Skip to main content

ဖွ့ဲစည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၏ ပြောကြားချက်

၂၀၁၄ ခုနှစ်၊ နိုင်ဝင်ဘာလ ၁၈ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် နေပြည်တော်ပြည်သူလွှတ်တော်ရှိ (C)ဆောင် ဒုတိယထပ်၌ သတင်းမီဒီယာသမားများနှင့် တွေ့ဆုံပြီး သတင်းမီဒီယာသမားများ၏  မေးမြန်းချက်များ အပေါ် ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ဖွ့ဲစည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြောကြားချက်အပြည့်အစုံကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဖွ့ဲစည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၏ ပြောကြားချက်

မေးမြန်းသူ

ဥက္ကဋ္ဌကြီးကိုမေးချင်သည်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အချိန်ဇယားနှင့်ပတ်သက်၍ မေးမြန်းချင်ပါ ကြောင်း၊ ယခုအချိန်တွင် ၂၁ ရက်နေ့တွင်ရေးသွင်းထားသည့်အကြံဉာဏ်များ၊ ထင်မြင် ချက် Report ကို အတည်ပြုရန် ဘယ်လိုဘယ်ပုံမျိုးနှင့် လွှတ်တော်တွင် အတည်ပြုမှာလဲရှင့် ပြီးတော့ Report ကို ၆ လအလိုမှာ ဥပဒေကြမ်းတင်သွင်း ရန်ပြောထားပါကြောင်း၊ ထို ဥပဒေကြမ်း တင်ရန် အတွက်လည်း
ဘယ် အချိန် ကာလမှာ ဥပဒေကြမ်းရေးဆွဲရန်ဘယ်လိုဆောင်ရွက် သွားမလဲ၊ နောက် တစ်ခါ ပြည်သူလူထု ဆန္ဒခံယူပွဲအတွက်ပြင်ဆင်ဖို့ပါပြီးတော့ ၊ Carry ကော ဘယ်လိုလုပ်သွားမလဲ ရွေးကောက်ပွဲက
ကော်မရှင်ဥက္ကဋ္ဌကပြောပါတယ်၊အောက်တိုဘာလကုန်(သို့မဟုတ်)နိုဝင်ဘာ လဆန်း ဟုပြောပါကြောင်း၊ အချိန်ကအရမ်းကပ်နေပါကြောင်း၊ လွှတ်တော်မှာ ဒါကိုပြင်ဆင်ရန်အတွက် အခက်အခဲများရှိပါသလား၊ ဒီအချိန်ဇယားနှင့်ပတ်သက်ပြီး လွှတ်တော် မှာ သေသေချာချာဆောင်ရွက် ပြီးပြီလားဆိုသည်ကို သိချင်ပါကြောင်းမေးမြန်းသွားပါသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ပြောကြားချက်

မှန်ပါတယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌပြောသွားသည်က သမီးမေးသည့်မေးခွန်းပဲဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့သုံးသပ်ဆောင်ရွက်ပေးဖို့ အင်မတန်မှလေးနက်ပါကြောင်း၊ အင်မတန် လည်း အခက်အခဲများပါကြောင်း၊ ယနေ့ဒီတာဝန်ကို မိမိဥက္ကဋ္ဌအပေါ်မှာ ကျရောက်နေပါကြောင်း၊ဥက္ကဋ္ဌ ဆိုသည့် နေရာတွင် နှစ်ခုလုံးပြော၍ ရပါကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌ အပေါ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအပေါ်မှာပါ ကျရောက်နေခြင်းဖြစ်ပါကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌ အပေါ်ကျ ရောက်တာကတော့ ရှင်းပါ ကြောင်း၊ ယနေ့လွှတ်တော်နာယက ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌသည် ဒီလောက်ကြီးမားသည့်တာဝန်ကို ထမ်းဆောင်နိုင်ရန် တော်တော်ကို ရုံးကန်နေရပါကြောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအနေဖြင့် ပြောမည်ဆိုလျှင် ခုနပြောခဲ့ပြီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖြစ်လာမည့် အသင်းအပေါ်မှာ အတည်ဖြစ်ပါကြောင်း၊ တချို့အသင်း အပေါ်ကို အမျိုးမျိုးဝေဖန် သည်များရှိပါကြောင်း၊ ဝေဖန်ပါစေ။ ဒါပေမဲ့ အဲဒီတုန်းကဘာလဲ မြန်မာနိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီ ဈေးကွက် စီးပွားရေးစနစ် ပေါ်ထွန်းမှုဆိုသည့်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပေါ်ပေါက်ခဲ့ပါကြောင်း၊ ပါတီစုံ ဒီမိုကရေစီ ဈေးကွက် စီးပွားရေးစနစ် ပေါ်ထွန်းလာသည့်နောက်ပိုင်း ရှေ့ဆက်သွားဖို့ ခရီးကတော့ ယနေ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ်ပြီး ပြင်ဆင် စရာရှိ သည်ကိုပြင်မည်၊ ယနေ့ ဖွဲ့စည်းပုံအ‌ခြေခံ ဥပဒေကို လေ့လာ သုံးသပ်ပြီး ပြင်စရာရှိတာပြင်မယ်၊ ထားစရာရှိတာ ထားမည်ဖြစ်ကြောင်း၊ သို့မှသာ ရှေ့ဆက် သွား၍ရမည်ဖြစ်ကြောင်း၊ ဒီတာဝန်ကြီးနှစ်ခု ကို ဆောင်ရွက်သည့် အခါတွင် စောစောက မေးသည့်မေးခွန်း တွင် ဆွေးနွေးမည့်ရက်သည် ၂၁ ရက်မဟုတ်တော့ဘဲ နိုဝင်ဘာလ၂၅ ရက် နေ့တွင် အပြီး ဆောင်ရွက် မည်ဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်က တင်သွင်းလာမည့် ဥပဒေကြမ်း ကြီးများအား နောက်တစ်
ပတ် လွှတ်တော်အစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုမည်ဖြစ်ကြောင်း၊ ထိုကထွက်ပေါ်လာသည့် ဥပဒေကြမ်း များကို လာမည့် ၂၀၁၅ မေလအတွင်းတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဲ့ဒီက ထွက်ပေါ်လာ သည့်ဟာကို ၂၀၁၅ ရွေးချယ်တင်‌မြောက်ပွဲပြီးလို့ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော် စတင် ကျင်းပ သည့် နောက်ပိုင်းတွင် ဖွဲ့စည်းပုံအ‌ခြေခံဥပဒေတွေ ပြဋ္ဌာန်းလိုက် သည့် ပြဋ္ဌာန်းချက်များကို အတည်ပြုမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အပြီးထွက်ပေါ်လာသည့် အ‌ဖြေပေါ်မူတည်ပြီးမှ ဆောင်ရွက်ရ မည် ဖြစ်ကြောင်း၊ ဒါကြောင့်မို့လို့ ဒီလိုအချိန်ကိုက်ဝင်အောင် ဝီရိယထားဆောင် ရွက်နေပါကြောင်း၊ ဖြစ်ပေါ် အောင်လည်း အားလုံးဝိုင်းပြီးတော့ အကူအညီပေးကြပါ။ Referendum (ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ)  လုပ်တယ်ဆိုတဲ့ကိစ္စကလည်း အင်မတန်မှ ခက်ခဲသည့် ကိစ္စဖြစ်သည့်အတွက် စနစ်တကျ ပြီးမြောက်သွားအောင် ဥပဒေများပြဋ္ဌာန်းပြီး ဆောင်ရွက်ဖို့ စီစဉ် ထားပါကြောင်း၊ လုပ်တယ်ဆိုတဲ့ကိစ္စကလည်း အင်မတန်မှ ခက်ခဲသည့်ကိစ္စဖြစ်သည့် အတွက် စနစ်တကျ ပြီးမြောက်သွားအောင် ဥပဒေများပြဋ္ဌာန်းပြီးဆောင်ရွက်ဖို့ စီစဉ် ထားပါကြောင်း၊

