်းမီဒီယာသမား များအားတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း။          ။ အားလုံးပဲမတွေ့ရတာလည်း ကြာပြီဖြစ်ကြောင်း၊ မိမိနှင့် တွေ့ချင်တယ်၊ မေးချင်တယ်လို့ ပြောကြကြောင်း၊ အချိန်က မရဘဲ အလုပ်တွေ လည်း အလွန်များနေပါကြောင်း၊ ယနေ့တော့ အချိန် ဘယ်လောက်ပဲနည်းနည်း တွေ့မယ်ဆိုပြီး မိနစ် ၄၀ နှင့် ခုချိန်မှ စ၍ မေးနိုင်ပြီဖြစ်ကြောင်း။

The Voice ဂျာနယ် ။ ။         မိမိသည် The Voice ဂျာနယ်မှ ဖြစ်ပါကြောင်း၊ အခြေခံဥပဒေနှင့် ပတ်သက် ၍ မေးမြန်းသွားမည် ဖြစ်ပါကြောင်း၊ အခြေခံဥပဒေပြင်ဆင်ရေးမှာ ပြည်ထောင်စုလွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ်ကိစ္စတွေကိုလဲ မေးမြန်းသွားမှာ ဖြစ်ပါတယ်၊၊ အဲဒီမှာ နာယကအနေဖြင့် ပြည်ထောင်စု လွှတ်တော်မှာ နာယကအဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ ဒီအပိုင်းကို တပ်မတော်က ထိန်းထားတဲ့အတွက် ထပ်ပြင်ဖို့ နည်းလမ်းဟာ ဘယ်လောက်ထိရှိသလဲ။ အကယ်၍ ပြင်လို့ရော ရပါ့မလားဆိုတာ မေးချင်ပါကြောင်း။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း။          ။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ဖို့ဆိုသည့်ကိစ္စသည် လွှတ်တော်ထဲတွင်စတင်ပြီး အခြေခံလာတာ ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ သည် ဟိုတုန်းကတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေသည် အကောင်းဆုံးနဲ့ အမှန်ဆုံးပေါ့။ ဒါပေ မယ့် ပြောင်း လဲလာသည့် ခေတ်စနစ်အရ ခေတ်စနစ်နှင့်အညီ လျော်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာဖို့ လိုပါတယ်။ အဲဒီ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ လွှတ်တော်တွင်းမှာ ကြိုးစားဆောင်ရွက် နေပါကြောင်း၊ ဆောင်ရွက်သည့်နေရာတွင် ခုနက ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီလိုဖြစ်လာသည့်နေရာတွင် ဘာပဲပြောပြော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေး ပါတီဖြစ်လာသည့် အသင်းကြီးသည် အဓိကနေရာမှ ပါဝင်ပါကြောင်း၊ ဒါ့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်လာပါကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်လို့လည်း ယနေ့ ပါတီစုံ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးနိုင်ပြီး ညင်သာစွာ ပြောင်းလဲနိုင်ခဲ့ပါကြောင်း၊ တခြားဘယ်နိုင်ငံမှ မလုပ်ခဲ့ပါဘူး။ ဒါကြောင့်မို့လို့ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေ၂၀၀၈ ကို အဲဒီတုန်းက ရွေးထားတဲ့နေရာမှာ တကယ့်ကို ကောင်းတဲ့၊ မှန်တဲ့ ဥပဒေတစ်ရပ်ဖြစ် တယ်လို့ပဲ ခံယူရမှာ ဖြစ်ပါတယ်။ သို့ရာတွင် ယခု ခေတ်စနစ်နှင့် လျော်ညီအောင်လည်း ပြန်ပြင်ဖို့ လိုတယ်လို့ ယူဆပြီး တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်နိုင်ဖို့အတွက် အဆင့်ဆင့်ကြိုးစားတဲ့နေရာမှာ ခုနက မေးခွန်းက ၄၃၂ က ပြင်ဆင်ဖို့ ကိစ္စနှင့် တပ်မတော်သားတွေက မပြင်ဆင်လိုဘူးလို့ ပြောတယ်။ ဒါက သူတို့ အပိုင်းပဲ ဖြစ်ပါတယ်။ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်တွေ မိမိတို့အဖို့ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်သည့်နေရာမှာ ၄၃၆ ကို အဓိကထား စဉ်းစားဖို့လိုတယ်လို့ မှတ်ယူကြိုးစား ဆောင်ရွက် လျက်ရှိပါတယ်။ အောင်မြင်ခြင်း/ မအောင်မြင်ခြင်း ကတော့ ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့အတွက် ကတော့ အောင်မြင်အောင် ကြိုးစား သွားမှာဖြစ်ကြောင်း၊ သို့ရာတွင် အောင်မြင်ဖို့အတွက်ကတော့ တပ်မတော်သားကိုယ်စားလှယ်များ ဦးဆောင် သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြီးတဲ့အခါမှာ အစိုးရအဖွဲ့ကို ခေါင်းဆောင်သည့် နိုင်ငံတော် သမ္မတကြီး။ နိုင်ငံတော်သမ္မတကြီးအနေနဲ့လည်း တကယ် တမ်း ကျတော့ တပ်မတော်အပေါ်မှာ ထိုက်သင့်တဲ့ သြဇာရှိသည့် ပုဂ္ဂိုလ် ဖြစ်တဲ့အတွက် အောင်မြင်ရေး၊ မအောင်မြင်ရေးဟာ သူတို့အပေါ်မှာ မူတည် တယ်လို့လည်း သုံးသပ်ပါတယ်။ မိမိတို့ကတော့ ကြိုးစား စရာရှိတာကို ဆက်ပြီးကြိုးစားသွားမှာ ဖြစ်ပါတယ်။

The Voice ဂျာနယ် ။          ။ယခုအခြေအနေဟာ ၇၅ ရာခိုင်နှုန်းကျော်ရမယ်လို့ မဲဆုံးဖြတ်တဲ့အထဲမှာ ရှိပါတယ်။ အကယ်၍များ လွှတ်တော်တွင်းမှာရှိတဲ့ ကိုယ်စားလှယ်ဦးရေ အရေအတွက်ရဲ့ တပ်မတော်သား အနေနှင့် ကိုယ်စားလှယ်၂ဦးလောက်က ထောက်ခံလျှင်တောင်မှ မအောင်မြင်နိုင်ဘူးလို့ တချို့ကလည်း ပြောပါ တယ်။ အဲဒီ အပေါ်မှာ ဘယ်လို ဆက်လုပ် ပါမလဲ ခင်ဗျာ။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ။         ။ဒါကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး အခန်း(၁၂)မှာပါတဲ့ ပြင်ဆင်ရေးဆိုင်ရာ အချက်အလက်များတွင် သတ်မှတ်ထားတဲ့ အတိုင်းပဲ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

The Voice ဂျာနယ် ။           ။ခုနက နာယက ပြောတဲ့အထဲမှာ ရှိပါတယ်။ ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံတော် သမ္မတတို့ ညှိနှိုင်းထားတဲ့ သဘောကို ဆိုလိုတာလားခင်ဗျာ။ တွေ့ဆုံသွားမည့် အစီအစဉ်မျိုး ရှိတာမျိုးလား ခင်ဗျာ။ ဒီမေးခွန်းနှင့် ပက်သတ်ပြီး ဖြေပေးစေချင်ပါတယ်ခင်ဗျာ။

  ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း။          ။ သူတို့ရဲ့ စေတနာ ပါရင် ပါသ လောက် ခွင့်ပြုပေးနိုင်ရင် ခွင့်ပြုပေးနိုင်သလောက် ဖြစ်လာမှာပါ။

မဇ္ဇျိမဂျာနယ် ။ ။ ခုနမေးခွန်းနှင့် ဆက်စပ်ပါပဲ။ နာယကကြီး ပြောသွားတာကိုလဲ သဘောကျ ပါတယ်။ အခု တပ်မတော်သားတွေကပိုပြီးတော့ ထက်ထက်မြက်မြက်နဲ့ ထောက်ပြတာတွေရှိပါတယ်။ မနေ့ကဆိုရင် တရား ရုံးနှင့် တရားစီရင်ရေးကိစ္စတွေမှာ ဝင်ရောက်ဆွေးနွေးတာတွေ့ရပါတယ်။ ခုန ၄၃၆ နှင့် ပတ်သက်ပြီး တော့ မိမိတို့ သိချင်သည်က နာယကကြီးအနေနှင့်ရော ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌ တစ်ယောက်အနေနှင့်ရော တကယ် တော့ လူ ၇၅ ရာခိုင်နှုန်းရတယ်ဆိုတာ ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌကြီးအနေဖြင့်   ဒီ မဲခွဲတဲ့အခါမှာ အနိုင်ထက် တစ်ဖက်ကို စည်းရုံးတာများ ရှိပါသလားခင်ဗျာ။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ။         ။အခုပြောတာက ပါတီကို ထိခိုက်တာမို့ ပါတီရဲ့ မူသဘောကိုပဲ ပြောပါမယ်။ ဒါကြောင့်မို့လို့ အနိုင်ရရှိရေးအတွက် ခုနပြောတဲ့ အချက်တွေ လိုပါတယ်။ ပါတီဘက်ကတော့ ဒီအပေါ်မှာပဲ ရပ်တည်မှာဖြစ်ပါတယ်။

မဇ္ဇျိမဂျာနယ် ။ ။         ၇၅ ရာခိုင်နှုန်းအရဆိုတဲ့နေရာမှာ ၇၅ ရာခိုင်နှုန်းရရှိဖို့အတွက် ဥက္ကဋ္ဌကြီး အနေနဲ့ ဘယ်လိုများ မျှော်လင့်ပါသလဲ၊၊

