Skip to main content

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအ‌ဝေး စတုတ္ထနေ့မှတ်တမ်း(၂၃-၁၀-၂၀၁၂)

ကြယ်ပွင့်ပြထားသည့် မေးခွန်းများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များကဖြေကြားခြင်း  

           

စီမံကိန်းဖြစ်သော မိုးပွင့်အဆင့်မဟုတ်ဘဲ ရုံးတွင် လာရောက်သူ တိုင်းရင်းသား ပြည်သူများကို သတ်မှတ်နှုန်းထားများနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

          ဦးကျော်နီနိုင်(လောက်ကိုင်မဲဆန္ဒနယ်)။        ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများခင်ဗျား။ ကျွန်တော် ကတော့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မဲဆန္ဒနယ်မှ ဦးကျော်နီနိုင် ဖြစ်ပါတယ်။  ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ နေ့စဉ်ထုတ်သတင်းစာများတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနသည် မိုးပွင့် အဆင့်များကို ကွင်းဆင်းဆောင်ရွက်ပေးနေတာကို နေ့စဉ် နေ့တိုင်း မြင်တွေ့နေရပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် လူ့ဘဝ တစ်သက်တာအတွက် ကျွန်တော် အမြဲတမ်းပြောနေတဲ့ အခြေခံအကျဆုံးနှင့် ဦးဆောင်မှု အပေးနိုင်ဆုံး သော ဌာနဖြစ်သည်နှင့်အညီ ပြည်သူများကို စိတ်အနှောင့်အယှက်မဖြစ်စေဘဲ (၁) မိုးပွင့်စီမံကိန်း မဟုတ်ဘဲနှင့် ရုံးတွင်လာရောက်သူ တိုင်းရင်းသားပြည်သူများကို သတ်မှတ်နှုန်းထားများနှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက်ပေးနိုင်ပါသလား။ (၂) နိုင်ငံသားစိစစ်ရေးကတ်ပြား များ လျှောက်လွှာများကို လျှောက်ထားပါက ရက်ပေါင်းမည်မျှကြာမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကို ထုတ်ပေးနိုင်ပါသနည်း။ (၃) လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနသည် မိုးပွင့်စီမံချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)နှင့်အညီ တိုင်းရင်းသား လူမျိုးပေါင်း ၁၀၀ ကျော်ကို မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာတည်ရာ မည်သည့်နေရာဒေသမဆို ကွင်းဆင်း၍ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုပါတယ်ခင်ဗျား။

