Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် မစ္စတာ လီခချန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ(၁)နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့      ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ      ပြည်သူ့လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသော သူရဦးအေးမြင့်၊ ဦးဌေးဦး၊ ဦးမောင်မောင်သိမ်း၊ ဦးသိန်းဇော်၊ သန်းဆွေ၊ သူရဦးအောင်ကို၊ ဦးလှမြင့်ဦး၊ ဦးဌေးမြင့်၊ သမဝါယမဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်း၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သံအမတ်အကြီး ဦးသစ်လင်းအုန်း၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး  နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်  ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် လည်း တက် ရောက်သည်။

ယင်းသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ၏ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ခိုင်မာရေးနှင့် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ခင်မင်စွာဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဧည့်သည်တော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် မစ္စတာ လီခချန်းသည် ဧည့်သည်တော်မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးသည်။