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ။         ။ ဒါကတော့ မျှော်လင့် သင့်တဲ့ ကိစ္စပဲလေ။ ဆန္ဒရှိတယ်ဆိုကတည်းက အဲလောက်ရမှ ဖြစ်မယ်ဆိုကတည်းက မျှော်လင့်ထားဖို့ လိုပါ တယ်။ ဖြစ်ခြင်း/မဖြစ်ခြင်းကတော့ ပြောမယ်ဆိုလို့ရှိရင် ပါတီအနေနှင့်ကတော့ မလိုပါဘူး။

ရှေ့ဆောင်ဂျာနယ် ။   ။ ဥက္ကဋ္ဌကြီးကို မေးခွန်းနှစ်ခုလောက်မေးချင်ပါကြောင်း၊ တင်ပြစရာတစ်ခုရှိပါ ကြောင်း။ ဥက္ကဋ္ဌကြီး ပြောထားတာရှိပါတယ် ခင်ဗျာ။ ၂၀၁၅ ခုနှစ်အလွန်မှာ နိုင်ငံတော်သမ္မတနေရာ ဟာ နိုင်ငံတော်နှင့် နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်သူ သမ္မတဖြစ်မယ်ဆိုပြီး ပြောထားတာ ရှိပါတယ် ခင်ဗျာ။ နောက်ဆက်ပြောတာက တကယ်လို့ သမ္မတနေရာထက်ပိုပြီးတော့ နိုင်ငံတော်နှင့် နိုင်ငံသား တို့၏ အကျိုးကို ဖော်ဆောင်ပေးနိုင်မယ့် နေရာတစ်ခု အဲဒီနေရာမှာ တာဝန် ထမ်းဆောင်ဖို့လိုတယ် လိုပြောခဲ့တာရှိပါတယ်။ မိမိမေးချင်သည့် မေးခွန်းနှစ်ခုကတော့ ဥက္ကဋ္ဌကြီး ပြောခဲ့သည့် စကားအတိုင်း ၂၀၁၅ ခုနှစ် အလွန်မှာ နိုင်ငံရေးပြုပြင်မှုရည်မှန်းချက်ကြီးကို ဆက်ပြီး တော့ လုပ်ဆောင်သွားမှာလား။ အပြောင်း အလဲများရှိပါသေးလား။ နောက်တစ်ခုကတော့ အဲဒီ အပြောင်းအလဲကိုလဲ ဥက္ကဋ္ဌကြီးအနေနဲ့။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ။          ။ ဒီမေးခွန်းဟာ လူတွေ တော်တော်စိတ်ဝင်စားပြီးတော့ ဖြစ်နေတဲ့ မေးခွန်းတစ်ခုပါ။ ဒီမေးခွန်း ပေါ်မူတည်ပြီးတော့ အခက်အခဲတွေ ရှိခဲ့ပါတယ်။ မိမိအနေဖြင့် ဒီမေးခွန်းကို ဖြေရမယ်ဆိုလို့ရှိရင် ဥက္ကဋ္ဌအနေနှင့် ဒီကိစ္စကို သေသေကြေကြေ တောင်းခံပြီးမှ စဉ်းစားဆုံးဖြတ်ပြီးမှ ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ မိမိလေ့လာ တဲ့အခါမှာ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ဆုံးသော ပုဂ္ဂိုလ်သည် နိုင်ငံတော်သမ္မတကြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့ဟာ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွား ကို ဖော်ဆောင်ပေးလိုတဲ့ဆန္ဒ ပြင်းပြစွာ ရှိတဲ့အတွက် ရည်မှန်းချက်ကိုလည်း မပြောင်းပါဘူး။ ဒီအတိုင်းပဲ ဆက်လက်ကြိုးစား ဆောင်ရွက် သွားမှာဖြစ်ပါ ကြောင်း။ တစ်ဖန် ခုနက နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်တဲ့နေရာဟာ အဲဒီ နေရာပဲ ရှိတယ် ဆိုလို့ရှိရင် အဲဒီအတွက်လည်း ရည်ရွယ်ချက်မပြောင်းပါဘူး။ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ဆုံး နေရာနှင့် ပုဂ္ဂိုလ်ဟာ နိုင်ငံတော်သမ္မတပဲ ဖြစ်တဲ့အတွက် မိမိသည် နိုင်ငံနှင့် နိုင်ငံသားများ အကျိုး စီးပွားကို ဖော်ဆောင်ပေးလိုသည့်အတွက် ဒီနေ့ ရည်မှန်းချက်ဟာ ယခင် အတိုင်းပဲ ၂၀၁၅ အလွန်မှာ သမ္မတဖြစ်ရေးပဲ မျှော်လင့်ပါတယ်။

ရှေ့ဆောင်ဂျာနယ် ။   ။ ဟုတ်ကဲ့ပါခင်ဗျာ။ အမေရိကန်သမ္မတ အိုဘားမားနဲ့တွေဆုံတုန်းက ပြောခဲ့ တဲ့ နိုင်ငံတော် သမ္မတ ဖြစ်ချင်တယ်။ အဲဒါက နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးစီးပွားကို ဖော်ဆောင်ပေး နိုင်တယ်ဆိုပြီး ဥက္ကဋ္ဌကြီး ပြောခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။ အခု ဥက္ကဋ္ဌကြီး မိန့်ခွန်းမှာ မိမိမေးသည့် မေးခွန်းကို ဖြေကြားတာကတော့။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း။            ။ အရင်အတိုင်းပဲလေ။ မပြောင်း လဲဘူးဆိုတဲ့သဘောပြောတာပေါ့ခင်ဗျာ။ မပြောင်းလဲပါဘူး။ အဲတော့ ပြန်မေးမယ်။ ဒီမှာ ရှိကြတဲ့ သတင်း မီဒီယာတွေကရော ဥက္ကဋ္ဌကြီးရဲ့ ဆန္ဒအပေါ်ဘယ်လိုများ သဘောထားရှိပါသလဲလို့ ပြန်မေးမယ်ဆိုရင် ဘယ်လို များ ဖြေပါမလဲ။

ရှေ့ဆောင်ဂျာနယ် ။        ။ ဥက္ကဋ္ဌကြီးက စိတ်ရှည်တယ်။ သည်းခံတယ်။ အောင်မြင်အောင်ဆောင်ရွက်နိုင် လို့ သမ္မတဖြစ်စေချင်ပါတယ်၊၊

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း။             ။  ဘာပဲဖြစ်ဖြစ် မိမိတို့ လွှတ်တော်အနေနဲ့လည်း နိုင်ငံနဲ့နိုင်ငံသား အကျိုးစီးပွားကိုပဲ အဓိကလိုအပ်ပါတယ်။ လူပုဂ္ဂိုလ် တစ်ဦးအတွက်၊ အဖွဲ့အစည်းအတွက် မဆောင်ရွက်ပါဘူး။ အဲ့တိုင်းပဲ မိမိအနေနဲ့ ခုနက ရည်ရွယ်ချက်၊ ရည်မှန်းချက် ထားတဲ့နေရာမှာလည်း ခုနကပြောတဲ့ အတိုင်းပဲဖြစ်ပါတယ်။ အခုလိုမေးတဲ့ ပြန်လည် မေးခွန်းပေါ်မှာ မူတည် ပြီးတော့ ဒီလိုဖြေကြားပေးသည့်အတွက်လည်း ဝမ်းမြောက်ပါတယ်။ ဒါပေမဲ့ ဥက္ကဋ္ဌကြီးကိုလည်းဆက်ပြီး အကဲခတ်ပါအုံး၊ အပြောသမားလား၊ အလုပ်သမားလား၊ ကြားကောင်းယုံပဲ ပြောတာလား၊ တကယ်လားဆိုတဲ့ ဆက်အကဲခတ်ပေးတဲ့အခါမှာ ပြောရမယ်ဆိုရင်တော့ ဆက်လက်ပြီးတော့သုံးသပ်ဆောင်ရွက်ပေးပါ လို့ပြောချင်ပါတယ်။

ရှေ့ဆောင်ဂျာနယ် ။  ။ မေးခွန်းတစ်ခုပါခင်ဗျာ။ တကယ်လို့ ၂၀၁၅ ခုနှစ်မှာ ဥက္ကဋ္ဌကြီးအနေနဲ့ သမ္မတများ ဖြစ်သွားခဲ့မယ်ဆိုရင် နိုင်ငံတော်ကို ဥက္ကဋ္ဌကြီး ကတိပေးခဲ့တဲ့အတိုင်းပဲ နိုင်ငံတော်နဲ့ နိုင်ငံတော်ပြည်သူအတွက် ဘာများ အကျိုးပြန်လုပ်ဆောင်ပေးပါမလဲခင်ဗျာ။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ။             ။ ဥက္ကဋ္ဌကြီးက ပြောရမယ် ဆိုရင်တော့ ပြည်သူများရဲ့အဓိကဘဝလုံခြုံရေး၊ စားဝတ်နေရေးအဆင်ပြေစေရေး၊ ပြီးတဲ့အခါမှာ ကမ္ဘာ့နိုင်ငံ အသီးသီးနဲ့ ရင်ပေါင်တန်းနိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားပါမည်။ ကြိုးစားဖို့အတွက်လည်း စဉ်းစားပြင်ဆင် ထားတာတွေရှိပါတယ်။ ကျေးဇူးပါခင်ဗျာ။