ဦးကျော်ကျော်ဝင်း(ဒုတိယဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)။           ။လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တော်ကြီးများ၊ ဧည့်သည်တော်ကြီးများ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ ကြောင်း ဆုတောင်းနှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျား။ ရှမ်းပြည်နယ်၊ လောက်ကိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်ရဲ့ မေးခွန်းနှင့်ပတ်သက်၍ ကျွန်တော် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက လေးစားစွာ ဖြေကြားသွား မှာ ဖြစ်ပါတယ်ခင်ဗျား။ ခွင့်ပြုပါရန်လည်း ဥက္ကဋ္ဌကြီးထံ ပန်ကြားအပ်ပါတယ်ခင်ဗျား။ လွှတ်တော် ကိုယ်စားလှယ်ကြီး၏ ပထမမေးမြန်းချက်ဖြစ်သည့် စီမံကိန်းဖြစ်သော မိုးပွင့်အဆင့်မဟုတ်ဘဲ ရုံးတွင် လာရောက်သူ တိုင်းရင်းသားပြည်သူများကို သတ်မှတ်နှုန်းထားများနှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက် ပေးနိုင်ပါသလား ဆိုသည့်မေးခွန်းနှင့်ပတ်သက်၍ ဖြေကြားရလျှင် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရန် အသက် ၁၀ နှစ်ပြည့်၊ အသက် ၁၈ နှစ်ပြည့် လျှောက်ထားခြင်း အတွက် ၆ ကျပ်၊ အသက် ၁၀ နှစ်ပြည့်မှ အသက် ၁၈ နှစ်ပြည့် လဲလှယ်လျှောက်ထားခြင်းအတွက် ၃ ကျပ်၊ ပျက်စီး/ပျောက်ဆုံး မိတ္တူလျှောက်ထားခြင်းအတွက် ၁၀ ကျပ် နိုင်ငံတော်သို့ ပေးသွင်းရန် သတ်မှတ်ထားရှိပါတယ်။ အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားခြင်း အတွက် သတ်မှတ် အခကြေးငွေများသည် မိုးပွင့်စီမံချက်များဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင်လည်းကောင်း၊ ရုံးတွင် လာရောက်ဆောင်ရွက်ရာတွင်လည်းကောင်း တစ်ပြေးညီကောက်ခံရန် ၁၉၈၃ ခုနှစ် မြန်မာနိုင်ငံသား ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ  သတ်မှတ်ထားရှိသည့် နှုန်းထားများ ဖြစ်ပါတယ်။ နိုင်ငံသား စိစစ်ရေးကတ် လျှောက်ထား လိုသူများအတွက် ကြိုတင်ယူဆောင်လာရန် လိုအပ်သော အထောက် အထားစာရွက်စာတမ်းများနှင့် သတ်မှတ် နှုန်းထားများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနရုံးများတွင် ကြေညာထားရှိပြီး ဖြစ်သကဲ့သို့ အများပြည်သူများ သိရှိစေရန် အတွက် လက်ကမ်းကြော်ငြာများ ဖြန့်ဝေခြင်း၊ ရပ်ကွက်/ ကျေးရွာအုပ်စု အထွေထွေ အုပ်ချုပ်ရေးမှူးရုံး များတွင် ကြော်ငြာထားခြင်းတို့အပြင် မြန်မာ့အသံရုပ်သံလွှင့်ဌာန၊ မြဝတီ ရုပ်သံလွှင့်ဌာနတို့မှလည်း တွေ့ဆုံ မေးမြန်းခန်းများ အကြိမ်ကြိမ် ထုတ်လွှင့်ပြသခဲ့ပြီးလည်း ဖြစ်ပါတယ်။  သတ်မှတ်နှုန်းထား ထက်ပိုမို ကောက်ခံပါကလည်း အထောက်အထားခိုင်လုံစွာဖြင့် တိုင်ကြားလျှင် ထိရောက်စွာ အရေးယူ လျက်ရှိပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မိမိဝန်ကြီးဌာန၏  မိုးပွင့်စီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စေတနာကို နားလည်ကြသော ပြည်သူများမှလည်း နိုင်ငံတော်သို့ ပေးသွင်းရမည့်ငွေဖြစ်သည့် ၃ ကျပ်၊ ၆ ကျပ်၊ ၁၀ ကျပ်စသည့် ကျသင့်ငွေများကို တတ်နိုင်သ၍ ဝင်ရောက်လှူဒါန်းပေးမှုများ ရှိနေပါတယ်။ ၎င်းအပြင် မြို့နယ်အများအပြား၌ ယခုလွှတ်တော်အတွင်းရှိလွှတ်တော်ကိုယ်စားလှယ်ကြီးများ ကိုယ်တိုင်လိုက်ပါ အားပေးကြည့်ရှုမှုများ၊ လှူဒါန်းမှုများ၊ ပံ့ပိုးကူညီမှုများရှိနေသည်ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ထိုမျှမက သေးပဲ ယခုအခါ ကရင်ပြည်နယ်ဘက်တွင် INGO အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ NRC (Norwaygain Refugee Council) ပံ့ပိုးကူညီမှုဖြင့် ဓာတ်ပုံရိုက်ခြင်း၊ သွေးစစ်ခြင်း၊ အထောက်အထား မှတ်တမ်းများ မိတ္တူကူးခြင်း၊ နောက်ဆုံးကတ်ပြားအား ပလပ်စတစ်လောင်းပြီးသည့်အထိ လိုအပ်သော လူလုပ်အား၊ စက်ကိရိယာ အကူအညီများဖြင့် One Stop Service ဆောင်ရွက်ပေးနေပါတယ်။ ၎င်းဆောင်ရွက် ပေးမှုမှာ ၂၅၈၉၂ ဦးအား ဆောင်ရွက်ပေးပြီး ဖြစ်ပါတယ်။ ၎င်းအပြင် အခြားနိုင်ငံတကာ အဖွဲ့အစည်း များမှလည်း အလားတူ အခြားပြည်နယ်/တိုင်းဒေသကြီး ၆ ခု၌ ကူညီပံ့ပိုးပေးရန် ကမ်းလှမ်းထားရှိပြီး ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါတယ်။ မိမိဝန်ကြီးဌာနမှ ပြုလုပ်ပေးနေသော မိုးပွင့်စီမံချက်ကို ပြည်သူ အများအပြားမှ ထောက်ခံနေကြပြီး မိမိမြို့နယ်ရုံးများတွင် လာရောက်ဆောင်ရွက်ရာ၌လည်း သတ်မှတ် နှုန်းထားထက် ပိုမိုကောက်ယူနေသည်ဟု မကြားသိရပါ။ သို့ဖြစ်၍ ကွင်းဆင်းရာတွင်လည်းကောင်း၊ ရုံးတွင်လာရောက် လုပ်ရာတွင်လည်းကောင်း သတ်မှတ်နှုန်းထားမှာ တစ်ပြေးညီပင် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်ခင်ဗျား။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒုတိယမေးခွန်းဖြစ်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်လွှာ လျှောက်ထားပါက ရက်ပေါင်း မည်မျှကြာမှ နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ထုတ်ပေးနိုင်မည်နည်းဆိုသည့် မေးခွန်းနှင့်ပတ်သက် ၍ ဖြေကြားရလျှင် တိုင်းရင်းသားစစ်စစ်များသည် လိုအပ်သော အထောက်အထားပြည့်စုံစွာဖြင့် လျှောက်ထားခြင်းဖြစ်ပြီး ကာယကံရှင်မှ ကိုယ်ရေးအချက်အလက်များ ရေးသွင်းခြင်း၊ လက်ဗွေနှိပ်ခြင်း၊ လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ပြီး၍ သက်ဆိုင်ရာ တိုက်နယ်မှူးမှ အမှုတွဲကို စနစ်တကျ တည်ဆောက်ပြီးသည့်အခါ မြို့နယ်ဦးစီးဌာနမှူးအနေဖြင့် လုံလောက်သည့်အချိန်ရရှိပါလျှင် နေ့ချင်း ပြီး ဆောင်ရွက်ရရှိနိုင်သကဲ့သို့ မိဘဘိုးဘွားများ၏ အထောက်အထားများ စုစည်းစိစစ်ရမှုအပေါ် မူတည်လျက် အများဆုံး ၂၈ ရက်အတွင်း အပြီးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရုံးတွင် ကြော်ငြာကပ် ကာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ သို့သော်လည်း နယ်စပ်ဒေသတွင် နေထိုင်သော တစ်ဖက်နိုင်ငံရှိ လူမျိုးများနှင့် မျိုးနွယ်တူ ရောနှောနိုင်သည့်သူများ၊ နိုင်ငံခြားသွေးနှောများအတွက်မူ ဥပဒေနှင့် ညီစေရန် လိုအပ်သော အထောက်အထားများ ပြည့်စုံစွာပြုစုရသဖြင့် အချက်အလက် အထောက် အထား ပြည့်စုံမှုပေါ်မူတည်၍ ကြာသင့်သလောက် ကြာနိုင်ပါတယ်။ တစ်ဖက်နိုင်ငံရှိ လူမျိုးများနှင့် မျိုးနွယ်တူများ ရောနှောပါဝင်လာနိုင်သဖြင့် မိမိနိုင်ငံဘက်ရှိ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့အစည်း များမှ မိမိနိုင်ငံဘက်မှ တိုင်းရင်းသားမှန်ကန်ကြောင်း ထောက်ခံချက်ပေးရန် အထောက်အထား တစ်ခု ခုဖြင့် ပြုစုဆောင်ရွက်ခဲ့သော်လည်း မှုခင်းရှိ၍ တစ်ဖက်နိုင်ငံမှ ၎င်းတို့နိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားသူပါဟု ပြောဆိုလာမှသာလျှင် သိရှိလာရသဖြင့် ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ရသည့် သာဓကများလည်း များစွာ ရှိပါတယ်။ မိမိတို့ ယခုပေးသော သာဓကများသည် မည်သည့်နယ်မြေတွင် ဖြစ်ပွားခဲ့သည်ကို ကိုယ်စားလှယ်တော်ကြီး သိရှိပြီးဖြစ်မည်ဟု ထင်ပါတယ်။ သို့ဖြစ်၍ တစ်ဖက်နိုင်ငံမှ နိုင်ငံသားလား၊ မိမိနိုင်ငံတွင် ဘိုးဘွားစဉ်ဆက်နေထိုင်သော တိုင်းရင်းသား မှန်ကန်ရဲ့လား စိစစ်ရန် လိုအပ်သဖြင့် ယခုကဲ့သို့ အချိန်ကြာသင့်သလောက် ကြာရခြင်းဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ် ခင်ဗျား။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ တတိယ မေးခွန်းဖြစ်တဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနသည် မိုးပွင့်အဆင့်များ ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈)နှင့်အညီ ၁၃၅ မျိုးသော တိုင်းရင်းသားလူမျိုးများကို မြန်မာနိုင်ငံ ၏ အချုပ်အခြာအာဏာ တည်ရာ မည်သည်‌့နေရာဒေသမဆို ကွင်းဆင်း၍ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးခွန်းနှင့်ပတ်သက်၍ ဖြေကြားရလျှင် နိုင်ငံသားဖြစ်ခြင်း သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်သော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပထမ ဦးစွာ ပြောကြားလိုပါတယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရာ၌ လိုအပ်သော ဘိုးဘွားမိဘများ၏ နိုင်ငံသားဖြစ်မှုအခြေအနေကို မိမိရုံးလက်ခံမှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ဥပဒေနှင့် အညီရသင့်သော ကတ်ပြားတစ်မျိုးမျိုးကို ထုတ်ပေးရသည်ဖြစ်၍ မိမိဌာနဝန်ထမ်းများအနေဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရန် တာဝန်မရှိပါ။ ပြည်သူများအနေဖြင့်သာ မှတ်ပုံတင် လျှောက်ထားခြင်းနှင့် ပတ်သက်၍ မြို့နယ်ရုံးများသို့ ကိုယ်တိုင်လာရောက်ဆောင်ရွက်ရန် တာဝန်ရှိပါတယ်။ သို့ပါသော် လည်း မိမိတို့ဝန်ကြီးဌာနသည် လက်ရှိအစိုးရသစ် တာဝန်ယူချိန်မှစ၍ တိုင်းရင်းသားပြည်သူများ၏ တောင်းဆိုချက်အရ မိမိနိုင်ငံသားများအပေါ် စေတနာထားရှိပြီး ယခုကဲ့သို့ ကွင်းဆင်းဆောင်ရွက် ပေးခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် နိုင်ငံတစ်ဝန်းလုံး ဖြေလျော့ရေးနည်းလမ်းဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းထုတ်ပေးခြင်း၊ ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုးထုတ်ပေးရေး၊ မိုးပွင့်စီမံချက်များဖြင့် ဥပဒေနှင့် အညီ အဆင့်ဆင့် ဆောင်ရွက်ပေးလျက်ရှိရာ မိုးပွင့်စီမံချက် အဆင့်(၁) ကို ၁-၇-၂၀၁၁ မှ ၃၁-၁၀-၂၀၁၁ ရက်နေ့အထိ ၄ လတာ ကာလသတ်မှတ်၍ လည်းကောင်း၊ မိုးပွင့် စီမံချက်အဆင့်(၂)ကို ၁-၂-၂၀၁၂ မှ ၃၁-၃-၂၀၁၂ ရက်နေ့ထိ ၂ လတာ ကာလသတ်မှတ်၍ လည်းကောင်း၊ စီမံချက်အဆင့်(၃)ကို ၁-၆-၂၀၁၂ မှ ၃၁-၇-၂၀၁၂ ရက်နေ့ထိ ၂ လတာ ကာလသတ်မှတ်၍ လည်းကောင်း ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါတယ်။ ဆက်လက်၍ စီမံချက်အဆင့်(၄)ကို ၁-၁၀-၂၀၁၂ မှ ၃၁-၁၂-၂၀၁၂ ရက်နေ့ထိ ၃ လတာ ကာလသတ်မှတ်‌ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မိမိဌာနအနေဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းအား ပြည်သူများအချိန်ကုန် သက်သာစေရန်၊ သွားလာ စားသောက်စရိတ်သက်သာစေရန် ဟူသော စေတနာဖြင့် ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ်။ ကွင်းဆင်းနေသော အစီအစဉ်တွင် လုံခြုံမှုရှိသော ဒေသဖြစ်ပါက သက်ဆိုင်ရာ ကျေးရွာသူ ကျေးရွာ သားများ၏ ဆန္ဒဖြင့် ဝန်ထမ်းများအား ကြို/ပို့ စီစဉ်ပေးခြင်း၊ တည်းခိုစားသောက်ရေးကိစ္စများ စီစဉ် ပေးမည်ဟူသော အချက်များဖြင့် ဖိတ်ခေါ်လျှင် စီမံချက်ကာလအတွင်းသာမက စီမံချက်ပြင်ပတွင်လည်း မည်သည့်ဒေသတွင်မဆို ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း လေးစားစွာဖြင့် ပြန်လည်ဖြေကြားအပ်ပါတယ်ခင်ဗျား။

 

ရပ်ဆိုင်းထားသော တပ်ကြီးရေအားလျှပ်စစ်စက်ရုံကိုပြုပြင်ထုတ်လုပ်နိုင်မည့် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည်‌့ မေးခွန်း

