Skip to main content

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအ‌ဝေး ပဉ္စမနေ့မှတ်တမ်း(၂၄-၁၀-၂၀၁၂)

ကြယ်ပွင့်ပြထားသည့် မေးခွန်းများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း     

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ယာယီစာရင်းများအရ မြန်မာနိုင်ငံကြွေးမြီ (Public Debt) လည်ပတ်နေသောငွေကြေး (Currency in Circulation)၊ အလုပ်လက်မဲ့အခြေအနေ၊ နိုင်ငံခြား အရန်ငွေနှင့်ရွှေ (Foreign Exchange and Gold Reserve) တန်ဖိုးမည်မျှရှိသနည်းနှင့်စပ်လျဉ်း သည့်မေးခွန်း

          ဦးမောင်တိုး(မင်းလှမဲဆန္ဒနယ်)။        ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတင်ပြချက် အစီရင်ခံစာတွင် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးစာရင်းတွင် အသားတင်လိုငွေကျပ် ၂၁၆၁၁၁၃ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတကာမှာ ကြွေးမြီပြဿနာများ  ဖြစ်ပေါ်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေကို ပြည်သူများသိရှိနိုင်ရန်အတွက် အောက်ပါမေးခွန်းများကို ဖြေကြားပေးပါရန် မေးမြန်း အပ်ပါတယ်ခင်ဗျား။ (က) ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ယာယီ စာရင်းများအရ မြန်မာနိုင်ငံ ကြွေးမြီ  (Public Debt) စုစုပေါင်းမည်မျှရှိပါသနည်း။ (ခ) မြန်မာနိုင်ငံတွင် လည်ပတ်နေသော ငွေကြေး (Currency in Circulation) မည်မျှရှိပါသနည်း။ (ဂ) ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အခြေအနေအရ အလုပ်လက်မဲ့ မည်မျှရှိပါသနည်း။ (ဃ) မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေနှင့်ရွှေ (Foreign Exchange and Gold Reserve) တန်ဖိုးမည်မျှရှိပါသနည်း။

          ဒေါက်တာမောင်မောင်သိန်း(ဒုတိယဝန်ကြီး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန)။        ။ လေးစား ရပါတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ကြွရောက်လာကြသော  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များခင်ဗျား။ မင်္ဂလာနံနက်ခင်းပါ။  ပဲခူးတိုင်းဒေသကြီး၊ မင်းလှမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်တိုးရဲ့ မေးခွန်းထဲက ကျွန်တော်တို့ ဝန်ကြီးဌာနနှင့် ဆိုင်တာတွေကို ကျွန်တော် ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိန်းမှ ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်တော် ကြီးရဲ့ မေးခွန်း ၃ ခုမှာ ပထမမေးခွန်းကတော့ မြန်မာနိုင်ငံရဲ့ Public Debt ဘယ်လောက်ရှိလဲ ဆိုပြီး တော့ မေးမြန်းထားတာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးများ သိကြတဲ့အတိုင်းပါပဲ။ ဘတ်ဂျက်လိုငွေပြတဲ့အခါမှာ Developing Country တွေရော၊ Industrial Country လို့ခေါ်တဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေရော အကြွေးတွေယူကြရပါတယ်။ အကြွေးယူတဲ့အခါမှာ အားလုံးသိကြတဲ့အတိုင်းပဲ ပြည်ပကြွေးနှင့် ပြည်တွင်းကြွေးဆိုပြီးတော့ ၂ ခုရှိပါတယ်။ ရှိတဲ့အနက်က မြန်မာနိုင်ငံအနေနဲ့ ပြည်ပ ကြွေးကို International Financal Institution တွေဖြစ်တဲ့ World Bank တို့၊ ADB တို့ အဲဒီကပဲ ကျွန်တော်တို့ ယူပါတယ်။ နိုင်ငံတွေကလည်း ယူပါတယ်။ မြန်မာပြည်မှာရှိနေတဲ့ ကြွေးတွေကို မှတ်တမ်း တင်တာကိုတော့ ၂ ပိုင်းမှတ်တမ်းတင်ထားပါတယ်။ ပြည်ပအကြွေးနှင့်ပတ်သက်ပြီးတော့ ပထမ တစ်ပိုင်းကတော့ ၁၉၈၈ မတိုင်ခင်နှင့် ဒုတိယတစ်ပိုင်းကတော့ ၁၉၈၈ နောက်ပိုင်းကာလ ဖြစ်ပါတယ်။ ၁၉၈၈ မတိုင်ခင်တုန်းကဆိုလို့ရှိရင်တော့ ပြည်ပကြွေးမြီတွေဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၆၀၂.၀၁၉ ရှိပါတယ်ခင်ဗျား။ ထပ်ပြီးကျွန်တော် အစီရင်ခံပါမယ်။ ၁၉၈၈ မတိုင်ခင်တုန်းကဆိုရင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၆၀၂.၀၁၉ ရှိပါတယ်။ ၁၉၈၈ နောက်ပိုင်းမှာတော့ အမေရိကန် ဒေါ်လာသန်းပေါင်း ၃၄၈၇.၄၁၅ ရှိပါတယ်ခင်ဗျား။ ထပ်ပြီး အစီရင်ခံပါမယ်။ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၄၈၇.၄၁၅ ရှိပါတယ်။ စုစုပေါင်းအနေနဲ့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀၈၉.၄၃၄ သန်းရှိပါတယ်ခင်ဗျား။ ပြည်တွင်းကြွေးမြီဆိုတာကတော့ နိုင်ငံတော်အနေနဲ့ ထုတ်ဝေထားတဲ့ Preasury Bont တို့၊  Bill တို့ကို ရောင်းချထားတဲ့အခါမှာ နိုင်ငံတော်ကနေပြန်ပေးရမယ့် တာဝန်ရှိမှု ဖြစ်ပါတယ်ခင်ဗျား။ အဲဒါကတော့ ကျွန်တော်တို့ ယခုနှစ် စက်တင်ဘာလကုန်အထိကို ကျပ်သန်းပေါင်း ၉၉၈၈၈၅၇ ရှိပါတယ်ခင်ဗျား။ ထပ်မံပြီးတော့ တင်ပြပါတယ်။ ကျပ်သန်းပေါင်း ၉၉၈၈၈၅၇ ရှိပါတယ် ခင်ဗျား။

ဒုတိယမေးခွန်းဖြစ်တဲ့ မြန်မာနိုင်ငံအတွင်းမှာ လည်ပတ်နေတဲ့ ငွေကြေးပမာဏ (Currency in Circulation) အတိုကောက် CIC အဲဒါနှင့်ပတ်သက်လို့ တွက်နည်းတွေ အများကြီး ရှိတဲ့အနက်က ကျွန်တော်တို့ သုံးနေတဲ့တွက်နည်းကတော့ လက်တွေ့ အကျဆုံးနည်းဖြစ်ပါတယ်။ ထုတ်ဝေထားတဲ့ ငွေကြေးပမာဏနဲ့ နိုင်ငံပိုင်ဘဏ်တွေမှာရှိတဲ့ ငွေကြေးလက်ကျန်တွေကို ခြားနားလိုက်တဲ့အခါမှာ ပြည်တွင်းမှာ လှည့်ပတ်နေတဲ့ ငွေကြေးပမာဏကို ရပါတယ်။ အဲဒီတော့ ယနေ့ စက်တင်ဘာလကုန် အထိ နိုင်ငံတော်အတွင်းမှာ လှည့်ပတ်နေတဲ့ငွေကြေးပမာဏဟာ ကျပ်သန်းပေါင်း ၆၁၉၉၁၂၂.၉၅ ဖြစ် ပါတယ်ခင်ဗျား။ ထပ်မံပြီးတော့ တင်ပြပါမယ်။ ကျပ်သန်းပေါင်း ၆၁၉၉၁၂၂.၉၅ ဖြစ် ပါတယ်ခင်ဗျား။

ဒေါက်တာမောင်မောင်သိန်း(ဒုတိယဝန်ကြီး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန)။        ။ ဟုတ်ကဲ့ ခင်ဗျား။ 6.19 Trillion ။

ဒေါက်တာမောင်မောင်သိန်း(ဒုတိယဝန်ကြီး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန)။        ။ ဟုတ်ကဲ့။ တင်ပြပေးပါမယ် ခင်ဗျား။ တတိယမေးခွန်းဖြစ်တဲ့ နိုင်ငံတော်ရဲ့ နိုင်ငံခြားငွေနှင့် Gold Reserve မေးခွန်းပါ။ ဒါကတော့ ကျွန်တော်တို့ စိစစ်ဆောင်ရွက်ဆဲဖြစ်တဲ့အတွက်ကြောင့် သီးခြားထပ်မံပြီးတော့ တင်ပြပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်လေးစားပါတယ်ခင်ဗျား။

ဦးမြင့်သိန်း(ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန)။        ။ လွှတ်တော်ကိုယ်စားလှယ်ကြီး များခင်ဗျား။ မင်္ဂလာနံနက်ခင်းပါခင်ဗျား။ ကျွန်တော်ကတော့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ၁၉၉၀ ခုနှစ်မှာ မြန်မာနိုင်ငံ လုပ်သားအင်အားစစ်တမ်းကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ကောက်ယူခဲ့ပါတယ်။ ၎င်းမှ လုပ်သားအင်အား Labour Force ၊ အလုပ်လက်ရှိ (Employment)၊ အလုပ်လက်မဲ့ (Unemployment)၊ အလုပ်လက်ရှိနှုန်း (Employment Rate)၊ အလုပ်လက်မဲ့နှုန်း (Unemployment Rate) နှင့် လုပ်သားအင်အားပါဝင်မှုနှုန်း (Labour Force Participation Rate) တို့ကို ရရှိခဲ့ပါတယ်။ သို့သော် လည်း နောက်ပိုင်းတွင် လုပ်သားအင်အားစစ်တမ်းကို ကောက်ယူနိုင်ခြင်းမရှိဘဲ ၂၀၁၅-၂၀၁၆ ခုနှစ် တွင် ကောက်ယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

ဒါကြောင့် အလုပ်လက်မဲ့ဦးရေကို တွက်ချက်ရာမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာနမှ နှစ်စဉ်ရရှိသော လူဦးရေတိုးနှုန်းအပေါ်အခြေပြု၍ လုပ်သား အင်အားတိုးနှုန်းကို တွက်ချက်ရယူပြီး၊ ၁၉၉၀ ခုနှစ် လုပ်သားအင်အားစစ်တမ်းမှ ကောက်ယူရရှိခဲ့ သော အချက်အလက်များကို မှီတည်၍ လုပ်သားအင်အား၊ အလုပ်လက်ရှိ၊ အလုပ်လက်မဲ့၊ အလုပ်လက်ရှိနှုန်း၊ အလုပ်လက်မဲ့နှုန်းနှင့် လုပ်သားအင်အားပါဝင်မှုနှုန်းတို့ကို ခန့်မှန်းတွက်ချက်ရခြင်း ဖြစ်ပါတယ်။ ၎င်းခန့်မှန်းတွက်ချက်မှုအရ ၂၀၁၁ ခုနှစ် အလုပ်လက်မဲ့နှုန်းမှာ ၄ ရာခိုင်နှုန်း ဖြစ်ပါ ကြောင်း တင်ပြအပ်ပါတယ်။ အခြားနိုင်ငံများ၏ အလုပ်လက်မဲ့နှုန်းများနှင့် နှိုင်းယှဉ်ဖော်ပြပါက အမေရိကန်ပြည်ထောင်စု ၂၀၁၂ ခုနှစ် ၇.၈ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံ ၂၀၁၂ ခုနှစ် ၁၀.၂ ရာခိုင်နှုန်း၊ ဂျာမနီနိုင်ငံ ၂၀၁၂ ခုနှစ် ၆.၈ ရာခိုင်နှုန်း၊ စပိန်နိုင်ငံ ၂၀၁၂ ခုနှစ် ၂၄.၆ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံ ၂၀၁၂ ခုနှစ် ၃.၂ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ ၂၀၁၂ ခုနှစ် ဝ.၉ ရာခိုင်နှုန်း၊ ဘရူနိုင်းနိုင်ငံ ၂၀၁၀ ခုနှစ် ၂.၇ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံ ၂၀၁၁ ခုနှစ် ၂.၃ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံ ၂၀၀၈ ခုနှစ် ၁.၇ ရာခိုင်နှုန်း၊ ဖီလစ်ပိုင်နိုင်ငံ ၂၀၁၂ ခုနှစ် ၇ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံ ၂၀၁၂ ခုနှစ် ၆.၃ ရာခိုင်နှုန်း၊ လာအိုနိုင်ငံ ၂၀၀၉ ခုနှစ် ၂.၅ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်းတွေ့ရှိရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းဟာ နိုင်ငံတကာနှင့်နှိုင်းယှဉ်ကြည်‌့ပါက များလှသည်ဟု မဆိုနိုင်ပါ။ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် လုပ်သားအင်အားစစ်တမ်းကောက်ယူပြီးပါက ပိုမိုတိကျသည့် စာရင်းကိန်းဂဏန်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

 

နယ်စပ်ဒေသတိုင်းရင်းသားရင်သွေးငယ်များ မူလတန်းပညာအခမဲ့သင်ကြားမှုအခွင့်အလမ်းပိုမိုတိုးတက် လာစေရေးနှင့် စပ်လျဉ်းသည်‌့မေးခွန်း

           ဦးရှီသီး(လေရှီးမဲဆန္ဒနယ်)။   ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပါစေလို့ ဆုမွန်ကောင်းတောင်းရင်းဂါရဝပြုအပ်ပါတယ်။ ကျွန်တော် ကတော့ လေရှီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရှီသီးဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ မြန်မာနိုင်ငံရဲ့ ပညာရေး မူဝါဒသဘောထား၊ ပါတီစုံဒီမိုကရေစီစနစ်ရဲ့ ပါတီများရဲ့သဘောထား လုပ်ငန်းစဉ်များနှင့်အညီ မသင်မနေရ အခမဲ့မူလတန်းပညာရေးစနစ်ကို ပီပီပြင်ပြင်ဆောင်ရွက်သွားနိုင် ရေးကို ဦးထိပ်ထားပြီးတော့မှ မေးခွန်း မေးမြန်းသွားမှာဖြစ်ပါတယ်။ ယနေ့ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်နယ်၊ ပြည်မမခွဲခြားပဲနဲ့ မူလတန်းပညာရေး အခမဲ့သင်ကြားမှုအခွင့်အလမ်းရရှိရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့အချိန်မှာ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ၊ ပညာရေး ဝန်ထမ်း၊ ဆရာဆရာမများခန့်ထားမှုအခြေအနေနဲ့ ပညာရေး ဝန်ထမ်းအချို့တို့ရဲ့ခံယူချက်လွဲမှားမှုတွေကြောင့် တိုင်းရင်းသားဒေသများမှာ မူလတန်းအခမဲ့ ပညာသင်ကြားမှု အခွင့်အလမ်းဟာ နည်းပါးနေ သေးသည်ကိုတွေ့ရှိရပါတယ်။ နယ်စပ်ဒေသမြို့နယ်များရဲ့ အခြေခံပညာ မူလတန်းကျောင်းတွေမှာ ကျောင်းသားဦးရေ ဆရာအချိုးအရ မူလတန်းကျောင်းအုပ် ၁ ဦး၊ လက်ထောက်မူပြ ၁ ဦးသာခန့်ထား ပေးသဖြင့် သင်ကြားရေးလုပ်ငန်းများမှာ သင်ကြားရေးလုပ်ငန်းများမှာ သူငယ်တန်းကနေပြီးတော့မှ စတုတ္ထတန်းအထိ အတန်းတွဲထိန်းစနစ်ဖြင့် သင်ကြားနေရတဲ့အတွက် မူလတန်းအချိန်ဇယာအရ အတန်း ၅ တန်းအတွက် စာသင်ချိန် ၄၀ ကို အတန်းစုံ၊ ဘာသာစုံသင်ကြားဖို့ရာအတွက် ဆရာဆရာမ ၂ ဦးတည်းနဲ့ ခက်ခက်ခဲခဲသင်ကြားရတာစိစစ်တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ နယ်စပ်ဒေသမြို့နယ်များရှိ မူလတန်းကျောင်းများမှာ ပညာရေးမူအရ ကျောင်းသား၊ ဆရာအချိုးကို ပုံသေတွက်ချက်မှုမဟုတ်ဘဲနဲ့ ကျောင်းအုပ် ၁ ဦးနှင့် မူလတန်းပြ ၂ ဦးအနည်းဆုံးခန့်ထားပေးခြင်းအားဖြင့် အခမဲ့ပညာသင်ကြားမှု အခွင့်အလမ်းဟာ ပိုမိုရရှိနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ ပညာရေးစနစ်မှာ မူလတန်း အခြေခံပညာဟာ အင်မတန်အရေးကြီးတာဖြစ်ပါတယ်။ မူလတန်းအခြေခံအုတ်မြစ်ကောင်းမွန်စွာ တတ်မြောက်ခြင်းအားဖြင့် အတန်းကူပြောင်းမှု၊ အလယ်တန်း ပညာ တက်ရောက်သင်ကြားမှုနှုန်း ဟာလည်းပဲ မြင့်တက်လာမှာဖြစ်ပါတယ်။ နိုင်ငံသားတိုင်း မူလတန်း ပညာအခမဲ့သင်ကြားခွင့်ရရှိရေး အတွက် ကျောင်းသုံးစာရေးကိရိယာများ သက်ဆိုင်ရာမြို့နယ်အထိ နိုင်ငံတော်မှအခမဲ့ပို့ဆောင်နိုင်ရေး အတွက်လည်းပဲ လိုအပ်ပါတယ်။ သို့အတွက်ကြောင့် ကျွန်တော့်အနေနဲ့ နယ်စပ်ဒေသမြို့နယ်များရှိ မူလတန်းကျောင်းငယ်များမှာ မူလတန်းပြဆရာမ ခွဲဝေရာထူးတိုးချဲ့ ခန့်ထားပေးနိုင်ရေးအတွက် အစီအစဉ်ရှိ/မရှိမေးမြန်းအပ်ပါတယ်။

           

           ဦးဘရွှေ(ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန)။       ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အပေါင်း ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ရှေးဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ လေရှီး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရှီသီးရဲ့ပညာရေးဆိုင်ရာမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားရမယ့် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဘရွှေ ဖြစ်ပါတယ်။ မေးခွန်းနှင့်ပတ်သက်လို့ ဖြေကြားရာမှာ ပညာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အခြေခံပညာဦးစီးဌာနအောက်ရှိ နယ်စပ် အကျုံးဝင်ဒေသများမှာရှိတဲ့ အခြေခံပညာမူလတန်းကျောင်းများတွင် ဖွဲ့စည်းပုံအရ မူလတန်း ကျောင်းအုပ် ၁ ဦး၊ မူလတန်းပြဆရာ ၁ ဦး၊ အထွေထွေလုပ်သား ၁ ဦး၊ စုစုပေါင်း ၃ ဦးခန့်ထား ပေးလျက်ရှိပါတယ်။ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်းများတွင် ဘာသာရပ်ဆရာ လိုအပ်ချက်များ အရလည်းကောင်း၊ တိုးတက် လာသောကျောင်းသားဦးရေအရလည်းကောင်း၊ ကျောင်းသား၊ ဆရာအချိုးကို တွက်ချက်ပြီးတော့ ဆရာများကို ထပ်မံခန့်အပ်ပေးထားလျက်ရှိပါတယ်။ ဒီလို ခန့်ထားပေးလျက်ရှိရာမှာ အခြေခံပညာ မူလတန်းကျောင်းများမှာရှိတဲ့ ကျောင်းသားဦးရေ ၅၅ ဦးနှင့်အောက်ရှိတဲ့ကျောင်းတွေမှာ ဆရာ ၂ ဦးခန့်ထားပေးလျက်ရှိသော်လည်းပဲ ကျောင်းသားဦးရေ ၅၆ ဦးမှ ၈၅ ဦးရှိတဲ့ကျောင်းများမှာတော့ ဆရာ ၃ ဦးခန့်ထားပါတယ်။ ကျောင်းသားဦးရေ ၈၆ ဦးမှ ၁၂၀ ဦးရှိတဲ့ အခြေခံပညာမူလတန်း ကျောင်းတွေမှာ ၄ ဦးခန့်ထားပါတယ်။ ကျောင်းသားဦးရေ ၁၂၁ ဦးမှ ၁၅၅ ဦးရှိတဲ့ကျောင်းများမှာ ဆရာဦးရေ ၅ ဦးခန့်ထားပါတယ်။ ကျောင်းသားဦးရေ ၁၅၆ ဦးမှ ၁၉၀ ဦးရှိတဲ့ အခြေခံပညာ မူလတန်းကျောင်းတွေမှာ ဆရာ ၆ ဦး ခန့်ထားပေးလျက် ရှိတဲ့အတွက် ယနေ့အခါမှာ မူလတန်းပြရာထူး ခွင့်ပြု၊ ခွဲဝေဦးရေအရ တိုးချဲ့ခန့်ထားပေးရန်အစီအစဉ် လောလောဆယ်မရှိသေးပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်။

မြို့သစ်မြို့နယ်ခွဲ ယာနိုးကျေးရွာရှိ ယူးချောင်းကူးတံတားအားဆောက်လုပ်ပေးရန်အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည်‌့မေးခွန်း

                    ဦးခင်မောင်ရွှေ(တမူးမဲဆန္ဒနယ်)။      ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရွှေဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲ၊ ယာနိုးကျေးရွာချောင်းကူးတံတားတည်ဆောက်ရေးနှင့်ပတ်သက်ပြီး ဒေသခံပြည်သူ များရဲ့ကိုယ်စား မေးမြန်းသွားမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ တမူးခရိုင်မှာပါဝင်တဲ့ ခမ်းမမြို့နယ်ခွဲ၊ မြို့သစ် မြို့နယ်ခွဲနှင့် တမူးမြို့နယ်တို့ဟာ တစ်ဖက်အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်လျက်ရှိကြပါတယ်။ အဆိုပါနယ်နိမိတ်ချင်းထိစပ်နေတဲ့ ကျေးရွာများဟာ မိမိတို့နိုင်ငံရဲ့နယ်နိမိတ်များကို အကာအကွယ် ပေးနေတဲ့ စောင့်ရှောက်ပေးနေတဲ့ကျေးရွာများ တစ်နည်းအားဖြင့် လူသားတံတိုင်းအတားအဆီးများ ဖြစ်ကြပါတယ်။ အဆိုပါဒေသများကို စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေ ရရှိရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ပေးမှသာလျှင် အဲ့ဒီဒေသက ပြည်သူ များဟာ ဒီဒေသမှာဆက်လက်နေထိုင်နိုင်ကြမှာ ဖြစ်ပြီးတော့မှ အဲ့သလို မဆောင်ရွက်ပေးနိုင်ဘူးဆိုရင် မြို့နဲ့နီးစပ်ရာဒေသများသို့ ပြောင်းရွှေ့နေထိုင်လာသူများအဖြစ် မိမိတို့နိုင်ငံရဲ့ နယ်မြေလုံခြုံရေးကို စောင့်ရှောက်နေတဲ့ အားနည်းချက်များတဖြည်းဖြည်းဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မြို့သစ်မြို့နယ်ခွဲမှ ယာနိုးကျေးရွာဟာ နယ်စပ်မျဉ်းနဲ့ နီးစပ်နေပြီး ချင်းတိုင်းရင်းသားများသာနေထိုင်ကြတဲ့ ကျေးရွာဖြစ်ပါတယ်။ အဆိုပါကျေးရွာဟာ မြို့သစ်မြို့နယ်ခွဲမှ ၄ မိုင်သာဝေးပြီးတော့မှ အဲ့ဒီကြားထဲမှာ ယူးချောင်းလို့ခေါ်တဲ့ ယူးမြစ်ထဲကိုစီးဆင်းသွားတဲ့ နန့်အယား ချောင်းဆိုတာ ရှိပါတယ်။ ယာနိုးကျေးရွာဟာ အိမ်ခြေကလည်းနည်း လူဦးရေကလည်းနည်းပါးတဲ့ အတွက် ကျောင်းသားဦးရေ ကလည်း နည်းပါတယ်။ ဘယ်လိုမှ ကျောင်းသားဦးရေအရ မူလတန်းမဖြစ် နိုင်တဲ့ ကျေးရွာလည်းဖြစ်ပါတယ်။ သို့သော်လည်းပဲ နိုင်ငံတော်အကြီးအကဲများရဲ့ စေတနာကြောင့် ယခင်က အထက်ကဘော် ဒေသဖွံ့ဖြိုးရေးစီမံကိန်းအရ မူလတန်းကျောင်းရရှိခဲ့ပါတယ်။ အဲ့ဒီဒေသမှ ကျေးရွာသူကျေးရွာသားများဟာ မြို့သစ်မြို့နယ်ခွဲနှင့် တမူးမြို့သို့လည်းကောင်း၊ အဲ့ဒီဒေသက အလယ် တန်းနှင့် အထက်တန်းတက်ကြမယ့် ကျောင်းသားကျောင်းသူများဟာ အဆိုပါချောင်းကိုဖြတ်ပြီးတော့မှ မြို့သစ်မြို့နယ်ခွဲကျောင်းကို နေ့စဉ် ကျောင်းတက်နေကြတာဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဆောင်းရာသီနှင့် နွေရာသီကာလများမှာ ချောင်းကိုဖြတ်ကူးပြီးသွားနိုင် ကြသော်လည်းပဲ မိုးတွင်းကာလမှ ကူးတို့လှေဖြင့်သာ ဖြတ်ကူးသွားလာနိုင်ကြပါတယ်။ မိုးများရင်တော့ သွားလာ၍မဖြစ်နိုင်ဘဲ သွားလာရေးများ ပြတ်တောက်သွား တတ်ပါတယ်။ တစ်ခါတစ်ရံ လှေများမှောက် ပြီး ပြည်သူများနှင့် ကျောင်းသူကျောင်းသားများလည်း ဒုက္ခရောက်ကြောင်းသိရှိရပါတယ်။ ဒေသခံ ပြည်သူများကလည်းပဲ အဆိုပါချောင်းကိုဖြတ်ကူးမည့် တံတား ၁ စင်းတည်ဆောက်ပေးစေလိုတဲ့ ဆန္ဒများ ရှိနေကြပါတယ်။ ဒေသခံပြည်သူများကလည်း ကိုယ်ထူကိုယ်ထ ဆောက်ခဲ့ဘူးကြောင်းနှင့် ရေကြီးမှုကြောင့် ရေထဲမျောပါခဲ့ပြီး နောက်ထပ် ထပ်မံ မတည်ဆောက်နိုင်တော့ကြောင်း သိရပါတယ်။ အဆိုပါတံတားအား ခိုင်ခိုင်ခံံ့ခံ့တည်ဆောက်ပေးမည်ဆိုပါက ဒေသခံပြည်သူများအနေဖြင့် များစွာဝမ်းသာပြီး နိုင်ငံတော်အပေါ် ကျေးဇူးတင်မဆုံးရှိနေကြမှာဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံ တိုင်းရင်းသားများရဲ့ကိုယ်စားအောက်ပါမေးခွန်းအား မေးမြန်းအပ်ပါတယ်။ မြို့သစ်မြို့နယ်ခွဲ ယာနိုးကျေးရွာ ချောင်းကူးတံတားအား ဆောက်လုပ်ပေးရန်အစီအစဉ်ရှိ၊ မရှိ။ ရှိပါက မည်သည့် အချိန်တွင် မည်သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါသဖြင့် ဖြေကြားပေးနိုင်ပါရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာမေးမြန်းအပ်ပါတယ်ခင်ဗျား။