ဧရာဝတီဂျာနယ် ။      ။ အမေရိကန်သမ္မတ အိုဘားမားလာတုန်းက လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့၊ လွှတ်တော် အမတ်တွေနဲ့ တွေ့ဆုံတုန်းက တပ်မတော်ရဲ့အခန်းကဏ္ဍကို လျော့ချဖို့တိုက်တွန်း ပြောဆိုခဲ့ ပါတယ်။ အဲ့ဒါကို လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ လက်ခံပါသလားခင်ဗျာ။ လက်ခံတယ်ဆိုရင်ကော ဘယ်လိုမျိုး ဆက်လက် ဆောင်ရွက်သွားဖို့ရှိပါသလဲခင်ဗျာ။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ။            ။ ကောင်းပါပြီ။ အမေရိကန် သမ္မတ အိုဘားမားလာတုန်းက တွေ့လိုက်ပါတယ်။ တွေ့သည့်အခါမှာ လွှတ်တော် ကိုယ်စားလှယ် တချို့လဲ ပါပါတယ်။ နောက်ထပ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးလဲပါပါတယ်။ အဓိကကတော့ မိမိနဲ့တွေ့ဖို့ဆိုတာ လဲပါပါတယ်။ အခုလိုအားလုံးဝိုင်းဝန်းတွေ့သည့်အတွက်လည်း ကောင်းပါတယ်။ အချိန် တစ်နာရီလောက် ကြာပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များက အဓိကထား တင်ပြထားတာရှိပါတယ်။ မြန်မာနိုင်ငံဒီမိုကရေစီ ပြုပြင်ပြောင်းလဲဖို့အတွက် လိုအပ်ချက်တွေ တော်တော်များများ တွေ့ဆုံဆွေးနွေးကြပါတယ်။ နိဂုံးအပိုင်းမှာ ပြန်ပြီးတော့ ပြောလိုက်တာရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေပြောလဲမှန်တယ်။ တကယ်တမ်းကြတော့ မြန်မာနိုင်ငံဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးဟာ မြန်မာပြည်သူတွေပေါ်မှာ အဓိကထားပါတယ်။ ဒါကြောင့်မို့လို့ မြန်မာပြည်သူတွေရဲ့ ကိုယ်စား လွှတ်တော်ကိုယ်စားလှယ်တွေက သိပ်အရေးကြီးပါတယ်။ အမေရိကန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံအပေါ် အကောင်းကြီးလည်း မမြင်ပါနဲ့၊ အဆိုးကြီးလည်း မမြင်ပါနဲ့။ အမှန်တိုင်းမြင်ဖို့ပဲ အရေးကြီးပါတယ်။ အဲလိုအမှန်တိုင်းမြင်ပြီးတဲ့အခါမှာ မြန်မာနိုင်ငံဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် လိုအပ်တဲ့ အကူအညီတွေကိုပဲ ပေးဖို့ပဲဖြစ်ပါတယ်။ ဒီလိုပဲ ပြောလိုက်ပါတယ်။ ဒါကြောင့် ဒီမှာကြုံတုန်း တင်ပြချင်တာက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေက အရေးကြီးပါတယ်။ အဲဒီပြည်သူတွေနဲ့ မိမိတို့လက်တွဲ ဆောင်ရွက်မှသာလြှင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ အမေရိကန်နိုင်ငံ သမ္မတ အိုဘားမား အင်မတန်ကြီးမားတဲ့ နိုင်ငံကြီးရဲ့ ခေါင်းဆောင်ကြီး ဖြစ်သလို သြဇာလည်းရှိပါတယ်။ ဒါပေမဲ့ ဘယ်လောက်ကြီးပဲ သြဇာရှိရှိ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင် ပြောင်းလဲဖို့ အောင်မြင်ဖို့ဆိုရင် ပြည်သူတွေအရေးကြီးပါတယ်။ ဒီထက်ပြောရမယ်ဆိုရင် ပြည်သူတွေ ခေါင်းဆောင်ပြီး ပြည်သူတွေကို ခေါင်းဆောင်နေတဲ့သူက အ‌ရေးကြီးပါတယ်။ သူတို့ရဲ့ စိတ်ကောင်းစေတနာ တွေက တကယ်ကို မှန်တယ်။ ပြီးသည့်အခါမှာ ပြည်သူ့အပေါ် စေတနာရှိ၊ ပြည်သူ့အပေါ်မှာ သစ္စာရှိတယ် ဆိုရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးက မြန်မြန်အောင်မြင်ချောမွေ့စွာနှင့် ပေါ်ထွန်းလာပါမယ်။ အမေရိကန် သမ္မတအိုဘားမားက စစ်တပ်အခန်းကဏ္ဍလျော့ချပါဆိုတဲ့ သူရဲ့အမြင်နှင့် သဘောထားပဲ ဖြစ်ပါကြောင်း၊ ဒါလည်းမှန်ပါကြောင်း၊ ပိုမှန်တာက မြန်မာပြည်သူတို့၏ကဏ္ဍက အရေးကြီးသလို ယနေ့မြန်မာနိုင်ငံတွင် ခေါင်းဆောင်လို့ ပြောနေသူများ၏ စေတနာ၊ မေတ္တာ၊ သစ္စာတရားများ ပြည်သူ အပေါ်ဘယ်လောက် ထားသလဲဆိုတာ အဓိကကျပါကြောင်း၊ ဒါကြောင့်မို့လို့ တိုက်တွန်းပေးကြပါ။ မြန်မာပြည်သူများနှင့် မြန်မာနိုင်ငံကို ခေါင်းဆောင်ဆိုသည့် ဘယ်သူတွေက မြန်မာပြည်သူများအပေါ် မေတ္တာ၊ စေတနာ၊ သစ္စာတရား များ ထားရှိဆောင်ရွက်ပြီး မိမိတို့၏ mind set စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများလုပ်ပြီး ပြုပြင်ပြောင်းလဲ ရေး အောင်မြင်အောင်ဆောင်ရွက်ပေးလျှင် ပိုပြီး သင့်မြတ်ကောင်းမွန်မည်ဟု ယုံကြည်ပါကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် မြန်မြန် အောင်မြင်ချောမွေ့စွာ ဖြစ်မည်ဖြစ်ကြောင်း၊ ဒါပေမယ့် ကိုယ်မှန်တာကဘာလဲဆိုတော့ မြန်မာပြည်သူ တွေ၏အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊

မဇ္ဇျိမဂျာနယ် ။ ။ နောက်ဆုံးမေးခွန်းတစ်ခုကတော့ ယခုကန့်ကွက်ဆန့်ကျင်နေသည့် ဆန့်ကျင် သူများ ဆန္ဒပြနေသည့် အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ လွှတ်တော်တွင်ပြန်၍ သုံးသပ်ရန် ရှိပါသလား။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း ။   ။ဒါနှင့်ပတ်သက်လို့ လွှတ်တော်က ပြန်လည်သုံးသပ်ဖို့ဆိုသည့်အခါ ဒီအထိတော့ လောလောဆယ်မရောက်လာသေးပါကြောင်း၊ တကယ်လို့ လွှတ်တော်သို့ သူတို့အနေနှင့် တင်ပြလာမည်ဆိုလျှင် အလေးထားသုံးသပ်ပေးမှာ ဖြစ်ပါကြောင်း၊ ဒါနှင့်ပတ်သက်ပြီးတော့ မိမိအနေနှင့် ပြောမည်ဆိုလျှင် ကျောင်းသားလူငယ်များသည်လည်း သူတို့မှာ ကောင်းမြတ်သည့် စေတနာရှိကြမည်ဖြစ်ကြောင်း၊ ထိုအတိုင်းပဲ သူတို့၏ အတွေးအခေါ်တွေသည် လည်း နိုင်ငံ့အတွက်၊ နိုင်ငံ့ကောင်းကျိုးအတွက် ဖြစ်မည်ဟုယူဆပါကြောင်း၊ ဒါကြောင့်မို့လို့ သူတို့၏ဆန္ဒပြ တောင်းဆိုမှု များသည် နိုင်ငံ့အတွက်၊ ကျောင်းသားများအတွက်၊ အများပြည်သူများ အတွက် စိတ်ကောင်း စေတနာ ကောင်းဖြင့် ဆောင်ရွက်သွားမည်ဟုလည်း ယုံကြည်ပါကြောင်း၊ ထိုအတိုင်းပဲ လွှတ်တော်ကို သူတို့အနေနှင့် တင်ပြလာမည်ဆိုလျှင် ဒီလိုတင်ပြချက်တွေကို အလေးအနက်ထားပြီး လွှတ်တော်ဘက်မှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊

မဇ္ဇျိမဂျာနယ် ။ ။ ဥက္ကဋ္ဌကြီးအနေဖြင့် ခုနပြောသွားသည့် နိုင်ငံတော်နှင့် နိုင်ငံသားကောင်းကျိုး အတွက် လုပ်ပေးချင်တယ်လို့ ခဏခဏပြောတာရှိပါကြောင်း၊ အဲ့ဒီတော့ ဥက္ကဋ္ဌကြီးအနေနှင့် ဘာတွေ လုပ်ခဲ့ပြီးပါပြီလဲ၊ အဲ့ဒီလုပ်ခဲ့သည့်ကာလတွင် ကြုံတွေ့ရသည့် အခက်အခဲနှင့် စိန်ခေါ်မှုတွေကဘာပါလဲ အဲ့ဒါလေး သိချင်ပါကြောင်း၊