          ဦးခင်မောင်မြင့်(ရပ်စောက်မဲဆန္ဒနယ်)။         ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ အားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့  နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါ တယ်။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရပ်စောက်မြို့နယ် တပ်ကြီးရေအား လျှပ်စစ်စက်ရုံနှင့်စပ်လျဉ်းသည့် ကိစ္စများဆိုင်ရာ မေးခွန်းများကို မေးမြန်းတင်ပြသွားမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ရပ်စောက်မြို့နှင့် ဗထူးတပ်မြို့တို့သည် ၁၉၈၇ ခုနှစ်မှစ၍ ဇော်ဂျီမြစ်ချောင်းပေါ်တွင်တည်ဆောက်ခဲ့သော တပ်ကြီးရေအားလျှပ်စစ် စက်ရုံမှစတင်၍ ၁.၂ မဂ္ဂါဝပ်ရယူသုံးစွဲခဲ့ပါတယ်။ ရပ်စောက်မြို့နှင့် ဗထူးတပ်မြို့ရှိ လျှပ်စစ်မီးသုံးစွဲသူများတိုးတက် များပြားလာခြင်းကြောင့် ၁၉၉၄ ခုနှစ်တွင် ရပ်စောက်မြို့သို့ဓာတ်အားပေးထားသော တပ်ကြီးစက်ရုံ ဓာတ်အားအပြင် ဇော်ဂျီ(၁)ရေအားလျှပ်စစ်စက်ရုံမှ ၁၁ ကေဗွီလိုင်း ၁၂ မိုင်ထပ်မံသွယ်တန်း၍ ဓာတ်အားထပ်မံဖြည်‌့တင်းပြီး ပိုမိုဖြန့်ဖြူးပေးခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်မှစတင်၍ ဓာတ်အားပေးခဲ့သော တပ်ကြီးရေအားလျှပ်စစ်စက်ရုံသည် စက်တပ်ဆင်သုံးစွဲသည်‌့နှစ်များကြာမြင့်လာသည်နှင့်အမျှစက်၏ အစိတ်အပိုင်းများပျက်စီးလာပြီး စက်အပိုပစ္စည်းများ အခက်အခဲကြောင့် ၂၀၀၉ ခုနှစ်နောက်ပိုင်း တွင် ဓာတ်အားထုတ်လုပ်နိုင်ခြင်းမရှိတော့ဘဲ ရပ်ဆိုင်းခဲ့ရပြီး တီကျစ်စက်ရုံမှ ၁၁ ကေဗွီလိုင်းတစ်ခု တည်းဖြင့်သာ ရပ်စောက်မြို့နှင့် ဗထူးတပ်မြို့သို့ ဓာတ်အားပေးနိုင်ခဲ့ပါတယ်။ အကယ်၍ တပ်ကြီး ရေအားလျှပ်စစ်စက်ရုံကို သက်ဆိုင်ရာဝန်ကြီးဌာနမှပြုပြင်၍ လျှပ်စစ်ဓာတ်အား ပြန်လည် ထုတ်လုပ် နိုင်မည်ဆိုပါက နီးစပ်ရာကျေးရွာအုပ်စုရှိ ကျေးရွာများမီးလင်းရေးနှင့် အခြားလိုအပ်သည့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို အကျိုးရှိစွာအသုံးချနိုင်မှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ တပ်ကြီးရေအားလျှပ်စစ် စက်ရုံနှင့် ပတ်သက်၍ ကျွန်တော်မေးမြန်းလိုသည်မှာ (၁) ရပ်ဆိုင်းထားသောတပ်ကြီးရေအားလျှပ်စစ် စက်ရုံကို နိုင်ငံတော်အစိုးရ သက်ဆိုင်ရာလျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြုပြင်ထုတ်လုပ်နိုင်မည့် အစီအစဉ်ရှိ၊ မရှိ။ (၂) ပုဂ္ဂလိကလုပ်ငန်းရှင်များကိုဖိတ်ခေါ်၍ ငှားရမ်းရောင်းချဆောင်ရွက်နိုင်ရန် အစီအစဉ်ရှိ၊ မရှိနှင့် ဝန်ကြီးဌာနမှမည့်သို့ဆက်လက်ဆောင်ရွက်မည်ကိုသိရှိလိုပါသောကြောင့် မြို့ရပ်မိရပ်ဖနှင့် ပြည်သူလူထုကိုယ်စား လေးစားစွာဖြင့်တင်ပြမေးမြန်းအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။ (သြဘာသံများ)

          ဥက္ကဋ္ဌ။           ။ သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ဖြေကြားဖို့ ဖြစ်ပါတယ်။

          ဦးအောင်သန်းဦး(ဒုတိယဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)။      ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် တက်ရောက်လာကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အားလုံး မင်္ဂလာ အပေါင်းနှင့် ပြည့်စုံကြပါစေရန် ဆုမွန်ကောင်းတောင်းရင်းနှုတ်ခွန်းဆက်သအပ်ပါ တယ်ခင်ဗျား။ ကျွန်တော်ကတော့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး ဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော့်အနေနဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၏ မေးခွန်းနှင့်ပတ်သက်ပြီး ပြန်လည် ဖြေကြားသွား မှာဖြစ်ပါတယ်။ တပ်ကြီးရေအားလျှပ်စစ်စက်ရုံသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၏ မြောက်ဘက် ၇ မိုင်ခန့်အကွာမှာတည်ရှိပါတယ်။ စက်ရုံကို ၁-၇-၁၉၈၇ ရက်နေ့မှစတင်၍ ဖင်လန် နိုင်ငံလုပ် ၁၂၀၀ ကီလိုဝပ်စက် ၂ လုံးဖြင့်လည်ပတ်ပြီး ၁၁ ကေဗွီဓာတ်အားလိုင်းဖြင့် ရပ်စောက်မြို့ကို ဓာတ်အားဖြန့်ဖြူးပေးပါတယ်။ ၉-၁၀-၂၀၀၆ ရက်နေ့မှာတော့ တပ်ကြီးဓာတ်အားပေးစက်ရုံဟာ ရေမြုပ်သွားတဲ့အတွက် စက်အမှတ် (၁)နှင့် (၂) စက်နှစ်လုံးစလုံးမှာ ချို့ယွင်းသွားခဲ့ပါတယ်။ ကောင်းမွန်တဲ့ပစ္စည်းများကိုစုစည်း၍ စက်အမှတ်(၁) ကိုရပ်တန့်ပြီး စက်အမှတ် (၂) ကို ၁၀-၁-၂၀၀၇ ရက်နေ့မှစပြီး ပြုပြင်ဓာတ်အားပေးခဲ့ပါတယ်။ သို့သော် စက်အမှတ် (၂) မှာ စက်မောင်းနေစဉ် ကာလအတွင်း မကြာခဏချို့ယွင်းမှုများဖြစ်ပေါ်လေ့ရှိပြီး ၁၇-၆-၂၀၁၀ ရက်နေ့မှစ၍ အမှတ်(၂) စက်၏ Generator Main Shaft ပွန်းစားသွားခြင်း၊ Rubber Bearing များချို့ယွင်းသွားခြင်း၊ Stator Coil လောင်ကျွမ်းသွားခြင်း၊  Governor နှင့် Runner များချို့ယွင်းသွားခြင်း၊ Turbine Shaft များနိမ့်ကျသွားခြင်း တို့ကြောင့် စက်ကိုရပ်တန့်ထားခဲ့ပြီး စက်များကိုပြန်လည်ပြုပြင်မည်ဆိုပါက စက်တစ်ခုလုံးကို အကြီးစားပြုပြင်ရမည် ဖြစ်ပြီးတော့ ကုန်ကျစရိတ်များလည်းများပြား၍ ရရှိမည့် အကျိုးအမြတ်နည်းပါးမှာဖြစ်ပါတယ်။ ယခုအခါမှာ ရပ်စောက်မြို့တွင် ဓာတ်အားစနစ်မှ ဓာတ်အား လုံလောက်စွာရရှိဖြန့်ဖြူးပေးနေပြီဖြစ်၍ ရပ်ဆိုင်းထားသော တပ်ကြီးရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြုပြင်ထုတ်လုပ်နိုင်မည့် အစီအစဉ်မရှိပါကြောင်းနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ငှားရမ်းဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်ပါကြောင်း ပြန်လည် ဖြေကြားရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။ (သြဘာသံများ)

 

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ စီမံခန့်ခွဲခွင့်ရှိသည့် အလတ်စားနှင့်အသေးစား လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြုးရေးလုပ်ငန်းနှင့် စပ်လျဉ်းသည့်မေးခွန်း

         

          ဦးဝင်းမြင့်(ပြည်မဲဆန္ဒနယ်)။   ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်က ပဲခူးတိုင်းဒေသကြီး ပြည်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ရခိုင်ပြည်နယ် ဂွမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်သာရဲ့မေးခွန်းကို ကိုယ်စားမေးခွင့်ပြုပါရန် ပန်ကြားအပ်ပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီး ခင်ဗျား။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအ‌ခြေခံဥပဒေဇယား(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း ပုဒ်မ ၄ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောကဏ္ဍ ပုဒ်မခွဲ (က)မှာ ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိတဲ့ အကြီးစားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးမှအပ မဟာဓာတ်အားလိုင်းနဲ့ ဆက်သွယ်ခြင်းမရှိသော တိုင်းဒေသကြီးနဲ့ ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိတဲ့ အလတ်စား၊ အသေးစား လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးပြုလုပ်နိုင်ခွင့်ရှိသည်လို့ ပါရှိ ပါတယ်။ ဒါပေမယ့်အလတ်စားနဲ့ အသေးစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ မည်သည်‌့ပမာဏရှိပြီး ဥပမာ အသေးစားဆိုလျှင် ၅ မဂ္ဂါဝပ်၊ အလတ်စားဆိုလျှင် ၃၀ မဂ္ဂါဝပ် စသည့်တပ်ဆင်အင်အား စက်ရုံကို ခေါ်ဆိုသည်ဆိုသည့် ဖော်ပြချက်မျိုး ရှင်းလင်းပြတ်သားစွာ သိရှိရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည့် အလတ်စားနှင့်အသေးစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းပမာဏများအား နိုင်ငံတော်က မည်ကဲ့သို့သတ်မှတ် ထားသည်ကို သိလိုကြောင်း မေးမြန်းအပ်ပါသည်။

