Skip to main content

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ရန်ကုန်စီးပွားရေးတက္ကသိုလ် အသုံးချဘောဂဗေဒဌာနမှ သင်တန်းသား/သူ များအားတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇန်နဝါရီ (၂၄) ရက် မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင်၌ ရန်ကုန်စီးပွားရေး တက္ကသိုလ် အသုံးချဘောဂဗေဒဌာန ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာသင်တန်းမှ ကြီးကြပ်သူဆရာ/မများနှင့် သင်တန်း သား/သူများအား တွေ့ဆုံ၍ လွှတ်တော်ရေးရာ ဆောင်ရွက်ချက်များနှင့် နိုင်ငံတော်၏ လက်ရှိ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

တွေ့ဆုံပွဲတွင် စီမံခန့်ခွဲမှုပညာ မဟာဘွဲ့သင်တန်းမှ သင်တန်းသား/သူများက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊၂၀၁၅ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေးအခင်း အကျင်းနှင့် လွှတ်တော် အတွင်းဥပဒေပြုရေးဆိုင်ရာ ဆောင်ရွက်ချက်များကို မေးမြန်းကြရာ ပြည်ထောင်စု လွှတ်တော်နာယက ကအကျယ်တဝင့် ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် အသုံးချဘောဂဗေဒဌာန ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ မဟာဘွဲ့သင်တန်းမှ ကြီးကြပ်သူ ဆရာ/မ များနှင့် သင်တန်းသား/သူ စုစုပေါင်း(၁၄၅)ဦး ပါဝင်သောအဖွဲ့သည် လွှတ်တော်သို့ လာရောက် လေ့လာခဲ့ကြခြင်းဖြစ်ပြီး လွှတ်တော်အစည်းအဝေး အပြီးတွင် ပြည်ထောင်စုလွှတ်တော် နာယက ကတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

၂၀၁၄ ဇန်နဝါရီ ၂၄