Skip to main content

ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး၊ UNDP ဌာနေကိုယ်စားလှယ် မစ္စ လော့ဒက်ဆဲလ်လီယန်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ ၁၄

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး/ UNDP ဌာနေကိုယ်စားလှယ် မစ္စ လော့ဒက်ဆဲလ်လီယန်နှင့်အဖွဲ့အား ယနေ့ညနေ(၄)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်ထောင်စုလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်အတူ ပြည်သူ့ လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြ သည့် ဒေါ်မြတ်မြတ် စိုး၊ ဒေါ်အေးအေးမူ နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)