          ဗိုလ်ချုပ်ဇော်ဝင်း(ဒုတိယဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန)။         ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း လေးစားစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရွှေ တင်ပြတဲ့မေးခွန်းအား ပြန်လည် ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။ မေးခွန်းမှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူခရိုင်၊ မြို့သစ်မြို့နယ်ရှိ ယာနိုးကျေးရွာသို့သွားသော ယူးချောင်းတံတားအား ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါကမည်သည့် အချိန်တွင် မည်သို့ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းသိရှိလိုပါသည်ဆိုတဲ့မေးခွန်းကို ဖြေကြားသွားမှာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးခရိုင်အတွင်းမှာရှိတဲ့ ယာနိုးကျေးရွာမှ မြို့သစ်မြို့ကျေးရွာကိုသွားလာရာမှာ လည်းကောင်း၊ တမူးမြို့ကိုသွားရာမှာလည်းကောင်း ယူးချောင်း(ခ)နန့်အယားချောင်းအား ဖြတ်သန်း သွားလာရတာဖြစ်ပါတယ်။ ဒီလိုသွားလာရာမှာ ချောင်းကူးတံတားမရှိတာကြောင့် မိုးရာသီရေကြီးချိန် များတွင် လက်ထိုးလှေကို အသုံးပြုသွားလာနေရတဲ့အတွက် ကျောင်းသားကျောင်းသူများ၊ ဒေသခံ ပြည်သူများအတွက် အခက်အခဲများကြုံတွေ့နေကြောင်း စိစစ်သိရှိရပါတယ်။ တမူးခရိုင်ရှိ မြို့သစ် မြို့နယ်ခွဲ စည်ပင်သာယာရေး အဖွဲ့အနေဖြင်‌့လည်းပဲ ရန်ပုံငွေနည်းပါးခြင်း၊ ချောင်းတစ်ဖက်ကမ်းမှာ ယာနိုးကျေးရွာ တစ်ရွာသာရှိခြင်းတို့ကြောင့် ချောင်းကူးတံတားတည်ဆောက်ပေးရန် အခက်အခဲရှိ ကြောင်းလည်းပဲသိရှိရပါတယ်။ ကျေးရွာဟာ တစ်ဖက်နိုင်ငံနဲ့ဆက်စပ်လျက်ရှိပြီးတော့ အမိမြန်မာ နိုင်ငံရဲ့ နိုင်ငံနယ်နိမိတ်ကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ ကျေးရွာဖြစ်ကြောင်းတွေ့ရှိရပါတယ်။ ဒေသခံတိုင်းရင်းသားများကလည်းပဲ ယူးချောင်းတံတားတည်ဆောင်ပေးရန် လိုလားလျက်ရှိပြီးတော့ မြို့သစ်မြို့နယ်ခွဲအနေနဲ့ အိမ်ထောင်စု ၅၆၅ စုနှင့် လူဦးရေ ၂၅၀၀ ကျော်ကို အကျိုးပြုသွားမည် ဖြစ်ကြောင်းသိရှိရပါတယ်။ တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲဟာ ကဘော်ချိုင့်ဝှမ်းဒေသမှာရှိပြီးတော့ ချင်း၊ ဗမာ၊ ရှမ်းတိုင်းရင်းသားအများစုနေထိုင်ကြပြီးတော့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသော ဒေသ တစ်ခုဖြစ်ပါတယ်။ နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းပဲ နယ်‌မြေတည်ငြိမ်ရေးနှင့် လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးဟာ အဓိက ဖြစ်ကြောင်း ခံယူအပ်ပါတယ်။ မြို့သစ်မြို့နယ်ခွဲအတွင်းမှာ ယူးချောင်းနေရာမှာ ကွန်ကရစ်တံတားတည်ဆောက် ရေးအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီကို စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာလုပ်ငန်းကော်မတီကနေ ပြီးခဲ့တဲ့ ၂၄-၇-၂၀၁၂ ရက်နေ့တွင် ပဉ္စမကာလတို ၅ နှစ်စီမံကိန်းမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် လိုသောလုပ်ငန်းအဖြစ်တ င်ပြခဲ့ပြီးလည်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ တမူးမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသွားတဲ့ မေးခွန်းအပေါ်မှာ နယ်စပ်ရေးရာဝန်ကြီးဌာနအနေနဲ့ ပဉ္စမကာလတို ၅ နှစ် အမျိုးသားစီမံကိန်းရဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ယူးချောင်းတံတားကို ကွန်ကရစ်တံတား ၁၂၀ ပေ ဆောက်လုပ်ရန်အတွက် ငွေကျပ် ၁၂၀ သန်းအား အဆိုပြုလျာထားခဲ့ပြီး ဖြစ်ကြောင်းနှင့် အဆိုပါရန်ပုံငွေခွင့်ပြုချက်ရရှိပါက နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီအနေနဲ့ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။ မန္တလေး-တကောင်း-ကသာ-ဗန်းမော် လမ်းမကြီးနှင်‌့ပတ်သက်၍ ကတ္တရာခင်းခြင်း အစီအစဉ်နှင်‌့ စပ်လျဉ်းသည့် မေးခွန်း

                    ဦးစိုးစိုး(ထီးချိုင့်မဲဆန္ဒနယ်)။   ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံးမင်္ဂလာ အပေါင်းနှင့် ပြည်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော် စစ်ကိုင်းတိုင်း ဒေသကြီး ထီးချိုင့်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုး ဖြစ်ပါတယ်။ ကျွန်တော်တင်ပြ မေးမြန်းလိုတဲ့ကိစ္စရပ်မှာ မန္တလေး-တကောင်း-ကသာ-ဗန်းမော် အရှေ့မဟာဗျူဟာလမ်းမကြီးနဲ့ပတ်သက်ပြီး ကတ္တရာခင်းခြင်းအစီအစဉ်  ဆောင်ရွက်ပေးရေးပဲ ဖြစ်ပါတယ်။ လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား။ မန္တလေး-တကောင်း-ကသာ-ဗန်းမော် လမ်းမကြီးနှင့်ပတ်သက်ပြီး ကတ္တရာလမ်းခင်းရေးကိစ္စမှာ  BOT စနစ်နဲ့ ဆောင်ရွက်နေကြတဲ့ လမ်းအပိုင်းဆိုင်ရာအလိုက် သက်ဆိုင်ရာကုမ္ပဏီများကို တွန်းအားပေး ကြီးကြပ်ရေးအတွက် ပထမ အကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါတင်ပြချက်နဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်ပေးမယ့် အစီအစဉ်များ ကို ဖြေကြားခဲ့ပြီးဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ တင်ပြချက်ဟာ အချိန်ကာလအားဖြင့် တစ်နှစ်ကျော် ခဲ့ပြီးဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်နေကြတဲ့ ကုမ္ပဏီများ ဟာ ငွေကိုသာ ကောက်ခံလျက်ရှိပြီး လမ်းအပိုင်းတာဝန်ယူဆောက်ရွက်မှု အားနည်းနေကြောင်း တွေ့ရှိရပါတယ်။ လက်ရှိအခြေအနေကို တင်ပြရမယ်ဆိုရင် သပိတ်ကျင်းလမ်းဆုံမှာ တကောင်းလမ်းဆုံ အတွင်း တံတား ၇ စင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဆောက်လုပ်ရေးအထူးအဖွဲ့ (၂)၊ အဖွဲ့(၄) တို့ ဆောင်ရွက်နေကြောင်း တွေ့ရှိရပါတယ်။ ကွန်ကရစ်တံတားများ တည်ဆောက်ပေးမည်ကို သိရတဲ့အတွက် ကြိုဆိုပါကြောင်းနဲ့ အထူးကျေးဇူးတင်ရှိပါကြောင်း မိဘပြည်သူများကိုယ်စား တင်ပြလိုပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ မန္တလေး-တကောင်း-ကသာ-ဗန်းမော် လမ်းအပိုင်းနှင့် ပတ်သက်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန အထူးလုပ်ငန်းအဖွဲ့များမှ ဆောင်ရွက်နေတဲ့အတွက် ယခင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆိုပြီး လုပ်ကိုင်နေကြတဲ့ BOT စနစ်နှင့် ကုမ္ပဏီများကို တာဝန်ပေးခြင်း၊ မပေးခြင်းကိုလည်း သိရှိလိုပါတယ်။ လမ်းအပိုင်းနှင့် ပတ်ျသက်ပြီး ကုမ္ပဏီ ၃ ခုကတော့ ငွေကောက်ခံနေဆဲ ဖြစ်တာကို တွေ့ရှိရပါတယ်။ ၎င်းကုမ္ပဏီများအနေနဲ့ ငွေကိုကောက်ခံ နေပေမယ့် လမ်းအပေါ်တာဝန်ယူမှု၊  ဆောင်ရွက်နေမှု အားနည်းနေတာကတော့ အမှန်ပဲဖြစ်ကြောင်း တင်ပြလိုပါတယ်။ ဒေသခံမိဘ ပြည်သူများကတော့ ဝန်ကြီးဌာန တာဝန်ယူမယ်ဆိုရင်လည်း ယူပေးပါ။ ကုမ္ပဏီများတာဝန်ယူမယ်ဆိုရင်လည်း ယူပေးပါ။ အထူးသဖြင့် ဒီလမ်းမကြီးကို အမြန်ပြီးစေခြင်းနဲ့ ဆန္ဒပဲဖြစ်ပါတယ်။ သို့ပါ၍ ကျွန်တော်မေးမြန်းတင်ပြလိုတဲ့အချက်ကတော့ သပိတ်ကျင်းလမ်းဆုံမှ မြတောင်လမ်းဆုံအထိ ကတ္တရာခင်းခြင်း လုပ်ငန်းများကို မည်သို့သော အစီအမံများဖြင့် ဆက်လက် ဆောင်ရွက်မည်ကို သိရှိလိုပါတယ်။ ထပ်မံ တင်ပြလိုသည်မှာ မြတောင်လမ်းဆုံမှ ဗန်းမော်လမ်းအပိုင်း ကိုလည်း ဆောက်လုပ်ရေးအထူအဖွဲ့(၂) ကတာဝန်ယူဆောင်ရွက်မယ်လို့သိရပါတယ်။ အဲ့ဒီကိစ္စ မှန်ကန်တယ်ဆိုပါက ဆောင်ရွက်မယ့် အစီအစဉ်များကို သိရှိလို၍ မေးမြန်းတင်ပြရခြင်းပဲဖြစ်ပါတယ်။

ဦးကျော်လွင်(ပြည်ထောင်စုဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)။   ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး  မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်း ဆက်အပ်ပါတယ်။ ကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်  ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မဲဆန္ဒနယ်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးစိုးမှ ပြည်သူ့ လွှတ်တော်အစည်းအဝေးကို မေးမြန်းတဲ့ မန္တလေး-တကောင်း-ကသာ-ဗန်းမော်လမ်းမကြီး အရှေ့ဗြူဟာ လမ်းမကြီးနှင့် ပတ်သက်ပြီး သပိတ်ကျင်းလမ်းဆုံမှ မြတောင်လမ်းဆုံ အပိုင်း၊ မြတောင်လမ်းဆုံမှ ဗန်းမော်လမ်းအပိုင်းတို့အား ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့ကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ မန္တလေး-တကောင်း-ကသာ-ဗန်းမော်လမ်းမကြီးဟာ ၁၇၅ မိုင် ၄ ဖာလုံ ရှည်လျားပါတယ်။ မန္တလေးတိုင်းဒေသကြီး အပိုင်းမှာ ၆၀ မိုင် ၃ ဖာလုံနှင့် စစ်ကိုင်းတိုင်းဒေသကြီးအပိုင်းတွင် ၅၉ မိုင် ၆ ဖာလုံ၊  ကချင်ပြည်နယ် အပိုင်းမှာ ၅၅မိုင် ၃ ဖာလုံ ပါဝင်ပါတယ်။ သပိတ်ကျင်းလမ်းဆုံမှ မြတောင်လမ်းဆုံ အပိုင်းဟာ မန္တလေးတိုင်းဒေသကြီးအတွင်း ပါဝင်ပြီး ၆၀ မိုင် ၃ ဖာလုံ ရှည်လျားပါတယ်။ ၂၀၁၂-၂၀၁၃  ဘဏ္ဍာရေးနှစ်မှာ  ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၁၇၃.၅ သန်းခွဲဝေရရှိပြီးတော့ ရရှိရန်ပုံငွေနဲ့  ၁၂ ပေအကျယ် ကျောက်ကတ္တရာလမ်းခင်းခြင်း ၇ မိုင် ၆ ဖာလုံ၊ တံတားငယ် ၇ စင်း  တည်ဆောက်ခြင်းလုပ်ငန်းတို့ကို  ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါလမ်းပိုင်းဟာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေ ဖြည့်စွက်ရန်ပုံငွေကျပ် သန်း ၁၀၀၀နဲ့ ၂၀၁၃-၂၀၁၄  ဘဏ္ဍာရေးနှစ်မှာ  ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေကျပ် ၃၀၀၀ သန်း တင်ပြတောင်းခံ ထားပြီးတော့ ရန်ပုံငှေရရှိတဲ့အပေါ်မှာမူတည်ပြီး လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို  ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ မြတောင်လမ်းဆုံမှ ဗန်းမော်အပိုင်းဟာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင် ပြည်နယ်အပိုင်းမှာပါဝင်ပြီး ၁၁၅ မိုင် ၁ ဖာလုံ ရှည်လျားပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အပိုင်းရှိ  ၅၉ မိုင် ၆ ဖာလုံအား ဂရိတ်ဝေါကုမ္ပဏီလီမီတက်က BOT စနစ်ဖြင့်  ဆောင်ရွက်ခဲ့ပြီးတော့ ၁၁-၉-၂၀၁၂ နေ့မှာ လုပ်ငန်းပြန်လည်အပ်နှံခဲ့တဲ့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနဲ့ အခုအခါမှာ လမ်းအထူးအဖွဲ့ (၃) ဖွဲ့နဲ့ အထူး ပြင်ဆင်ထိန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားဖို့ စီစဉ်ထားပြီး  ဖြစ်ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်  ကချင်ပြည်နယ်အပိုင်းအတွက် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၆၁၈ သန်းခွဲဝေရရှိပြီးတော့  ၁၂ပေအကျယ်  ကျောက်ကတ္တရာလမ်းခင်းခြင်း ၃ မိုင်၊  ကျောက်စီကမ်းကပ်ခုံ သံကူကွန်ကရစ်တံတားသစ် ၇ စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လျက် ရှိပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ  ပြည်ထောင်စုငွေလုံးငွေရင်း ဖြည့်စွက်ရန်ပုံငွေကျပ်  သန်း ၁၀၀၀နဲ့ ၂၀၁၃-၂၀၁၄  ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၅၀၃၁ သန်းတို့ တင်ပြတောင်းခံထားပြီး ရန်ပုံငွေရရှိတဲ့ အပေါ်မှာမူတည်ပြီး လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆက်လက်  ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား ။ မန္တလေး-တကောင်း-ကသာ-ဗန်းမော် လမ်းမကြီး အဆင့် မြှင့်တင် ဆောင်ရွက်ရန်အတွက်  ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေ တင်ပြတောင်းခံထား ပြီးတော့ ရန်ပုံငွေရရှိတဲ့အပေါ်မှာမူတည်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ပဉ္စမကာလတို  ငါးနှစ်စီမံကိန်းကာလဖြစ်တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်တွင် မန္တလေး-တကောင်း-ကသာ-ဗန်းမော်  မဟာဗျူဟာလမ်းမကြီး ၁၇၅ မိုင် ၄ ဖာလုံအား ၁၂ ပေအကျယ်  ကတ္တရာလမ်းအဆင့် ပြီးစီးရေးကို စီမံချက်ရေးဆွဲထားရှိပြီးတော့  ရန်ပုံငွေများလည်း  တင်ပြတောင်းခံထားပြီး ရရှိတဲ့အပေါ်မှာ မူတည်ပြီးတော့ လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက် သွားမှာ ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်ခင်ဗျား။

ဦးရွှေမောင် (ဘူးသီးတောင်မဲဆန္ဒနယ်)။       ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ရခိုင်ပြည်နယ်၊ မောင်တောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်း ကိုယ်စား ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကျွန်တော် ဦးရွှေမောင်က  မေးွမန်းသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော့်အနေနဲ့မေးခွန်း မမေးမြန်းခင် မောင်တောမြို့ဝင်တံတားနှင့် ပတ်သက်၍အနည်းငယ် တင်ပြလိုပါတယ် ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တော်မြို့အဝင်တံတား မိုင်တိုင်အမှတ်(၁/၁၅)ကို (၃)နှစ်ခန့် အချိန်ကြာမြင့်စွာ တည်ဆောက်နေပါသောကြောင့် ဒေသခံပြည်သူပြည်သားများ၏ ကူးသန်းရောင်းဝယ် ရေးနှင့် ကုန်စည်စီးဆင်းမှုများစွာကျဆင်းနေပြီး၊ လမ်းပန်းဆက်သွယ်သွားလာရေးများအတွက် အခက်အခဲများစွာ ကြုံတွေ့ခံစားနေရခြင်းအပေါ် နိုင်ငံတော်အစိုးရမှ မည်ကဲ့သို့ ပံ့ပိုးကူညီဖြေရှင်း ဆောင်ရွက်ပေးမည်ဆိုသော မေးခွန်းတစ်ခုအား မေးမြန်းလိုပါသည်။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့ မြို့အဝင်တံတား မိုင်တိုင်အမှတ် (၁/၁၅)ကို ၂၀၁၀ခုနှစ်တွင် နိုင်ငံတော်ဘဏ္ဍာငွေ (၂၈၁၅)သိန်းဖြင့် တည်ဆောက်ရန်ခွင့်ပြုခဲ့ပြီး အလျား (၁၀၈)ပေ၊ အနံ(၃၀)ပေ ရတဲ့  သံကူကွန်ဂရစ် အမျိုးအစားတံတားအားစတင် တည်ဆောက်ခဲ့ပါသည်။ ၂၀၁၀ခုနှစ်မှာ နိုင်ငံတော်ရဲ့  ဘဏ္ဍာငွေ ပထမအရစ်အဖြစ် ကျပ်သိန်းပေါင်း ၇၄၅ သိန်းကိုရရှိပြီးတော့ တံတားတည်ဆောက်ရေးလုပ်ငန်းတွေကို  စတင် တည်ဆောက်ခဲ့ပါသည်။ အဲလို တံတားတည်ဆောက် နေစဉ်မှာ နိုင်ငံတော်၏ ခွင့်ပြုငွေ လုံလောက်စွာထပ်မံချပေးမှု မရှိသဖြင့် တံတားတည်ဆောက်ခြင်း လုပ်ငန်းကို ရပ်ဆိုင်းခဲ့ရ ပါသည်။ ဒါ့အပြင်  တံတားအောက်ခြေမှာ ရေလည်တိုင်(၈)တိုင် စိုက်ထူရာ၌ မြေအောက် ကျောက်မာများ တွေ့ရှိရသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရတယ်လို့ သိရှိရခဲ့ပါတယ်။ လမ်းတံတားအထူးအဖွဲ့ ၈ မှ မြေအောက်ကျောက်မာများအား ကျောက်ဖောက်စက်များ ငှားရမ်းပြီးပြုပြင်နေရတဲအတွက်  ၂၀၁၂ ခုနှစအထိ လုပ်ငန်းများ ပြီးစီးမှုမရှိကြောင်းကိုလည်း သိရှိရပါသည်။ ဒါ့အပြင် ၂၀၁၂ခုနှစ်မှာ နောက်ထပ် ခွင့်ပြုငွေ ကျပ်သိန်းပေါင်း (၂၀၇၁)သိန်း ထပ်မံခွင့်ပြုပြီးတော့ တည်ဆောက်လျှက်ရှိရာ  ၂၀၁၂ခုနှစ် အောက်တိုဘာ လကုန်ပိုင်းလောက်တွင် ပြီးအောင်ဆောင်ရွက်မယ်လို့    သိရှိရပါတယ် ။ မောက်တောမြို့ သံကူကွန်ကရစ် တံတား(၁)စင်းအား (၃)နှစ်ခန့် အချိန်ကြာမြင့်စွာတည်ဆောက်နေပါသဖြင့် ဒေသခံ ပြည်သူပြည်သားများ၏ ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများစွာ ကျဆင်းစေပြီး၊ လမ်းပန်းဆက်သွယ် ရေးအတွက် အခက်အခဲများစွာ ကြုံတွေ့ခံစားနေရခြင်းအား နိုင်ငံတော်နှင့် ဒေသခံပြည်သူပြည်သားများအကျိုးအတွက် ကျွန်တော့်အနေနဲ့ မေးမြန်းလိုတဲ့မေးခွန်းကတော့  မောင်တော်မြို့ အဝင် တံတားမိုင်တိုင်အမှတ် ၁ /၁၅ ကို  ၃ နှစ်ခန့်အချိန်ကြမြင့်စွာ တည်ဆောက်နေပါသောကြောင့် ဒေသခံပြည်သူများရဲ့   ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ကျဆင်းစေပြီး၊ လမ်းပန်းဆက်သွယ်ရေးအတွက် အခက်အခဲများစွာ ကြုံတွေ့ ခံစာနေရခြင်းအား  နိုင်ငံတော်အစိုးရမှ မည်ကဲ့သို့ပံပိုးကူညီ ဖြေရှင်းဆောင်ရွက် ပေးမည်ဆိုတာကို သိလို၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းအပ်ပါတယ်။

 