မေးမြန်းသူ

ဥက္ကဋ္ဌကြီးရှင့်။ မရှင်းလို့ပါ။ ဒါဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့် ဥပဒေက ၂၀၁၅ ရွေးကောက်ပွဲပြီး မှပဲ ဖြစ်လာ မည့်သဘောလားရှင့်။ အဲ့ဒီတော့မှပဲ အတည်ပြုမည့်သဘောလားရှင့်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ပြောကြားချက်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က မှန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီသက်တမ်းမှာ ကြားပေါက် ခုနက ဖြေလိုက်သည့်ဟာကို ဆောင်ရွက်မည် ဆိုလျှင် ယနေ့ခင်းကျင်းထားသည့်အုပ်ချုပ်ရေး ဆိုင်ရာ အခင်းအကျင်း၊ ကျန်သည့်အခင်းအကျင်းတွေဟာ လည်း ‌ပြောင်းလဲသွားလိမ့်မည်ဆိုရင် ဘယ်လိုမှမဖြစ်နိုင်ကြောင်း၊
မိမိတို့ ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မည်။ ထွက်ပေါ်လာ သည့် ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့အတူ လွှတ်တော်သက်တမ်း စသည့် နောက်ပိုင်းမှာ ခုနကဖွဲ့စည်းပုံအ‌ခြေခံဥပဒေကို ပြင်နိုင်သည့်ပြင် ဆင်ချက်တွေ ပေါ်မူတည်ပြီးတော့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊

မေးမြန်းသူ
ဥက္ကဋ္ဌကြီးရှင့်။ ထပ်ဆင့်မေးခွန်းလေးတစ်ခုလောက် မေးခွင့်ပြုပါ။ တချို့ပါတီတွေက ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင် မည့်အချက်တွေပေါ်မှာ မူတည်ပြီးတော့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို
ဝင်သင့်/ မဝင်သင့် စဉ်းစားနေသည့်ပါတီတွေရှိပါတယ်ရှင့်။ ထိုပါတီတွေအတွက်က ဘယ်လိုများဖြစ် သွားမလဲရှင့်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ပြောကြားချက်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ဒီပါတီတွေကတော့ သူ့သဘော သူဆောင်ပါလိမ့်မည်။ ဝင်ချင်ဝင်မည်။ မဝင်ချင်ရင်မဝင်ဘူးပေါ့။


မေးမြန်းသူ

ဟုတ်ကဲ့ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကတော့ ၂၀၀၈ခုနှစ်နှင့် ဆက်သွားမည့်သဘောပေါ့နော်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ပြောကြားချက်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ရှင်းပါတယ်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲက ယနေ့ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေက သတ်မှတ်ထားသည့် ဥပဒေတွေ။ ပြီးသည့်အခါမှာ ဆိုင်ရာဆိုင်ရာဥပဒေတွေနှင့်တကွ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေ ပြင်နိုင်တယ်ဆိုလျှင် အဲ့ဒီပြင်နိုင်သည့်ဥပဒေတွေက ၂၀၁၅ ခုနှစ်အလွန် လွှတ်တော်ဖွဲ့စည်းပြီး ဒီအတိုင်းသယ်ဆောင်သွား မည်ဖြစ်ကြောင်းကို ပြန်လည် ဖြေကြားသွားပါသည်။