Skip to main content

ပြည်ထောင်စုလွှတ်တော်ဒုတိယနာယ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးနန္ဒကျော်စွာ အိန္ဒိယနိုင်ငံ Bharatiya Janta Party ၏ပြောရေးဆိုခွင့်ရှိသူ Mr.M J Akbarအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ သည် အိန္ဒိယနိုင်ငံ Bharatiya Janta  Party ၏ ပြောရေးဆိုခွင့်ရှိသူ Mr.M J Akbar နှင့်အဖွဲ့အား ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော်ရှိလွှတ်တော် အဆောက်အအုံ ရေးရာဆောင် (I-1)၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအားတိုးမြှင့်ဆောင်ရွက်ရေးနှင့် လွှတ်တော် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။