ဦးကျော်လွင်(ပြည်ထောင်စုဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)။             ။ ပြည်သူ့ လွှတ်တော်  ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော့်အနေနဲ့ ရခိုင်ပြည်နယ်၊ မောင်တောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်းမှ  ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ မေးမြန်းသော မောင်တော်မြို့ အဝင် တံတား မိုင်တိုင်အမှတ် ၁ /၁၅ ကို  ၃ နှစ်ခန့်အချိန်ကြမြင့်စွာ တည်ဆောက်နေပါသောကြောင့် ဒေသခံပြည်သူများရဲ့   ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ကျဆင်းစေပြီး၊ လမ်းပန်းဆက်သွယ်ရေးအတွက် အခက်အခဲများစွာ ကြုံတွေ့ နေရခြင်းအပေါ် နိုင်ငံတော်အစိုးရမှ သိရှိခြင်း ရှိ၊မရှိ သိလိုသည့် မေးခွန်းအား ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ရခိုင်ပြည်နယ် မောင်တောမြို့အဝင်တံတား ၊ တံတားအမှတ် ၁/၁၅ဟာ မိုင်တိုင် ၁၄မိုင် ၃ဖာလုံနဲ့ ၄ဖာလုံလောက်တည်ရှိပြီးတော့ မူလတံတားဟောင်းမှာ သံပေါင်နှင့် သစ်သားကြမ်းခင်းဖြစ်ပြီးတော့  ကြံခိုင်မှုအားနည်းတဲ့အတွက်ကြောင့် ဖျက်သိမ်းပြီး ပြန်လည်တည်ဆောက်ပေးခဲ့တာ ဖြစ်ပါတယ် ။ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရန် ယာယီ ဘေလီတံတား လမ်းလွှဲကိုလည်း တည်ဆောက်ပေးထားခဲ့ပါတယ်။ မူလတံတားဟောင်းနေရာမှာ  တန် ၆၀ ခံနိုင်တဲ့ နှစ်လမ်းသွား သံကူကွန်ကရစ်တံတား ၁၀၈ ပေကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ  ပြည်ထောင်စုရန်ပုံငွေကျပ် သန်း ၅၀ ၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၄.၅ သန်း၊ ရခိုင်ပြည်နယ် ဖြည့်စွက်ရန်ပုံငွေ၂၀၇ သန်း စုစုပေါင်းရရှိရန်ပုံငွေကျပ် ၂၈၁.၅သန်းတို့ဖြင့် နှစ်အလိုက် ရရှိတဲ့ရန်ပုံငွေအပေါ် မူတည်ပြီး အဆင့်ဆင့်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

မောင်တောမြို့အဝင်တံတား ၊ တံတားအမှတ် ၁/၁၅ အားယခုထက်စောလျင်စွာ တည်ဆောက် ပြီးစီးရန် လျာထားချက်ရှိခဲ့သော်လည်း ဒီနှစ်မိုးရာသီမှာ  ချောင်းရေကြီးမှုကြောင့် တံတားအပေါ် ထည်ရက်မ၊ ကြမ်းခင်းများကို ကွန်ကရစ်လောင်းရာမှာ  အချိန်ပိုမိုစောင့်ဆိုင်းပြီး ဆောင်ရွက်ခဲ့ရတာ ဖြစ်တဲ့အတွက် နည်းငယ်နောက်ကျခဲ့ရခြင်း ဖြစ်ပါတယ်။ ရေကျတာနှင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့မှုကြောင့်  ယခုအခါ တံတားတစ်စင်းလုံး ၁၀၀ ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ခင်ဗျား။ မောင်တောမြို့အဝင်တံတား ၊ တံတားအမှတ် ၁/၁၅အား ၃၀.၁၀.၂၀၁၂ ရက်နေ့တွင် ဖြတ်သန်းသွားလာခွင့်ပြုတော့မှာ ဖြစ်တဲ့အတွက် မောင်းတောမြို့အဝင်တံတားကြီးဟာ ယခုလကုန်မှာ ပြီးစီးမှာ    ဖြစ်တဲ့အကြောင်းကို ရှင်းလင်းတင်ပြအပ်ပါတယ်။

          ဥက္ကဋ္ဌ။           ။ အစီအစဉ် ၆ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ် ခင်ဗျား။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၇၃ နည်းဥပဒေခွဲ  (ခ) အရ  အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စီစစ်ရေး  ကော်မတီရဲ့ အစီရင်ခံစာကို တင်ပြရန်ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာတင်ပြခြင်း

          ဥက္ကဋ္ဌ။      ။ အစီအစဉ် ၆ ဆက်လက်ဆောင်ရွက်ပါမယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များခင်ဗျား။ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၇၃ နည်းဥပဒေခွဲ(ခ)အရ အစိုးရ၏ အာမခံချက် များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီရဲ့ အစီရင်ခံစာကို တင်ပြရန် ဖြစ်ပါတယ်။ အစီရင်ခံစာတင်ပြဖို့ သက်ဆိုင်ရာ ကော်မတီအား ဖိတ်ခေါ်ပါတယ်။

        ဦးဝင်းစိန် (ဥက္ကဋ္ဌ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ)။         ။  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည်‌့သည်တော်များအားလုံး ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာ ရှိပါစေလို့ ဦးစွာ မေတ္တာပို့သအပ်ပါ တယ်။ ယနေ့ ကျွန်တော်တို့ ကော်မတီအနေဖြင့် အစီရင်ခံစာ တင်သွင်းသွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များစိစစ်ရေးကော်မတီ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး တွင် ကြယ်ပွင့်ပြ မေးမြန်းခဲ့သည့်မေးခွန်းများ၊ တင်သွင်းခဲ့သည့် အဆိုများ၊ ပထမပုံမှန်၊ ဒုတိယပုံမှန်၊ တတိယ ပုံမှန်အစည်းအဝေးများတွင် ကြယ်ပွင့်ပြ မေးမြန်းခဲ့သည့် မေးခွန်းများနှင့် အဆိုများ၊ တတိယ ပုံမှန်နှင့် စတုတ္ထပုံမှန်အစည်းအဝေးများတွင် ကြယ်ပွင့်မပြ မေးမြန်းခဲ့သည့် မေးခွန်းများနှင့်ပတ်သက်၍  ပဉ္စမပုံမှန် အစည်းအဝေးသို့ တင်သွင်းသည့် အစီရင်ခံစာ

နိဒါန်း

၁။       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁၅ (က)၊ ပြည်သူ့ လွှတ်တော်ဥပဒေပုဒ်မ ၂၁ နှင့် ပြည်သူ့လွှတ်တော်နည်းဥပဒေ ၇၁ နှင့် ၇၃ တို့အရ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး  ပြည်သူ့လွှတ်တော်အစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းသည့် မေးခွန်း များ၊ တင်သွင်းသည့် အဆိုများနှင့်ပတ်သက်၍ နောက်တစ်ကြိမ်ကျင်းပသည့် လွှတ်တော် အစည်းအဝေး တွင်  အစီရင်ခံစာတင်သွင်းရန် ပြဋ္ဌာန်းထားပါသည်။

၂။       ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးမြန်းခဲ့သည့် မေးခွန်းများ၊ တင်သွင်းခဲ့သည့် အဆိုများ၊ ပထမပုံမှန်၊ ဒုတိယပုံမှန်၊ တတိယပုံမှန်အစည်းအဝေးများ တွင် ကြယ်ပွင့်ပြ မေးမြန်းခဲ့သည့် မေးခွန်းများနှင့်အဆိုများ၊ တတိယပုံမှန်နှင့် စတုတ္ထပုံမှန်အစည်းအဝေး များတွင် ကြယ်ပွင့်မပြမေးမြန်းခဲ့သည့် မေးခွန်းများနှင့် ပတ်သက်၍ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စု အဆင့်ဌာနများမှ ဖြေကြားချက်များကို ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးသို့ ကော်မတီအနေဖြင့် အစီရင်ခံစာပြုစုပြီး တင်ပြရခြင်းဖြစ်ပါသည်။

ရည်ရွယ်ချက်

၃။       ၄-၇-၂၀၁၂ မှ ၆-၉-၂၀၁၂ ထိ ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးမြန်းခဲ့သည့် မေးခွန်းများ၊ တင်သွင်းခဲ့သည့် အဆိုများ၊ ပထမပုံမှန်၊ ဒုတိယပုံမှန်၊ တတိယပုံမှန်အစည်းအဝေးများတွင် ကြယ်ပွင့်ပြမေးမြန်းခဲ့သည့် မေးခွန်းများနှင့် အဆို များ၊ တတိယပုံမှန်နှင့် စတုတ္ထပုံမှန်အစည်းအဝေးများတွင် ကြယ်ပွင့်မပြမေးမြန်းခဲ့သည့် မေးခွန်းများကို ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်ဌာနများမှ ဆောင်ရွက်ချက်များကို ပထမအကြိမ် ပြည်သူ့ လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးသို့ တင်ပြရန် ဖြစ်ပါတယ်။

ကော်မတီ၏ လုပ်ဆောင်ချက်

၄။       ကော်မတီအနေဖြင့် စတုတ္ထပုံမှန်အစည်းအဝေးပြီးနောက် အစီရင်ခံစာအား အောက်ပါအတိုင်း  အပိုင်း ၃ ပိုင်း ပြုစုတင်ပြအပ်ပါသည်-

(က)    အပိုင်း(၁)        ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းများအနက် ကတိဖြစ်ခဲ့သော မေးခွန်းများ၊ အတည် ပြုခဲ့သော အဆိုများနှင့် ပတ်သက်၍ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်ဌာနများ မှ ဖြေကြားချက်။

(ခ )    အပိုင်း(၂)        ပထမပုံမှန်၊ ဒုတိယပုံမှန်၊ တတိယပုံမှန်အစည်းအဝေးများတွင် ကတိဖြစ် ခဲ့သော မေးခွန်းများ၊ အတည်ဖြစ်ခဲ့သော အဆိုများနှင့် ပတ်သက်၍ မပြီးပြတ်သေးသည့် လုပ်ငန်းများအား ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်ဌာနများမှ ဖြေကြားချက်။

(ဂ )    အပိုင်း(၃)        ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်နှင့် စတုတ္ထပုံမှန် အစည်းအဝေးများတွင် ကြယ်ပွင့်မပြ မေးခွန်းများအနက် ကတိဖြစ်ခဲ့သော မေးခွန်းများ နှင့် ပတ်သက်၍ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်ဌာနများမှ ဖြေကြားချက်။

၅။       အပိုင်း(၁)        ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် မေးမြန်း ခဲ့သည့် ကြယ်ပွင့်ပြ မေးခွန်းများအနက် ကတိဖြစ်ခဲ့သော မေးခွန်းများ၊ အတည်ပြုခဲ့သော အဆိုများနှင့် ပတ်သက်၍ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်ဌာနများမှ ဖြေကြားချက်။

(က)    ၄-၇-၂၀၁၂ ရက်နေ့မှ ၆-၉-၂၀၁၂ ရက်နေ့အထိ ကြယ်ပွင့်ပြမေးခွန်းပေါင်း ၁၆၄ ခု အနက် ၅၆ ခု ကတိဖြစ်ခဲ့ပါသည်။ အဲဒါတွေကတော့ လွှတ်တော်ရုံးက ၁ ခု၊ ပြည်ထဲရေး ဝန်ကြီးဌာနက ၃ ခု၊ ပြန်ကြားရေးဝန်ကြီးဌာနက ၁ ခု၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ၆ ခု၊ စက်မှုဝန်ကြီးဌာနက ၁ ခု၊ ရထားပို့ဆောင်ရေးဝန်ကြီး ဌာနက ၃ ခု၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက ၁၃ ခု၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၁ ခု၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ၄ ခု၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနက ၁ ခု၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနက ၁ ခု၊ လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ၁ ခု၊ ပို့ဆောင် ရေးဝန်ကြီးဌာနက ၁ ခု၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနက ၂ ခု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ၂ ခု၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၁ ခု၊ ပညာရေးဝန်ကြီးဌာနက ၆ ခု၊ ကျန်းမာရေး ဝန်ကြီးဌာနက ၈ ခု၊ အားလုံးစုစုပေါင်း ၅၆ ခု ဖြစ်ပါတယ်။

(ခ )    စတုတ္ထပုံမှန်အစည်းအဝေးတွင် အဆို ၂၃ ခု တင်သွင်းခဲ့ပြီး ၁၅ ခုကို အောက်ပါအတိုင်း အတည်ပြုခဲ့ပါသည်။ အဲဒါတွေကတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၁ ခု၊ ပြည်ထဲရေးဝန်ကြီးဌာန ၁ ခု၊ ပြန်ကြားရေးဝန်ကြီးဌာန ၁ ခု၊ စက်မှုဝန်ကြီးဌာန ၁ ခု၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၁ ခု၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ၁ ခု၊ အလုပ်သမားဝန်ကြီးဌာန ၁ ခု၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၁ ခု၊ စွမ်းအင်ဝန်ကြီးဌာန ၁ ခု၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၁ ခု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန ၁ ခု၊ အားကစားဝန်ကြီးဌာန ၁ ခု၊ ကျန်းမာရေးဝန်ကြီးဌာန ၁ ခု၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ၂ ခု၊ စုစုပေါင်း ၁၅ ခု ဖြစ်ပါတယ်။

(ဂ )    စတုတ္ထပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြကတိဖြစ်ခဲ့သည့် မေးခွန်းများ အတည်ပြုခဲ့ သော အဆိုများနှင့် ပတ်သက်၍ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်ဌာနများမှ ဖြေကြားချက်အသေးစိတ်ကို နောက်ဆက်တွဲ (က) ဖြင့် တင်ပြထားပါတယ်။

၆။       အပိုင်း(၂) ပထမပုံမှန်၊ ဒုတိယပုံမှန်၊ တတိယပုံမှန် အစည်းအဝေးများတွင် ကတိဖြစ်ခဲ့သော မေးခွန်းများ၊ အတည်ဖြစ်ခဲ့သောအဆိုများနှင့် ပတ်သက်၍ မပြီးပြတ်သေးသည့် လုပ်ငန်းများအား ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်ဌာနများမှ ဖြေကြားချက်။

(က)    ပထမပုံမှန်၊ ဒုတိယပုံမှန်၊ တတိယပုံမှန် အစည်းအဝေးများတွင် ကြယ်ပွင့်ပြ မေးခွန်း ပေါင်း ၅၀၉ ခုရှိသည့်အနက် ၂၆၈ ခု ကတိဖြစ်ခဲ့ပါတယ်။ ၎င်းတို့အနက် ၃၁-၈-၂၀၁၂ ရက်နေ့အထိ ပြီးပြတ်သော လုပ်ငန်း ၉၉ ခုရှိပြီး၊ မပြီးပြတ်သေးသည့် ဆက်လက် ဆောင်ရွက်ရန် လုပ်ငန်း ၁၆၉ ခုရှိပါတယ်။ ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန ၁ ခု၊ နယ်စပ်ရေးရာဝန်ကြီးဌာန ၁၄ ခု၊ ပြန်ကြားရေးဝန်ကြီးဌာန ၂ ခု၊ ယဉ်ကျေးမှုဝန်ကြီးဌာန ၂ ခု၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၂၆ ခု၊ စက်မှုဝန်ကြီးဌာန ၄ ခု၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၅ ခု၊ သတ္ထုတွင်း ဝန်ကြီးဌာန ၁ ခု၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၅၁ ခု၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၄ ခု၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ၂ ခု၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၁ ခု၊ ပို့ဆောင်ရေးဝန်ကြီး ဌာန ၁၀ ခု၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ၈ ခု၊ စွမ်းအင်ဝန်ကြီးဌာန ၁ ခု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ၂ ခု၊ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၁၅ ခု၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၁ ခု၊ အားကစားဝန်ကြီးဌာန ၁ ခု၊  ပညာရေးဝန်ကြီးဌာန ၉ ခု၊ ကျန်းမာရေးဝန်ကြီးဌာန ၉ ခု၊ စုစုပေါင်း ၁၆၉ ခု ဖြစ်ပါတယ်။

(ခ )    ပထမပုံမှန်၊ ဒုတိယပုံမှန်၊ တတိယပုံမှန် အစည်းအဝေးများတွင် တင်သွင်းခဲ့သည့် အဆို ပေါင်း ၉၅ ခုရှိသည့်အနက် ၃၈ ခု အတည်ဖြစ်ခဲ့ပါသည်။ ၎င်းတို့အနက် ၃၁-၈-၂၀၁၂ ရက်နေ့အထိ ပြီးပြတ်သော လုပ်ငန်း ၁၆ ခုရှိပြီး မပြီးပြတ်သေးသည့် ဆက်လက် ဆောင်ရွက်ရန်လုပ်ငန်း ၂၂ ခု ကျန်ရှိပါသည်။ ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်ပါ သည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ၃ ခု၊ ပြည်ထဲရေးဝန်ကြီးဌာန ၂ ခု၊ ယဉ်ကျေးမှုဝန်ကြီးဌာန ၁ ခု၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၁ ခု၊ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၁ ခု၊ အလုပ်သမားဝန်ကြီးဌာန ၆ ခု၊ ပို့ဆောင် ရေးဝန်ကြီးဌာန ၁ ခု၊ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၁ ခု၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၂ ခု၊ ကျန်းမာရေးဝန်ကြီးဌာန ၃ ခု၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ၁ ခု၊ စုစုပေါင်း ၂၂ ခု ဖြစ်ပါတယ်။

(ဂ )    ပထမပုံမှန်၊ ဒုတိယပုံမှန်၊ တတိယပုံမှန် အစည်းအဝေးများတွင် ကတိဖြစ်ခဲ့သော မေးခွန်းများ၊ အတည်ပြုခဲ့သော အဆိုများနှင့်ပတ်သက်၍ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်ဌာနများမှ ဖြေကြားချက် အသေးစိတ်ကို နောက်ဆက်တွဲ (ခ)ဖြင့် တင်ပြထားပါသည်။

၇။       အပိုင်း(၃)။       ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးများတွင် ကြယ်ပွင့်မပြ မေးခွန်းများအနက် ကတိဖြစ်ခဲ့သော မေးခွန်းများနှင့် ပတ်သက်၍ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်ဌာနများမှ ဖြေကြားချက်။

(က)    တတိယပုံမှန်၊ စတုတ္ထပုံမှန် အစည်းအဝေးများတွင် ကြယ်ပွင့်မပြ မေးမြန်းခဲ့သည့် မေးခွန်းအနက် ၂၇-၉-၂၀၁၂ ရက်နေ့အထိ လွှတ်တော်ကိုယ်စားလှယ်များမှ ပေးပို့လာ သည့်မေးခွန်းပေါင်း ၂၉၉ ခုရှိပြီး ၁၁၂ ခု ကတိဖြစ်ခဲ့ပါသည်။ ၎င်းမေးခွန်းများကို ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်ဌာနများမှ ဖြေကြားချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန ၂ ခု၊ နယ်စပ်ရေးရာဝန်ကြီးဌာန ၁၅ ခု၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၁၁ ခု၊ သာသနာရေးဝန်ကြီးဌာန ၁ ခု၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၁ ခု၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၂၅ ခု၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၁၁ ခု၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ၂ ခု၊ ပို့ဆောင်ရေးဝန်ကြီးဌာန ၁ ခု၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၅ ခု၊ စွမ်းအင်ဝန်ကြီးဌာန ၁ ခု၊ ပညာရေးဝန်ကြီးဌာန ၁၂ ခု၊ ကျန်းမာရေးဝန်ကြီးဌာန ၂၅ ခု၊ စုစုပေါင်း ၁၁၂ ခု ဖြစ်ပါတယ်။

(ခ )    တတိယပုံမှန်၊ စတုတ္ထပုံမှန် အစည်းအဝေးများတွင် ကြယ်ပွင့်မပြ မေးမြန်းခဲ့ပြီး ကတိဖြစ် ခဲ့သည့် မေးခွန်းများကို ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်ဌာနများမှ ဖြေကြား ချက် အသေးစိတ်ကို နောက်ဆက်တွဲ (ဂ)ဖြင့် တင်ပြထားပါတယ်။

ကော်မတီ၏ ဆောင်ရွက်ချက်

၈။       ပထမအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်၊ ဒုတိယပုံမှန်၊ တတိယပုံမှန် အစည်းအဝေး အတွက် နောင်တစ်ကြိမ် ကျင်းပသည့် အစည်းအဝေးများတွင် ကြယ်ပွင့်ပြမေးခွန်းများနှင့် အဆိုများတို့ အနက် ကတိဖြစ်ခဲ့သော မေးခွန်းများ၊ အတည်ဖြစ်ခဲ့သော အဆိုများကို သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် ပြည်ထောင်စုအဆင့်ဌာနများမှ ဖြေကြားချက်များကို ကော်မတီအနေဖြင့် အစီရင်ခံစာ တင်သွင်းခဲ့ ပါသည်။

၉။       စတုတ္ထပုံမှန် အစည်းအဝေးတွင် ကိုယ်စားလှယ် ၂ ဦးမှ ပြီးခဲ့သည့် ပုံမှန်အစည်းအဝေးတွင် ကတိဖြစ်ခဲ့သော မေးခွန်းများ၊ အတည်ပြုခဲ့သော အဆိုများနှင့်ပတ်သက်၍ မပြီးပြတ်သေးသော လုပ်ငန်းများနှင့် စတုတ္ထပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်မပြ မေးမြန်းခဲ့သည့် မေးခွန်းများအနက် ကတိဖြစ်ခဲ့သည့်မေးခွန်းများကို ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့် ဌာနများမှ ဖြေကြားချက်များ ကို ရယူ၍ နောက်တစ်ကြိမ် ကျင်းပမည့် အစည်းအဝေးတွင် တင်ပြပေးရန် ဆွေးနွေးတင်ပြခဲ့ပါသည်။ ၎င်းဆွေးနွေးချက်ကို ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ခေါင်းဆောင်၍ လွှတ်တော်ကော်မတီများနှင့် ညှိနှိုင်းပြီး ဆောင်ရွက်ပေးရန် ဆုံးဖြတ်ခဲ့ပါသည်။

၁၀။     အထက်အပိုဒ် ၉ ပါ ဆုံးဖြတ်ချက်အရ ပထမပုံမှန်၊ ဒုတိယပုံမှန်၊ တတိယပုံမှန် အစည်းအဝေး များတွင်လည်း မပြီးပြတ်သေးသော မေးခွန်းများနှင့် အဆိုများနှင့်ပတ်သက်၍ ၂၄-၈-၂၀၁၂ ရက်နေ့ တွင် ကော်မတီ ဥက္ကဋ္ဌ ဦးဆောင်၍ လည်းကောင်း၊ စတုတ္ထပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သည့် မေးခွန်းများ၊ အတည်ပြုခဲ့သော အဆိုများနှင့် ပတ်သက်၍ ၂၇-၉-၂၀၁၂ ရက်နေ့တွင် လည်းကောင်း၊ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့် ဌာနများအသီးသီးနှင့် ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပြီး ဖြေကြားချက်များကို ရယူ၍ အစီရင်ခံစာ ပြုစုတင်ပြထားခြင်း ဖြစ်ပါသည်။

ကော်မတီ၏ တွေ့ရှိသုံးသပ်ချက်

၁၁။     ကတိဖြစ်ခဲ့သော မေးခွန်းများနှင့် ပတ်သက်၍ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်ဌာန များ၏ ဖြေကြားချက်များကို လေ့လာရာတွင် ဘတ်ဂျက်တောင်းခံ၍ ဘတ်ဂျက်ရရှိပါက ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ဖြေကြားချက်အများဆုံး လုပ်ငန်းလက်ကျန်အဖြစ် ကျန်ရှိသည်ကို တွေ့ရပါတယ်။ အတည်ပြုခဲ့သော အဆိုများနှင့်ပတ်သက်၍ ဥပဒေကြမ်းအဖြစ် ရေးဆွဲရန် ကျန်သည့်လုပ်ငန်းများမှာ အများဆုံးဖြစ်ပါသည်။ လွှတ်တော်တစ်ကြိမ်နှင့် တစ်ကြိမ် အစည်းအဝေးကျင်းပရာတွင် ၂ လခန့်သာ အချိန်ကာလ ကြာမြင့်သော်လည်း ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်ဌာနများမှ ဖြေကြားချက် များသည် တိုးတက်ပြီးစီးမှု နှေးကွေးလျက်ရှိကြောင်း တွေ့ရပါသည်။ အထူးသဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့သည် ဖြေကြားရန်အချက်အများဆုံးဖြစ်သည်ကို တွေ့ရပါသည်။ ယခုကဲ့သို့ ကော်မတီအနေနဲ့ အစည်းအဝေးတစ်ခုနှင့် တစ်ခုကြား မပြီးပြတ်သော လုပ်ငန်းများနှင့် လုပ်ငန်းသစ်များ တိုးတက်ဆောင်ရွက်မှုများကို အဆက်မပြတ် ညှိနှိုင်းတောင်းခံမှုများ ရှိပါသဖြင့် အစည်းအဝေးတစ်ကြိမ်နှင့်တစ်ကြိမ်ပိုမိုများပြား တိုးတက်မှုများ ရှိကြောင်း တွေ့ရှိရပါ သည်။

၁၂။     လွှတ်တော်အစည်းအဝေးများ ဆက်တိုက်ကျင်းပခဲ့ပြီး ဥပဒေပြုရေး စီမံကိန်းများနှင့် ဘတ်ဂျက် ကိစ္စများ အချိန်ယူဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်းတို့ကို ပုံမှန်အစည်းအဝေးတိုင်းတွင် ဆောင်ရွက်ခြင်းတို့သည် အပြန်အလှန် ထိန်းညှိရန် ဆိုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁(က) အရ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ သို့ပါ၍ ကော်မတီ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁(က)နှင့် ပြည်သူ့လွှတ်တော် ပုဒ်မ ၂၁ နှင့် နည်းဥပဒေ ၇၁ နှင့် ၇၃ တို့အရ ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါသည်။

