Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန်နိုင်ငံ ဒီမိုကရေစီ၊လူ့အခွင့်အရေးနှင့် အလုပ်သမား ရေးရာဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Mr. Tom Malinowski နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

 ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇွန်လ ၂၇ ရက်နေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ အမေရိကန်နိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Tom Malinowski နှင့်အဖွဲ့အား လက်ခံ တွေ့ဆုံသည်။

      ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးပြုပြင်‌ပြောင်းလဲမှု ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

       အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယက နှင့်အတူ လွှတ်တော် ကော်မတီ ဥက္ကဋ္ဌ များဖြစ်ကြသော ဦးဋ္ဌေးဦး၊ ဦးစိုးသာ၊ ဦးလှမြင့်ဦး၊ ကော်မတီအဖွဲ့ဝင် ဒေါက်တာဝင်းမြင့်၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်မောင်ထွန်း၊ ဦးခင်မောင်စိုး၊ ဒေါ်အေးအေးမူ နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အမေရိကန်နိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး Mr. Derek Mitchell လည်း တက်ရောက်သည်။