          ဦးအောင်သန်းဦး(ဒုတိယဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)။       ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် တက်ရောက်လာကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်သအပ်ပါ တယ်ခင်ဗျား။ ကျွန်တော်ကတော့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရခိုင်ပြည်နယ်၊ ဂွမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်သာ၏ မေးမြန်းထားတဲ့ မေးခွန်းနှင့်ပတ်သက်၍ ‌ဖြေကြားသွားမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အား စီမံခန့်ခွဲခွင်‌့ရှိသည့် အလတ်စားနှင့် အသေးစားလျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်း၏ ပမာဏကို နိုင်ငံတော်မှ အတိအကျ သတ်မှတ်ထားခြင်း မရှိသေးပါ။ မြန်မာနိုင်ငံ အနေဖြင့် လက်ရှိအ‌ခြေအနေအရ စက်တပ်ဆင်အင်အား ၁၀ မဂ္ဂါဝပ်အောက်ကို အသေးစားဟူ၍ လည်းကောင်း၊ ၁၀ မဂ္ဂါဝပ် မှ ၃၀ မဂ္ဂါဝပ်ကို အလတ်စားနှင့် ၃၀ မဂ္ဂါဝပ်အထက်ကို အကြီးစား လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်းဟူ၍ သတ်မှတ်သင့်ကြောင်းကို ရေးဆွဲနေဆဲဖြစ်သည့် လျှပ်စစ်ဥပဒေ(မူကြမ်း)တွင် ထည့်သွင်းအဆိုပြုသွားမည်ဖြစ်ပါကြောင်း ဖြေကြားရင်း နိဂုံးချုပ်အပ်ပါ တယ်ခင်ဗျား။

ကဝမြို့နယ်အတွင်း မိုးတွင်းကာလစိုက်ပျိုးမြေများရေနစ်မြုပ်မှုအခြေအနေနှင့်စပ်လျဉ်းသည်‌့မေးခွန်း

           

          ဦးဝင်းစိန်(ကဝမဲဆန္ဒနယ်)။    ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ ကျန်းကျန်းမာမာနှင့် ချမ်းချမ်းသာသာရှိပါစေလို့ ဦးစွာ ဆုတောင်း အပ်ပါတယ်။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ ကဝမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းစိန်ဖြစ်ပါတယ်။ ကျွန်တော်တို့ ပဲခူးတိုင်းဒေကြီး၊ ကဝမြို့နယ် သက္ကလ၊ အုန်းနှဲ၊ ပိုင်ကျုံ၊ ဇွဲကိုက်ဒေသအတွင်းမှာ ၂၀၁၂ ခုနှစ် မိုးတွင်းကာလ ဇူလိုင်၊ သြဂုတ်လများတွင် ရေကြီးသဖြင့် စပါးစိုက်ပျိုးမြေဧက ၂၀၀၀၀ ခန့်တစ်လကျော်ကြာ ရေနစ်မြုပ်ခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ဘတ်ဂျက်နှစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူး၊ ကဝ၊ သနပ်ပင်၊ ဝေါမြို့နယ်များတွင် ရေကြီးခြင်းမှ ကာကွယ်ရန်အတွက် ဘတ်ဂျက်ငွေသန်း ၁၀၀၀ နိုင်ငံတော်ကခွင့်ပြုပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ လုပ်ငန်းများဆောင်ရွက်ပေးခဲ့ပါတယ်။ ကဝမြို့နယ်တွင် ယခင်နှစ်များက ရေကြီးခဲ့သည့် လယ်ယာမြေများအနက် လေးပုံသုံးပုံခန့်ရေမကြီးတော့ပါ။ သို့သော် ပြီးခဲ့တဲ့မိုးတွင်း ကာလတွင် သက္ကလ၊ အုန်းနှဲ၊ ပိုင်ကျုံ၊ ဇွဲကိုက်ဒေသသည် ၁ လကျော်ခန့်စပါးစိုက်ပျိုးပြီးသည့် လယ်မြေများ ရေနစ်မြုပ်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ အဲ့ဒီကိစ္စကို ဆက်လက်ပြီးတော့ မြေပြင် တိုင်းတာဆောင်ရွက်ပေးရန်နှင့် ဘယ်လိုဆောင်ရွက်ပေးမယ်ဆိုတာကို ဖြေကြားပေးရန်အတွက် မေးမြန်းရခြင်းဖြစ်ပါတယ်။

           

          ဦးအုန်းသန်း(ဒုတိယဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)။    ။ လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ကဝမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းစိန်ရဲ့ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်အတွင်း မိုးတွင်းကာလစိုက်ပျိုးမြေများ ရေနစ်မြှုပ်မှုအခြေအနေအား မြေပြင်တိုင်းတာပြီး ရေမနစ်မြုပ်အောင် ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ၊ မရှိဟူသောမေးခွန်းကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ပြန်လည်ဖြေကြား တင်ပြသွားမှာ ဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း ပဲခူး၊ ဝေါ၊ သနပ်ပင်၊ ကဝမြို့နယ်များအတွင်း ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန်အတွက် ၂၀၁၂ခုနှစ်တွင် ကိုဒူကွဲ ရေလှောင်တမံစီမံကိန်း၊ ရွှေလောင်းရေလှောင်တမံစီမံကိန်းနှင့် စလူရေလှောင်တမံစီမံကိန်းများ အကောင်အထည်ဖော်တည်ဆောြက်ခင်း၊ ဇောင်းတူ-မိုးယွန်းကြီးရေသွယ်မြောင်း၊ ဇောင်းတူ-စွန်ပိ ရေသွယ်မြောင်း၊ ဇောင်းတူ-ကျိုက်လှရေသွယ်မြောင်း၊ အဗျား-ရှမ်းကိုင်းရေနုတ်မြောင်း၊ မင်းရွာ-ကုက္ကို ရေနုတ်မြောင်း၊ ဆည်မရေနုတ်မြောင်း၊ ဝဲပတန်ရေနုတ်မြောင်း၊ သံဒင်းရေနုတ်မြောင်းစသည့် ရေနုတ်မြောင်းများတူးဖော်ခြင်းနှင့် ပဲခူးမြစ်အတွင်း  သဲသောင်ခုံ ၁၁ ခုကို တူးဖော်ခြင်းအပါအဝင်  လုပ်ငန်း ၁၅ ခုကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်။ သို့ဖြစ်၍ ယခုနှစ် မိုးရာသီမှာ ပဲခူးတိုင်းဒေသကြီး အတွင်း ရေကြီးနစ်မြုပ်မှုများ အထိုက်အလျောက် ကာကွယ်နိုင်ခဲ့ကြောင်းတွေ့ရှိရပါတယ်။ အဆိုပါ လုပ်ငန်း ၁၅ ခုအနက်မှ အုန်းနှဲ-ကန့်ဘဲ ရေနုတ်မြောင်း၊ မောင်းမရေနုတ်မြောင်း၊ ဆည်မ ရေနုတ်မြောင်း၊ ဝဲပတန်ရေနုတ်မြောင်း၊ သံဒင်းရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းစသည်တို့သည် ကဝမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကို အထိုက်အလျောက် ကာကွယ်နိုင်ခဲ့ သဖြင့် ယခုနှစ်မိုးရာသီမှာ ရေကြီးနစ်မြုပ်မှုကို လျော့နည်းစေခဲ့ကြောင်းတွေ့ရှိခဲ့ရပါတယ်။ ကဝမြို့နယ်မှာ ယခင်နှစ် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် မိုးစပါးရေနစ်မြုပ်မှု  ၇၄၈၇၄ ဧကရှိခဲ့ရာမှ ယခုနှစ် ၂၀၁၂-၂၀၁၃ ခုနှစ်မှာ ၂၈၀၇၃ ဧကသာနစ်မြုပ်ခဲ့သဖြင့် ၄၆၈၀၁ ဧက ရေကြီးနစ်မြုပ်မှုမှကာကွယ်နိုင်ခဲ့ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြတဲ့ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်အတွင်း မိုးတွင်းကာလစိုက်ပျိုးမြေများ ရေကြီး နစ်မြုပ်မှုများမှ ကာကွယ်နိုင်ရန် ပဲခူး-စစ်တောင်း တူးမြောင်းတာကို  ဒီဇိုင်းပုံစံကြျပန်လည်ပြုပြင် ခြင်း၊ ဘုန်းမဆို ရေထိန်းတံခါး တည်ဆောက်ခြင်း လုပ်ငန်းတို့ကို  ဆောင်ရွက်ပေးရန်လိုအပ်မည်ဖြစ်၍ အဆိုပါ လုပ်ငန်းများကို ဆောင်ရွက်ရန်၊ မြေပြင်စူးစမ်းလေ့လာတိုင်းတာခြင်း၊ ဇလဗေဒနှင့် ဘူမိဗေဒ ဆိုင်ရာစူးစမ်းလေ့လာမှုများ ကိုဆောင်ရွက်ခြင်း၊  ဒီဇိုင်းပုံစံရေးဆွဲခြင်း၊ ခန့်မှန်းခြေတန်ဖိုး တွက်ချက် ခြင်းတို့ကိုဆောင်ရွက်ပြီးပါက ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ရန်ပုံငွေခွင့်ပြုချက်နှင့် လုပ်ငန်း ဆောင်ရွက်ခွင့်ပြုချက်တင်ပြတောင်းခံပြီး ရန်ပုံငွေ ရရှိမှု အပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်း‌ဖြေကြားတင်ပြအပ်ပါတယ်ခင်ဗျား။ အားလုံး ကျေးဇူးတင်ရှိ ပါတယ်။

ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ အစရှိတဲ့ ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက် အထွက်တိုးမျိုးကောင်းများကို ဖြန်ဖြူးပေးရန် အစီအစဉ်ရှိ/မရှိ

ဦးသန်းစိုး(သာစည်မဲဆန္ဒနယ်)။        ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး သာစည်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဝမ်းတွင်းမဲဆန္ဒနယ်မှ ဦးသန်းမြင့်ကိုယ်စား မေးခွန်းကို မေးလိုကြောင်းတင်ပြလိုပါတယ်။ မေးလိုတဲ့ မေးခွန်းကတော့ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ အစရှိတဲ့ ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက် အထွက်တိုး မျိုးကောင်းများကို အချို့နေရာဒေသများ၌ တောင်သူကြီးများသည် ထိုင်း၊ တရုတ်၊ ထိုင်ဝမ်နိုင်ငံတို့မှလာသည်‌့ အထွက်တိုးမျိုးများကို ဈေးကြီးပေး ဝယ်ယူစိုက်ပျိုးနေရကြောင်းသိရှိရပါတယ်။ အဆိုပါ အထွက်တိုးလိုအပ်ချက်များကို တိုင်းနှင့် ပြည်နယ်ဒေသများရှိ မြို့နယ်များမှာ တောင်သူဦးကြီးများအဆင်ပြေစေရန် စိုက်ပျိုးစေရန် အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ရောင်းချရေးစခန်းများ၊ စိုက်ပျိုးရေးနည်းပညာပေး စခန်းများ၊ သီးနှံအထွက်တိုးမျိုးများပြုလုပ်သည်‌့ သုတေသနလုပ်ငန်းများ နှင့် ထွက်ရှိသည်‌့ သီးနှံများကို ပြန်လည်ရောင်းချရေးနှင့် စီစဉ်ပေးရေးများကို ဆောင်ရွက်ပေးရန်ရှိ၊ မရှိ သိလိုပါ၍ပေးမြန်ရခြင်းဖြစ်ပါတယ်ခင်ဗျား။