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ။      ။    နိုင်ငံနှင့်နိုင်ငံသား ကောင်းကျိုးစီပွားအတွက် ဘာတွေလုပ်ခဲ့သလဲဆိုလျှင် ယနေ့ လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် ပြောရမည် ဆိုလျှင် လွှတ်တော်မှ ပြဌာန်းပေးလိုက်သည့် ဥပဒေများသည် အများပြည်သူလိုက်နာနိုင်သည့် ဥပဒေ၊ တရားမျှတသည့် ဥပဒေများဖြစ်ပါကြောင်း၊ ဒါကြောင့်မို့လို့ ထိုဥပဒေများ ပြဌာန်းပေးနိုင်အောင် ကြိုးစားခြင်းသည် နိုင်ငံနှင့် နိုင်ငံသားအကျိုးစီးပွားအတွက် ဖြစ်ပါကြောင်း၊ ယနေ့လွှတ်တော်တွင် ဥပဒေပေါင်း ၁၂၂ ခု ပြင်ဆင်၊ ပယ်ဖျက်၊ ပြဌာန်းပြီး ဖြစ်ပါကြောင်း၊ အဲ့ဒီဥပဒေတွေကို ဆက်လက်အကောင်အထည်ဖော်ရန်အတွက် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ ညွှန်ကြားချက်များ ဆက်ပြီးထုတ်ပြီးမှသာ အဲ့ဒီနည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ ညွှန်ကြားချက်များထွက်လာသည့်အခါမှသာ သက်ဆိုင်ရာတာဝန်ရှိသည့် အဖွဲ့အစည်းက ဆက်ပြီး ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဒါကြောင့်မို့လို့ ယခုကိစ္စများတွင် လွှတ်တော်က ဥပဒေတွေထုတ်ပြီးပြီ၊ နည်းဥပဒေတွေမထုတ်ပေးနိုင်သေးဘူး၊ လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များ ထုတ်မပေးနိုင် သေးဘူး၊ ဒီဟာသည်နိုင်ငံနှင့် နိုင်ငံသား အကျိုးစီးပွားအတွက် ဥက္ကဋ္ဌကြီး၏ လွှတ်တော်အတွက် စိန်ခေါ်မှုများဖြစ်ကြောင်း၊ အခက်အခဲများဖြစ်ကြောင်း၊ ဘယ်လောက်ပဲ လွှတ်တော်မှ ဥပဒေတွေ ပြဌာန်းပေးပြဌာန်းပေး နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက် များ မထွက်သေးဘူးဆိုလျှင် ဒီဥပဒေသည် ဘာမှသုံးလို့ မရသေးပါကြောင်း၊ ဒါသည် စိန်ခေါ်မှုဖြစ် ပါကြောင်း၊ ဒီစိန်ခေါ်မှု၊ ဒီအခက်အခဲကို အခွင့်အလမ်းတစ်ရပ်အနေဖြင့် ဆောင်ရွက်သွားဖို့ လွှတ်တော်ဘက်မှ ဆုံးဖြတ်သွား မည်ဖြစ်ကြောင်း၊ ကျန်သည့် နိုင်ငံနှင့် နိုင်ငံသားကောင်းကျိုးအတွက် ဘာတွေလုပ်ပြီးပြီလဲဆိုလျှင် ဒီနေရာမှာ ကိုယ့်အကြောင်းကိုယ်ပြောမည်ဆိုလျှင်တော့ နည်းနည်းလေး မသူတော်ဖြစ်သွားမည်ဖြစ်သောကြောင့် ဒီမှာမပြောလိုပါကြောင်း၊ ထို့ကြောင့် တက်ရောက်လာသည့် မီဒီယာများနှင့် ဆန်းစစ်ပြီး ဘယ်ဟာတွေတော့ လုပ်ခဲ့ပြီးပြီ၊ အောင်မြင်သွားပြီ၊ ဘယ်ဟာတွေတော့ ကျန်နေသေးတယ်၊ မအောင်မြင်သေးဘူး၊ ဘယ်ဟာတွေ တော့လုပ်တာ ပျက်ကွက်နေတယ်ဆိုလျှင် လည်း အကြံပြုပေးကြဖို့ ကောင်းစွာလက်ခံပေးမယ်လို့လည်း ပြောချင်ပါကြောင်း၊

မဇ္ဇျိမဂျာနယ် ။ ။ ဟုတ်ကဲ့ပါခင်ဗျာ ဥက္ကဋ္ဌကြီးသည် လာမည့် ၂၀၁၅ ခုနှစ်မှာလည်း သမ္မတ ရည်မှန်းထားတယ်ဆိုတော့ မိမိတို့လတ်တလောမှာ ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌနေရာကို တာဝန်ယူနေ သည့်အချိန်တွင် တစ်ချို့ကိစ္စ‌တွေ ဆောင်ရွက်သည့် အခါတွင် NLD ဘက်က ဆောင်ရွက်မှုတွေနှင့် ဆောင်ရွက်မှုများက ပိုပြီးတော့ များနေတယ်ဆိုပြီး ပါတီများအကြား သတင်းတစ်ချို့ထွက်ပေါ်နေသဖြင့် အပြင်မှာ လည်း ဝေဖန်မှုများရှိနေပါကြောင်း၊ အဲ့လိုပဲ တစ်ချိန်တည်းမှာပဲ NLD ဘက်ကလည်း လာမည့် ၂၀၁၅ မှာ ဥက္ကဋ္ဌကြီးကို မဲပေးမည်ဆိုသည့် သတင်းတစ်ခုထွက်ပေါ်ခဲ့ပါကြောင်း၊ အဲ့ဒီတော့ တကယ်ပဲ ဥက္ကဋ္ဌကြီးအနေနှင့် USDP ပါတီကို အမှန်တကယ် အနိုင်ရစေချင်ပါသလား၊ နောက်တစ်ခု ကတော့ လတ်တလော လူထုစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် NLD ပါတီက အားသာမှုရှိနေပြီးတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လူထုစည်းရုံးမှု လုပ်ဆောင်မှု မရှိသေးတာတွေ့ရ ပါတယ် အဲ့ဒါဘာဖြစ်လို့ပါလဲ သိချင်ပါကြောင်း၊

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ။    ။ ဒါနှင့်ပတ်သက်လို့ ဘယ်ပါတီက လူထုစည်းရုံးမှုမှာ အားသာမှုရှိတယ်ဆိုတာကတော့ အချိန်ဆိုသည့် အပေါ်မှာပဲမူတည်ပြီး စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ မိမိပါတီအနေနဲ့ပြောမည်ဆိုလျှင် မိမိတို့ပါတီက နာမည်ကိုက ယှဉ်ပြိုင်မယ့်ပါတီရဲ့ မယုံဘူးထင်ပါကြောင်း၊ ဒါကလည်း မိမိအထင်ပြောတာ ဖြစ်ပါကြောင်း၊ ပါတီတစ်ရပ် တည်ထောင်ပြီးလျှင် ဒီပါတီအနေဖြင့် နိုင်ငံရေးဦးဆောင်ရအောင် ယှဉ်ပြိုင်နိုင်ရန်အတွက် ကြိုးစားရမည်ဖြစ် ပါကြောင်း၊ မိမိအနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းတွင် ရှိပြီး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အဓိကထား ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဒီပါတီအနေဖြင့်လည်း နိုင်ငံအတွင်းတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာပါဝင်ဖို့ ပါတီကို ပြုပြင်ပြောင်းလဲဖို့ ကုန်ကုန်ပြောမယ်ဆို ပြည်ခိုင်ဖြိုးပါတီကို ပြုပြင်ပြောင်းလဲရေးလုပ်နေပါကြောင်း၊ ထိုအတိုင်းပဲ ပြုပြင်ပြောင်းလဲရေး လုပ်နေရင်းဖြင့် ဒီနေ့ မြန်မာနိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးများကိုလည်း ပြည်ခိုင်ဖြိုးပါတီ ပြုပြင်ပြောင်းလဲ ခြင်းနှင့်အတူ ကြိုးစားပြီးဆောင်ရွက်နေပါကြောင်း၊ အောင်မြင်ခြင်း/မအောင်မြင်ခြင်း၊ နိုင်ခြင်း/ရှုံးခြင်းကတော့ အချိန်ကာလတစ်ခုက ပေးလိမ့်မည်ဖြစ်ကြောင်း၊ မိမိယုံကြည်အားကိုးအားထားပြုရာမှာ မိမိပါတီပဲ ဖြစ်ပါကြောင်း၊ ကျန်သည့်ပါတီများက မိမိကိုသော်လည်းကောင်း၊ မိမိပြည်ခိုင်ဖြိုးပါတီကို သော် လည်းကောင်း ကြိုက်နှစ်သက်တယ်ဆိုလျှင်လည်း သူတို့ထောက်ခံအားပေးတာကိုလည်း မိမိမှ ကြိုဆိုပါကြောင်း၊ ဒါကြောင့်လည်း ဒီနေ့ နိုင်ငံက ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ဖြစ် သည့်အတွက် ကျန်သည့်ပါတီများက မိမိပါတီအပေါ်မှာ လေးစားမှု၊ ယုံကြည်မှုရှိအောင်လည်း လုပ်ပေးရမှာ ဖြစ်ပါကြောင်း၊ ဒီနေ့မိမိတို့ မြန်မာနိုင်ငံတွင် ယခင်ကလို တစ်ပါတီနှင့်တစ်ပါတီ အပြတ် တိုက်အပြတ်ရှင်းရမည့် အခြေအနေမျိုးမဟုတ်ပါကြောင်း၊ အဲ့ဒီလို အပြတ်တိုက်အပြတ်ရှင်းမည်ဆိုလျှင် ပါတီစုံဒီမိုကရေစီဆိုတာ လုံးဝရှိမှာ မဟုတ်ပဲ တစ်ပါတီပဲကျန်မည်ဖြစ်ကြောင်း၊ ဒါကြောင့်မို့လို့ ပါတီစုံ ဒီမိုကရေစီထူထောင်ဖို့ဆိုလျှင် တစ်ပါတီနှင့် တစ်ပါတီ လုပ်ဖော်ကိုင်ဘက်လိုသဘောထား ပြိုင်ပွဲကျလျှင် အနိုင်ရအောင်လုပ်၊ လုပ်သည့် အခါတွင်လည်း တရားမျှတမှု လွတ်လပ်သည့် ရွေးကောက်ပွဲ ဖြစ်စေချင်ပါကြောင်း၊

