Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကုလသမဂ္ဂ၊ အာရှ-ပစိဖိတ် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး Dr. Noeleen Heyzer အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇန်နဝါရီ ၂၈၊ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကုလသမဂ္ဂ၊ အာရှ-ပစိဖိတ် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး Dr. Noeleen Heyzer အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်အတူ ပြည်သူ့ လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးသာ၊ နိုင်ငံတကာဆက် ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူ နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

နေပြည်တော်၊ ဇန်နဝါရီ ၃၀