Skip to main content

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အောက်လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌ H.E.Mr. Alexei Chepa ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည်     ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အောက်လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌ H.E.Mr.Alexei Chepa အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံလွှတ်တော်များ၏ ပိုမိုကောင်းမွန်လာသော ဆက်ဆံ ရေး၊ ရုရှားလွှတ်တော်နိုင်ငံတကာရေးရာကော်မတီ၏ အတွေ့အကြုံများ၊ မြန်မာနိုင်ငံကျောင်းသားများ ရုရှားနိုင်ငံသို့ ပညာတော်သင် ပိုမိုစေလွှတ်ရေးကိစ္စ၊ မြန်မာ-ရုရှား နှစ်နိုင်ငံခေတ်မီ စိုက်ပျိုးရေး ပညာရပ်များ ဖလှယ်ရေးကိစ္စနှင့် နှစ်နိုင်ငံလွှတ်တော်ကိုယ်စားလှယ်များ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီအတွင်းရေးမှူး ဦးဘိုဘိုဦး၊ ကော်မတီအဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်