Popular New Journal မှ ဦးစိုင်းလမင်း ။   ။အမေရိကန် သမ္မတအိုဘားမား မြန်မာနိုင်ငံကိုလာသည့် ခရီးစဉ်အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ဖို့ကို အဓိကတားမြစ်ထားသည့်  ပုဒ်မ ၅၉(စ)နှင့် ပတ်သက်၍ ဒါဟာမဖြစ်သင့်ဘူးဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် သမ္မတ အိုဘားမားက ပြောပြသွားပါကြောင်း၊ အဲ့ဒီမှာ ဥက္ကဋ္ဌကြီးကလည်း သမ္မတ အိုဘားမားနှင့်တွေ့ခဲ့ သည်ဆိုတော့ ဒီအမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားသည့် နိုင်ငံခြားရေး မူဝါဒကို ဘယ်လိုမြင်ပါ သလဲဆိုတာ သိချင်ပါကြောင်း၊

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ။       ။ ပုဒ်မ၅၉(စ)ကိစ္စကို ပြင်ဆင်ဖို့အတွက် စဉ်းစားသလဲဆိုလျှင်  ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရွယ်တာမဟုတ်ပါ ကြောင်း၊ နိုင်ငံနှင့်နိုင်ငံသားများ၏ မူလအခွင့်အရေး၊ အပြည့်အဝရရှိရေးအတွက်ဖြစ်ပါကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်လိုလူမျိုးနှင့် အခြားသူ့လို လူမျိုးတို့၊ နိုင်ငံသားများအနေဖြင့် မိမိတို့ ခေါင်းဆောင်အနေဖြင့် ရွေးချယ် စေချင်ပါကြောင်း၊   မိမိနှင့် အခုအချိန်မှာ အရင်အခါကထက် ပိုပြီးတော့ တစ်ယောက်အကြောင်းလည်း တစ်ယောက်ပိုပြီးတော့ ဘယ်လိုပြောမလဲ အခုမှ ပုဒ်မ ၅၉(စ) မိမိတို့ပြင်ဆင်ရန် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ခြင်း မဟုတ် ပါကြောင်း၊ နိုင်ငံတွင်းမှာ နေ ထိုင်ကြ သည့် နိုင်ငံသားများအတွက်ဖြစ်ပါကြောင်း၊ ရွေးကောက်ခံလိုသည့် သူများကို ရွေးကောက် ချင်သည့်သူများအတွက် စဉ်းစားပေးခြင်းဖြစ်ပါကြောင်း၊ ထို နည်းတူစွာ အမေရိကန်နိုင်ငံခြားရေးမူဝါဒ ဆိုသည့်နေရာတွင် အမေရိကန်နိုင်ငံခြားရေးမူဝါဒကို ပူးတွဲနေရာ မလိုဘူး၊ သို့ရာတွင် တချို့တချို့ ကိစ္စများတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာ၊ မြန်မာ့လွှတ်တော် ကိုယ်စားလှယ်များအပေါ်မှာ  ဝင်ရောက်စွက်ဖက်သည့်ကိစ္စမျိုး၊ အခြားပါတီများအပေါ် ဝင်ရောက်စွက်ဖက်တာ မျိုးဖြစ်သည့် ဝင်ရောက်စွက်ဖက်မှုမျိုးကို မခံနိုင်ပါကြောင်း၊ သူ့ရဲ့နိုင်ငံခြားရေးအမြင်ကို မပြောလိုဘူး၊ အဲသလို ဖြစ်လာလျှင် မခံနိုင်ပါကြောင်း၊ ဒါကြောင့်လည်း ဦးအောင်သောင်းကို လူပုဂ္ဂိုလ်အရ ပိတ်ဆို့ အရေးယူတာ ဆိုလျှင် ပြဿနာမရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်နေတယ်၊  လွှတ်တော် ကော်မတီဥက္ကဋ္ဌ တစ်ယောက်ဖြစ်နေတယ်၊ ပြီးသည့်အခါမှာ အချုပ်အခြာအာဏာ မြန်မာ နိုင်ငံအတွင်းမှာ မြန်မာလွှတ်တော်အပေါ် သက်ဆိုင်သည့်ကိစ္စကို ပြောသည့်အတွက်  လွှတ်တော် အနေဖြင့် သူတို့၏ပိတ်ဆို့ အရေးယူမှုကို ကန့်ကွက်ပါကြောင်း၊ ထိုအတိုင်းပဲ ထိုကိစ္စကို သတင်းပေးမှု၊ ဆောင်ရွက်မှုကိုလည်း ရှုတ်ချပါကြောင်း၊ အမေရိကန်နိုင်ငံသည် အမေရိကန်နိုင်ငံ၊ မြန်မာနိုင်ငံသည် မြန်မာနိုင်ငံ ဖြစ်ပါကြောင်း၊ အမေရိကန်ကိုသွားပြီးတော့ အမေကျော်ဒွေးတော်လွန်းသည့် ကိစ္စရပ် မျိုးကိုလည်း မိမိတို့မလိုလားပါကြောင်း၊ အမေရိကန် နိုင်ငံကိုအားကိုးပြီးပြည်တွင်းကို မျက်ကွယ်ပြုပြီး မြန်မာနိုင်ငံသားများကို မျက်ကွယ်ပြုနေသည်များ အားလုံးကို မိမိအနေဖြင့် မလိုလားပါကြောင်း အားလုံးကိုကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားပါသည်။

မြန်မာတိုင်းသတင်းဌာနမှ အိအိတိုးလွင် ။  ။ ဥက္ကဋ္ဌကြီးကိုမေးချင်သည်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အချိန်ဇယားနှင့်ပတ်သက်၍ မေးမြန်းချင်ပါကြောင်း၊ ယခုအချိန်တွင် ၂၁ ရက်နေ့တွင် ရေးသွင်းထားသည့် အကြံဉာဏ်များ၊ ထင်မြင်ချက် Report ကို အတည်ပြုရန် ဘယ်လိုဘယ်ပုံမျိုးနှင့် လွှတ်တော်တွင် အတည်ပြုမှာလဲ၊ ပြီးတော့  Report ကို ၆ လ အလိုမှာ ဥပဒေကြမ်းတင်သွင်းရန်ပြောထားပါကြောင်း၊ ထိုဥပဒေကြမ်းတင်ရန်အတွက်လည်း ဘယ်အချိန်ကာလမှာ ဥပဒေကြမ်းရေးဆွဲ ရန်ဘယ်လိုဆောင်ရွက် သွားမလဲ၊ နောက်တစ်ခါ ပြည်သူလူထုဆန္ဒခံယူပွဲအတွက် ပြင်ဆင်ဖို့ပါပြီးတော့၊ Carry ကော ဘယ်လို လုပ်သွား မလဲ ရွေးကောက်ပွဲကကော်မရှင်ဥက္ကဋ္ဌကပြောပါတယ်၊ အောက်တိုဘာလကုန် (သို့မဟုတ်) နိုဝင်ဘာလဆန်းဟု ပြောပါကြောင်း၊ အချိန်ကအရမ်းကပ်နေပါကြောင်း၊ လွှတ်တော်မှာ ဒါကိုပြင်ဆင်ရန်အတွက် အခက်အခဲများ ရှိပါသလား၊ ဒီအချိန်ဇယားနှင့်ပတ်သက်ပြီး လွှတ်တော်မှာ သေသေချာချာ ဆောင်ရွက်ပြီးပြီးလားဆိုသည်ကို သိချင်ပါကြောင်းမေးမြန်းသွားပါသည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ။    ။ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌပြောသွားသည်က သမီးမေးသည့်မေးခွန်းပဲဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ သုံးသပ်ဆောင်ရွက်ပေးဖို့ အင်မတန်မှ လေးနက်ပါကြောင်း၊ အင်မတန်လည်း အခက်အခဲ များပါကြောင်း၊ ယနေ့ဒီတာဝန်ကို မိမိဥက္ကဋ္ဌအပေါ်မှာ ကျရောက်နေပါကြောင်း၊ ဥက္ကဋ္ဌဆိုသည့် နေရာတွင် နှစ်ခုလုံးပြော၍ ရပါကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌအပေါ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပေါ် မှာပါ ကျရောက် နေခြင်းဖြစ်ပါကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌအပေါ်ကျရောက် တာကတော့ ရှင်းပါကြောင်း၊ ယနေ့ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ဒီလောက်ကြီးမားသည့် တာဝန်ကိုထမ်း ဆောင်နိုင်ရန် တော်တော်ကို ရုန်းကန်နေရပါကြောင်း၊  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ အနေဖြင့် ပြောမည် ဆိုလျှင် ခုနပြောခဲ့ပြီ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်ဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဖြစ်လာမည့် အသင်းအပေါ်မှာ အတည်ဖြစ်ပါကြောင်း၊ တချို့အသင်းအပေါ်ကို အမျိုးမျိုးဝေဖန် သည်များ ရှိပါကြောင်း၊ ဝေဖန်ပါစေ။ ဒါပေမဲ့ အဲဒီတုန်းကဘာလဲ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီ ဈေးကွက် စီးပွားရေး စနစ် ပေါ်ထွန်းမှု ဆိုသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ခဲ့ပါကြောင်း၊ ပါတီစုံဒီမိုကရေစီ ဈေးကွက် စီးပွားရေးစနစ် ပေါ်ထွန်းလာသည့်နောက်ပိုင်း ရှေ့ဆက်သွားဖို့ ခရီးကတော့ ယနေ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေ့လာသုံးသပ်ပြီး ပြင်ဆင်စရာရှိသည်ကိုပြင်မည်၊ ယနေ့ ဖွဲ့စည်းပုံ အ‌ခြေခံဥပဒေကို လေ့လာ သုံးသပ်ပြီး ပြင်စရာရှိတာ ပြင်မယ်၊ ထားစရာရှိတာ ထားမည်ဖြစ်ကြောင်း၊ သို့မှသာရှေ့ဆက်သွား၍ ရမြည်ဖစ် ကြောင်း၊ ဒီတာဝန်ကြီးနှစ်ခုကို ဆောင်ရွက်သည့်အခါတွင် စောစောက မေးသည့်မေးခွန်းတွင် ဆွေးနွေးမည့် ရက်သည် ၂၁ ရက်မဟုတ်တော့ ဘဲ နိုဝင်ဘာလ ၂၅ ရက် နေ့တွင် အပြီးဆောင်ရွက်မည်ဖြစ် ကြောင်း၊ ပြည်ထောင်စု လွှတ်တော်က တင်သွင်းလာမည့် ဥပဒေကြမ်း ကြီးများအား နောက်တစ်ပတ် လွှတ်တော်အစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုမည်ဖြစ်ကြောင်း၊ ထိုကထွက်ပေါ်လာသည့် ဥပဒေကြမ်း များကို လာမည့် ၂၀၁၅ မေလ အတွင်းတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဲ့ဒီက ထွက်ပေါ် လာသည့်ဟာကို ၂၀၁၅ ရွေးချယ် တင်‌မြောက်ပွဲ ပြီးလို့ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်စတင်ကျင်းပသည့် နောက်ပိုင်းတွင် ဖွဲ့စည်းပုံအ‌ခြေခံ ဥပဒေတွေ ပြဋ္ဌာန်း လိုက်သည့် ပြဋ္ဌာန်းချက်များကို အတည်ပြု မည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲ အပြီး ထွက်ပေါ်လာသည့် အ‌ဖြေပေါ် မူတည်ပြီးမှ ဆောင်ရွက်ရမည်ဖစ်ကြောင်း၊ ဒါကြောင့်မို့လို့ ဒီလိုအချိန် ကိုက်ဝင်အောင် ဝီရိယထားဆောင် ရွက်နေ ပါကြောင်း၊ ဖြစ်ပေါ်အောင်လည်း အားလုံး ဝိုင်းပြီးတော့ အကူအညီ ပေးကြပါ။ ဖက်ဒရမ် လုပ်တယ်ဆိုတဲ့ကိစ္စကလည်း အင်မတန်မှ ခက်ခဲသည့် ကိစ္စဖြစ်သည့်အတွက် စနစ်တကျ ပြီးမြောက်သွားအောင် ဥပဒေများပြဋ္ဌာန်းပြီးဆောင်ရွက်ဖို့ စီစဉ်ထား ပါကြောင်း၊