၁၃။     ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်ဌာနများ၏ မေးမြန်းသော မေးခွန်းများ၊ အဆိုများ အပေါ် ဆောင်ရွက်နေမှုအခြေအနေများသည် လွှတ်တော်အဆင့်ဆင့်တွင် တင်ပြမည့် အစီရင်ခံစာ အတွက် အကြောင်းအချက်များဖြစ်ပါသည်။ တစ်နည်းအားဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ၏ လုပ်ဆောင်ချက်များသည် အစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဆောင်ရွက်ကြရသည့် လုပ်ဆောင် ချက်များဖြစ်ပါသည်။ ယခုအချိန်တွင် ပြည်သူလူထုအား ဗဟိုပြုပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များမှ ထင်သာမြင်သာရှိစေရန်အတွက် ဆောင်ရွက်ပေးခြင်းဖြင့် အစိုးရအဖွဲ့အပေါ် ပြည်သူများ လေးစားယုံကြည်မှု ပိုမိုရရှိလာမည့်အပြင် အစိုးရအဖွဲ့ ဆောင်ရွက်ရသည့် ကောင်းမွန်သော အစိုးရ (Good Governance)၊ သန့်ရှင်းသော အစိုးရ (Clean Government) အဖြစ် ဆောင်ရွက်နေမှု အား အထောက်အကူ ဖြစ်စေမည်ဖြစ်ပါသည်။

၁၄။     ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်ဌာနများသည် ပြည်သူ့ကိုယ်စားလှယ်များမှ မေးမြန်း သည့်မေးခွန်းများ၊ အဆိုများ၊ ဥပဒေကြမ်းများ ဆောင်ရွက်ရာတွင် အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက် နိုင်ရန်အတွက် သက်ဆိုင်ရာဌာနအလိုက် အဖွဲ့များဖွဲ့စည်းပြီး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက် ခြင်း၊ အစိုးရအဖွဲ့သို့ တင်ပြခြင်းနှင့် တစ်ပြိုင်တည်း ဤကော်မတီသို့ မိတ္တူပေးပို့မည်ဆိုပါက ကော်မတီ အနေဖြင့် လွှတ်တော်သို့ အစီရင်ခံစာတင်ပြရာတွင် အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် လက်ရှိ အခြေအနေထက် ပိုမိုကောင်းမွန်အဆင်ပြေမည်ဖြစ်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။

နိဂုံး

၁၅။     ပြည်သူ့လွှတ်တော် အစည်းအဝေးများကို ၃၁-၁-၂၀၁၁ မှ စတင်ကျင်းပခဲ့ရာ ၆-၉-၂၀၁၂ ရက်နေ့တွင် စတုတ္ထပုံမှန်အစည်းအဝေး ကျင်းပပြီးစီးခဲ့ပါသည်။ အစည်းအဝေး လေးကြိမ် ကျင်းပခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူ့ဆန္ဒအမှန်တကယ်လိုအပ်ချက်များကို မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ မေးခွန်းများ မေးမြန်းရာတွင် မိမိတို့ မဲဆန္ဒနယ်မြေအလိုက် အမှန်တကယ်လိုအပ်ချက်များနှင့် တစ်နိုင်ငံလုံးနှင့်ပတ်သက်သည့် လိုအပ်ချက် များကို နိုင်ငံတော်မှ ဆောင်ရွက်ပေးရန် တင်ပြခဲ့ကြပါသည်။ တင်ပြချက်များနှင့်ပတ်သက်၍ သမ္မတ ဦးစီးသည့် အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးနိုင်သည်များကို ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရှိရပြီး နိုင်ငံတော်၏ တိုးတက်မှုအတွက် ကောင်းမွန်သော လုပ်ဆောင်ချက်များ ဖြစ်ပါသည်။ လွှတ်တော်များ သည် အစိုးရအဖွဲ့၏ လုပ်ငန်းလုပ်ဆောင်ချက်များနှင့် တရားစီရင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို မေးခွန်းများ မေးမြန်းခြင်းနှင့် အဆိုများ တင်သွင်းခြင်းတို့ဖြင့် အပြန်အလှန် ထိန်းညှိပေးခြင်းဖြစ်ပါ ကြောင်း တင်ပြအပ်ပါသည်။ အားလုံး လေးစားပါတယ်။ (သြဘာသံများ)

ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာနှင်‌့စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌကကြေညာခြင်း

          ဥက္ကဋ္ဌ။           ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အစိုးရရဲ့ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီရဲ့ အစီရင်ခံစာအပေါ် ဆွေးနွေးမည့်ရက်ကို ထပ်မံ ကြေညာသွားပါမယ်။ ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များရှိပါက ယနေ့ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် ၁၃း၀၀ နာရီအရောက် ပြည်သူ့လွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးပို့ကြရန် ဖြစ်ပါတယ်။

         

           

           

                    ဦးစောလှထွန်း(အတွင်းရေးမှူး၊ဥပဒေကြမ်းကော်မတီ)။    ။လေးစားအပ်တဲ့ကိုယ်စားလှယ်တော်ကြီး များခင်ဗျား။ ၂၀၁၂ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေကြမ်းနဲ့စပ်လျဉ်းပြီးတော့ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၉ နည်းဥပဒေခွဲ(က)အရ အမှတ်စဉ် ၁၊ ၂၊ ၃၊ ၅ တစ်ပေါင်းတည်းတင်ပြပါ့မယ်။ တင်ပြလိုပါတယ်။ အမှတ်စဉ် ၁ ဤဥပဒေရဲ့ ၂၀၁၂ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေဆိုပြီးတော့ ဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ ခုနှစ် ၁၉၇၆ ခုနှစ်အစား ၁၉၇၄ ခုနှစ်ကို ပြင်ပါတယ်။ အမှတ်စဉ် ၂ ၊ နိဒါန်းမှ ဖြစ်ပါတယ်။ နိဒါန်းမှာ ကူးသန်းရောင်းဝယ်ရေး ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း စိုက်ပျိုးရေးလုပ်ငန်းတို့တွင် လုပ်ကိုင်လျက် ရှိကြသော အလုပ်သမားများနှင့် ၎င်းတို့မိသားစုများ၏ အခြေခံလိုအပ်ချက်များကို ပြည့်မီစေရန်လည်းကောင်း၊ အလုပ်သမားများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်စေရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်ရေးတို့ အတွက် လည်းကောင်း ရည်ရွယ်၍ ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည် ဆိုသော အဆိုပြုပြဋ္ဌာန်းချက် နေရာမှာ ပြည့်မီစေရန်ဆိုတဲ့နေရာမှာ ပြည့်မီစေရေးအတွက်ဆိုပြီးတော့ ဥပဒေကြမ်း ကော်မတီအနေနဲ့ ပြင်ဆင်လိုပါတယ်။ နောက် အခန်း(၁)ရဲ့ အမည်ဖြစ်ပါတယ်။ မူလပြဋ္ဌာန်းချက်မှာ အမည်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ဖြစ်သော်လည်း စတင်အာဏာတည်တဲ့နေရက်ဟာ ဥပဒေထုတ် ပြန်တဲ့နေ့မှာ စတင်အာဏာတည်မှာမဟုတ်ဘဲနဲ့ နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာနဲ့ ထုတ်ပြန် အာဏာတည်မှာ ဖြစ်တဲ့အတွက် အခန်း(၁)နဲ့ အမည်ကိုလည်း အမည်စတင်အာဏာတည်ခြင်းနဲ့ အဓိပ္ပာယ်ဖော်ပြချက်များဟူ၍ ပြင်ဆင်ပါတယ်။ အမှတ်စဉ် ၄ ဖြစ်ပါတယ်။ အခန်း(၁) အပိုဒ် ၁ ဖြစ်ပါတယ်။ ဤဥပဒေကို ၂၀၁၂ ခုနှစ် အနည်းဆုံး အခကြေးငွေဥပဒေဟုခေါ်တွင် စေရမည်ဆိုတဲ့နေရာမှာ အခန်း(၁)၊ အပိုဒ် ၁ အပိုဒ်ခွဲ(ဃ) ဤဥပဒေကို ၂၀၁၂ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေဟု  ခေါ်တွင်စေရမည်ဟုဆိုပြီးတော့ (က)၊ (ခ) ခွဲထားတဲ့ အတွက် ပြင်ဆင်ချက်ဖြစ်ပါတယ်။ အမှတ်စဉ် ၅ ကတော့ အသစ်ဖြည့်စွက်ချက်ဖြစ်ပါတယ်။ ဤဥပဒေ ရဲ့ဟာ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ ဤဥပဒေထုတ်ပြန်တဲ့အချိန်မှာ အာဏာတည်မှာ မဟုတ်ဘဲနဲ့ နိုင်ငံတော်သမ္မတကြီးက အမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့ရက်တွင် စတင်အာဏာ တည်ရမယ်လို့ ဒါပြင်ဆင်ဖြည့်စွက်ထားခြင်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၉ နည်းဥပဒေခွဲ(က)အရ တင်ပြပြီး နည်းဥပဒေ ၁၅၉ နည်းဥပဒေခွဲ(ဃ)အရ အမှတ်စဉ် ၁ မှ အမှတ်စဉ် ၅ အထိအတည်ပြုပေးနိုင်ပါရန် ပြင်ဆင်ချက်အဆိုအား ဥက္ကဋ္ဌကြီးမှတစ်ဆင့် လွှတ်တော်သို့ တင်ပြအပ်ပါတယ်။

          ဥက္ကဋ္ဌ။           ။ဒီနေရာမှာ နိုင်ငံတော်သမ္မတကြီးက အမိန့်ကြော်ငြာစာ သတ်မှတ်ပေးသည့်နေ့ရက်မှ စတင်အာဏာတည်ရမည်ဆိုတဲ့ဟာက ဘာကြောင့်ဒီလို ဖြစ်ပေါ်ပါတယ် ဆိုတဲ့ အကျိုးအကြောင်းလေးလည်း သိလိုပါတယ်။

          ဦးစောလှထွန်း(အတွင်းရေးမှူး၊ဥပဒေကြမ်းကော်မတီ)။       ။အနည်းဆုံးအခကြေးငွေနဲ့ပတ်သက်လို့ တချို့သော ဌာနများ၊ တချို့သော အလုပ်သမားအဖွဲ့အစည်းများ တချို့သော စက်ရုံအလုပ်ရုံများမှာ ဤဥပဒေနဲ့ အကျုံးဝင်ရန် အဆင်သင်‌့ပြင်ဆင်ထားရှိမှု ရှိကောင်းမှ ရှိနိုင်ပါမယ်။ အလားတူပဲ ကျွန်တော်တို့ သက်ဆိုင်တဲ့လုပ်ငန်းကို တာဝန်ယူဆောင်ရွက်မယ့် အလုပ်သမားဝန်ကြီးဌာန အနေနဲ့လည်း ကြိုတင်ပြင်ဆင်ရမယ့်လုပ်ငန်းများလည်း ရှိနိုင်တဲ့အတွက် ဤဥပဒေကို နိုင်ငံတော် သမ္မတကြီးက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်၊ အားလုံးအဆင်သင်‌့ဖြစ်တဲ့အချိန်မှာမှ သမ္မတကြီးက အမိန့်ကြော်ငြာစာသတ်မှတ်ပြီးတော့ သတ်မှတ်တဲ့နေ့မှာမှ စတင်အာဏာတည်ခြင်းဟာ ဌာနအတွက် သော်လည်းကောင်း၊ အများပြည်သူအတွက်သော်လည်းကောင်း ပိုမိုလျော်ကန်သင်‌့မြတ် မယ်လို့ ယူဆတဲ့အတွက် ပြင်ဆင်ခြင်းဖြစ်ပါတယ်။

          ဥက္ကဋ္ဌ။  ။ ဝန်ကြီးဌာနရဲ့သဘောထား အခုအကျိုးအကြောင်းဖော်ပြချက်နဲ့ပတ်သက်ပြီး ထပ်ဆင်‌့ရှင်းလင်းပြောကြားဖို့ ဖြစ်ပါတယ်။

          ဦးမြင့်သိန်း(ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန)။        ။ ပြီးတော့ ကျွန်တော်တို့ ပြင်ဆင်ရမယ့် အချိန်ယူဖို့ လိုပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ နိုင်ငံတော် သမ္မတကြီးကနေပြီး တော့မှ အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်တဲ့နေ့မှာ စတင်အာဏာတည်မယ်ဆိုတဲ့ အချက်ဖြည့်စွက်မှုကို ကျွန်တော်သဘောတူပါတယ်။

          ဥက္ကဋ္ဌ။  ။ အဲဒီတော့ အချိန်ယူပြီးတော့ ပြင်ဆင်ရမယ်။ အဲဒီလို ပြင်ဆင်တဲ့အခါမှာ အားလုံးပြီးမြောက်ပြီလို့ ယူဆတဲ့အချိန်မှာ နိုင်ငံတော်သမ္မတကြီးက အမိန့်ကြော်ငြာစာ ထုတ်ပြန်ပါတယ်။ လွှတ်တော်ဖက်ကရော ဒီအမိန့်ကိုတော့ ဒီဥပဒေကိုတော့ လွှတ်တော်ကနေပြီးတော့မှ ပြဋ္ဌာန်းလိုက်ပြီ သမ္မတကြီးလည်း လက်မှတ်ရေးထိုးပြီးပြီ ဥပဒေတော့ဖြစ်သွားပြီ။ ဒါပေမယ့် ဒီဥပဒေဖြစ်ပြီးနောက်ပိုင်းမှာ သက်ဝင်လှုပ်ရှားဖို့က နိုင်ငံတော်သမ္မတရဲ့ အမိန့်ကြော်ငြာစာစောင့်ရ မယ့်သဘောရှိတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ဆိုင်ရာပုဂ္ဂိုလ်များက ထုတ်ပြန်ဖို့သင့်ပြီလို့ ယူဆတဲ့ အချိန်မှာ လွှတ်တော်က ဒါနဲ့ပတ်သက်ပြီးတော့ ထုတ်ပေးပါလို့ ပြောရင်ကော၊ သို့မဟုတ်လို့ရှိရင် ဆုံးဖြတ်ရင်ကော ခုနက အဲဒီအချိန်မှာ ဒီအမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးနိုင်သလား။

          ဦးမြင့်သိန်း(ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန)။        ။ ထုတ်ပြန်ပေး နိုင်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ နည်းဥပဒေထုတ်ပြန်ဖို့လည်း ရက်ပေါင်း ၉၀ ကျွန်တော်တို့ အချိန်ပေး ထားပါတယ်။ အဲဒီအတွက် လွှတ်တော်က ထုတ်ပြန်ပါဆိုတဲ့ အချိန်မှာလည်း ကျွန်တော်တို့ ထုတ်ပြန်ပေးနိုင်ပါတယ်။

 

          ဥက္ကဋ္ဌ။  ။ ဒါကြောင်‌့မို့လို့ ဒီမှာ လွှတ်တော်အနေနဲ့ နိုင်ငံတော်သမ္မတကြီးက ထုတ်ပြန် တဲ့ အမိန့်ကြော်ငြာစာ ရတော့မှပဲ ဒါ ဒီဥပဒေက သက်ဝင်လှုပ်ရှားရမှာမဟုတ်ပါဘူး။ အဲဒီအတိုင်းပဲ လွှတ်တော်ဘက်က အသက်ဝင်လှုပ်ရှားသင့်တဲ့အချိန်ရောက်ပြီဆိုလို့ရှိရင်လည်း လွှတ်တော်က သမ္မတကြီးဆီကို ဒါတိုက်တွန်းဖို့ သို့မဟုတ်လို့ရှိရင် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်တဲ့ အချိန်မှာလည်း ဆောင်ရွက်ဖို့ဆိုတာလည်း ဒါလည်း Condition တစ်ခုမှာတော့ ထည့်ထားဖို့ လိုကောင်းလိမ့်မယ် ဒီလိုဆိုရင် ဘယ်မှာထည့်လို့ရမလဲ။

          ဦးစောလှထွန်း(အတွင်းရေးမှူး၊ ဥပဒေကြမ်းကော်မတီ)။      ။ ဒီဥပဒေမှာတော့ ကျွန်တော်တို့ မထည့်လည်း အဓိပ္ပာယ်ကတော့ သက်ရောက်ပြီးသားဖြစ်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ ဥပဒေအနေနဲ့ ပြဋ္ဌာန်းထားပြီးတဲ့အချိန်မှာ သက်ဆိုင်ရာဝန်ကြီးဌာနကလည်း အဆင့်သင်‌့ဖြစ်မယ်ဆိုရင် တော့ ကျွန်တော်တို့ လွှတ်တော်က သီးခြားတိုက်တွန်းစရာမလိုဘဲနဲ့ ဆောင်ရွက်နိုင်မယ်လို့ ဒါယူဆပါတယ်။ တကယ်လို့ တိုက်တွန်းမယ်ဆိုလို့ရှိရင်လည်း ဒီဥပဒေကို သွားပြီးတော့ မထိခိုက်တဲ့အတွက် သီးခြားတိုက်တွန်း အဆိုတစ်ချက်အနေနဲ့ ထည့်လိုက်ရင်လည်း ရမယ်လို့ ယူဆပါတယ်။ အကယ်၍ ကျွန်တော်တို့က ဒီပြည်သူ့လွှတ်တော်အနေနဲ့ ဒါအတည်ပြုပြီးပြီဆိုရင်တော့ ဒါပြင်ဆင်ချက်များလည်း တင်ပြပြီးဖြစ်တဲ့အတွက် ကျွန်တော်တို့ အမျိုးသားလွှတ်တော်မှာသော်လည်းကောင်း၊ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်မှာ သော်လည်းကောင်း လိုက်လံပြင်ဆင်မှပဲ ရမှာဖြစ်ပါတယ်။

          ဥက္ကဋ္ဌ။  ။ ဒါကြောင်‌့မို့လို့ မိမိတို့လွှတ်တော်ဘက်က ဒါ အတည်ပြုမယ်။ သို့ရာတွင် ဒါနဲ့ ပတ်သက်ပြီးတော့ နောင်ကျလို့ရှိရင် အငြင်းမပွားနိုင်ဖို့ ကိစ္စအတွက်လည်းပဲ အမျိုးသားလွှတ်တော် ပြည်ထောင်စုလွှတ်တော်တွေမှာ ပြည်သူ့လွှတ်တော်ဘက်က အကြောင်းတစ်ခုခုနဲ့ အဆိုပြုထားဖို့ လိုကောင်းလိုပါလိမ့်မယ်။ အဲဒါကြောင့် အမှတ်စဉ် ၁ ကနေပြီးတော့ အမှတ်စဉ် ၅ အထိ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်အဆိုပြုချက်ကို ပြည်ထောင်စုအစိုးရအဖွဲ့က သဘောတူပါသလား။ သဘောတူတဲ့အတွက် ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်အဆိုပြုချက် အတည်ဖြစ်ကြောင်း ကြေညာ ပါတယ်။

          ဦးစောလှထွန်း(အတွင်းရေးမှူး၊ ဥပဒေကြမ်းကော်မတီ)။      ။ အမှတ်စဉ် ၆ ဖြစ်ပါတယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက်အခန်းမှာ (က) အလုပ်သမားဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေး၊ ကုန်ထုတ် လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတစ်ခုခုတွင် အလုပ်လုပ်ကိုင်ရန် လုပ်ငန်းရှင်နှင့် အလုပ်ခန့်ထားမှု  သဘောတူညီချက်ပြုလုပ်၍ ကာယအား၊ ဉာဏအားကို အသုံးပြုပြီး အမြဲတမ်းအလုပ်၊ ယာယီအလုပ် သို့မဟုတ် ပုတ်ပြတ်အလုပ်ကို လုပ်ကိုင်၍ ရရှိသော အခကြေးငွေဖြင့် အသက်မွေးဝမ်းကြောင်းပြုသူကို ဆိုသည် ယင်းစကားရပ်တွင် အခကြေးငွေရရှိသော အလုပ်သင် များနှင့် ပညာသင်များ၊ စာရေးနှင့်ရုံးဝန်ထမ်းများ၊ လုပ်ငန်းခွင့်ပြင်ပအလုပ်သမားများ၊ အိမ်အကူနှင့် အိမ်ယာဉ်မောင်းများ၊ လုံခြုံရေးအစောင့်ဝန်ထမ်းများနှင့် သန့်ရှင်းရေး၊ မွမ်းမံပြင်ဆင်ရေး အလုပ်သမားများလည်း ပါဝင်ပြီး သို့ရာတွင် အောက်ပါအလုပ်သမားများနှင့် ဝန်ထမ်းများ မပါဝင် ဟူ၍ မူလပြဋ္ဌာန်းချက်ဖြစ်ပါတယ်။ မူလပြဋ္ဌာန်းချက်အပေါ်မှာ ဥပဒေကြမ်းကော်မတီက ပုတ်ပြတ်  အလုပ်ဆိုတဲ့  ကို ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာမှာတင်ပြလိုက်ပြီးတဲ့နောက်မှာမှ ပုတ်ပြတ်အလုပ်ကို သို့မဟုတ် ပုတ်ပြတ်အလုပ်ကို ဒီအလုပ်သမားရဲ့ Definition မှာ ပုတ်ပြတ်အလုပ်လုပ်သူကို ကျွန်တော်တို့က ထည့်လိုက်မယ်ဆိုရင် နောင်တစ်ချိန်မှာ ပြဿနာများ ကြုံတွေ့လာနိုင်တယ်လို့ ယူဆပါတယ်။ အဲဒီအတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ကျွန်တော် ဦးစောလှထွန်းကနေပြီးတော့မှ သို့မဟုတ် ပြုတ်ပြတ်အလုပ်ကိုဆိုတဲ့ စကားရပ်ကို ဖြုတ်ပြီး တော့ ပြင်ဆင်ချက်အဆို တင်ပြရခြင်းဖြစ်ပါတယ်။

          ဦးစောလှထွန်း(အတွင်းရေးမှူး၊ဥပဒေကြမ်းကော်မတီ)။                 ။ ဟုတ်ကဲ့ဗျ။ စာမျက်နှာ ၂။ သို့ဖြစ်ပါ၍ အလုပ်သမားဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတစ်ခုခုတွင် အလုပ်လုပ်ကိုင်ရန် အလုပ်ရှင် နဲ့ သဘောတူညီချက်ပြုလုပ်၍ ကာယအား၊ ဉာဏအားကို အသုံးပြုပြီး အမြဲတမ်းအလုပ်၊ ယာယီ အလုပ်ကို လုပ်ကိုင်၍ ရရှိသော အခကြေးငွေဖြင့် အသက်မွေးဝမ်းကြောင်းပြုသူကို ဆိုသည်။ ယင်းစကားရပ်တွင် အခကြေးငွေရရှိသော အလုပ်သင်များနှင့် ပညာသင်များ၊ စာရေးနှင့် ရုံးဝန်ထမ်း များ၊ လုပ်ငန်းခွင်ပြင်ပအလုပ်သမားများ၊ အိမ်အကူနှင့်အိမ်ယာဉ်မောင်းများ၊ လုံခြုံရေး၊ အစိုးရဝန်ထမ်း နှင့် သန့်ရှင်းရေးမွမ်းမံပြင်ဆင်ရေး၊ အလုပ်သမားများလည်း ပါဝင်ပြီး သို့ရာတွင် အောက်ပါ အလုပ်သမားများနှင့် ဝန်ထမ်းများမပါဝင်ဟူ၍ ပြင်ဆင်ချက်အဆိုတင်သွင်းခြင်းဖြစ်ပါတယ်ခင်ဗျား။

           

          ဦးမြင့်သိန်း(ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန)။        ။ သဘောတူပါတယ်ခင်ဗျား။

          ဥက္ကဋ္ဌ။           ။ သဘောတူပါတယ်ဆိုတာ ဦးစောလှထွန်းရဲ့ ပြင်ဆင်အဆိုပြုချက်။ ဒါကြောင့် ဦးစောလှထွန်းရဲ့ပြင်ဆင်အဆိုပြုချက်အတည်ဖြစ်ကြောင်း ကြေညာပါတယ်။ (သြဘာသံများ)

