Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်း

“ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း(၁၀၀၀)သုံးစွဲခြင်းသည် ပြည်သူများ၏အမှန်တယ်လိုအပ်ချက်ကို ဆောင် ရွက်ပေးခြင်း သာဖြစ်” ဟုပြောကြား

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ(၁)နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိခန်းမဆောင်၌ ပြည်တွင်း၊ ပြည်ပမှ သတင်းမီဒီယာသမား များအား တွေ့ဆုံ၍ မီဒီယာသမားများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။

တွေဆုံပွဲတွင် တက်ရောက်လာကြသည့် မီဒီယာသမားများက လွှတ်တော်၏ဆောင်ရွက်ချက်များ အပေါ် ပြည်သူ များ၏ ထင်မြင် ယူဆချက်သဘောထား၊ လွှတ်တော်ရေးရာကော်မတီများ၏ ဆောင်ရွက်ချက်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ သဘောထား၊ ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း(၁၀၀၀) သုံးစွဲခြင်းကိစ္စ၊ နိုင်ငံတော် သမ္မတအပါအဝင် ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းထားသည့် လေးပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရေး၊ လွှတ်တော်ရေးရာ ကော်မတီများ၏ လယ်ယာမြေဆိုင်ရာ ဆောင်ရွက်ချက်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ပြဋ္ဌာန်းချက်နှင့် စပ်လျဉ်း၍မေးမြန်း ခဲ့ကြသည်၊

ပြည်ထောင်စုလွှတ်တော်နာယက  က ဒေါ်အောင်ဆန်းစုကြည် အဆိုပြုသည့် လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေး ဆိုင်ရာ ကိစ္စရပ်အပေါ် ကြိုဆိုပါကြောင်း၊ ဖွံ့ဖြိုးရေး ရန်ပုံငွေသိန်း(၁၀၀၀) သုံးစွဲခြင်းသည် မဲဆွယ်ခြင်း မဟုတ် ဘဲ ပြည်သူ များ၏ အမှန်တကယ် လိုအပ်ချက်ကို ဆောင်ရွက်ပေးခြင်းသာဖြစ်ကြောင်း စသည်ဖြင့် မေးမြန်းချက် များအပေါ် ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

၂၀၁၄ ဇန်နဝါရီ ၂၃