မြန်မာတိုင်းသတင်းဌာနမှ အိအိတိုးလွင် ။       ။ မရှင်းလို့ပါ။ ဒါဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့် ဥပဒေက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးမှပဲ ဖြစ်လာမည့်သဘောလားရှင့်။ အဲ့ဒီတော့မှပဲ အတည်ပြုမည့် သဘောလားရှင့်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ။  ။ မှန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီသက်တမ်းမှာ ကြားပေါက် ခုနက ဖြေလိုက်သည့်ဟာကို ဆောင်ရွက်ဆိုလျှင် ယနေ့ ခင်းကျင်းထားသည့် အုပ်ချုပ်ရေးဆိုင်ရာ အခင်းအကျင်း၊ ကျန်သည့်အခင်းအကျင်းတွေဟာလည်း ‌ပြောင်းလဲ သွားလိမ့်မယ်ဆိုရင် ဘယ်လိုမှမဖြစ်နိုင်ကြောင်း၊ မိမိတို့  ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲ လုပ်မည်။ ထွက်ပေါ် လာသည့် ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့အတူ လွှတ်တော်သက်တမ်းစသည့် နောက်ပိုင်းမှာ ခုနက ဖွဲ့စည်းပုံအ‌ခြေခံဥပဒေကို ပြင်နိုင်သည့် ပြင်ဆင်ချက်တွေပေါ် မူတည်ပြီးတော့ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊

မြန်မာတိုင်းသတင်းဌာနမှ အိအိတိုးလွင် ။             ။ ဥက္ကဋ္ဌကြီးရှင့်။ ထပ်ဆင့်မေးခွန်းလေးတစ်ခုလောက်မေးခွင့် ပြုပါ။ တချို့ပါတီတွေက ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မည့်အချက်တွေပေါ်မှာ မူတည်ပြီးတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ဝင်သင့်/ မဝင်သင့် စဉ်းစားနေသည့် ပါတီတွေရှိပါတယ်ရှင့်။ ထိုပါတီတွေ အတွက်က ဘယ်လိုများဖြစ်သွားမလဲရှင့်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ။    ။ ဒီပါတီတွေကတော့ သူ့သဘောသူဆောင်ပါလိမ့်မည်။ ဝင်ချင်ဝင်မည်။ မဝင်ချင်ရင် မဝင်ဘူးပေါ့။ ဟုတ်ကဲ့ ၂၀၁၅ခုနှစ် ရွေးကောက် ပွဲကတော့ ၂၀၀၈ခုနှစ်နဲ့ ဆက်သွားမည့်သဘောပေါ့နော်။ ရှင်းပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲက ယနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေက သတ်မှတ်ထားသည့် ဥပဒေတွေ၊ ပြီးသည့်အခါမှာ ဆိုင်ရာဆိုင်ရာ ဥပဒေတွေနှင့် တကွ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ပြင်နိုင်တယ်ဆိုလျှင် အဲ့ဒီပြင်နိုင်သည့် ဥပဒေတွေက ၂၀၁၅ ခုနှစ်အလွန် လွှတ်တော်ဖွဲ့စည်းပြီး ဒီအတိုင်းသယ်ဆောင်သွားမြည်ဖစ်ပါကြောင်း၊

First Weekly ဂျာနယ်မှ ကိုဘုန်းကျော် ။  ။ တင်ပြမေးမြန်းချင်တာလေးရှိပါတယ်။ အင်မတန်မှ ကောင်းသည့် စကားတစ်ခွန်း ဥက္ကဋ္ဌထံမှကြားလိုက်ရပါကြောင်း၊ အဘသည် ယနေ့ ပြည်ထောင်စု လွှတ်တော် နာယကကြီး ဖြစ်ပြီးတော့မှ ပြည်သူကြားမှာ နိုင်ငံနှင့် ပြည်သူ့အတွက် သမာသမတ်ကျကျနှင့် စွမ်းဆောင် နေတာကို မီဒီယာနှင့် ပြည်သူများကလည်း သိရှိပြီး ဖြစ်ပါကြောင်း၊ အဘက လည်း နိုင်ငံနှင့်ပြည်သူ့အတွက် ပြည်သူတွေ၏ အကျိုးစီးပွားကို လိုလားလို့ နိုင်ငံတော်သမ္မတဖြစ်ချင်ပါတယ်။ ဖြစ်ခွင့်ပြုရင်ဖြစ်မှာဘဲလို့ အဘ‌ပြောခဲ့ပါတယ်။ ထို့နည်းတူပဲ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က လည်း ပဲ ပြည်ပခရီးစဉ်တစ်ခုမှာ ပြည်သူက လိုလားဦးမယ် ဆိုလျှင် သူဟာသမ္မတရာထူးကို ပြန်လည်အရွေးခံအုံး မည်ဟုပြောပါတယ်။ နောက် တစ်ခုက လူထု ခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်အနေနှင့်ကလည်း ပြည်သူတွေရဲ့ အကျိုး စီးပွားကို အာဏာရှိမှ လုပ်ပေးလို့ရမယ်။ အာဏာရချင်သည့်အတွက်ကြောင့် သမ္မတ လုပ်ချင်ပါတယ်ဟု ၎င်းအနေနှင့် တရားဝင်‌ပြောကြားခဲ့တာ ရှိပါကြောင်း၊ အဘတို့၏ ထိပ်သီး ခေါင်းဆောင်ကြီးတွေ အနေနှင့် အခုလို မိမိတို့၏ဆန္ဒတွေကို ထုတ်ဖော်‌ပြောကြားပြီးသည့်နောက်မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပုဒ်မ ၅၉ (စ)ကို ဒီလို ကန့်သတ် ထားတယ်ဆိုလျှင် ပြည်သူတွေ၏ကြားထဲမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီးတော့ ပြင်ဆင်နိုင်ခွင့်ရှိသွားမယ်ဆိုလျှင်တော့  ပြည်သူတွေကြားမှာ ကောင်းမွန် သည့် အနေ အထားဖြစ်လာ မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကလည်း မျှတသည့် ရွေးကောက်ပွဲ တစ်ခု ဖြစ်မယ်လို့ ပြည်သူတွေက မျှော်လင့်တောင်းတကြပါကြောင်း၊ ကန့်သက်ထားတာကို မကြည့်ဘဲနှင့် တန်းတူ ယှဉ်ပြိုင် ခွင့်ရရှိမယ် ဆို တာကို ပြည်သူတွေကပိုပြီးလိုလားပါကြောင်း၊ ဒီအတွက်နှင့် ပတ်သက်ပြီးတော့မှ အဘ၏ ဆန္ဒအား သိချင်ပါကြောင်း၊ နောက်တစ်ချက်အနေနှင့် အဘသည် တစ်ချိန်တုန်းက တပ်မတော်မှာ အဓိက တာဝန်ရှိတဲ့ ယနေ့ အချိန်အခါနှင့် ‌ပြောမယ်ဆိုလျှင် နံပါတ်(၃)နေရာမှာ ရောက်ရှိခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ် ပါတယ်။ နောက်တစ်ခုက တပ်မတော်မှာ ယနေ့အချိန်ထိ အဘသည် သြဇာသက်ရောက်မှု ရှိနေပါသေးသလား ဆိုတာလေးလည်း  သိချင်ပါကြောင်း  ကျေးဇူးတင်ပါတယ်ခင်ဗျာ။  