          ဦးအုန်းသန်း(ဒုတိယဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)။    ။လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံပါစေကြောင်း ဦးစွာနှုတ်ခွန်းဆက် မေတ္တာပို့သ အပ်ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမြင့်၏ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါအစရှိသည့် ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်အထွက်တိုးမျိုး လိုအပ်ချက်များကို တိုင်းနှင့် ပြည်နယ်ဒေသကြီးများရှိ ပြည်နယ်များ၌ တောင်သူကြီးများအဆင်ပြေ စိုက်ပျိုးနိုင်စေရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ရောင်းချရေးစခန်းများ၊ စိုက်ပျိုးနည်းပညာပေးခြင်းများနှင့် သီးနှံအထွက်တိုးမျိုးထုတ်လုပ်သည့် သုတေသန လုပ်ငန်းများနှင့် ထွက်ရှိသည့်သီးနှံများကို ပြန်လည်ရောင်းချနိုင်ရေးအတွက် စီစဉ်ပေးခြင်းများကို ဆောင်ရွက်ပေးရန် ရှိ/မရှိသိရှိလိုပါကြောင်းမေးခွန်းနှင့်ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ရှင်းလင်းဖြေကြားမှာဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် လယ်ယာ ကုန်ထုန်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် (က) မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ် ရေးတာဝန် (Seed Production)၊ (ခ) တောင်သူလယ်သမားများအား သိပ္ပံနည်းကျ ခေတ်မီစိုက်ပျိုး နည်းစနစ်များ လက်တွေ့ကျင့်သုံးစိုက်ပျိုးဆောင်ရွက်နိုင်စေရန် လေ့ကျင့်ပညာပေးရေးတာဝန် (Training and Education)၊ (ဂ) အဆင့်မီမျိုးကောင်းမျိုးသန့်မျိုးစေ့များအား စဉ်ဆက်မပြတ် ရှာဖွေထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်နှင့် သိပ္ပံနည်းကျ ခေတ်မီ စိုက်နည်းစနစ်များကို သီးနှံအမယ်၊ အမျိုး အစားအလိုက် ရှာဖွေဖော်ထုတ်ပေးနိုင်ရေး (Research and Development) တာဝန်တို့ဖြင်‌့ နိုင်ငံတော်တစ်ဝန်း ဖြန့်ကျက်ဆောင်ရွက်ပေးလျက်ရှိပါသည်။ အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်း၊ သီးနှံမျိုးများကို တောင်သူလယ်သမားများ အလွယ်တကူ ရရှိစိုက်ပျိုးနိုင်ရေးကို ဆောင်ရွက် ပေးလျှက်ရှိရာ အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းသီးနှံမျိုးများအနေဖြင့် စပါးသီးနှံတွင် အထူးအထွက်တိုးပုလဲသွယ်စပ်မျိုးစပါးများကို နေပြည်တော်တိုင်းဒေသကြီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင်ပါ မျိုးစေ့ထုတ်စိုက်ပျိုးခြင်းလုပ်ငန်းများဆောင်ရွက်ပြီး မျိုးဖြန့်ဖြူးပေးခြင်းကို ၂၀၁၁-၂၀၁၂ ခုနှစ် မိုးစပါးရာသီမှပင်စတင်ဆောင်ရွက်ပေးပြီး မျိုးဖြန့်ပေးခြင်းကို ၂၀၁၁-၂၀၁၂ ခုနှစ် မိုးစပါးရာသီမှပင် စတင်ဆောင်ရွက်ပေးလျှက်ရှိပါသည်။ လက်တွေ့ တောင်သူများစိုက်ပျိုးရာ တွင် တစ်ဧကတင်း ၁၅၀ နှင့် ၂၀၀ ထွက်ရှိပြီး စီးပွားရေးအရတွက်ချေကိုက်သည်‌့ ပုလဲသွယ် စပ်မျိုးစပါးများကို လက်တွေ့အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြပြီး စိုက်ပျိုးလိုကြသော ပြည်နယ်/တိုင်း ဒေသကြီးအသီးသီးရှိ တောင်သူများထံသို့ ၂၀၁၁- ၂၀၁၂ ခုနှစ် နွေစပါးရာသီတွင် ဧက ၁၀၀၀၀ ကျော်နှင့် ၂၀၁၂-၂၀၁၃ ခုနှစ်၊ မိုးစပါးရာသီတွင် ဧက ၈၀၀၀၀ ကျော်စိုက်ပျိုးနိုင်ရန် မျိုးစေ့များ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၂- ၂၀၁၃ ခုနှစ်၊ မိုးစပါးရာသီမှာ ပုလဲသွယ်စပ်မျိုးစပါး မျိုးစေ့ထုတ် ၆၃၈ ဧက စိုက်ပျိုးထုတ်လုပ်ထားပြီးွဖစ်ပါသည်။ ထို့နည်းတူ လက်ရှိဧရိယာအများဆုံး စိုက်ပျိုးထုတ်လုပ်လျှက်ရှိသော အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်း၊ ဈေးကွက်အခြေအနေ ကောင်းသည့် အထွက်နှုန်းကောင်းတဲ့ အထွက်နှုန်းကောင်း OB မျိုးစပါးများကိုလည်း စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ မိဘမျိုးစေ့များမွေးမြူပြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှာရှိတဲ့ မျိုးသန့်ခြံများ၊ အကျိုးဆောင်တောင်သူများ၊ မျိုးသန့်စံပြရွာများကို ဆင့်ပွားမျိုးစေ့၊ မျိုးသန့်မျိုးပွားမျိုးစေ့၊ စီးပွားဖြစ်မျိုးသန့်မျိုးစေ့ အဆင့်ဆင့်တို့ကိုထုတ်လုပ်လျက် ဗီဇသန့်မျိုးများဖြင့် ၃ နှစ် ၁ ကြိမ် မျိုးသန့်လဲလှယ်စိုက်ပျိုးခြင်း ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျှက်ရှိပါသည်။ ၂၀၁၂-၂၀၁၃ ခုနှစ်မှာ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၌ စပါးသီးနှံကို မိဘမျိုးစေ့ (Reta Seed)၊ ဆင့်ပွားမျိုးစေ့(Foundation Seed)၊ မျိုးသန့်မျိုးပွားမျိုးစေ့ (Register Seed) စတဲ့ စုစုပေါင်း ၂၁၆ ဧကတို့ကို စိုက်ပျိုးထုပ်လုပ်လျှက်ရှိပါသည်၊ စပါးသီးနှံအထွက်ကောင်း မျိုးကောင်းမျိုးသန့် မျိုးစေ့များကို မိဘမျိုးစေ့၊ ဆင့်ပွားမျိုးစေ့၊ မျိုးသန့်မျိုးပွားမျိုးစေ့၊ စီးပွားဖြစ်မျိုးသန့် မျိုးစေ့များအား အဆင့်လေးဆင့်ဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ခြံ ၃၃ ခြံတွင် ဆင့်ပွားမျိုးစေ့နှင့် မျိုးသန့် မျိုးပွားမျိုးစေ့စုစုပေါင်း(၁၁၈၉၄၈) တင်းတို့ကို ထုတ်လုြပ်ဖန့်ဖြူးပေးခဲ့တာဖြစ်ပါတယ်။ အစေ့ထုတ် ပြောင်းမျိုးများကို အထွက်ကောင်း မျိုးကောင်းမျိုးသန့်များဖြင့် စိုက်ပျိုးနိုင်ရေးအတွက် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ တပ်ကုန်းသုတေသနခြံတွင် မျိုးစေ့ထုတ် ၈၀ ဧက စိုက်ပျိုး ထုတ်လုပ်လျှက်ရှိပါသည်။ ဆီထွက်သီးနှံ ဖြစ်တဲ့ မြေပဲ၊ နှမ်းမျိုးကောင်းမျိုးသန့်များပွားများ ထုတ်လုပ် ဖြန့်ဖြူးပေးခြင်း၊ ဆီထွက်နှုန်း၊ အထွက်နှုန်းကောင်းတဲ့ ရေဆင်းစပ်မျိုးနေကြာမျိုးများ ထုတ်လုပ် ဖြန့်ဖြူးပေးခြင်းကို နှစ်စဉ်ဆောင်ရွက်လျှက်လျက်ရှိပါသည်။ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် စိုက်ပျိုးရေး သုတေသနဦးစီးဌာနတွင် စပ်မျိုးနေကြာ ၈၂ ဧက မြေပဲ၊ နှမ်း၊ အထွက်ကောင်း နေကြာမျိုးများကို မိဘမျိုးစေ့ ဆင့်ပွားမျိုးစေ့စုစုပေါင်း ၃၂ ဧက စိုက်ပျိုးထုတ်လုပ်လျှက်ရှိပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ခြံ ၉ ခြံကနေပြီး ရေဆင်းစပ်မျိုးနေကြာမျိုးစေ့ ၁၃၀၀ တင်းနှင့် အထွက်ကောင်းမြေပဲမျိုး ၉၉၅ တင်း ထုတ်လုပ်ဖြန်ဖြူးပေးခဲ့ပြီးပါသည်။ တစ်ဧကတင်း ၁၀၀ ကျော်ထွက်ရှိသော မြေပဲမျိုးများကို ကိုးရီးယား သမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟိုင်းနိုင်ကျွန်းတို့မှတင်သွင်းခဲ့ပြီး နေပြည်တော် ကောင်စီနယ်မြေတွင် မျိုးသန့်မျိုးပွားဧက ၁၀၀ ခန့် စိုက်ပျိုးထုတ်လုပ်လျှက်ရှိပြီး ယခုနှစ် ဆောင်း ရာသီတွင် ဧက ၁၀၀၀၀ အထိ မျိုးသန့် မျိုးပွားစိုက်ပျိုး၍ တောင်သူများလက်ဝယ်သို့ဖြန့်ဝေနိုင်ရန် စီမံဆောင်ရွက်လျှက် ရှိပါကြောင်း တင်ပြအပ်ပါတယ်။ ပဲမျိုးစုံသီးနှံကဏ္ဍတွင်လည်းအထွက်နှုန်းကောင်း အရည်အသွေးကောင်း ပဲမျိုးများကိုရွေးချယ်ထုတ်လုပ်ပြီး ဒေသနှင့် ကိုက်ညီဖြစ်ထွန်းအောင်မြင်သည့် မျိုးများကျယ်ပြန်စွာစိုက်ပျိုးနိုင်ရေးအတွက် ကျေးရွာအဆင့်အထိ မျိုးစေ့ဘဏ်များ တည်ထောင်၍ စိုက်ပျိုးထုတ်လုပ်ပြီး ဒေသအတွင်းတောင်သူလယ်သမားများ မျိုးစေ့အလွယ်တကူရရှိရေး ဆောင်ရွက်ပေးလျှက်ရှိပါသည်။ ၂၀၁၂-၂၀၁၃ ခုနှစ် မှာ စိုက်ပျိုးရေးသုတေသနဌာန၌ ပဲတီစိမ်း၊ ပဲစဉ်းငုံး၊ ပဲပုတ် သီးနှံများကို မိဘမျိုးစေ့၊ ဆင့်ပွားမျိုးစေ့၊ မျိုးသန့်မျိုးပွားမျိုးစေ့များ၊ စုစုပေါင်း (၁၂၁.၇၅) ဧက မျိုးကောင်းမျိုးသန့် ပွားများထုတ်လုပ်လျှက်ရှိပါသည်။ စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ခြံ ၄ ခြံမှလည်း အထွက်ကောင်း မျိုးကောင်းမျိုးသန့်များဖြစ်သည့် ပဲတီစိမ်း (၇၅.၇၅) တင်း၊ မတ်ပဲ (၃၀၀)တင်းကို ထုတ်လုပ် ဖြန့်ဖြူးပေးလျှက်ရှိပါသည်။ ထို့ပြင် အထွက်နှုန်း ၁ ဧက တင်း ၅၀ ကိုလည်း နေပြည်တော်ကောင်စီနယ်မြေတွင် ယခင်နှစ်မှစ၍ စမ်းသပ်မျိုးပွားထုတ်လုပ်လျှက်ရှိပါသည်။ ဟင်းသီးဟင်းရွက်မျိုးကောင်းမျိုးသန့်ဖြစ်သည့် ရုံးပတီ၊ တိုင်ထောင်ပဲ၊ တိုင်လွတ်ပဲ၊ ခဝဲ၊ သခွားမွေး၊ သခွား၊ ဗူး၊ ချဉ်ပေါင်၊ ခရမ်း၊ ငရုတ်၊ ပြောင်းချို စုစုပေါင်း ၆၆၄ ကီလိုကိုလည်း ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း စိုက်ပျိုးရေးဦးစီးဌာန၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ သုတေသသနနှင့် ဖွံ့ဖြိုးရေး ဗဟိုဌာ (VFRDC) မှ ထုတ်လုပ်ဖြန့်ဖြူးပေးလျှက်ပါသည်။ ထို့ပြင် စက်မှုကုန်ကြမ်း သီးနှံများဖြစ်သည့် တစ်ဧကတန် ၆၀ အထက်ထွက်ရှိနိုင်သော အထူးထွက်နှုန်းကောင်းမျိုးကောင်းမျိုးသန့် ကြံ ၈ မျိုး ၁၈၀၃၆၀ တန်နှင့် တစ်ဧကပိဿာ ၁၀၀၀ ကျော်ထွက်ရှိနိုင်သော အထွက်ကောင်းချည်မျှင်ရှည်ဝါမျိုး ၁၁၁၅၀ ပိဿာတို့ကိုလည်း ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း ထုတ်လုပ်ဖြန့်ဖြူးပေးလျှက်ရှိပါသည်။ တောင်သူဦးကြီးများ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်း သီနှံမျိုးများကို မျိုးစေ့များ အလွယ်တကူ ရရှိစိုက်ပျိုးနိုင်ကြစေရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်လုပ်ဖြန့်ဖြူးပေးခြင်းများအပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သီးနှံအလိုက်မျိုးစေ့များ လုံလောက်စွာထုတ်လုပ်ပွားများဖြန်ဖြူးနိုင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍမှ  မျိုးစေ့ထုပ်လုပ်ငန်းများတွင် ပါဝင်ရင်းနှီးမြုပ်နှံ၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိုလည်း အားပေး ကူညီ ဆောင်ရွက်ပေးလျှက်ရှိပါသည်။ အရည်သွေးကောင်း၊ အထွက်နှုန်းကောင်း၊ မျိုးကောင်းမျိုးသန့် မျိုးစေ့များကို ကျယ်ပြန့်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန်မှာ ပုဂ္ဂလိကအခန်းကဏ္ဍအသင်းအဖွဲ့အစည်း များမှလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုအပ်သည်ဖြစ်ရာ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ အနေဖြင့်လည်း မိမိဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးစေ့ပုဂ္ဂလိကလုပ်ငန်းများ ပေါ်ထွန်း လာအောင်တွန်းအားပေးဆောင်ရွက်ပါက ပိုမိုအောင်မြင်လာနိုင်မည်ဖြစ်ကြောင်းတင်ပြအပ်ပါသည်။

