Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဂျာမနီနိုင်ငံ၊ ဘာဒန်ဝူးတမ်းဘာ့ခ် ပြည်နယ်၏ ဒုတိယပြည်နယ်ဝန်ကြီးချုပ်၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇန်နဝါရီလ ၂၂ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင်  ဂျာမနီနိုင်ငံ၊ ဘာဒန်ဝူးတမ်းဘာ့ခ် ပြည်နယ်၏ ဒုတိယပြည်နယ်ဝန်ကြီးချုပ်၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး မစ္စတာ နီးလ်စ်ရှမစ်ဒ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား

နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတူ ပြည်သူ့ လွှတ်တော် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးမောင်မောင်သိမ်း၊ ဦးလှမြင့်ဦး၊ ဦးဌေးမြင့်၊ ကော်မတီ အဖွဲ့ဝင် ဒေါက်တာဝင်းမြင့်၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်မောင်ထွန်း၊ ဒေါ်အေးအေးမူ နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၂