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း။   ။ ၅၉(စ)ကိစ္စသည် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းအတွက် မဟုတ်ပါကြောင်း၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်တစ်ဦး တည်း မဟုတ်သလို ဒေါ်အောင်ဆန်းစုကြည်အတွက်လည်းပါမှာပေါ့။ ဥပဒေဆိုတာက တစ်ဦး တစ် ယောက်တည်းအတွက် ကွက်ပြီးလုပ်လို့မရပါဘူး။ အားလုံးဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးရှိတယ် ဆိုလျှင် ဒီအခွင့်အရေးရမယ်။ အဲ့ဒီအတွက် လွှတ်တော်ဥက္ကဋ္ဌတစ်ဦးအနေနှင့် ဒီလိုဖြစ်စေချင်တာပါ။ ဆန္ဒပါ။ အဲ့ဒါမှ နောက်တစ်ခုက နိုင်ငံတော်မှာ အာဏာရှိမှ လုပ်လို့ရမယ်။ ဒါ့ကြောင့်မို့လို့ သမ္မတရာထူးလိုချင်တယ်။ ဒါလည်း မှန်တာပဲ။ ဒီအပိုင်းမှာတော့ ပြည်သူတွေ၏ ရွေးချယ်တင်မြှောက်မှု၊ ဒီထက်ပို‌ပြော မယ်ဆိုလျှင် လွှတ်တော် ကိုယ်စားလှယ်များ၏ ရွေးချယ်တင်မြှောက်မှု လွှတ်တော် ကိုယ်စားလှယ်များ အရေးကြီးပါတယ်။ သက်ဆိုင်ရာ ပါတီတွေ၏ ရွေးချယ်မှုကလည်းလိုပါတယ်။ ပြည်သူတွေရဲ့ လိုလားပါတယ်ဆိုတဲ့ လုပ်လျှင် လုပ်ပါဆိုတာ မြန်မာနိုင်ငံအနေနှင့်ကတော့ ပြည်သူ့ကနေ တိုက်ရိုက် သမ္မတ ရွေးတာမဟုတ်ဘူး မြန်မာနိုင်ငံ ပြည်ပက သမ္မတ တိုက် ရိုက်ရွေးတာမဟုတ်ဘူး။ ‌ပြောမယ်ဆိုလျှင်တော့ လွှတ်တော်ကိုယ်စားလှယ်များက ရွေးတာ ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တွေမှာ ဘာတွေရွေးမလဲဆိုလျှင် သက်ဆိုင်ရာပါတီတွေက ရွေးမယ် ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော် သမ္မတလုပ်ချင်တဲ့သူဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် စပြီးတော့ အရွေးခံနိုင်ဖို့လိုပါကြောင်း၊ အဲ့ဒီကမှ လွှတ်တော် ကိုယ်စားလှယ်တွေက ရွေးပါလိမ့်မည် လွှတ်တော် ကိုယ်စား လှယ်တွေက ရွေးနိုင်ဖို့လည်း သက်ဆိုင်ရာပါတီရဲ့  ရွေးချယ်သတ်မှတ်မှုဟာလည်း လိုပါကြောင်း၊ ဒါ့ကြောင့် ဒီလိုပဲ ဒီနေ့ဟာတော့ မည်သူနှင့်မဆို တရားမျှတစွာ ယှဉ်ပြိုင်ချင်တယ်။ ယှဉ်ပြိုင်လိုတယ်။ ဒေါ်အောင်ဆန်းစု ကြည် ပဲဖြစ်ဖြစ် မိမိတို့ပါတီအတွင်းမှာဘဲဖြစ်ဖြစ် တရားမျှတစွာယှဉ် ပြိုင် မည်ဖြစ်ကြောင်း၊

5 Network ရုပ်သံလိုင်း။  ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က သတင်းစာ ရှင်းလင်းပွဲမှာ ‌ပြောသွားပါတယ်ခင်ဗျာ။ နိုင်ငံရေးအကြပ်အတည်းတွေနှင့် ပတ်သက်ပြီးတော့ ကောင်းမွန်သည့် လမ်းကြောင်း ကို သွားဖို့ဆိုလျှင် တွေ့ဆုံဆွေးနွေးမှုအပြင် တခြားမရှိဘူးလို့ ‌ပြောပါ ကြောင်း၊ လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေး ပွဲကိုလည်း ဆက်လက် ဆုပ်ကိုင် ထားတယ်လို့လဲ‌ွပြောပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ‌ပြောကြားချက်နှင့် ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌ၏ သဘောထား ဘယ်လိုရှိပါသလဲခင်ဗျာ။ မကြာသေးခင် ကလည်း (၁၄) ဦး တွေ့ဆုံ ဆွေးနွေးခဲ့တယ်ဆိုတော့ အဲ့ဒီ(၁၄) ဦး တွေ့ဆုံဆွေးနွေးမှုအပေါ်၊ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု အပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ သဘောထား ဘယ်လိုများ ရှိပါသလဲ ခင်ဗျာ။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ။    ။ ပထမတစ်ချက် ဒေါ်အောင်ဆန်းစုကြည်၏ အယူအဆကို ထောက်ခံပါကြောင်း၊ လေးပွင့်ဆိုင်က ပိုအရေးကြီးပါကြောင်း၊ ကျန်တဲ့ (၁၄) ပွင့်ဆိုင်ဆိုတာကတော့ ထိရောက်တဲ့ ဆွေးနွေးမှု လက်ရှိအနေအထားအရမဖြစ်နိုင်ဘူး။  ပြည်သူလူထု အရေးကြီး သလို ပြည်သူ လူထုကို ခေါင်းဆောင်ဖို့‌ပြောတဲ့လူတွေရဲ့  အခန်းကဏ္ဍက အရေးကြီးပါကြောင်း၊ သူတို့၏ စေတနာ၊ သူတို့၏ မေတ္တာ၊ သူတို့၏ သစ္စာတရားတွေက အရေးကြီးပါကြောင်း၊ ဒါ့ကြောင့်မို့လို့ တစ်ခါတည်း ဖြေလိုက်မယ်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူအဆ၊ သဘောထားကိုလက်ခံပါကြောင်း၊ အဲ့ဒီနည်းတူပဲ လေးပွင့်ဆိုင် အစား (၁၄) ပွင့်ဆိုင်ဆိုတဲ့ ကိစ္စက သက်ဆိုင်ရာ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှာ ခေါင်းဆောင်တွေမဟုတ်တဲ့အတွက် တကယ်ခေါင်းဆောင်နိုင်တဲ့ သူကို ခေါင်းဆောင် ပြီးတော့ ဆွေးနွေး ညှိနှိုင်းမှုဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အရေး လှပနိုင်ပါတယ်လို့ပဲ ‌ဖြစ်စေချင်ပါကြောင်း၊

5 Network ရုပ်သံလိုင်း ။      ။ နောက်တစ်ခုမေးချင်ပါကြောင်း၊ တပ်မတော်သားလွှတ်တော် ကိုယ်စား လှယ်တွေဘက်က လွှတ်တော်ကိုဖျက်သိမ်းနိုင်တဲ့အထိ ‌ဖြေကြားချက်တွေ လွှတ်တော်ကို တင်ပြလာ တာကို တွေ့ရ ပါကြောင်း၊ နောက်ပြီးတော့ တပ်မတော်၏ Power တင်ဖို့ တချို့နေရာတွေမှာ လုပ်လာသည့်အပေါ်ကို လွှတ်တော်ဥက္ကဋ္ဌကြီးအနေနှင့် ဘယ်လို မျိုးများ‌ပြောချင်ပါသေးသလဲခင်ဗျာ။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ။      ။ အထူး‌ပြောစရာမရှိပါဘူး စောစောကမေးသွားတာသည့် တပ်မတော်အပေါ်မှာ ဘယ်လောက်သြဇာရှိသလဲဆိုတာကိုတော့ မိမိအနေနှင့် မသိပါကြောင်း၊ ထိုအတိုင်းပဲ တပ်မတော်ရဲ့ Power တွေ ပိုတင်လာတယ်ဆိုတဲ့ကိစ္စကလည်းပဲ ဆွေးနွေးတဲ့သူ တွေ၏ သဘောထားလား၊ သို့မဟုတ်လျှင် အမိန့်ပေးအမိန့်ခံ စနစ်နှင့် လုပ်တာလားဆိုတာ စဉ်းစားလို့ ရပါ ကြောင်း၊

Messenger ဂျာနယ်မှ သတင်းထောက်မျိုးထွန်းနိုင် ။   ။ ဥက္ကဋ္ဌအနေနှင့် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူတစ်ယောက်အနေအထားနဲ့ မဲပေးခွင့်ရမယ်ဆိုလျှင် မည်သူ့ကိုမဲ‌ပေးမလဲ သိချင်ပါကြောင်း၊ နောင် တစ်ချက် အနေနှင့် ဥက္ကဋ္ဌ၏ရည်မှန်းချက် သမ္မတဖြစ်လိုတဲ့ ရည်မှန်းချက် မအောင်မြင်ခဲ့ပါက ဘာတွေ ဆက်လုပ်မလဲဆိုတာကို သိချင်ပါကြောင်း၊