သီးနှံများစိုက်ပျိုးထုပ်လုပ်ရာတွင် အထွက်နှုန်းတိုးမြှင့်ရရှိစေရေးအတွက် လိုက်နာဆောင်ရွက် ရန်လိုအပ်သည့် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များကိုလည်း သီးနှံအလိုက် စံပြစိုက်ခင်းများ တည်ထောင်၍ လက်တွေ့လေ့လာမှုဖြင့် ပညာပေးဆောင်ရွက်ခြင်း၊ ပြည်နယ်တိုင်းဒေသကြီးများ အားလုံးတွင်လည်း ပညာပေးသင်တန်းများဖြင့် လေ့ကျင့်ပြန့်ပွား ပေးခြင်း၊ လက်တွေ့စံပြစိုက်ခင်းများ တည်ထောင်၍ ကိုယ်တိုင်မြင်သိနိုင်ရန် စီစဉ်ဆောင်ရွက် ပေးခြင်းစသည့် နည်းလမ်းအသွယ်သွယ်ဖြင့် နည်းပညာများဖြန်ဖြူးပေးလျှက်ရှိပါတယ်။ နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး များ၊ ပြည်နယ်များတွင် ခရိုင်မြို့နယ်များတွင် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးပညာပေး ရှေ့တန်းစခန်းများ ဖွင့်လှစ်ထားရှိပေးခြင်း၊ ပညာပေးစိုက်ခင်းကြီးများ စိုက်ပျိုးပြသခြင်း၊ ၁၀ ဧက တစ်ဆက်တစ်စပ်တည်း သိပ္ပံနည်းကျစံပြစပါးစိုက်ခင်းများနှင့် မြို့ဝင်မြို့ထွက် ဧက ၁၀၀ သိပ္ပံနည်းကျ စံပြစပါးစိုက်ခင်းများကိုလည်း လက်တွေ့စိုက်ပျိုးပြသပညာပေးလျှက်ရှိပါသည်။ လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင်‌့ လယ်ယာကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်နေသည်ဖြစ်ရာ စပါးသီးနှံတွင် သီးနှံမျိုးအသစ်ဖြစ်သော အထူးအထွက်တိုး ပုလဲသွယ် စပ်မျိုးစပါး စိုက်ပျိုးရေးကို တောင်သူလယ်သမားများ ဝင်ငွေတိုးမြှင့်ရရှိစေရေးအကျိုးငှာ ကျယ်ပြန့်စွာစိုက်ပျိုးလာနိုင်စေရေးနှင့် ဈေးကွက်ခိုင်မာမှုရရှိလာစေရေးအတွက် မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းအသင်း၊ ဧရာဟင်္သာဆန်စပါး အထူးပြု ကုမ္ပဏီနှင့်ညှိနှိုင်းပေါင်စပ်၍ သတ်မှတ်ဈေးနှုန်းဖြင့် ကြိုတင်ဝယ်ယူရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်းနှင့် အခြားဆန်စက်လုပ်ငန်းရှင်များမှ လည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျှက်ရှိပါသည်။ အခြေခံဥပဒေပုဒ်မ ၃၅ တွင် နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်ဟု ပြဋ္ဌာန်းထားပြီးဖြစ်သဖြင့် မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် အသင်းအဖွဲ့များ၊ ကုမ္ပဏီ များက စိုက်ပျိုးရေးထွက်ကုန်များဈေးကွက်ရရှိရေးကို ဆောင်ရွက်လျှက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါသည်။

အလားတူ ၁၈ ရက်နေ့က လွှတ်တော်ဥက္ကဋ္ဌကြီးမေးထားတဲ့ မေးခွန်းကိုလည်း ဒီနေ့ ကျွန်တော် တစ်ပြိုင်နက်ဖြေဆိုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်ခင်ဗျား။ လွှတ်တော်ဥက္ကဋ္ဌကြီးမေးထားတဲ့ အပြည်ပြည်ဆိုင်ရာ ဆန်စပါးအသင်း (International Rice Association) ဖြစ်တည်မှုနှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ်အောက်တိုဘာလ ၁၈ ရက်နေ့မှာကျင်းပတဲ့ ပထမအကြိမ် ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့ အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအား မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ ဆန်စပါးအသင်း International Rice Association အဖွဲ့ဝင်အဖြစ်ဝင်ရောက်ပြီးပါသလား။ အဖွဲ့ဝင်ဖြစ်ပါက အဖွဲ့ဝင်အဖြစ်ဝင်ရောက်ရန် နှင့်ပတ်သက်၍မေးမြန်းခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ ဆန်စပါးအသင်းတွင် အဖွဲ့ဝင်ဖြစ်ပြီးပါသလား မေးမြန်းချက်နှင့်ပတ်သက်၍ အောက်ပါအတိုင်းမေးမြန်းအပ်ပါတယ်။ ဆန်စပါးဆိုင်ရာအသင်းအဖွဲ့နှင့်ပတ်သက်၍ ဆန်အရန်ထားရှိမှု၊ ထုပ်လုပ်မှု၊ ကုန်သွယ်မှု၊ နည်းပညာ နှင့် သုတေသနဟူ၍ ကဏ္ဍအသီးသီးရှိရာတွင် နည်းပညာနှင့်သုတေသနကဏ္ဍနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဆန်စပါးဌာန International Rice Research Institute တို့မှာ မြန်မာနိုင်ငံ အနေဖြင့် အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်လျက်ရှိပြီး Philippine နိုင်ငံမှာရှိတဲ့  Research Institute နှင့်ပတ်သက်ပြီးတော့ မြန်မာနိုင်ငံနှင့် ဆက်စပ်ပြီး မျိုးကောင်းမျိုးသန့်များရယူဆောင်ရွက်လျှက် ရှိပါကြောင်းတင်ပြအပ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ စပါးမျိုးရိုင်းများအဖွဲ့အစည်း International Wild Rice Association ဖွဲ့စည်းထား ရှိသော်လည်းပဲ ကမ္ဘာမှာ မြန်မာနိုင်ငံအနေနှင့် ထိုအဖွဲ့အစည်း မှာပါဝင်ခြင်းမရှိသေးကြောင်းတင်ပြအပ်ပါတယ်။ ဆန်အရန်ထားရှိမှုနှင့်ပတ်သက်လို့ မြန်မာနိုင်ငံဟာ အာဆီယံ+သုံးနိုင်ငံ အရေးပေါ်ဆန်အရန်ရိက္ခာ( ASEAN Plus Three Emergency Rice Reserve -APTERR) ၏အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးထားပြီး အဆိုပါစာချုပ်ကိုအတည်ပြု Ratify ပြုလုပ်ရေးအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနဝန်ကြီးအနေနဲ့ လက်မှတ် ရေးထိုးဆောင်ရွက်ဆဲဖြစ်ပါကြောင်းတင်ပြအပ်ပါတယ်။  APTERR ကို အာဆီယံ+ သုံးနိုင်ငံများအတွက် ရိက္ခာဖူလုံမှုအာမခံချက်ရရှိရေးနှင့် မမျှော်မှန်းနိုင်သည့် ဘေးအန္တရာယ် တစ်စုံတစ်ရာကျရောက် လာပါက ဒေသအတွင်းအရေးပေါ်ဆန်အရန်ရိက္ခာ ဖြည့်တင်းထောက်ပံ့ကူညီပေးနိုင်ရန် ရည်ရွယ် ဖွှဲ့စည်းထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ဆန် Metric တန်ချိန် ၁၄၀၀၀ ကို အရေးပေါ်ဆန်အရန်အဖြစ် သတ်မှတ်ဖြည့်ဆည်းပေးတာဖြစ်ပါတယ်။ သို့သော် ထုတ်လုပ်မှုကုန်သွယ်မှုနှင့် ဆက်စပ်သော အပြည်ပြည်ဆိုင်ရာဆန်စပါးအသင်း International Rice Association ကို နိုင်ငံတကာမှာ ဖွဲ့စည်းထားခြင်းမရှိသေးပါကြောင်းနှင့် အပြည်ပြည်ဆိုင်ရာဆန်တင်ပို့ရောင်းချသူများ အသင်း International Rice Exporters Association ဟူ၍လည်း ဖွဲ့စည်းထားခြင်းမရှိ သေးကြောင်းတင်ပြအပ်ပါတယ်။ အဆိုပါကိစ္စနှင့်ပါတ်သက်၍ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း (Myanmar Rice Industries Association-MRIA) နှင့် မေးမြန်စုံစမ်းခြင်းအရ ကမာ်ဘဆန် ဈေးကွက်မှာ ဆန်ရောင်းချသောနိုင်ငံများအဖွဲ့ (Organization of Rice Exporting Countries –OREC) ဟူ၍ အာဆီယံနိုင်ငံများဖြစ်သော ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယားနိုင်ငံတို့ဖြင့် ဖွဲ့စည်းသင့်ကြောင်းကို ထိုင်းနိုင်ငံမှ မကြာခဏအဆိုပြုကြောင်း ကမ္ဘာ့ရေနံတင်ပို့ ရောင်းချသော နိုင်ငံများအသင်း (Organization of Petroleum Exporting Countries –OPEC) ကဲ့သို့ Cartel ဖွဲ့စည်းပြီး ဈေးကွက်နှင့် ဈေးနှုန်းကိုရောင်းချသူများမှ စိတ်ကြိုက်ချယ်လှယ်ဆုံးဖြတ်နိုင်မည် Seller Market အဖြစ်တည်ထောင်နိုင်ရန် ထိုင်းနိုင်ငံမှအဆိုပြုခြင်းဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ဗီယက်နမ်၊ မြန်မာနိုင်ငံတို့မှ ဈေးလျော့ရောင်းရခြင်းကို ကာကွယ်နိုင်ရန်အတွက် ၎င်းတို့အမျိုးသား အကျိုးစီးပွား ကာကွယ်ရေးအတွက် အဆိုပြုခြင်းဖြစ်ပါကြောင်းသိရှိရပါသည်။ ထို့အပြင် ယင်း အဆိုပြုချက်ဟာ အမျိုးသားယှဉ်ပြိုင်နိုင်မှုစွမ်းအား National Competitiveness ကျဆင်း စေနိုင်သောကြောင့် ဗီယက်နမ်မှ ယနေ့တိုင်လက်ခံခြင်းမရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း International Rice Research Institute (IRRI) နှင့် အပြည်ပြည်ဆိုင်ရာစပါးမျိုးရိုင်း အဖွဲ့အစည်း International Wild Rice Association သာဖွဲ့စည်းထားရှိပါကြောင်း၊ ဆန်တင်ပို့မှုကို နိုင်ငံများက မိမိတို့ဘာသာ လွတ်လပ်စွာတင်ပို့ရောင်းချပါကြောင်း အတည်ပြုချက်ရရှိထားပါသည်။ သို့ဖြစ်ပါ၍ လက်ရှိအ‌ွခေအနေတွင် ဆန်စပါးကုန်သွယ်မှုနှင့် တင်ပို့မှုဆိုင်ရာ နိုင်ငံတကာ ဆန်စပါးအသင်းမျိုးမရှိသေးပါကြောင်းနှင့် နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်သည်‌့ အဖွဲ့ အစည်းများသာရှိပါကြောင်း ရှင်းလင်းတင်ပြအပ်ပါသည်။

