Skip to main content

ပြည်သူ့လွှတ်တော်၊တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့် လွတ်လပ်သောမြန်မာနိုင်ငံပင်လယ်ပျော်များအဖွဲ့ချုပ် (IFOMS) အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့် သည် လွတ်လပ်သောမြန်မာနိုင်ငံပင်လယ်ပျော်များအဖွဲ့ချုပ် (IFOMS) အဖွဲ့အား ယနေ့ မွန်းလွဲ   ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံသင်္ဘောသားများ အလုပ်အကိုင်အခွင့်အလမ်းများ၊ အခက်အခဲ များအား ကူညီဖြေရှင်းပေးနိုင်ရေး ကိစ္စရပ်များနှင့် မြန်မာ့ရေကြောင်းစီးပွားရေးကဏ္ဍ ပိုမိုကျယ်ပြန့်လာ စေရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့  ကော်မတီဥက္ကဋ္ဌ နှင့်အတူ အတွင်းရေးမှူး ဦးသိန်းထွန်းနှင့် ကော်မတီအဖွဲ့ဝင် များတက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်