          ဥက္ကဋ္ဌ။           ။ ဆက်လက်ပြီး ဥပဒေကြမ်းကော်မတီမှ တင်ပြဖို့ဖြစ်ပါတယ်။

          ဒေါက်တာစိုင်းကျော်အုန်း(နမ့်ခမ်းမဲဆန္ဒနယ်)။               ။ လေးစားအပ်သော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ၂၀၁၂ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေကြမ်း အစဉ် ၇ အခန်း(၁) အပိုဒ် ၂ အပိုဒ်ခွဲ(က) အပိုဒ်ခွဲငယ် ၂ နဲ့ ၃ ရှိပါတယ်။ အဲဒီအပိုဒ်ခွဲငယ်(၂) ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ၎င်း၏လက်အောက်ရှိအစိုးရဌာန အဖွဲ့အစည်းများရှိ ဝန်ထမ်းများဆိုတာလည်းပဲ နိုင်ငံ့ဝန်ထမ်းများပဲဖြစ်ပါတယ်။ ထို့အတူပဲ အပိုဒ်ခွဲငယ် (၃) တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရလက်အောက်ရှိ ၎င်းတို့ရဲ့ လက်အောက်ခံဌာနအဖွဲ့အစည်းများ ရှိ ဝန်ထမ်းများဆိုတာလည်း နိုင်ငံ့ဝန်ထမ်းများဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အပိုဒ်ခွဲငယ်(၂)နဲ့ (၃) ပေါင်းပြီး အပိုဒ်ခွဲ(က)၊ အပိုဒ်ခွဲငယ်(၂) နိုင်ငံ့ဝန်ထမ်းများဟု ပြင်ဆင်ရေးသားပါတယ်။ အဲဒီလို ပြင်ဆင် ရေးသားတဲ့အတွက် မှတ်ချက်အနေနဲ့ အပိုဒ်ခွဲ(က)၊ အပိုဒ်ခွဲငယ်(၂)နဲ့ အပိုဒ်ခွဲငယ်(၃)ပေါင်းပြီး ပြင်ဆင်လိုက်သဖြင့် အပိုဒ်ခွဲငယ်(၄)သည် အပိုဒ်ခွဲ(၃)ဖြစ်သွားပါတယ်။ ပြင်ဆင်ချက်ကို ပြည်သူ့လွှတ်တော်က အတည်ပြုပေးနိုင်ရန် တင်ပြအပ်ပါတယ်။

          ဥက္ကဋ္ဌ။           ။ ပြည်ထောင်စုအစိုးရရဲ့သဘောထား သိလိုပါတယ်။

          ဦးမြင့်သိန်း(ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန)။     ။ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်ကို သဘောတူပါတယ်ခင်ဗျား။

          ဥက္ကဋ္ဌ။           ။ ဒါကြောင့် ဥပဒေကြမ်းကော်မတီရဲ့ပြင်ဆင်အဆို အတြည်ဖစ်ကြောင်း ကြေညာပါတယ်။ (သြဘာသံများ)

          ဥက္ကဋ္ဌ။           ။ ဥပဒေကြမ်းကော်မတီမှ ဆက်လက်တင်ပြဖို့ ဖြစ်ပါတယ်။

          ဦးခင်မောင်ညို(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။  ။ အခန်း(၁) အပိုဒ် ၂ ဖြစ်ပါတယ်။ အပိုဒ် ၂ အပိုဒ်ခွဲ(ခ) မူလအဆိုပြုချက်မှာ အလုပ်ရှင်ဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတစ်ခုခုတွင် အနည်းဆုံး တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော အလုပ်သမားအား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်ဖြင့် အလုပ်လုပ်ခိုင်းပြီး ထိုအလုပ်သမားအား အခကြေးငွေပေးရန် တာဝန်ရှိသူကို ဆိုသည်။ ယင်းစကားရပ်တွင် အောက်ပါပုဂ္ဂိုလ်များသည် အလုပ်ရှင်အဖြစ် ပါဝင်သည်ဟူ၍ ဖြစ်ပါသည်။ ဒီမူလပြဋ္ဌာန်းချက်ပေါ်မှာ ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီအနေနဲ့ အလုပ်ရှင်ဆိုသည် မှာ ကူးသန်းရောင်းဝယ်ရေးဆိုတဲ့ နေရာမှာ လုပ်ငန်းကျန်ခဲ့တဲ့အတွက် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း ဆိုသည်ပြီးတော့ ဖြည့်စွက်ပါတယ်။ အလားတူပဲ စာကြောင်းရေ ၄ မှာပါတဲ့ အလုပ်သမားအား ဆိုတဲ့ နေရာမှာ များဆိုတဲ့စကားရပ်ကျန်ခဲ့တဲ့အတွက် အလုပ်သများအား ဆိုပြီးတော့ ပြင်ဆင်ခြင်းဖြစ်ပါတယ်။ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်ကို အစအဆုံးကို တင်ပြရရင် အလုပ်ရှင်ဆိုသည်မှာ ကူးသန်း ရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်း တစ်ခုခုတွင် အနည်းဆုံးတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော အလုပ်သမားများအား သဘောတူညီချက်ဖြင့် အလုပ်လုပ်ခိုင်းပြီး ထိုအလုပ်သမားများအား အခကြေးငွေပေးရန် တာဝန်ရှိသူ ကို ဆိုသည် ယင်းစကားရပ်တွင် အောက်ပါပုဂ္ဂိုလ်များသည် အလုပ်ရှင်အဖြစ် ပါဝင်သည်ဟူ၍ ဖြစ်ပါတယ်။ ဤဥပဒေကြမ်းကော်မတီမှ လွှတ်တော်သို့ အစီရင်ခံစာတင်ပြပြီးတော့မှ ကျွန်တော်တို့ ဇယားများ ဆောင်ရွက်တဲ့နေရာမှာ ပြင်ဆင်ရန်အချက်များ ထပ်မံတွေ့ရှိတဲ့အတွက် ကျွန်တော့်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ထပ်မံပြင်ဆင်ချက်အဆိုကို တင်သွင်းခြင်းဖြစ်ပါတယ်။ ဒီအဆိုကိုလည်း ဥပဒေကြမ်းကော်မတီဝင်များမှ သဘောတူ လက်ခံတဲ့ အကြောင်းကိုလည်း တင်ပြလို ပါတယ်။ ကျွန်တော်အနေနဲ့ ပြင်ဆင်ချက်အဆိုဟာ အလုပ်ရှင်ဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းတစ်ခုခုတွင် သတ်မှတ်ထားသော အရေအတွက်အောက် မလျော့သော အလုပ်သမားများအား သဘောတူညီချက် ဖြင့် အလုပ်လုပ်ခိုင်းပြီး ထိုအလုပ်သမားများအား အခကြေးငွေပေးရန် တာဝန်ရှိသူကို ဆိုသည်။ ယင်းစကားရပ်တွင် အောက်ပါပုဂ္ဂိုလ်များသည် အလုပ်ရှင်အဖြစ် ပါဝင်သည်ဟူ၍ ပြင်ဆင်ထားခြင်း ဖြစ်ပါတယ်။ မူလက ကျွန်တော်တို့ ပြင်ဆင်ချိန်က မူလဥပဒေကြမ်းကော်မတီပြင်ဆင်ချိန်က အနည်းဆုံး တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော အလုပ်သမားများအားလို့ ဖော်ပြခဲ့ပါတယ်။ တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော အလုပ်သမားများဆိုတာထက် သတ်မှတ်ထားသော အရည်အတွက်ဆိုပြီး နည်းဥပဒေမှာ ထည့်သွင်း ဆောင်ရွက်ပါက ဥပဒေဟာပိုမိုပြည့်စုံမှာ ဖြစ်တဲ့အတွက် သတ်မှတ် ထားသော အရည်အတွက်အောက် မလျော့သော အလုပ်သမားများအားလို့ ဖြည့်စွက်ပြင်ဆင်ခြင်း ဖြစ်ပါတယ်။ ဤပြင်ဆင်ချက်အပေါ်မှာလည်း ညှိနှိုင်းချက်အရ သဘောတူပြီးဖြစ်ပါ၍ ပြင်ဆင်ချက် အဆိုအား အတည်ပြုပေးနိုင်ပါရန် ဥက္ကဋ္ဌကြီးမှတစ်ဆင့် လွှတ်တော်သို့ တင်ပြအပ်ပါတယ်။

          ဥက္ကဋ္ဌ။           ။ အဲနောက်ကျလို့ရှိရင် ဥပဒေကြမ်းကော်မတီနဲ့ ဦးစောလှထွန်းနှစ်ယောက်ပါတဲ့ ကိစ္စမှာ ဥပဒေကြမ်းကော်မတီက အခြားတစ်ယောက်က တင်ပါ။ ဒါကြောင်‌့ ဥပဒေကြမ်းကော်မတီရဲ့ တင်ပြချက်ရယ်။ ဦးစောလှထွန်းရဲ့ ပြင်ဆင်တင်ပြချက်အပေါ် ပြည်ထောင်စု ဝန်ကြီးရဲ့သဘောထား သိလိုပါတယ်။ ဘယ်ဟာကို ပိုပြီးတော့ လက်ခံကျင့်သုံးမယ်ဆိုရင် ပိုပြီးတော့ ဆီလျော်ပါသလဲ။

          ဦးမြင့်သိန်း(ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန)။     ။ ဦးစောလှထွန်းရဲ့ ဖြည့်စွက်ပြင်ဆင်ချက်ကို သဘောတူပါတယ်ခင်ဗျား။

          ဥက္ကဋ္ဌ။           ။ အကျိုးအကြောင်းဖော်ပြပေးပါ။

          ဦးမြင့်သိန်း(ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန)။     ။ ကျွန်တော်တို့ လုပ်ငန်းတွေ အနေနဲ့ အနည်းဆုံးတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော ဆိုတဲ့ဥစ္စာဟာ ကျွန်တော်တို့ ကန့်သတ်ချက် ဖြစ်ပြီးတော့ တကယ့်တကယ် လုပ်ငန်းပေါင်းများစွာ ဖြစ်နိုင်တဲ့အနေအထားတွေ ဖြစ်လာပါတယ်။ ဒီလို လုပ်ငန်းမျိုးဟာ ဆိုရင်လည်း စိစစ်ရင်ပဲ ဆိုရင် အများကြီးအခက်အခဲတွေ ရှိနိုင်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့က သတ်မှတ်ထားသော အရေအတွက်အောက် မလျော့သော ဆိုတာ ပိုပြီးတော့ ကျွန်တော်တို့အတွက် ပြည်သူလူထုပိုပြီးတော့ အဆင်ပြေပါတယ်။ အဲဒီအပြင် နည်းဥပဒေပြဋ္ဌာန်းတဲ့ နေရာမှာ ကျွန်တော်တို့ လိုအပ်သလို ပြည်သူထုကို အခြေခံပြီးတော့ ပြန်လည်ပြင်ဆင်လို့ ရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော် သဘောတူပါတယ်။

          ဥက္ကဋ္ဌ။           ။ ဒါကြောင့် ဦးစောလှထွန်းရဲ့ ပြင်ဆင်အဆိုပြုချက်အတည်ဖြစ်ကြောင်း ကြေညာပါတယ်။

ဥက္ကဋ္ဌ။           ။ ဥပဒေကြမ်းကော်မတီမှ ဆက်လက်တင်ပြဖို့ ဖြစ်ပါတယ်။

          ဦးစတီဖန်(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။       ။ ၂၀၁၂ ခုနှစ် အနည်းဆုံးအခကြေးငွေ ဥပဒေကြမ်း စဉ် ၉ အခန်း(၁) အပိုဒ် ၂ အပိုဒ်ခွဲငယ်(ခ) အပိုဒ်ခွဲငယ်(၁) ဒီရှင်းလင်းချက်နဲ့ပတ်သက်လို့ ဥပဒေကြမ်းအနေနဲ့ ပြင်ဆင်တင်ပြထားတာရှိပါတယ်။

ဥက္ကဋ္ဌ။           ။ ဥပဒေကြမ်းကော်မတီမှ ဆက်လက်တင်ပြဖို့ဖြစ်ပါတယ်။

          ဥပဒေကြမ်းကော်မတီ။             ။၂၀၁၂ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေကြမ်း အဆင့် ၉ အခန်း (၁) အပုဒ် ၂ အပုဒ်ခွဲ (ခ) အပုဒ်ခွဲငယ် (၁) ဒီရှင်းလင်းချက်နဲ့ပတ်သတ်ပြီးတော့ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းအနေနဲ့ ပြင်ဆင်တင်ပြထားတာရှိပါတယ်။ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းရဲ့ ပြင်ဆင်ချက်ကတော့ အပုဒ်ခွဲ(ခ) အပုဒ်ခွဲငယ် ၄ အနေနဲ့ အစုစပ်လုပ်ငန်းဖြစ်ပါက လုပ်ငန်းကို ကြီးကြပ်အုပ်ချုပ်ရန် အစုစပ်လုပ်ငန်းက လွှဲအပ်ခြင်းခံရသည့် အစုဝင်တစ်ဦး သို့မဟုတ် အစုဝင်များ ဆိုပြီး ပြင်ဆင်ထားပါတယ်။ မှတ်ချက်ကတော့ ရှင်းလင်းချက်တွင်ပါရှိသော အမှတ်စဉ် ၂ နှင့် ၃ သည် အပုဒ်ခွဲ(ခ)၏ အပုဒ်ခွဲငယ် (၅) နှင့် (၆) ဖြစ်သွားမှာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းရဲ့ ပြင်ဆင်တင်ပြချက်ကို လွှတ်တော်က အတည်ပြုပေးနိုင်ရန် တင်ပြအပ်ပါတယ်။

          ဥက္ကဋ္ဌ။  ။ ပြည်ထောင်စုဝန်ကြီးရဲ့ သဘောထားသိလိုပါတယ်။

          ဦးမြင့်သိန်း (ဒုတိယဝန်ကြီး အလုပ်သမားဝန်ကြီးဌာန)။               ။ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်ကို သဘောတူပါတယ်ခင်ဗျား။

          ဥက္ကဋ္ဌ။           ။ဒါကြောင့် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်တင်ပြချက် အတည်ဖြစ်ကြောင်း ကြေညာပါတယ်။ (သြဘာသံများ)

ဥက္ကဋ္ဌ။           ။ ဥပဒေကြမ်းကော်မတီမှ ဆက်လက်တင်ပြဖို့ဖြစ်ပါတယ်။

          (ဥပဒေကြမ်းကော်မတီ)။။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပြင်ဆင်ချက်ဇယား စာမျက်နှာ ၃၊  အမှတ်စဉ် ၁၀ နဲ့ ၁၂ ကို တစ်ဆက်တည်း တင်ပြခွင့်ပြုပါရန် ဦးစွာ ခွင့်တောင်းခံအပ်ပါတယ် ။ အမှတ်စဉ် ၁၀ ပြည်သူ့လွှတ်တော်ရဲ့ ပြင်ဆင်ချက်အဆိုမှာ အပိုဒ်ခွဲ (ဂ) ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းဆိုသည်မှာ အမျိုးသားကော်မတီက ဤဥပဒေပုဒ်မ ၆ အရ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သော ကူးသန်းရောင်းဝယ်ရေး၊ ထုတ်လုပ်ရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ ကူးသန်း ရောင်းဝယ်ရေးလုပ်ငန်းနှင့်  စက်မှုလက်မှုကုန်ထုတ်လုပ်ငန်း တစ်ခုခုကိုသော်လည်းကောင်း၊ ဝန်ဆောင်မှု လုပ်ငန်းတစ်ခုခုကို သော်လည်းကောင်း ယင်းလုပ်ငန်းများနှင့် ဆက်နွယ်သော သတ်မှတ်သည့် လုပ်ငန်း တစ်ခုခုကို ဆိုသည်ဟု ပြင်ဆင်တင်ပြချက်ကို အတည်ပြုပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည် ခင်ဗျား။ ဆက်လက်ပြီးတော့ အမှတ်စဉ် ၁၁ ပြည်သူ့လွှတ်တော်ရဲ့ ပြင်ဆင်တင်ပြချက်မှာ အပိုဒ်ခွဲ (ဃ) ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုသည်မှာ အမျိုးသားကော်မတီက ဤဥပဒေပုဒ်မ ၆ အရ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သော လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံမြေနှင့် မြေလွတ်၊ မြေရိုင်း တစ်ခုခုတွင် ထွန်ယက်ခြင်း၊ မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ အပင်ပျိုးထောင်ခြင်း၊ ပြုစုခြင်း၊ ပြုပြင်ခြင်း သို့မဟုတ်  စိုက်ပျိုးရေးထွက်ကုန် ကောက်ပဲသီးနှံများကို ရိတ်သိမ်းခြင်း၊ ခူးဆွတ်ခြင်း လုပ်ငန်းကိုသော်လည်းကောင်း ကြက်၊ ဘဲ၊ ငုံး၊ ငှက် နှင့် ပျား အပါအဝင် ွခံမွေး၊ အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်းလုပ်ငန်း ကျွဲ၊ နွား၊ ဆင်၊ မြင်း၊ မြီး၊ လား၊ သိုး၊ ဆိတ်၊ နှင့် ဝက်တို့အပါအဝင် တိရစ္ဆာန်မွေးမြူခြင်းလုပ်ငန်း၊ ငါးနှင့်ရေသတ္တဝါမွေးမြူခြင်း လုပ်ငန်းကို သော်လည်ကောင်း ၊ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းကိုသော်လည်းကောင်း ယင်းလုပ်ငန်း တစ်ခုခုနှင့်ဆက်စပ်၍ သတ်မှတ်သည့် ဝန်‌ဆောင်မှု လုပ်ငန်း တစ်ခုခုကိုသော်လည်းကောင်း အဆိုကို အတည်ပြုပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌ။  ။ ပြည်ထောင်စုဝန်ကြီးဌာနရဲ့ သဘောထားသိလိုပါတယ်။

          ဦးမြင့်သိန်း (ဒုတိယဝန်ကြီး အလုပ်သမားဝန်ကြီးဌာန)။               ။ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်ကို သဘောတူပါတယ်ခင်ဗျာ။

          ဥက္ကဋ္ဌ။           ။ ဒါကြောင့် အမှတ်စဉ် ၁၀၊ အမှတ်စဉ် ၁၁ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင် အဆိုပြုချက် အတြည်ဖစ်ကြောင်း ကြေညာပါတယ်။ (သြဘာသံများ)

          ဥက္ကဋ္ဌ။           ။ အမှတ်စဉ် ၁၂  ဦးစောလှထွန်းမှ ဆွေးနွေးပေးဖို့ ဖြစ်ပါတယ်။

          ဦးစောလှထွန်း(ချောင်းဦးမဲဆန္ဒနယ်)။      ။ အမှတ်စဉ် ၁၂  မူလအဆိုပြု ွပဋ္ဌာန်းချက်က အခကြေးငွေဆိုသည်မှာ အလုပ်ရှင်၏ နာရီပိုင်းအလုပ်၊ နေ့စဉ်အလုပ်၊ အပတ်စဉ်အလုပ်၊  လစဉ်အလုပ် သို့မဟုတ် အခြား အချိန်ပိုင်း အလုပ်တစ်ခုခုကိုသော်လည်ကောင်း၊ ပုတ်ပြတ်အလုပ်တစ်ခုခုကိုသော်လည်းကောင်း၊  အလုပ်သမားက လုပ်ကိုင်ဆောင်ရွက်ပေးရသဖြင့် ရသင့်သော အခကြေးငွေနှင့် လုပ်ခလစာတို့ကိုဆိုသည်။ ယင်းစကားရပ်တွင် အချိန်ပိုလုပ်ခသည် လည်းကောင်း၊ အလုပ်ကောင်းမွန်သဖြင့် သို့မဟုတ် အကျင့်စာရိတ္တကောင်းမွန်သဖြင့် အလုပ်ရှင်မှ အပိုပေးသည့်ဆုကြေးငွေများသည်လည်းကောင်း၊ ဝင်ငွေအဖြစ် သတ်မှတ်နိုင်သောအခြားငွေနှင့်  အကျိုးခံစားခွင့်များသည်လည်းကောင်း ပါဝင်ပြီး သို့ရာတွင် အောက်ပါ ငွေကြေးများ မပါဝင်ဆိုသည့် မူလပြဋ္ဌာန်းချက် အပေါ်မှာ မူလက ဥပဒေ ကြမ်းကော်မတီအနေနဲ့ ကျွန်တော်တို့ ပြန်လည်ပြီးတော့     

ဥက္ကဋ္ဌ။           ။ ရပြီ၊ ရပါပြီ ။ အခု ဦးစောလှထွန်းရဲ့ တင်ပြချက်ကို ဥပဒေကြမ်းကော်မတီက သဘောထားပြောပါ။

          ဥပဒေကြမ်းကော်မတီ။   ။ ဥပဒေကြမ်းကော်မတီနဲ့ ဦးစောလှထွန်းရဲ့ ပြင်ဆင်တင်ပြချက်၊ ကြိုတင် ညှိုနှိုင်းချက်အရ ဦးစောလှထွန်းရဲ့ပြင်ဆင်ချက်အဆိုကို ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီအနေနဲ့ သဘောတူပြီးဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါတယ်။

          ဥက္ကဋ္ဌ။  ။ ပြည်ထောင်စုအစိုးရရဲ့ သဘောထားပြောပါ။

          ဦးမြင့်သိန်း (ဒုတိယဝန်ကြီး အလုပ်သမားဝန်ကြီးဌာန)။               ။ ဥပဒေကြမ်းကော်မတီရဲ့ ထပ်မံ ပြင်ဆင်ချက်ကို သဘောတူကြောင်း  တြင်ပအပ်ပါတယ်။

          ဥက္ကဋ္ဌ။  ။ ဒါကြောင့် ဦးစောလှထွန်း၊ ချောင်းဦးမဲဆန္ဒနယ်ရဲ့ ပြင်ဆင်အဆိုပြုချက် အတြည်ဖစ်ကြောင်း ကြေညာပါတယ်။ (သြဘာသံများ)

          ဥက္ကဋ္ဌ။  ။ အမှတ်စဉ် ၁၃၊ အမှတ်စဉ် ၁၄  ဥပဒေကြမ်းကော်မတီမှ ဆွေးနွေးဖို့ ဖြစ်ပါတယ်။

          ဥပဒေကြမ်းကော်မတီ။   ။ အမှတ်စဉ် ၁၃ ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်မှာ အပိုဒ်ခွဲ (င)၊ အပိုဒ်ခွဲငယ် (၂)၊ အငြိမ်းစားလစာနှင့် အငြိမ်းစားလုပ်သက်စုငွေ၊  အမှတ်စဉ် ၁၄  အပိုဒ်ခွဲငယ် (၅) အပိုဒ်ခွဲငယ် (၇) အလုပ်သမားဝန်ကြီးဌာနက ဤဥပဒေပါ အခကြေးငွေနှင့် မသက်ဆိုင်ဟု ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သော အခြားငွေကြေးများဟု ပြင်ဆင်ချက်အား လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါတယ်။

          ဥက္ကဋ္ဌ။  ။ ပြည်ထောင်စုအစိုးရရဲ့ သဘောထားသိလိုပါတယ်။

          ဦးမြင့်သိန်း (ဒုတိယဝန်ကြီး၊အလုပ်သမားဝန်ကြီးဌာန)။               ။ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်ကို သဘောတူပါတယ်ခင်ဗျား။

          ဥက္ကဋ္ဌ။  ။ ဒါကြောင့် ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက် အမှတ်စဉ် ၁၃၊ ၁၄ အတြည်ဖစ် ကြောင်း ကြေညာပါတယ်။ (သြဘာသံများ)

          ဥက္ကဋ္ဌ။  ။ အမှတ်စဉ် ၁၅ ဒေါက်တာစိုင်းကျော်အုန်း ဆွေးနွေးဖို့ ဖြစ်ပါတယ်။

          ဒေါက်တာစိုင်းကျော်အုန်း(နမ့်ခမ်းမဲဆန္ဒနယ်)။               ။ အမှတ်စဉ် ၁၅ အပိုဒ် ၇ အပိုဒ်ခွဲ (ဈ) ပြင်ဆင်ချက် အဆိုတင်သွင်းထားတာကတော့ မူလအဆိုပြုချက်အတိုင်း ဖြစ်ပါတယ်။  တိုင်းဒေသကြီး ကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီဆိုသည်မှာ ဤဥပဒေအရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် ဖွဲ့စည်းထားသော  အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးကော်မတီကို ဆိုတဲ့ မူလပြဋ္ဌာန်းချက်အတိုင်း အတည်ပြုပေးဖို့ တင်ပြအပ်ပါတယ်ခင်ဗျား။ ပြင်ဆင်ရတဲ့ အကြောင်းကတော့ မူလပြဋ္ဌာန်းချက်မှာ မြန်မာစာရေးထုံးနဲ့ ကိုက်ညီမှုရှိပြီးတော့  ဝါကျကျစ်လျစ်မှု ရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါတယ် ခင်ဗျား။

          ဥက္ကဋ္ဌ။           ။ ဥပဒေကြမ်းကော်မတီရဲ့ သဘောထားသိလိုပါတယ်။

          ဥပဒေကြမ်းကော်မတီ ။          ။ ဒေါက်တာစိုင်းကျော်အုန်းရဲ့ ပြင်ဆင်ချက်အဆိုကို ဥပဒေကြမ်း ကော်မတီက သဘောတူပါကြောင်း  ‌ပြောကြားလိုပါတယ်။

