Skip to main content

ပည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းဖြူးမြို့နယ် ကညွတ်ကွင်း ဒေသရှိ အထက်တန်း/အလယ်တန်း/ မူလတန်းများမှထူးချွန်ကျောင်း သား ကျောင်းသူများနှင့် ကြီးကြပ်သူ ဆရာ၊ဆရာမများအား တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်ပထမ အကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် အစည်းအဝေး(၂၇)ရက်မြောက်နေ့သို့ လာရောက် လေ့လာကြသည့် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းဒေသရှိ အထက်တန်း/ အလယ်တန်း/မူလတန်းများမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ကြီးကြပ်သူ ဆရာ၊ ဆရာမများ စုစုပေါင်းလေ့လာရေး

အဖွဲ့ဝင် (၁၈၃)ဦးအား ယနေ့နံနက် (၉)နာရီ (၁၅)မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ခန်းမဆောင်၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုလွှတ်တော် နာယက က အမှာစကားပြောကြားပြီး ဖြူးမြို့နယ် ကညွတ်ကွင်းဒေသရှိ အထက်တန်း/အလယ်တန်း/ မူလတန်းများမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ထွန်း၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ၊ ဖြူးမြို့နယ်ပညာရေးမှူး ဒေါ်အုံးကျင် ခေါင်းဆောင်သည့် အထက်တန်း/ အလယ်တန်း/ မူလတန်းများမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့်ကြီးကြပ်သူ ဆရာ၊ဆရာများ တက်ရောက်ခဲ့ကြသည်။