Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တပ်မတော် (ရေ) ရေကြောင်း လူငယ်သင်တန်းနှင့် တပ်မတော် (လေ) လေကြောင်း လူငယ်သင်တန်းတို့မှ အုပ်ချုပ်သူ၊ နည်းပြနှင့် သင်တန်းသား/သူများအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမ ပုံမှန် အစည်းအဝေး ဒုတိယနေ့သို့ လာရောက်လေ့လာကြသည့် တပ်မတော် (ရေ) ရေကြောင်းလူငယ် သင်တန်းနှင့် တပ်မတော် (လေ) လေကြောင်းလူငယ်သင်တန်းတို့မှ အုပ်ချုပ်သူ၊ နည်းပြနှင့် သင်တန်းသား၊ သင်တန်း သူများအား မေလ ၂၉ ရက် နံနက် (၁၁)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော် (ရေ) ရေကြောင်းလူငယ်သင်တန်းနှင့် တပ်မတော် (လေ) လေကြောင်း လူငယ် သင်တန်းတို့မှ အုပ်ချုပ်သူ၊ နည်းပြနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၉)ဦးတို့ တက်ရောက်ကြသည်။