          ဥက္ကဋ္ဌ။  ။ ပြည်ထောင်စုအစိုးရ  သဘောထားသိလိုပါတယ် ။

          ဦးမြင့်သိန်း (ဒုတိယဝန်ကြီး၊အလုပ်သမားဝန်ကြီးဌာန)။               ။ ဒေါက်တာစိုင်းကျော်အုန်းရဲ့ ထပ်မံပြင်ဆင်ချက်ကို သဘောတူကြောင်း  တြင်ပအပ်ပါတယ်။

          ဥက္ကဋ္ဌ။  ။ ဒါကြောင့် ဒေါက်တာစိုင်းကျော်အုန်းရဲ့  ပြင်ဆင်အဆိုပြုချက် အတြည်ဖစ်ကြောင်း ကြေညာပါတယ်။ (သြဘာသံများ)

          ဥက္ကဋ္ဌ။  ။ အမှတ်စဉ် ၁၆ ၊ ၁၇ ၊ ၁၈ ဥပဒေကြမ်းကော်မတီက  ဆွေးနွေးဖို့ ဖြစ်ပါတယ်။

          ဥပဒေကြမ်းကော်မတီ ။          ။လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်   ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ၂၀၁၂ ခုနှစ် အနည်းဆုံးအခကြေးငွေ မူလအမှတ်စဉ် ၁၆၊ ၁၇ ကို တစ်ပိုင်းတွဲပြီးတော့မှ အဆိုပြုတင်သွင်းသွားမှာ ဖြစ်ပါတယ်။ မူလအမှတ်စဉ် ၁၆ ၊ အခန်း (၁) ၊ အပိုဒ် ၂ (ဌ)  အဆိုပြုချက်အစား မိမိတို့ ဥပဒေကြမ်း ကော်မတီအနေနဲ့ ဌ စစ်ဆေးရေးအရာရှိ ဆိုသည်မှာ ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊  စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့် ၊ ညွှန်ကြားချက် နှင်‌့ လုပ်ထုံးလုပ်နည်းများနှင်‌့ အညီ လိုက်နာဆောင်ရွက်ခြင်း ရှိမရှိနှင့် စပ်လျဉ်း၍  ကူးသန်း ရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း  ကိုသော်လည်းကောင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို ကိုသော်လည်းကောင်း စစ်ဆေးရန် ဤဥပဒေအရ တာဝန်ပေးအပ်ခြင်းခံရသည့်  အရာရှိ တစ်ဦးဦးကိုဆိုသည် ဟူ၍ပြင်ဆင်ချက်အရလည်းကောင်း  အခန်း ၂ တွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားကော်မတီဖွဲ့စည်းခြင်းဟူသော ပြင်ဆင်ချက်အဆိုပြုချက်များအပေါ်  လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ် ပါတယ် ခင်ဗျား။ မူလအမှတ်စဉ် ၁၈ ဥပဒေကြမ်းကော်မတီနဲ့ ဦးစောလှထွန်းရဲ့ ပြင်ဆင်တင်ပြချက်၊ ကြိုတင် ညှိုနှိုင်းချက်အရ ဦးစောလှထွန်းမှ တင်ပြသွားရန်  ဖြစ်ပါတယ် ခင်ဗျား။

          ဦးစောလှထွန်း(ချောင်းဦးမဲဆန္ဒနယ်)။      ။ ကျွန်တော့်ကို ပြင်ဆင်ချက်အနေနဲ့ ဥပဒေကြမ်းကော်မတီနဲ့ မူလညှိုနှိုင်းထားတဲ့ စုစုပေါင်း အနည်းဆုံး ၁၅ ဦးမှ အများဆုံး ၂၁ ဦးအထိဆိုတဲ့ သတ်မှတ်ချက် ပါနေတဲ့အပေါ်မှာ ဒီအချက်များကို  အရေအတွက်တွေကို ဖြုတ်လိုက်ခြင်းအားဖြင့် ပိုမိုပြည့်စုံမယ်လို့ ယူဆတဲ့အတွက်  အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရန် အလို့ဌာ သတ်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ၊ အလုပ်သမားအဖွဲ့အစည်း သို့မဟုတ် အလုပ်သမားများ၏ ကိုယ်စားလှယ်များ ၊ အလုပ်ရှင်အဖွဲ့အစည်း ၊ သို့မဟုတ် အလုပ်ရှင်များ၏ ကိုယ်စားလှယ်များ၊ အခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ ကျွမ်းကျင်ပြီး မျှတစွာဆောင်ရွက်မည့် အခြားပုဂ္ဂိုလ်များ ပါဝင်သည့် အမျိုးသားကော်မတီကို ကြော်ငြာစာထုတ်ပြန်၍ ဖွဲ့စည်းရမည်ဟူ၍ ပြင်ဆင်ချက်အဆိုအား အတည်ပြုပေးနိုင်ပါရန်  တင်ပြအပ်ပါသည် ။

          ဥက္ကဋ္ဌ။  ။ ကျိုးကြောင်းဖော်ပြပေးပါ။

          ဦးစောလှထွန်း(ချောင်းဦးမဲဆန္ဒနယ်)။      ။  ကျိုးကြောင်းဖော်ပြချက် အနေနဲ့  ဥပဒေကြမ်းကော်မတီ အနေနဲ့ လည်းကောင်း ၊ မူလအတည်ပြုချက်အနေနဲ့လည်းကောင်း ကျွမ်းကျင်ပြီး မျှတစွာဆောင်ရွက်မည့် အခြားပုဂ္ဂိုလ်များ စုစုပေါင်း အနည်းဆုံး ၁၅ ဦးမှ အများဆုံး ၂၁ ဦးအထိဆိုပြီးတော့ လူအရေအတွက်ကို ဖြည့်ထားတာဖြစ်ပါတယ်။ ဒီအချက်ကို ကျွန်တော်တို့မထည့်ဘဲနဲ့ ဆောင်ရွက်ခြင်း အားဖြင့်   သက်ဆိုင်တဲ့ဌာနများမှာ ပို၍လုပ်ကိုင်ခွင့်ရှိမယ်လို့ ယူဆတဲ့အတွက်  ဒီအချက်ကို မထည့်ပဲနဲ့   ဒီအချက်ကို ပယ်ချက်တင်ပြခြင်း ဖြစ်ပါတယ်။

          ဥက္ကဋ္ဌ။  ။ အမှတ်စဉ် ၁၆ ၊ ၁၇ ၊ ၁၈ ပြည်ထောင်စုအစိုးရ  သဘောထားသိလိုပါတယ်။

          ဦး (     )။                 ။ အမှတ်စဉ် ၁၆ ၊ ၁၇ ၊ ၁၈ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်ကို သဘောတူ  ပါတယ်။ အမှတ်စဉ် ၁၈ ဦးစောလှထွန်းရဲ့ ထပ်မံပြင်ဆင်ချက်ကို သဘောတူကြောင်း  တင်ပြအပ်ပါတယ်။

          ဥက္ကဋ္ဌ။  ။ ဒါကြောင့် အမှတ်စဉ် ၁၆ ၊ ၁၇ အား ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်အဆိုပြုချက် အတြည်ဖစ်ကြောင်း ကြေညာပါတယ်။ (သြဘာသံများ)

          ဥက္ကဋ္ဌ။  ။ အမှတ်စဉ် ၁၈မှာတော့ ဦးစောလှထွန်းရဲ့ ပြင်ဆင်အဆိုပြုချက် အတြည်ဖစ်ကြောင်း ကြေညာပါတယ်။ (သြဘာသံများ)

          ဥက္ကဋ္ဌ။  ။ အမှတ်စဉ် ၁၉ ၊ ၂၀၊ ၂၁ ဥပဒေကြမ်းကော်မတီက  ဆွေးနွေးရန် ဖြစ်ပါတယ်။

 

          ဥပဒေကြမ်းကော်မတီ ။          ။ အမှတ်စဉ် ၁၉ ၊ ၂၀ ၊ ၂၁ ကိုတစ်ပေါင်းတည်း တင်ပြခွင့်ပြုပါရန်  လေးစားစွာ တင်ပြပါတယ်။ အမှတ်စဉ် ၁၉ ပြင်ဆင်ချက်အဆိုမှာ ဂ ပုဒ်မခွဲ က အရ ဖွဲ့စည်းသော အမျိုးသားကော်မတီ၏ သက်တမ်းသည်  သုံးနြှစ်ဖစ်ပြီး  ရင်းသက်တမ်းအတွင်း လိုအပ်ပါက အဖွဲ့ဝင်များကို အစားထိုး ပြင်ဆင်ဖွဲ့စည်းနိုင်သည်။ အမှတ်စဉ် ၂၀  ပြင်ဆင်ချက်အဆိုမှာ ခ  ၊ အပိုဒ်ခွဲ ၂ သတ်မှတ်ချက်များနှင့် အညီ ဦးရေတူညီရမည့်အပြင်  ယင်းကိုယ်စားလှယ်များ၏ ဆန္ဒထုတ်ဖော်ရာတွင်လည်း အခွင့်အရေး တူညီရမည် ။ အမှတ်စဉ် ၂၀ ပြင်ဆင်ချက်အဆို ဂ အခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းကျွမ်းကျင်သည့် အခြားပုဂ္ဂိုလ်များ တစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍   ပါဝင်ဖွဲ့စည်းနိုင်ပြီး ထိုသူသည်သက်ဆိုင်ရာ လုပ်ငန်းအတှေ့အကြုံရှိ၍ အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား မျှတစွာဆောင်ရွက်တတ်သူ ဖြစ်ရမည်။ အဆိုပါ အမှတ်စဉ် ၁၉၊ ၂၀၊ ၂၁ ကိုလွှတ်တော်မှ အတည်ပြုပေးပါရန်လေးစားစွာတင်ပြအပ်ပါသည်။

          ဥက္ကဋ္ဌ။  ။ပြည်ထောင်စုအစိုးရရဲ့သဘောထားကိုသိလိုပါတယ်။

          ပြည်ထောင်စုအစိုးရ။               ။ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်ကို သဘောတူပါတယ်။

          ဥက္ကဋ္ဌ။  ။ ဒါကြောင့် ဥပဒေကြမ်းကော်မတီရဲ့တင်ပြချက်များဖြစ်သော အမှတ်စဉ် ၁၉၊ ၂၀၊ ၂၁ အား အတည်ပြုကြောင်းကြေညာပါတယ်။

          ဥက္ကဋ္ဌ။  ။ အမှတ်စဉ် ၂၂၊ ၂၃၊ ဥပဒေကြမ်းကော်မတီမှတင်ပြဖို့ဖြစ်ပါတယ်။

          ဥပဒေကြမ်းကော်မတီ။             ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ အမှတ်စဉ် ၂၂၊ ၂၃ ကို တစ်ပေါင်းတည်းတင်ပြသွားပါမယ်။ အလုပ်သမားဝန်ကြီးဌာနမှ တင်သွင်းတဲ့ ၂၀၁၂ ခုနှစ် အနည်းဆုံးအခကြေးငွေ ဥပဒေမူကြမ်းမှာ နိဒါန်း အခန်း ၁ မှ အခန်း ၁၀ ထိပါဝင်ပါတယ်။ မူလဥပဒေကြမ်းမှာ အခန်း ၂ ၌ အနည်းဆုံးအခကြေးငွေ  သတ်မှတ်ရေး အမျိုးသားကော်မတီ ဖွဲ့စည်းခြင်း လုပ်ပိုင်ခွင့်နှင့်တာဝန်များကို ပေါင်းပြီး ဖေါ်ပြခဲ့ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီး ခင်ဗျား။ ညှိနှိုင်းမှုများအရ အဓိပ္ပါယ် ရှင်းလင်း‌စေရန်အတွက် ကော်မတီဖွဲ့စည်းခြင်းကို အခန်း ၂ အဖြစ်သီးသန့်ဖေါ်ပြပြီး လုပ်ပိုင်ခွင့်နှင့်တာဝန်များကို အခန်း ၃ ဟူ ၍ ဖေါ်ပြခြင်းဖြစ်ပါတယ်။ သို့ပါ၍ အခန်းသုံးအမျိုးသားကော်မတီတာဝန်နှင့်လုပ်ပိုင်ခွင့်ဟူ၍ ခေါင်းစဉ်သစ်တပ်ဆင်ခြင်း ဖြစ်ပါတယ်။  သိုဖြစ်ပါ၍ အခန်း ၂ ရဲ့အောက်မှာ အခန်းအသစ်ဖြစ်တဲ့ အခန်း ၃ ဟူ၍ သီးခြား ဖေါ်ပြခြင်း ဖြစ်ပါတယ်။ သို့ပါ၍ အခန်း၃ အမျိုးသားကော်မတီတာဝန်နှင့်လုပ်ပိုင်ခွင့်များ ဟူ၍ ခေါင်းစဉ်သစ် တပ်ဆင်ခြင်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ အခန်းသုံးရဲ့အောက်မှာ အခန်းအသစ်ဖြစ်တဲ့အခန်းသုံးအား ထပ်မံ ဖြည့်စွက်တဲ့အတွက် မူလ ဥပဒေ အခန်းတစ်မှ အခန်းတစ်ဆယ်ထိ၊ အခန်းတစ်မှ အခန်း၁၁ထိ ဖြစ်သွားပါကြောင်းတင်ပြအပ်ပါတယ်။ အမှတ်စဉ် ၂၃ အခန်း ၃ အပိုက် ၅ ဥပဒေကြမ်းကော်မတီနရဲ့ ပြင်ဆင်ချက်အဆိုမှာ င အနည်းဆုံး အခကြေးငွေကို နိုင်ငံတစ်ဝှမ်းလုံးအတွက်သော်လည်းကောင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဒေသအလိုက်သောလည်းကောင်း ကူသန်းရောင်ဝယ်ရေးလုပ်ငန်း ကုန်ထုတ်လုပ်ငန်း နှင့် ဝန်ဆောင်မှုလုပ်ငန်း  စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အမျိုးအစားလိုက် သော်လည်းကောင်း အနည်းဆုံး အခကြေးငွေသတ်မှတ်၍ သော်လည်ကောင်း ဤကိစ္စနှင့်စပ်လျှင်၍ တိုင်ဒေသကြီးကော်မတီနှင့် ပြည်နယ် ကော်မတီများ၏ အကြံပြုချက်များကို လေ့လာစီစစ်ပြီး ဤ ဥပဒေအခန်း ၆ ပါပြဋ္ဌာန်ချက်များနှင့်အညီ သတ်မှတ်သင့်သည့်အဆိုပြု အနည်းဆုံးအခကြေး ငွေနှုန်းထားများကို အများပြည်သူသိရှိစေရန် ထုတ်ပြန် ကြေညာခြင်းနှင့်  ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အနည်းဆုံးအခကြေးငွေနှုန်းထားများကို သတ်မှတ်၍ အမိန်ကြော်ငြာစာ ထုတ်ပြန်ခြင်းဖြင့် ပြင်ဆင်ထားပါတယ်။ လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် လေးစားစွာ တင်ပြ အပ်ပါသည်။

          ဥက္ကဋ္ဌ။  ။ ပြည်ထောင်စုအစိုးရရဲ့သဘောထားသိလိုပါတယ်။

          ဥပဒေကြမ်းကော်မတီ ။  ။ ဥပဒေကြမ်းကော်တီရဲ့ပြင်ဆင်ချက်ကို သဘောတူပါတယ်။

          ဥက္ကဋ္ဌ။  ။ ဒါကြောင့်အမှတ်စဉ် ၂၂ နှင့် အမှတ်စဉ် ၂၃ တို့အား ဥပဒေကြမ်းကော်မတီရဲ့ပြင်ဆင် အဆိုပြုချက်အတည်ဖြစ်ကြောင်းကြေညာပါတယ်။

          ဥက္ကဋ္ဌ။  ။ အမှတ်စဉ် ၂၄ ဦးစောလှထွန်းဆွေးနွေးဖို့ဖြစ်ပါတယ်။

          ဦးစောလှထွန်း (ဥပဒေကြမ်းကော်မတီ)။  ။ကျွန်တော်‌့ရဲ့ ပြင်ဆင်ချက်အဆိုမှာ အခန်း ၃ အပိုက် ၅ အပိုက်ခွဲငယ် စ ပုဒ်မခွဲ င အရ အမိန်ကြော်ညာစာ ထုတ်ပြန်အဆိုပြု အနည်းဆုံး အခကြေးငွေ နှုန်းထားများတွင် လုပ်ငန်းကျွန်းကျင်မှုအရ အချိန်တစ်နာရီတစ်ရက် ရက်သားတစ်ပတ် တစ်လအတွက် အခကြေးငွေသို့မဟုတ် အခြားချိန်ပိုင်း အလုပ်များအတွက် အခကြေးငွေနှုန်းထား ကိုအလုပ် တစ်ခုခု အတွက် အခကြေးငွေနှုန်းထားကို လုပ်ငန်းခွင်ဘေးအန္တရာယ်ရှိနိုင်ရေး အလားအလာအပေါ် အဲဒီမှာ ကျွန်တော်တို့ အလားအလာကိုလို့ဖို့ မှားထားတာရှိပါတယ်။ အလား အလာအပေါ် လေ့လာစီစစ်ပြီး ထည့်သွင်းဖော်ပြခြင်းဖြစ်ပါတယ်။ အကျိုးအကြောင်း ဖော်ပြချက်အနေနဲ့ မူလ ကျွန်တော်တို့ အတည် ပြုထား မူလကျွန်တော်တို့ ညှိနှိုင်းထားချက်မှာ အခြားအချိန်ပိုင်း အလုပ်တစ်ခု ခုအတွက် အခကြေး ငွေနှုန်းထားကိုသော်လည်းကောင်း၊ ပုဒ်ပြတ်အတွက် အခကြေးငွေနှုန်းထားကို သော်လည်းကောင်း ဆိုပြီးတော့ စကားရပ်များကို သော်လည်းကောင်းနဲ့ ဆက်ထားခြင်းဖြစ်ပါတယ်။ အဲဒီအထဲမှာမှ ပုတ်ပြတ်အလုပ်ကို အထက်မှာပြဋ္ဌာန်းခဲ့တဲ့ ဥပဒေများမှာ ပုတ်ပြတ်အလုပ်ကို ပယ်ဖျက် ထားတဲ့ အတွက် ပုတ်ပြတ်အလုပ်ကို မထည့်တော့ပဲနဲ့ အချိန်ပိုင်း တစ်လအတွက်အခကြေးငွေ သို့မဟုတ် အခြားအချိန်ပိုင်း အလုပ်အတွက် အခကြေးငွေနှုန်းထားဆိုပြီးတော့ ဒါပြင်ဆင်ပြီးတော့ ဖော်ပြထားတာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော့်၏ ပြင်ဆင်ဖော်ပြချက်အား အတည်ပြုပေးနိုင်ပါရန် လွှတ်တော်သို့ တင်ပြအပ်ပါတယ်။

ဥက္ကဋ္ဌ။           ။ ဥပဒေကြမ်းကော်မတီရဲ့ သဘောထားပြောပါ။

ဥပဒေကြမ်းကော်မတီ။   ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကြိုတင်ညှိနှိုင်းမှု များအရ ဦးစောလှထွန်းရဲ့ တင်ပြချက်ကို သဘောတူညီပြီးဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရရဲ့ သဘောထားပြောပါ။

ပြည်ထောင်စုအစိုးရ။     ။ ဦးစောလှထွန်းရဲ့ ထပ်မံပြင်ဆင်ချက်ကို သဘောတူကြောင်း တင်ပြအပ် ပါတယ်။

ဥက္ကဋ္ဌ။           ။ ဒါကြောင့်မို့လို့ အမှတ်စဉ် ၂၄ ဦးစောလှထွန်းရဲ့ အဆိုပြုတင်ပြချက် အတည် ဖြစ်ကြောင်း ကြေငြာပါတယ်။

(သြဘာသံများ)

ဥက္ကဋ္ဌ။           ။ အမှတ်စဉ် ၂၅ ဒေါက်တာစိုင်းကျော်အုန်းဆွေးနွေးဖို့ ဖြစ်ပါတယ်။

ဒေါက်တာစိုင်းကျော်အုန်း။                  ။ အမှတ်စဉ် ၂၅ အခန်း ၃ အပုဒ် ၅(ဆ)ပြင်ဆင်ချက် မှာ အမျိုးသား ကော်မတီ၏ အဆိုပြု အနည်းဆုံးအခကြေးငွေနှုန်းထားအပေါ် ကန့်ကွက်ချက်ရှိခဲ့လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီ၏ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များ ဖြင့် ညှိနှိုင်းစေပြီး ပြန်လည်တင်ပြသည့် အနည်းဆုံးအခကြေးငွေ နှုန်းထားကို အမျိုးသားကော်မတီ၏ သုံးပွင့်ဆိုင် ကိုယ်စားလှယ်များဖြင့် စီစစ်၍သတ်မှတ်သင့်သော အနည်းဆုံး အခကြေးငွေနှုန်းထားကို ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခြင်းဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ပြင်ဆင်အတည်ပြုချက်ကို လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် လေးစားစွာ တင်သွင်းအပ်ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌ။           ။ ဥပဒေကြမ်းကော်မတီမှ သဘောတူပါသလား။

ဥပဒေကြမ်းကော်မတီ။             ။ ဥက္ကဋ္ဌကြီးခင်ဗျား ကျွန်တော်တို့ ကြိုတင်ညှိနှိုင်းချက်အရ ဒေါက်တာ စိုင်းကျော်အုန်းရဲ့ တင်ပြချက်အား ကျွန်တော်လက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ ကော်မတီဆိုတဲ့ စကားလုံးလေးကို ပြန်ပြီးတော့ ဖြည့်ဆွက်တဲ့အတွက်ကြောင့် သဘောတူထားခြင်း ဖြစ်ပါတယ်။ အတည်ပြုပေးနိုင်ပါတယ်။ ပေးပါတယ်။

ဥက္ကဋ္ဌ။           ။ ပြည်ထောင်စုအစိုးရရဲ့ သဘောထားသိလိုပါတယ်။

ပြည်ထောင်စုအစိုးရ။     ။ဒေါက်တာစိုင်းကျော်အုန်း ရဲ့ ထပ်မံပြင်ဆင်ချက်ကို သဘောတူကြောင်း တင်ပြအပ် ပါတယ်။

ဥက္ကဋ္ဌ။           ။ ဒါကြောင့်အမှတ်စဉ် ၂၅ ဒေါက်တာစိုင်းကျော်အုန်းရဲ့ ပြင်ဆင်အဆိုပြုချက် အတည်ဖြစ်ကြောင်း ကြေညာပါတယ်။ (သြဘာသံများ)

ဥက္ကဋ္ဌ။           ။ အမှတ်စဉ် ၂၆ အမှတ်စဉ် ၂၇ အမှတ်စဉ် ၂၈ ဥပဒေကြမ်ကော်မတီက ဆွေးနွေးဖို့ဖြစ်ပါတယ်။

          (ဥပဒေကြမ်းကော်မတီ) ။                   ။ ဥက္ကဋ္ဌကြီးခင်ဗျား။ အမှတ်စဉ် ၂၆ ပုဒ်မ ၅ (ဇ) ပြင်ဆင်ချက်မှာ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေနှုန်းထားကို ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်းနှင်‌့ ဝန်ဆောင်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းအမျိုးအစားအလိုက်သော် လည်းကောင်း၊ ဒေသအလိုက် သော်လည်းကောင်း အလုပ်ကျွမ်းကျင်မှုနှင်‌့ လုပ်ငန်းခွင်ဘေးအန္တရာယ် ရှိနိုင်မှုတို့ကို ခွဲခြား၍ ပြောင်းလဲလာသော အခြေအနေအရပ်ရပ်နှင့်အညီ စိစစစ်ပြီး ၂ နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ပြင်ဆင်သတ်မှတ်သည့် အမိန့် ကြော်ငြာစာကို ပြည်ထောင်စုအစိုးရရဲ့ အတည်ပြု ချက်ဖြင့် ကြေညာခြင်း ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ နောက်ပြီးတော့ အမှတ်စဉ် ၂၇ အပိုဒ် ၆ ကို အမျိုးသားကော်မတီသည် ဤဥပဒေပါနှင့် အနည်ဆုံးအခကြေးငွေဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမယ့် ကူသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းတို့ကို နိုင်ငံတစ်ဝန်းလုံးအတွက်ဖြစ်စေ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဒေသအလိုက်ဖြစ်စေ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သက်မှတ်ရမည်။ ထို့အပြင် အဆိုပါလုပ်ငန်းများကို ပြောင်းလဲလာသော အခြေအနေနှင့်အညီ   အခါအားလျော်စွာ ပြင်ဆင် သတ်မှတ်နိုင်သည်ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ အဲ့ဒါပြင်ဆင်ပြီး နောက်ပိုင်း မူလအပိုဒ် ၆ ၏အပိုဒ်ခွဲ (က)နှင့် (ခ)အားအပိုဒ် ၆ အဖြစ်ပေါင်း၍ပြင်ဆင်ထားပါတယ်။ အပိုဒ်ခွဲ(က)နှင့် (ခ)ကို ဥပဒေ ပိုမိုကျစ်လျစ်စေရန်အတွက် အပိုဒ်ခွဲ(က)အဖြစ် ပေါင်းစည်းပြီးတော့ ပြင်ဆင်ထားခြင်း ဖြစ်ပါတယ်။ ဥပဒေရဲ့ပြင်ဆင်ချက်ကို အတည်ပြုပေးနိုင်ပါရန် တင်ပြပါတယ်ခင်ဗျား။

