Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အကြံပေး Mr. Vijay Nambiar အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇန်နဝါရီ ၂၃ နေ့လည် ၂ နာရီတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂိဂုလ် Mr. Vijay Nambiar အား နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် အစည်းအဝေး ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံခဲ့ပြီး ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် အတူ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၄ ဇန်နဝါရီ ၂၃