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ။   ။ မဲပေးရမည်ဆိုလျှင် ကိုယ့်ကိုကိုယ် ပေးမှာပေါ့။ ရည်မှန်းချက်ရှိတယ်။ ရည်မှန်းချက်ကို အောင်မြင်တာလည်းရှိတယ်။ မအောင်မြင် တာ လည်းရှိတယ်။ မအောင်မြင်လည်း ဆက်လက်ကြိုးစားမည်ဖြစ်ကြောင်း၊ အဲ့ဒီကာလ အတွင်းမှာလည်း မိမိ၏ ဆန္ဒဖြစ်တဲ့ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး ဆက် လက်ပြီးတော့ ဦးစားပေး ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊

စံတော်ချိန်ဂျာနယ်မှ ကိုစည်သူ ။    ။ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီးတော့ လွှတ်တော်မှာ အပြင်းအထန် ဆွေးနွေးကြောင်း၊ ဆုံးဖြတ်ချက်ချတော့ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိဘူးဆိုပြီးတော့ ခုံရုံး၏ ဆုံးဖြတ် ချက်နှင့် ချမှတ်ကြောင်း၊ ယခုဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွေးနွေးသည့်အခါမှာတော့ ဒီအထဲမှာပါတဲ့ အချက်တွေကို ဘယ်စည်းမျဉ်းနှင့်တိုင်းမှာလဲ။ ပြီးတော့ အကောင်းဆုံး နည်းလမ်းလေး ရွေးချယ် ပြီးသွားပြီလား ဆိုတာ လည်း သိချင်ပါကြောင်း၊

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ။   ။ မိမိတို့လွှတ်တော် ကိုယ်စားလှယ်များအား ဥပဒေပြုသူများဖြစ်ပြီး ဥပဒေချိုးဖောက်သူများ မဖြစ်အောင်လုပ်ရမည်ဟု ပြောထား ပါကြောင်း၊ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွေးနွေးသည့်နေရာတွင် ဘာနှင့် တိုင်းတာမလဲဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါသည့် အခန်း-၁၂ ပြင်ဆင်ရေး ဆိုင်ရာ ပြဋ္ဌာန်းချက် များနှင့် ဆောင် ရွက်မှာ ဖြစ် ကြောင်း ပြောကြားပါကြောင်း။

မဇ္ဇျိမဂျာနယ် ။    ။ ငါးပွင့်ဆိုင်တွေ့ဆုံပွဲတွင် ဥက္ကဋ္ဌကြီးအပါအဝင် NLD ပါတီ ဥက္ကဋ္ဌ၊   ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့တက်ပါကြောင်း၊ ကျန်သူများနှင့်ယှဉ်လျှင် ဥက္ကဋ္ဌကြီးနှင့် သမ္မတကြီးတို့ ပြောဆို မှုက နဲနဲလေးနည်းတယ်လို မိမိတို့တွေ့မြင်ရပါကြောင်း၊ မိမိအဓိကမေးချင်သည်မှာ  ဥက္ကဋ္ဌကြီးနှင့် သမ္မတကြီး တို့ ကြားတွင် ဆက်ဆံရေးက ဘယ်လိုများ ရှိပါသလဲ၊ ၂၀၁၅ ခုနှစ် တွင် နှစ်ဦးစလုံးသမ္မတဖြစ်မယ်လို့ သိချင် တယ်လို့ တစ်ပါတီများကပြောထားသဖြင့် သိချင်ပါကြောင်း မေးမြန်းပါသည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ။    ။ ဆက်ဆံရေးဘယ်လို ရှိတယ်ဆိုတာကို အထူးပြောနေစရာမလိုပါကြောင်း၊ ၂၀၁၅ခုနှစ်တွင် လက်ရှိသမ္မတကြီးက နောက်ထပ် သမ္မတ ကြီးဖြစ်ချင်တယ်ဆိုတဲ့ ဆန္ဒရှိတယ်ဆိုလို့ရှိလျှင် မိမိတို့ကန့်ကွက်စရာမရှိပါကြောင်းနှင့် ကြိုဆိုပါကြောင်း၊ ဘာကြောင့်လဲ အဲဒီလို အပြိုင်အဆိုင် ရှိမှလည်း တိုးတက်မှာဖြစ်ပါကြောင်း၊ တစ်ယောက်ထဲ ပဲဆိုလို့ရှိလျင် ငါတစ်ယောက်ထဲပဲဆိုပြီး ပြိုင်ဆိုင်မှုမရှိသည့်အတွက် လုပ်သည့်လုပ်ငန်းများမှာ နှောင့်နှေးမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူဖြစ်ချင်တယ်ဆိုသည့်အတွက်လည်း ကြိုဆိုပါကြောင်း၊ အဲဒီအတိုင်းပဲ မည်သူ မဆို သမ္မတဖြစ်လိုတဲ့ ဆန္ဒရှိလျှင် ဖြစ်လိုကြောင်း ပြောခွင့်ရှိ ပါကြောင်း၊ ဖြစ်မြောက်ရေး အတွက် ပိုကြိုးစားရမည်ဖြစ်ကြောင်း၊ ကြိုးစားသည့်နေရာတွင် ဖြစ်မလားဘူးဆိုလို့ရှိလျှင်လည်း ဒါကိုသေသေ ချာ ချာ ပြော မယ်ဆိုလျှင်ပြောခွင့်ရှိသည့် လက္ခဏာများ ဖြစ်ကြောင်း၊ အားလုံးကိုကျေးဇူးတင်ပါကြောင်း၊ တချို့လည်း ဘေးအသံကြားတာက ဥက္ကဋ္ဌကြီးက ပြီးခဲ့သည့်နှစ်နှစ်ခွဲလောက်တုန်းက လွှတ်တော်လုပ်ငန်း များတွင် တက် တက်ကြွကြွ ရဲရဲတောက် ရဲရဲဝံ့ဝံ့ လုပ်နေပြီး ယခုနောက်ပိုင်းမှာတော့ ဥက္ကဋ္ဌကြီးက အဲလိုမှဟုတ် သေးရဲ့လားလို့ဆိုတဲ့ အသံတွေလည်း ကြားနေရပါကြောင်း၊ စောင့်ကြည်‌့ပါ ပြည်သူနှင့်နိုင်ငံအတွက်ဆို သတ္တိ ရှိရှိရဲရဲဝံ့ဝံ့ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်သီးလက်မောင်းတန်းပြီးပြောနေမှ မိမိဘာတွေ လုပ်တယ် ဆိုတာကို ပြောနေမှထက်စာလျှင် လုပ်တာကို မှန်မှန်ကန်ကန်လုပ်ပြီး မှန်မှန်ကန်ကန် တင်ပြတာက ပိုပြီး ကောင်းမည်ဟု ယုံကြည်သည့်အတွက် တချို့ကိစ္စများတွင် အလုပ်တွေတအားများသည့်အတွက် မတွေ့ နိုင်ခြင်း ဖြစ်ပါကြောင်း၊ ယနေ့လည်း လွှတ်တော်တွင် တချို့ကိစ္စများ အတို ချုံးပြီးဆောင် ရွက် နိုင်အောင် မေးခွန်း မေးသူ သုံးမိနစ်ပြည့်တာနှင့် အပြီးဖြတ်ပေးပါ၊ လွှတ်တော်မှာ တစ်ယောက်ထဲ အတွက်မဟုတ်ဘဲ သူ့အခွင့် အရေး ကိုယ့်အခွင့်အရေးဆိုပြီး ဖြေတဲ့သူကိုလည်း သုံးမိနစ် ယခုကျတော့ ကြာနေတဲ့ အတွက် နောက်လူကို မိုက်တောင်မပေးတော့ဘူး၊ ပြောမယ်ဆိုလျှင် ကိုယ့်သိက္ခာကိုယ်ထိန်းရန်လိုပါကြောင်း၊ ယခုကျတော့ ခြောက် မိနစ်လောက်ယူတော့မမျှကြောင်း၊ ဒါကြောင့် ပြည်ထောင်စု လွှတ်တော် တွင် ဆွေးနွေး နေတာကို ရှစ်မိနစ် ပေးထားကြောင်း၊ ရှစ်မိနစ်ပြည့်တာနဲ့မိုက်ဖြုတ် အဲလိုသိတဲ့အတွက် တချို့လည်း ကိုယ်ရှိန်သတ်သည့် သဘောရှိကြောင်း၊ အုပ်ချုပ်တယ် ကွပ်ကဲတယ်ဆိုတာက လုပ်ငန်းစဉ်ကို ချမှတ်တဲ့ မျှမျှ တတ သဘော ရှိပါကြောင်း၊ မိမိကိုတွေ့ချင်တယ်ဆိုတာကြာပြီး ယခုမှခွင့်ပေးတာကို အားလုံး နားလည်ပေးကြပါ၊ မီဒီယာများ အနေနှင့်လည်း ကိုယ်ဘက် ကတော့ ဝေဖန်မှု၊ အကြံပြုမှုကို အမြဲတမ်း ကြိုဆို ပါကြောင်း၊ မီဒီယာ သမားများက လည်း နိုင်ငံအကျိုး၊ ပြည်သူ့ အကျိုးရအောင်ဝိုင်းဝန်း ဆောင်ရွက်ပေးပါလို့ ပြောကြားရင်း နိဂုံးချုပ်ပါကြောင်း ပြောကြားပါသည်။