          ဦးသောင်း(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။။ လေးစားအပ်တဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၂ အနည်းဆုံး အခကြေးငွေ ဥပဒေကြမ်း မူလပြဋ္ဌာန်းချက်မှာ ပုဒ်မ ၆ အရအမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထားသော ကူသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း ဤဥပဒေပါ အနည်းဆုံး အခကြေးငွေဆိုင်ရာပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်လို့ ကျွန်တော်တို့ ပြဋ္ဌာန်းထားပါတယ်။ အဲ့ဒီအပိုဒ်ဟာဆိုလို့ရှိရင် ထည့်သွင်းပြဋ္ဌာန်း စရာမလိုတဲ့အတွက် ပယ်ဖျက်ပေးရမှာ ဖြစ်ပါတယ်။ အဲ့ဒီလိုပယ်ဖျက်လိုက်တဲ့အတွက် အပိုဒ် ၇ အား ပယ်ဖျက်လိုက်ခြင်းကြောင့် မူလဥပဒေ အပိုဒ် ၈ မှ ၃၉ သည် အပိုဒ် ၇ မှ အပိုဒ် ၃၈ ဖြစ်ပါမှာ ဖြစ်ပါ တယ်။ ကျွန်တော်တို့ ပြင်ဆင်ထားသည့်အတိုင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် အတည်ပြု ပြဋ္ဌာန်းပေးပါရန် ရိုသေလေးစားစွာဖြင့် တင်ပြအပ်ပါတယ်။

          ဥက္ကဋ္ဌ ။။ အမှတ်စဉ် ၂၆၊ အမှတ်စဉ် ၂၇၊ အမှတ်စဉ် ၂၈ အား ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်အဆိုပြုချက်ကို ပြည်ထောင်စုအစိုးရက သဘောတူပါသလာခင်ဗျား။

          ဦးမြင့်သိန်း(ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန)။           ။ သဘောတူပါတယ်ခင်ဗျား။

          ဥက္ကဋ္ဌ ။။ သဘောတူတဲ့အတွက် ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်အဆိုပြုချက် အမှတ်စဉ် ၂၆၊ အမှတ်စဉ် ၂၇၊ အမှတ်စဉ် ၂၈  အတည်ဖြစ်ကြောင်းကြေညာပါတယ်။ (သြဘာသံများ)

          ဥက္ကဋ္ဌ ။။ အမှတ်စဉ် ၂၉ ဒေါက်တာစိုင်းကျော်အုန်း ဆွေးနွေးဖို့ဖြစ်ပါတယ်။

          ဒေါက်တာစိုင်းကျော်အုန်း(နမ့်ခမ့်မဲဆန္ဒနယ်)။           ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ အမှတ်စဉ် ၂၉ အခန်း(၄) အပိုဒ် ၈ အပိုဒ်ခွဲငယ် (၇) အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးကော်မတီနှင့် ပြည်နယ်ကော်မတီများက လေ့လာစိစစ်တွက်ချက်ပြီး အကြံပြုရာတွင်လည်းကောင်း၊ အမျိုးသားကော်မတီက အနည်းဆုံးအခကြေးငွေ သတ်မှတ်ရာတွင် လည်းကောင်း အောက်ဖော်ပါ အချက်များကို အခြေခံရမည်ဆိုပြီးတော့ ပြင်ဆင်အဆိုပြုထားခြင်း ဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ ပြင်ဆင်ထားတာက သို့မဟုတ်နေရာမှာ နှင့်အစားထိုးပြီးတော့ အခြေခံ စဉ်းစားရမည်ဆိုတဲ့အချက်ကို ဖြုတ်ပြီးတော့ အခြေခံမည်ဆိုပြီးတော့ ပြင်ဆင်ထားခြင်း ဖြစ်ပါတယ်။ ပြင်ဆင်ထားခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဥပဒေ စကားအသုံးအနှုန်းကျစ်လျစ်သိပ်သည်းမှု ရှိရန် ဖြစ်ပါတယ်။ ကျွန်တော့် ပြင်ဆင်ချက်ကို လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် လေးစားစွာ တင်သွင်းအပ်ပါတယ်ခင်ဗျား။

          ဥက္ကဋ္ဌ ။။ ဥပဒေကြမ်းကော်မတီက သဘောတူပါသလား။

          (ဥပဒေကြမ်းကော်မတီ) ။         ။ လေးစားအပ်တဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒေါက်တာစိုင်းကျော်အုန်း နဲ့ ကျွန်တော်တို့ ကြိုတင်ညှိနှိုင်းထားပြီးသားဖြစ်တဲ့အတွက် ဒေါက်တာစိုင်းကျော်အုန်း တင်ပြသည့် အတိုင်းအတည်ပြုချက်ကို သဘောတူပါတယ်။

          ဥက္ကဋ္ဌ ။။ ပြည်ထောင်စုအစိုးရ သဘောတူပါသလား။

          ဦးမြင့်သိန်း(ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန)။              ။ သဘောတူပါတယ်ခင်ဗျား။

          ဥက္ကဋ္ဌ ။။ သဘောတူတဲ့အတွက် ဒေါက်တာစိုင်းကျော်အုန်းရဲ့ ပြင်ဆင်အဆိုပြုချက်  အတည်ဖြစ်ကြောင်းကြေညာပါတယ်။ (သြဘာသံများ)

          ဥက္ကဋ္ဌ ။။ ဒေါက်တာအောင်မိုးညို၊ ပွင့်ဖြူမဲဆန္ဒနယ် ခွင့်သွားပါတယ်။ ကိုယ်စားတင်ပြ ပေးဖို့ဖြစ်ပါတယ်။

          (ကိုယ်စားလှယ်တစ်ဦး)။။ ‌ဒေါက်တာအောင်မိုးညို ရဲ့ကိုယ်စား တင်ပြပါမယ်။ ဒေါက်တာအောင်မိုးညိုက အခန်း(၄) အပိုဒ် ၈ မှာ အပိုဒ်ခွဲ (ဇ) အဖြစ်အသစ်ဖြည့်စွက်ခြင်း ဖြစ်ပါတယ်။ ကျန်းမာရေးကို ထိခိုက်နစ်နာစေနိုင်သော အသက်အန္တရာယ် ဖြစ်စေနိုင်သော လုပ်ငန်းခွင် သဘောသဘာဝဆိုပြီးတော့ ဖြည့်စွက်ချက်ဖြစ်ပါတယ်။ ဖြည်‌့စွက်ချက်အား အတည်ပြု ပေးနိုင်ပါရန် တင်ပြအပ်ပါတယ်။

          ဥက္ကဋ္ဌ ။။ ပြည်ထောင်စုအစိုးရအဖွဲ့ ဒေါက်တာအောင်မိုးညိုရဲ့ ပြင်ဆင်အဆိုပြုချက် သဘောတူပါသလား။

          ဦးမြင့်သိန်း(ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန)။           ။ သဘောတူကြောင်း တင်ပြ အပ်ပါတယ်ခင်ဗျား။

          ဥက္ကဋ္ဌ ။။ သဘောတူတဲ့အတွက် ဒေါက်တာအောင်မိုးညိုရဲ့ ပြင်ဆင်အဆိုပြုချက်  အတည်ဖြစ်ကြောင်းကြေညာပါတယ်။ (သြဘာသံများ)

          ဥက္ကဋ္ဌ ။။ အမှတ်စဉ် ၃၁၊ ၃၂၊ ၃၃၊ ၃၄၊ ၃၅ အား တစ်ပေါင်းတည်း ဥပဒေကြမ်း ကော်မတီက တင်ပြဖို့ဖြစ်ပါတယ်။

          ဦးခင်မောင်ညို(အဖွဲ့ဝင်၊ဥပဒေကြမ်းကော်မတီ)။   ။ အမှတ်စဉ် ၃၁ ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်မှာ အပိုဒ် ၇ အပိုဒ်ခွဲငယ်(ဇ) ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြု ချက်ဖြင့် သတ်မှတ်သော အခြားအချက်များ။

အမှတ်စဉ် ၃၂  အပိုဒ် ၈ သက်ဆိုင်ရာ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီ တို့သည် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးနှင့် စပ်လျဉ်း၍ အခြေခံသင့်သည့်အချက်များနှင့် ထည့်သွင်းစဉ်းစားရမည့် အချက်များကို လေ့လာပြီး သတ်မှတ်သင့်သည့်နှုန်းထားများကို အမျိုးသား ကော်မတီသို့ သတ်မှတ်ထားသည့် နည်းလမ်းများနှင့် အညီ အကြံပြုချက်များ တင်ပြရမည်။

အမှတ်စဉ် ၃၃ အပိုဒ် ၉ အပိုဒ်ခွဲ(ခ) အပိုဒ်ခွဲငယ် (က)အရ တင်ပြချက်အပေါ် အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးနှင့်စပ်လျဉ်း၍ ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင်‌့ အမျိုးသားကော်မတီက သတ်မှတ်ပေးရမည်။

အမှတ်စဉ် ၃၄ အပိုဒ် ၁၂ အပိုဒ်ခွဲငယ်(ဃ) ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်နေသော အလုပ်သမားများအား အနည်းဆုံး အခကြေးငွေကို ငွေသားဖြင့်ပေးရမည်။ ထို့အပြင် သီးခြားအကျိုးခံစားခွင့်များ အကျိုးအမြတ်များ၊ အခွင့်အလမ်းများကို ပေးရန်ရှိပါက သတ်မှတ်ချက်များနှင့်အညီ ငွေသားဖြင်‌့ဖြစ်စေ အလုပ်သမား၏ ဆန္ဒအရ ငွေသားတချို့တစ်ဝက်နှင့် ဒေသပေါက်ဈေးနှုန်းများဖြင့် သတ်မှတ်သောပစ္စည်း တချို့တစ်ဝက် တွဲဖက်၍ဖြစ်စေ ပေးနိုင်သည်။

အမှတ်စဉ် ၃၅ အပိုဒ် ၁၂ အပိုဒ်ခွဲငယ် (၅) စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းတွင် လုပ်ကိုင် သောအလုပ်သမားများအား အနည်းဆုံးအခကြေးငွေပေးရာတွင် ဒေသဓလေ့ထုံးတမ်းအရဖြစ်စေ၊ အလုပ်သမားအများစု၏ဆန္ဒအရဖြစ်စေ၊ စုပေါင်းသဘောတူညီချက်အရဖြစ်စေ ငွေသားတချို့တစ်ဝက် နှင့် ဒေသပေါက်ဈေးနှုန်းအဖြစ်သတ်မှတ်သော ပစ္စည်းတချို့တစ်ဝက်တွဲဖက်၍ပေးနိုင်သည်။ ထိုသို့ ပေးခြင်းသည် အလုပ်သမားနှင့် ယင်း၏မိသားစု ကိုယ်ရေးကိုယ်တာအသုံးပြုမှုနှင့် အကျိုးအမြတ် တစ်စုံတစ်ရာအတွက် ဖြစ်ရမည့်အပြင် ပေးသည့်တန်ဖိုးမှာလည်း ကျိုးကြောင်းဆီလျော်ပြီး မျှတရမည် ဆိုသည့် အမှတ်စဉ် ၃၁၊ ၃၂၊ ၃၃၊ ၃၄၊ ၃၅ တို့နှင့်ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင် အတည်ပြုချက်အား လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် လေးစားစွာတင်ပြအပ်ပါတယ်။

          ဥက္ကဋ္ဌ ။။ ပြည်ထောင်စုအစိုးရ သဘောတူပါသလား။

          ဦးမြင့်သိန်း(ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန)။                ။ သဘောတူပါတယ်။   ဥက္ကဋ္ဌ ။။ သဘောတူတဲ့အတွက် ဥပဒေကြမ်းကော်မတီရဲ့ အမှတ်စဉ် ၃၁၊ ၃၂၊ ၃၃၊ ၃၄၊ ၃၅ အတည်ဖြစ်ကြောင်း ကြေညာပါတယ်။

          ဥက္ကဋ္ဌ ။။ အမှတ်စဉ် ၃၆ ဦးစောလှထွန်း ဆွေးနွေးဖို့ဖြစ်ပါတယ်။

          ဦးစောလှထွန်း(ချောင်းဦးမဲဆန္ဒနယ်)။          ။ အခန်း(၆) အပိုဒ် ၁၄ ဖြစ်ပါတယ်။ ပြင်ဆင်ချက်မှာ အခန်း(၆) အပိုဒ် ၁၃ (ခ) အလုပ်သမားများ၏ စာရင်းဇယားများနှင့် စာတမ်း အမှတ်အသားများ၊ အခကြေးငွေများကို မြန်မာဘာသာဖြင့် မှန်ကန်စွာမှတ်တမ်းပြုစုထားရှိရမည်ဟူ၍ ပြင်ဆင်ချက်ဖြစ်ပါတယ်။ မူလအဆိုပြုချက်မှာတော့ မှန်ကန်စွာ မှတ်တမ်းပြုစုထားရှိရမည်ဆိုတဲ့နေရာ မှာ ပိုမိုရှင်းလင်းတိကျစေရန် မြန်မာဘာသာဖြင့်ဆိုတဲ့စကားကို ဖြည့်စွက်ပြီးတော့ အတည်ပြုပေးနိုင် ပါရန် တင်ပြအပ်ပါတယ်။

          ဥက္ကဋ္ဌ ။။ ဥပဒေကြမ်းကော်မတီ သဘောတူပါသလား။

          ဦးခင်မောင်ညို(အဖွဲ့ဝင်၊ဥပဒေကြမ်းကော်မတီ)။   ။ ဦးစောလှထွန်းနှင့် ညှိနှိုင်းပြီးဖြစ်၍ ဥပဒေကြမ်းကော်မတီမှ သဘောတူကြောင်း တင်ပြအပ်ပါတယ်။  

          ဥက္ကဋ္ဌ ။။ ပြည်ထောင်စုအစိုးရ သဘောတူပါသလား။

          ဦးမြင့်သိန်း(ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန)။           ။ သဘောတူပါတယ်ခင်ဗျား။          ဥက္ကဋ္ဌ ။။ သဘောတူတဲ့အတွက် ဦးစောလှထွန်း၊ ချောင်းဦးမဲဆန္ဒနယ်ရဲ့ ပြင်ဆင် အဆိုပြုချက် အတည်ဖြစ်ကြောင်း ကြေညာပါတယ်။

          ဥက္ကဋ္ဌ ။။ အမှတ်စဉ် ၃၇၊ ၃၈၊ ၃၉ အား ဥပဒေကြမ်းကော်မတီမှ ဆွေးနွေးဖို့ဖြစ်ပါတယ်။

          (အဖွဲ့ဝင်၊ဥပဒေကြမ်းကော်မတီ)။။  လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ၂၀၁၂ ခုနှစ် အနည်းဆုံးအခကြေးငွေ ဥပဒေကြမ်း အမှတ်စဉ် ၃၇ အခန်း (၇) အပိုဒ် ၁၅ နှင့်ပတ်သက်ပြီး ဥပဒေကြမ်းအနေနဲ့ ပြင်ဆင်ထားချက်ကတော့ အပိုဒ် ၁၄ အပိုဒ်ခွဲ (ခ) ဤဥပဒေအာဏာမတည်မီက ရရှိနေသော အခကြေးငွေသည် ဤဥပဒေအရ သတ်မှတ်သော အနည်းဆုံးအခကြေးငွေထက် ပိုမိုရရှိနေပါက ပိုမိုရရှိသော အခကြေးငွေကို ဆက်လက်ခံစားခွင့်ရှိသည်ဟူ၍ ဖြစ်ပါတယ်။

          အမှတ်စဉ် ၃၈ အခန်း(၇) အပိုဒ် ၁၆ အပိုဒ်ခွဲ(က) နှင့်ပတ်သက်ပြီးတော့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းက ပြင်ဆင်တာကတော့ အပိုဒ် ၁၄ အပိုဒ်ခွဲ(ဂ) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်ပါ အနည်းဆုံးအခကြေးငွေမှာ ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေထက် လျော့နည်းနေပါက ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေ ကို ရထိုက်ခွင်‌့ရှိသည်ဖြစ်ပါတယ်။

          အမှတ်စဉ် ၃၉ အခန်း(၇) အပိုဒ် ၁၆ အပိုဒ်ခွဲ(ခ) နှင့်ပတ်သက်ပြီးတော့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းက ပြင်ဆင်တာကတော့ အပိုဒ် ၁၄ အပိုဒ်ခွဲ(ဃ) အလုပ်နှစ်ခု သို့မဟုတ် နှစ်ခုထက် ပိုသော အလုပ်ကိုလုပ်ကိုင်သည့်အခါ လုပ်ကိုင်သောအလုပ်အသီးသီးအတွက် သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေထက် မနည်းစေဘဲ ခံစားခွင့်ရှိသည်ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းက ပြင်ဆင်ချက်ကို လွှတ်တော်က အတည်ပြုပေးနိုင်ပါရန်  လေးစားစွာတင်ပြအပ်ပါ တယ်ခင်ဗျား။

          ဥက္ကဋ္ဌ ။။ ပြည်ထောင်စုအစိုးရ သဘောတူပါသလား။

          ဦးမြင့်သိန်း(ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန)။              ။ သဘောတူပါတယ်ခင်ဗျား။          ဥက္ကဋ္ဌ ။။ သဘောတူတဲ့အတွက် ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်အဆိုပြုချက်များ ဖြစ်သော အမှတ်စဉ် ၃၇၊ ၃၈၊ ၃၉ အတည်ဖြစ်ကြောင်း ကြေညာပါတယ်။

          ဥက္ကဋ္ဌ ။။ အမှတ်စဉ် ၄၀ ဦးစောလှထွန်း ဆွေးနွေးဖို့ဖြစ်ပါတယ်။

          ဦးစောလှထွန်း(ချောင်းဦးမဲဆန္ဒနယ်)။          ။ အခန်း (၆) အပိုဒ် ၁၆ ပြင်ဆင်ချက်အနေနဲ့ အချိန်ပိုင်၊ နာရီပိုင်းအလုပ်တွင် အလုပ်လုပ်သည့်အချိန်အတွက် သတ်မှတ်ထားသည့် အနည်းဆုံး အခကြေးငွေကို ခံစားခွင့်ရှိစေရမည်ဟု၍ ပြင်ဆင်ပါတယ်။ မူလက ခံစားခွင့်ရှိသည်လို့ ဖြစ်ပါတယ်။ ခံစားခွင့်ရှိသည် ဆိုသည့်စကားရပ်မှာ အလုပ်ရှင်က မပေးလည်းရတဲ့သဘောဖြစ်ပါတယ်။ ဒီဟာကတော့ အလုပ်သမားများအနေနဲ့ ခံစားခွင့်ရှိစေမည်ဆိုတဲ့အတွက် မဖြစ်မနေပေးဆောင်ရမှာ ဖြစ်တဲ့အတွက် ရှိစေရမည်ဟူသော အသုံးအနှုန်းအား ဖြည့်စွက်ပြင်ဆင်သုံးစွဲခြင်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ အတည်ပြုပြဋ္ဌာန်းပေးနိုင်ပါရန် လွှတ်တော်သို့ တင်ပြအပ်ပါတယ်။

          ဥက္ကဋ္ဌ ။။ ဥပဒေကြမ်းကော်မတီမှ သဘောတူပါသလား။

          (ဥပဒေကြမ်းကော်မတီ)။။ ကြိုတင်ညှိနှိုင်းထားချက်အရ သဘောတူကြောင်း တင်ပြအပ် ပါတယ်။

          ဥက္ကဋ္ဌ ။။ ပြည်ထောင်စုအစိုးရမှ သဘောတူပါသလား။

          ဦးမြင့်သိန်း(ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန)။              ။ သဘောတူပါတယ်ခင်ဗျား။          ဥက္ကဋ္ဌ ။။ သဘောတူတဲ့အတွက် ဦးစောလှထွန်းရဲ့ ပြင်ဆင်အဆိုပြုချက် အတည် ဖြစ်ကြောင်း ကြေညာပါတယ်။

          ဥက္ကဋ္ဌ ။။ အမှတ်စဉ် ၄၁၊ ၄၂၊ ၄၃၊ ၄၄၊ ၄၅  ဥပဒေကြမ်းကော်မတီမှ ဆွေးနွေးဖို့ဖြစ် ပါတယ်။

          (ဥပဒေကြမ်းကော်မတီ)။။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်တင်ပြချက် အမှတ်စဉ် ၄၁၊ ၄၂၊ ၄၃၊ ၄၄၊ ၄၅ အထိ တစ်ပေါင်းတည်း တင်ပြသွားမှာဖြစ်ကြောင်း ဦးစွာတင်ပြအပ်ပါတယ်။ ပြင်ဆင်ချက်ဇယား စာမျက်နှာ ၁၁ အမှတ်စဉ် ၄၁ မှာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်တင်ပြချက် အပိုဒ် ၁၄ အပိုဒ်ခွဲ(စ) လစား အလုပ်အတွက် ရက်သတ္တတစ်ပတ်လျှင် တစ်ရက်နားခွင့်ရှိပြီး ထိုနားရက်အတွက် အခကြေးငွေ ရထိုက် ခွင့်ရှိသည်။ အကယ်၍ ထိုနားရက်တွင် အလုပ်လုပ်ရပါက တည်ဆဲဥပဒေနှင့်အညီ အချိန်ပို လုပ်ခ ရထိုက်ခွင့်ရှိသည်လို့ ပြင်ဆင်ထားပါတယ်။ မှတ်ချက်အနေနဲ့ မူလ အပိုဒ် ၁၅ နှင့် ၁၆ အား ပေါင်း၍ အပိုဒ် ၁၅ အဖြစ်ပြင်ဆင်ပြီး မူလအပိုဒ် ၁၆ ရှိ အပိုဒ်ခွဲ (က)မှ (ဇ) အထိ အပိုဒ်ခွဲ(ဂ)မှ(ည) အထိ ဖြစ်သွားပါကြောင်း ပြင်ဆင်တင်ပြချက်ကို အတည်ပြုပေးပါရန် တင်ပြအပ်ပါသည်။

          ဆက်လက်ပြီးတော့မှ ပြင်ဆင်ချက်ဇယား စာမျက်နှာ ၁၂ အမှတ်စဉ် ၄၂ ဥပဒေကြမ်း ကော်မတီရဲ့ ပြင်ဆင်တင်ပြချက် အပိုဒ် ၁၄ (ဆ) မှာ နေ့စားအလုပ်တွင်သတ်မှတ်ထားသည့် တစ်နေ့အလုပ်ချိန်နာရီထက်လျော့၍ အလုပ်လုပ်ခြင်းမှ အလုပ်သမား၏ဆန္ဒအရ မဟုတ်လျှင် သော်လည်းကောင်း၊ အလုပ်ရှင်က အလုပ်မပေးနိုင်၍ အလုပ်နားရလျှင်သော်လည်းကောင်း အချိန်ပြည့်အလုပ်လုပ်ပြီးသကဲ့သို့ အခကြေးငွေ ရထိုက်ခွင့်ရှိသည်လို့ ပြင်ဆင်ထားပါတယ်။

          အမှတ်စဉ် ၄၃ အပိုဒ် ၁၄ အပိုဒ်ခွဲ (ဈ) ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းတွင် လုပ်ကိုင်သော အလုပ်သမားဖြစ်ပါက အနည်းဆုံးအခကြေးငွေကို ငွေသားဖြင့် ရထိုက်ခွင့်ရှိသည်။ ထို့အပြင် သီးခြားအကျိုးခံစားခွင့်များ၊ အကျိုးအမြတ်များ၊ အခွင့် အလမ်းများ ပေးရန်ရှိပါက သတ်မှတ်ချက်များနှင့်အညီ ငွေသားဖြင့်ဖြစ်စေ၊ အလုပ်သမား၏ ဆန္ဒအရ ငွေသားတချို့တစ်ဝက်နှင့် ဒေသပေါက်ဈေးနှုန်းအဖြစ်သတ်မှတ်သော ပစ္စည်းတချို့တစ်ဝက် တွဲဖက်၍ ဖြစ်စေ ရထိုက်ခွင့်ရှိသည်လို့ ပြင်ဆင်ထားပါတယ်။

