Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန် ပြည်ထောင်စု ကူးသန်းရောင်းဝယ်ရေးဝန်ကြီး မစ္စ ပန်နီပရက်စ်ကာ ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန်ပြည်ထောင်စု ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး မစ္စပန်နီပရက်စ်ကာ ဦးဆောင်သော အဖွဲ့အား ဇွန်လ ၅ ရက်နေ့၊ နံနက် (၈) နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများဖြစ် ကြသော ဦးအောင်သောင်း၊ ဦးစိုးသာ၊ ဦးမောင်မောင်သိမ်း၊ ဦးသိန်းဇော်၊ ဦးလှမြင့်ဦး၊ ကော်မတီအဖွဲ့ ဝင် ဒေါက်တာဝင်းမြင့်၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံး သပ်ရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

တွေ့ဆုံစဉ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့်အတူ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာရန်လိုအပ်၍ ယင်းကိစ္စအတွက် အမြင်ချင်းဖလှယ် ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။