          အမှတ်စဉ် ၄၄ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက် အပိုဒ် ၁၄ အပိုဒ်ခွဲ (ည) စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတွင် လုပ်ကိုင်သော အလုပ်သမားဖြစ်ပါက အနည်းဆုံးအခကြေးငွေကို ဒေသ ဓလေ့ထုံးတမ်းအရဖြစ်စေ၊ အလုပ်သမားအများစု၏ ဆန္ဒအရဖြစ်စေ၊ စုပေါင်းသဘောတူညီချက်အရ ဖြစ်စေ ငွေသားတချို့တစ်ဝက်နှင့် ဒေသပေါက်ဈေးနှုန်းအဖြစ်သတ်မှတ်သော ပစ္စည်းတချို့တစ်ဝက် တွဲဖက်၍ အလုပ်သမားနှင့် ၎င်း၏မိသားစုအတွက်သတ်မှတ်ချက်များနှင့်အညီခံစားခွင့်ရှိသည်လို့ ပြင်ဆင်တင်ပြထားပါတယ်။

          အမှတ်စဉ် ၄၅ ပြင်ဆင်ချက် အပိုဒ် ၁၅ အပိုဒ်ခွဲ (ခ) ရထိုက်ခွင့်ရှိသော အခကြေးငွေအားလုံး အတွက် တရားမကြောင်းအရ တရားစွဲဆိုနိုင်သည်လို့ ပြင်ဆင်တင်ပြချက်ကို အတည်ပြုပေးနိုင်ရန် လေးစားစွာ တင်ပြအပ်ပါတယ်ခင်ဗျား။

          ဥက္ကဋ္ဌ ။။ အမှတ်စဉ် ၄၁၊ ၄၂၊ ၄၃၊ ၄၄၊ ၄၅  တို့ဟာ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင် အဆိုပြုချက်ကို ပြည်ထောင်စုအစိုးရက သဘောတူပါသလား။

          ဦးမြင့်သိန်း(ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန)။              ။ သဘောတူပါတယ်ခင်ဗျား။          ဥက္ကဋ္ဌ ။။ သဘောတူတဲ့အတွက် ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက် အဆိုများ အတည်ဖြစ်ကြောင်း ကြေညာပါတယ်။ (သြဘာသံများ)

          ဥက္ကဋ္ဌ ။။ အမှတ်စဉ် ၄၆၊ ၄၇၊ ၄၈ အား ဥပဒေကြမ်းကော်မတီမှ တင်ပြဖို့ဖြစ်ပါတယ်။

          ဦး(အဖွဲ့ဝင်၊ဥပဒေကြမ်းကော်မတီ)။      ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ အမှတ်စဉ် ၄၆ ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်မှာ ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေနှင့် အခြားခံစားခွင်‌့များကို အလုပ်သမားအား ပေးရန် ပျက်ကွက်ခြင်းကြောင့် သော်လည်းကောင်း၊ အနည်းဆုံးအခကြေးငွေထက်လျော့နည်း၍ အလုပ်သမား အားပေးခြင်းကြောင့် သော်လည်းကောင်း အလုပ်ရှင်အပေါ် တရားရုံးက ပြစ်ဒဏ်ချမှတ်ပြီးနောက် ပေးရန်ပျက်ကွက်သော အခကြေးငွေနှင်‌့ အခြားခံစားခွင့်ကို ဒဏ်ငွေအဖြစ် သက်ဆိုင်ရာ အလုပ် သမားအားပေးချေရန် အမိန့်ချမှတ်စေကာမူ ပုဒ်မ ၁၄ အရ ထိုအလုပ်သမားသည် ခံစားခွင့်ရှိသော အခကြေးငွေနှင့် အခြားခံစားခွင့် အပြည့်အဝမရရှိပါက ထိုအခကြေးငွေနှင့် ခံစားခွင်‌့များအတွက် တရားမကြောင်းအရ တရားစွဲဆိုတောင်းခံခွင့်ကို ထိခိုက်ခြင်းမရှိစေရ။

          အမှတ်စဉ် ၄၇ အပိုဒ် ၁၇ ဝန်ကြီးဌာနသည် ဤဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်းရှိ၊ မရှိနှင့်စပ်လျဉ်း၍ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများကိုလည်းကောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကိုလည်းကောင်း စစ်ဆေးရန်အလို့ငှာ သက်ဆိုင်ရာ ဦးစီးဌာနမှ အရာရှိများအား စစ်ဆေးရေးအရာရှိများအဖြစ် တာဝန် ပေးရမည်။

          အမှတ်စဉ် ၄၈ အပိုဒ် ၁၈ စစ်ဆေးရေးအရာရှိသည် (က) အလုပ်ရှင်က ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ၊မရှိကို သော်လည်းကောင်း၊ အလုပ်သမားများဆိုင်ရာ စာရင်းဇယားနှင်‌့ စာတမ်းအမှတ်အသားများ၊ အခကြေးငွေများကို မှန်ကန်စွာ မှတ်တမ်းပြုစု ထားခြင်း ရှိ၊မရှိကိုသော်လည်းကောင်း၊ အဆိုပါစာရင်းဇယားနှင့် စာတမ်း အမှတ်အသားများကို ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ အစီရင်ခံတင်ပြခြင်းရှိ၊မရှိကိုသော် လည်းကောင်း သက်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းခွင်များ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းခွင်များသို့ ဝင်ရောက်စစ်ဆေးခွင့် ရှိသည်ဆိုသည့်  ယခုတင်ပြခဲ့သည့် အမှတ်စဉ် ၄၆၊ ၄၇၊ အမှတ်စဉ် ၄၈ တို့အား လွှတ်တော်မှ အတည်ပြု ပေးနိုင်ပါရန် လေးစားစွာတင်ပြအပ်ပါတယ်။

          ဥက္ကဋ္ဌ ။။ ဥပဒေကြမ်းကော်မတီက တင်ပြသော အမှတ်စဉ် ၄၆၊ ၄၇၊ ၄၈ အား ပြည်ထောင်စုအစိုးရမှ သဘောတူပါသလား။

          ဦးမြင့်သိန်း(ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန)။              ။ သဘောတူပါတယ်ခင်ဗျား။          ဥက္ကဋ္ဌ ။။ သဘောတူတဲ့အတွက် ဥပဒေကြမ်းကော်မတီက ပြင်ဆင်တင်ပြသော အဆိုများ အတည်ဖြစ်ကြောင်း ကြေညာပါတယ်။

          ဥက္ကဋ္ဌ ။။ အမှတ်စဉ် ၄၉ မှ အမှတ်စဉ် ၅၅ အထိ ဥပဒေကြမ်းကော်မတီမှ တင်ပြဖို့ ဖြစ်ပါတယ်။

          ဦးခင်မောင်ညို(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။               ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ၂၀၁၂ ခုနှစ် အနည်းဆုံးအခ ကြေးငွေဥပဒေကြမ်း မူလအဆိုပြုပြဋ္ဌာန်းချက်ရှိအမှတ်စဉ် ၄၉ မှ ၅၅ အထိ မိမိတို့ဥပဒေကြမ်း ကော်မတီအနေနဲ့ ပြင်ဆင်အဆိုပြု တင်သွင်းသွားမှာဖြစ်ပါတယ်။ မူလအမှတ်စဉ် ၄၉ အမှတ်စဉ် ၁၃ ဦးစီးဌာနသည် ဤဥပဒေအရသတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေပေးဆောင်ရန် ပျက်ကွက် သည့်အလုပ်ရှင်ထံမှလည်းကောင်း၊ အနည်းဆုံး အခကြေးငွေ ပေးဆောင်ရန် ကျန်ရှိသောအလုပ်ရှင်ထံ မှလည်းကောင်း အလုပ်သမားခရရှိသော အခကြေးငွေများကို တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီသို့တင်ပြ၍ ထိုကော်မတီ၏ဆုံးဖြတ်ချက်အရ တောင်းခံပြီးပေးရမည်ဟူသော ပြင်ဆင်ချက်နှင့် အမှတ်စဉ် ၂၁ ဤဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်သူအား ဦးစီးဌာန၏ ညွှန်ကြားချက်နှင့် တာဝန်ပေးအပ်ချက်တို့အရ စစ်ဆေးရေး အရာရှိများသည် တရားစွဲဆို နိုင်သည်ဟူသော ပြင်ဆင်အဆိုပြုချက်နှင့် အမှတ်စဉ် ၂၂ မည်သည့်အလုပ်ရှင်မှ (က) ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေကို အလုပ်သမားအားပေးဆောင်ရန်ပျက်ကွက်ခြင်းမရှိ စေရဟူသော ပြင်ဆင်အဆိုပြုချက်နှင့် အပိုဒ်ခွဲငယ် (ခ) ပုဒ်မ ၁၄ အရ အလုပ်သမားရထိုက်ခွင့်ရှိသော အနည်းဆုံးအခကြေးငွေနှင့် အခြားခံစားခွင့်များထက်လျော့နည်း၍ အလုပ်သမားများအားပေးခြင်း မပြုရဟူသော ပြင်ဆင်ချက်နှင့်  အပိုဒ်ခွဲငယ် (ဃ) စစ်ဆေးရေးအရာရှိကဆင့်ဆိုလျှင် သွားရောက် စစ်ဆေးခံရန် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ပျက်ကွက်ခြင်းမရှိစေရဟူသော ပြင်ဆင်အဆိုပြု ချက်နှင့် အမှတ်စဉ် ၅၄ အပိုဒ်ခွဲ ၂၄ နှင့် မည်သည့်အလုပ်ရှင်မျှ (က) အနည်းဆုံးအခကြေးငွေအမိန့် ကြော်ငြာစာပါ စည်းကမ်းချက်ကို ဖောက်ဖျက်ခြင်း မပြုရဟူသော ပြင်ဆင်အဆိုပြုချက်နှင့် အမှတ်စဉ် ၅၅ မူလအဆိုပြုချက်ဖြစ်သည့် အပိုဒ်ခွဲငယ်(ဂ) အလုပ်သမားများ ဖျားနာ၍အလုပ်မလုပ်နိုင်သည့်အခါ ဖြစ်စေ၊ အလုပ်သမားများ၏မိသားစုဝင် သို့မဟုတ် မိဘနာရေးကိစ္စကြောင့် အလုပ်နားသည်‌့အခါ ဖြစ်စေ၊ အခြားအကြောင်းတစ်ရပ်ရပ်ကြောင့်ဖြစ်စေ၊ သတ်မှတ်ချက်များနဲ့မကိုက်ညီဘဲ အနည်းဆုံးအခ ကြေးငွေမှဖြတ်တောက်ခြင်း သို့မဟုတ် လျှော့ချခြင်းမပြုရဟူသော မူလအဆိုပြုချက်ကို ပယ်ဖျက်သည့် ပြင်ဆင်အဆိုပြုချက်များအပေါ် လွှတ်တော်မှအတည်ပြုပေးနိုင်ပါရန် လေးစားစွာအဆိုတင်သွင်း အပ်ပါတယ်ခင်ဗျား။

          ဥက္ကဋ္ဌ။           ။ ဥပဒေကြမ်းကော်မတီမှတင်သွင်းသော အမှတ်စဉ် ၄၉၊ ၅၀၊ ၅၁၊ ၅၂၊ ၅၃၊ ၅၄၊ ၅၅ တို့အား ပြည်ထောင်စုအစိုးရမှ သဘောတူပါသလား။ 

          ဦးမြင့်သိန်း (ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန)။       ။ သဘောတူပါတယ်ခင်ဗျား။      ဥက္ကဋ္ဌ။           ။ သဘောတူတဲ့အတွက် ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်အဆိုပြုချက်များ အတည်ဖြစ်ကြောင်း ကြေညာပါတယ်။

          ဥက္ကဋ္ဌ။           ။ စာမျက်နှာ ၁၅ အမှတ်စဉ် ၅၆ မှ ၆၁ အထိ ဥပဒေကြမ်းကော်မတီက တင်ပြဖို့ ဖြစ်ပါတယ်။

          ဒေါ်ခင်ဌေးကြွယ်(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။                   ။ မည်သည့်အလုပ်ရှင်မဆို ပုဒ်မ ၂၄ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူ  သည် ၆ လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃၀၀၀၀၀ ထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေချမှတ်ခံရမည်။ အမှတ်စဉ် ၅၇ ပြင်ဆင်ချက်အဆို ၂၆ တရားရုံးသည် ပုဒ်မ ၂၃ သို့မဟုတ် ၂၅ တို့အရ ပြစ်ဒဏ်တစ်ရပ်ရပ်ကိုချမှတ်သည့်အခါ ထိုသို့ချမှတ်သည့်ပြစ်ဒဏ်အပြင် အလုပ်ရှင်က ပေးဆောင်ရန် ပျက်ကွက်သော အခကြေးငွေကို မြေခွန်မကျေကျန်ငွေကဲ့သို့ အရ ကောက်ခံပြီး အလုပ်သမားအားပေးရမည်။ အမှတ်စဉ် ၅၈ ပြင်ဆင်ချက်အဆို ပယ်ဖျက်ထားပါတယ်။ မူလအဆိုမှာ ၂၈(ခ) ပုဒ်မခွဲ(က)အရ ချမှတ်ထားသော ဒဏ်ငွေများကို ပေးဆောင်ရန်ပျက်ကွက်သော အလုပ်ရှင်အပေါ် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေနှင့်အညီ ဒဏ်ငွေများကို အရကောက်ခံပြီး အလုပ်သမားအားပေးရမည်ဟု အဆိုအား ဥပဒေကြမ်းကော်မတီမှ ပယ်ဖျက်ထားပါတယ်။ အမှတ်စဉ် ၅၉ ပြင်ဆင်ချက်အဆိုမှာ ၂၉ (က) နိုင်ငံ့ဝန်ထမ်းမဟုတ်သော အမျိုးသားကော်မတီဝင်များသည် ပြည်ထောင်စု အစိုးရအဖွဲ့ကသတ်မှတ်သည့် ချီးမြှင့်ငွေနှင့် စရိတ်များကိုခံစားခွင့်ရှိသည်။ အမှတ်စဉ် ၆၀ ပြင်ဆင်ချက်အဆိုမှာ အပိုဒ် ၃၀ ဤဥပဒေပါလုပ်ငန်းတာဝန်နှင့်စပ်လျဉ်းသည့် အမျိုးသား ကော်မတီ၏ ကုန်ကျစရိတ်အဝဝကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ရသုံးမှန်းခြေငွေစာရင်းမှ လည်းကောင်း၊ တိုင်းဒေသကြီး ကော်မတီနှင့် ပြည်နယ်ကော်မတီ၏ကုန်ကျစရိတ်အဝဝကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၏ ရသုံးမှန်းခြေငွေစာရင်းမှ လည်းကောင်း ကျခံရမည်ဟုလည်းကောင်း။ အမှတ်စဉ် ၆၁ ပြင်ဆင်ချက်အဆိုမှာ အမှတ်စဉ် ၃၁ ဝန်ကြီးဌာနသည် အမျိုးသားကော်မတီနှင့် တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ် ကော်မတီများ ၏လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ လုပ်ငန်းတာဝန်များကို စီစဉ်ဆောင်ရွက်ပေးရမည်ဟူ၍ အဆိုပါ ပြင်ဆင်ချက်အပိုဒ်များကို လွှတ်တော်မှအတည်ပြုပေးပါရန် လေးစားစွာတင်ပြအပ်ပါတယ်။  

          ဥက္ကဋ္ဌ။           ။ ဥပဒေကြမ်းကော်မတီမှပြင်ဆင်အဆိုပြုသော အမှတ်စဉ် ၅၆၊ ၅၇၊ ၅၈၊ ၅၉၊ ၆၀၊ ၆၁ တို့အား ပြည်ထောင်စုအစိုးရမှ သဘောတူပါသလား။ 

          ဦးမြင့်သိန်း (ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန)။       ။ သဘောတူပါတယ်ခင်ဗျား။      ဥက္ကဋ္ဌ။           ။ သဘောတူတဲ့အတွက် ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်အဆိုပြုချက်များ အတည်ဖြစ်ကြောင်း ကြေညာပါတယ်။ (

          ဥက္ကဋ္ဌ။           ။ စာမျက်နှာ ၁၆ အမှတ်စဉ် ၆၂၊ ၆၃ တို့အား ဥပဒေကြမ်းကော်မတီက တင်ပြဖို့ ဖြစ်ပါတယ်။

          ဦးစိုးစိုး(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။              ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၂ အနည်းဆုံးအခကြေးငွေဥပဒေကြမ်း အပိုဒ် ၃၃ နိုင်ငံ့ဝန်ထမ်းမဟုတ်သော အမျိုးသား ကော်မတီ၏ အဖွဲ့ဝင်များသည် လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မတီများသည် လည်းကောင်း ဤဥပဒေအရလိုအပ်၍ သီးခြားတာဝန်ပေးသည့်ပုဂ္ဂိုလ် သို့မဟုတ် အခြားအဖွဲ့တစ်ခုခု ၏အဖွဲ့ဝင်များသည် လည်းကောင်း ဤဥပဒေအရပေးအပ်သောလုပ်ငန်းတာဝန်များ ကိုထမ်းဆောင် နေချိန်တွင် ပြည်သူ့ဝန်ထမ်း ဖြစ်သည် ဟုမှတ်ယူရမည်ဟု အဆိုပြုပြင်ဆင်ထားပါတယ်။  အမှတ်စဉ် ၆၃ အပိုဒ် ၃၇ အပိုဒ် ၃၅ (က) အနည်းဆုံးအခကြေးငွေ သတ်မှတ်သည့်အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းနှင့် ဖွဲ့စည်းပုံနည်းလမ်းများဟူ၍ ဥပဒေကြမ်း ကော်မတီမှပြင်ဆင်ထားပါတယ်။ ထိုပြင်ဆင်ထားချက်ကို အတည်ပြုပေးနိုင်ပါရန် လေးစားစွာတင်ပြအပ်ပါတယ်။                                      

          ဥက္ကဋ္ဌ။           ။ ပြည်ထောင်စုအစိုးရမှ သဘောတူပါသလား။ 

          ဦးမြင့်သိန်း (ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန)။       ။ သဘောတူပါတယ်ခင်ဗျား။      ဥက္ကဋ္ဌ။           ။ သဘောတူတဲ့အတွက် ဥပဒေကြမ်းကော်မတီရဲ့ အမှတ်စဉ် ၆၂၊ ၆၃ အတည် ဖြစ်ကြောင်း ကြေညာပါတယ်။

          ဥက္ကဋ္ဌ။           ။ အမှတ်စဉ် ၆၄ ဒေါက်တာ စိုင်းကျော်အုန်းဆွေးနွေးဖို့ဖြစ်ပါတယ်။

          ဒေါက်တာ စိုင်းကျော်အုန်း(နမ့်ခမ်းမဲဆန္ဒနယ်)။         ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ အနည်းဆုံးအခကြေးငွေဥပဒေကြမ်း အမှတ်စဉ် ၆၄ အပိုဒ် ၃၆ (က) ကျွန်တော့်ရဲ့ ပြင်ဆင်အဆိုပြုချက်မှာ ဝန်ကြီးဌာနသည်လိုအပ်သောနည်းဥပဒေ၊ စည်းမျဉ်းနှင်‌့ စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏အတည်ပြုချက်ဖြင့် ထုတ်ပြန်နိုင်သည်။ ပြင်ဆင်ရတဲ့အကြောင်းကတော့ စည်းမျဉ်းနှင့် စည်းကမ်းဆိုတဲ့ စကားရပ်နှစ်ခုကြားမှာ နှင့်ဆိုတဲ့စကားလုံးနဲ့ဖြည်‌့စွက်ထားခြင်းဖြစ်ပါ တယ်။ အတည်ပြုပြီးခဲ့တဲ့ ဥပဒေကြမ်းများရဲ့ ရေးထုံးများနဲ့ညီညွတ်မှုရှိစေရန် ပြင်ဆင်ထားခြင်း ဖြစ်ပါတယ်။ အတည်ပြုပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါတယ်။

          ဥက္ကဋ္ဌ။           ။ ဥပဒေကြမ်းကော်မတီ သဘောတူပါသလား။

           ဦးသောင်း(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။         ။  လေးစားအပ်တဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့  ဥပဒေကြမ်းကော်မတီကလည်း ပြင်ဆင်ထားပါတယ်။ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းဆိုပြီးတော့မှ ကျွန်တော်တို့က တိုက်ရိုက် ၃ ခုလုံး ဆက်တိုက်ပြင်ဆင်ထားပါတယ်။ ဒေါက်တာ စိုင်းကျော်အုန်းက ကျွန်တော်တို့ စည်းမျဉ်းနှင့် စည်းကမ်းကြားမှာ နှင့်ဆိုတဲ့ ပြင်ဆင်ထားတဲ့ အတွက် ပိုမိုပြည်‌့စုံတဲ့အတွက် ဥပဒေကြမ်း ကော်မတီအနေနဲ့ သဘောတူပါတယ်။ 

          ဥက္ကဋ္ဌ။           ။ ပြည်ထောင်စုအစိုးရမှ သဘောတူပါသလား။ 

          ဦးမြင့်သိန်း (ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန)။       ။ သဘောတူပါတယ်ခင်ဗျား။      ဥက္ကဋ္ဌ။           ။ ဒါကြောင့် ဒေါက်တာ စိုင်းကျော်အုန်းရဲ့ ပြင်ဆင်အဆိုပြုချက် အတည် ဖြစ်ကြောင်း ကြေညာပါတယ်။

          ဥက္ကဋ္ဌ။           ။ အမှတ်စဉ် ၆၅ ဥပဒေကြမ်းကော်မတီမှ ဆွေးနွေးဖို့ဖြစ်ပါတယ်။

          ဦးသောင်း(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။          ။  လေးစားအပ်တဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ အမှတ်စဉ် ၆၅ အခန်း(၁၀) အပိုဒ် ၃၉ မှာ မူလပြဋ္ဌာန်းချက်ကို ဥပဒေကြမ်းကော်မတီကနေပြီးတော့ အောက်ပါ အက်ဥပဒေများကို ဤဥပဒေဖြင့်ရုပ်သိမ်းလိုက်သည်ဆိုပြီးတော့ (က) နှင့် (ခ) ခွဲထားပါ တယ်။ ၁၉၄၉ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေအား နားလည်အောင် အဲ့ဒီဟာကို ၁၉၄၉ ခုနှစ် အက်ဥပဒေအမှတ် ၆၆ ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ ထို့အတူပဲ (ခ) မှာလည်းပဲ ၄၄/၄၈ လို့ ပြဋ္ဌာန်းထားတဲ့နေရာမှာ အားလုံးသိရှိသဘောပေါက်နားလည်စေရန် လယ်ယာအလုပ်သမား အနည်းဆုံးအခကြေးငွေ (  )နှင့် ၁၉၄၉ ခုနှစ် အက်ဥပဒေအမှတ် ၄ ဆိုပြီးတော့မှ သာမန်ပုဂ္ဂိုလ်များ ဖတ်ရှုသိရှိသဘောပေါက်စေရန် ပြင်ဆင်ရခြင်းဖြစ်ပါတယ်။ ပြင်ဆင်သည်‌့အတိုင်း အတည်ပြုပေးပါရန် လေးစားစွာဖြင့်တင်ပြအပ်ပါတယ်ခင်ဗျား။                                    

          ဥက္ကဋ္ဌ။           ။ ပြည်ထောင်စုအစိုးရမှ သဘောတူပါသလား။ 

          ဦးမြင့်သိန်း (ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန)။       ။ သဘောတူပါတယ်ခင်ဗျား။      ဥက္ကဋ္ဌ။           ။ သဘောတူတဲ့အတွက် ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်အဆိုပြုချက် အတည် ဖြစ်ကြောင်း ကြေညာပါတယ်။

          ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ လွှတ်တော်မှာ အလုပ်သမားဝန်ကြီး ဌာနကတင်သွင်းတဲ့ ၂၀၁၂ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချက်အဆိုတင်သွင်းခြင်း၊ ဆွေးနွေးဆုံးဖြတ်ခြင်းများပြုလုပ်ခဲ့ ပြီးဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ လွှတ်တော်ရဲ့ပြင်ဆင်အတည်ပြုချက်များကြောင့် ပြောင်းလဲသွား တဲ့အပိုဒ်၊ အပိုဒ်ခွဲနှင့် အမှတ်စဉ်များကိုလည်း တစ်ပါတည်းအတည်ပြုချက်ရယူမှာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၂ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားတဲ့အပိုဒ်၊ အပိုဒ်ခွဲအတိုင်းအတည်ပြုရန် လွှတ်တော်က သဘောတူပါသလားခင်ဗျား။

[ သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။ ]

ဥက္ကဋ္ဌ။           ။ သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ သဘောမတူသူ မရှိတဲ့အတွက် အလုပ်သမားဝန်ကြီးဌာနကတင်သွင်းတဲ့ ၂၀၁၂ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေကြမ်းတစ်ရပ်လုံး ကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်းအတည်ပြုကြောင်းကြေညာပါတယ်။