 

 

ဦးစိန်မြင့်၊ ဗိုလ်တထောင်မဲဆန္ဒနယ်က စက်မှုဇုန်ဥပဒေပြဋ္ဌာန်းရေး အဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ်ရယူခြင်း

          ဦးစိန်မြင့်(ဗိုလ်တထောင်မဲဆန္ဒနယ်)။  ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်များ မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ ဦးစွာပဏာမနှုတ်ခွန်းဆက်ဂါရဝပြုလိုက်ပါတယ်။ ကျွန်တော် ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မဲဆန္ဒနယ်မှလွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့် ဖြစ်ပါ တယ်။  ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ စက်မှုဇုန်များရဲ့ ဥပဒေပြဋ္ဌာန်းရေးအဆိုကို တင်သွင်း သွားမှာ ဖြစ်ပါတယ်။ ပထမဦးစွာအနေနဲ့ ပထမအစိုးရလက်ထက်မှာ တိုင်းဒေသကြီး ဖွံ့ဖြိုးရေးဇုန် ၂၄ ခု မှာ စက်မှုဇုန်များကို ပြည်သူများ၏ အကျိုးငှာ တည်ထောင်ပေးခဲ့ပါတယ်။ အဲ့ဒီစက်မှုဇုန် များမှာ ဒီနေ့ ကျွန်တော်တို့ လုပ်ကိုင်နေတဲ့ ပြည်သူများ၏ အခက်အခဲ၊ စက်မှုဇုန်များကို ကွပ်ကဲနိုင်မှု အနေအထား၊ ဥပဒေများ တိတိကျကျဆောင်ရွက်ထားခြင်း မရှိဘူးလို့ ကျွန်တော်‌့အနေနဲ့ တကယ် လုပ်ငန်းရှင်များနဲ့ ထိတွေ့တဲ့အပေါ်မှာ အတွေ့အကြုံများကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် စက်မှုဇုန်များမှာ ပထမအစိုးရလက်ထက်က အမြော်အမြင်ကြီးစွာနှင့် ဖော်ဆောင်ပေးခဲ့ပေမယ့်လည်း ဒီနေ့ အစိုးရလက်ထက်မှာ ၎င်းစက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုဇုန်ဥပဒေများ တည်ရှိရေး၊ ပြည်သူများ ယုံကြည်အားကိုးရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မကြာမီပေါ်ပေါက်လာမှာ ဖြစ်တဲ့အတွက် နိုင်ငံခြားစက်ရုံ၊ အလုပ်ရုံများ ပေါ်ပေါက်လာချိန်တွင် မိမိတို့ နိုင်ငံဘက်က စက်မှုဇုန် ဥပဒေများ တိတိကျကျ ပြဋ္ဌာန်းနိုင်မှသာလျှင် ပြည်သူများအတွက် ဆိုးကျိုးများ၊ ကောင်းကျိုးများကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ယနေ့ အစိုးရလက်ထက်မှာ ပြည်သူများ ယုံကြည်အားကိုးရသော စက်မှုဇုန် ဥပဒေများ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရေး နှင့်ပတ်သက်၍ မြေဧရိယာ စက်မှုဇုန်သတ်မှတ်ဆောင်ရွက်တဲ့နေရာမှာ စက်မှုဇုန်များအလိုက် ဧရိယာ ကို သတ်မှတ် ခြံစည်းရိုးများမရှိတဲ့အတွက် ၎င်းသတ်မှတ်တဲ့ ဧရိယာအတွင်းမှာ လယ်မြေများ၊ ကျူးကျော်များဝင်ရောက်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်တာမျိုးတွေ ဒီနေ့အနေအထားမှာ ပြည်သူများ နှင့် ရင်ဆိုင်ဖြေရှင်းနေရတာတွေရှိပါတယ်။ ဒီအပေါ်မှာ ဥပဒေများ တိတိကျကျပြဋ္ဌာန်းထားခြင်း မရှိတဲ့ အတွက် တင်မြှောက်ထားတဲ့ စက်မှုဇုန် ဥက္ကဋ္ဌများသည်လည်း ထိထိရောက်ရောက် ပြည်သူများနှင့် အငြင်းပွားမှုများမှာ ဆောင်ရွက်နိုင်ခြင်းမရှိတာကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်များ၊ ပြည်သူများရဲ့ အတွေ့အကြုံအရ သိရှိရပါတယ်။ ဆက်လက်ပြီး စက်မှုဇုန်များမှာ လိုအပ်လျက်ရှိတဲ့ လုပ်ငန်းရှင်များ နေရာချပေးနိုင်မှု လုပ်ငန်းအမျိုးအစားအလိုက် အသေးစား၊ အလတ်စား၊ အကြီးစား လုပ်ငန်းရှင်များ ကို တကယ်လုပ်တဲ့ လုပ်ငန်းရှင်များ လက်ဝယ်သို့ စက်မှုဇုန်မှ သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း လုပ်ငန်းလုပ်ကိုင်နိုင်ရေးနှင့် ပတ်သက်တဲ့ ဥပဒေများ ချမှတ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ယခုအခါမှာ မကြာသေးခင်က ဖော်ထုတ်ထားတဲ့ သီလဝါစက်မှုဇုန်မှာဆိုရင် ပုဂ္ဂလိက လုပ်ငန်းရှင်များကို ရောင်းချ ထားတာရှိပါတယ်။ သို့ပေမယ့် တကယ်လုပ်တဲ့ လုပ်ငန်းရှင်များကိုယ်တိုင် ဆောင်ရွက်ထားတာ၊ ဆောင်ရွက်နိုင်ခြင်းရှိတာ မတွေ့ရသေးပါဘူး။ မူလရောင်းချထားတဲ့ လုပ်ငန်းရှင်အမည်ခံ ကုန်သည် ပွဲစားများ လက်ထဲမှာရှိပြီးတော့ တကယ်လုပ်ချင်တဲ့ လုပ်ငန်းရှင်များဟာ တန်ဖိုးတွေ မတရားကြီးမြင့် နေတဲ့အတွက် ပြည်သူများနောက်မှာ ငေးငိုင်ပြီးတော့ အရင်းအနှီးတွေများတဲ့အတွက် အသေးစား၊ အလတ်စားလုပ်ငန်းရှင်များဟာ လုပ်ကိုင်နိုင်ခြင်းမရှိတာကို တွေ့ရပါတယ်။ ဒီပေါ်မှာလည်း သေချာ စိစစ်ပြီးတော့ စက်မှုဇုန်ဥပဒေနှင့်အညီ လုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအမျိုးအစားပေါ်မှာ ခွဲခြားပြီး တော့ တကယ်လုပ်တဲ့ ပြည်သူတွေလက်ထဲကို ရောက်အောင်ပို့ပေးနိုင်တဲ့ ဥပဒေတွေလည်း ပြဋ္ဌာန်းဖို့ လိုအပ်ပါတယ်။ ဆက်လက်ပြီးတော့ စက်မှုဇုန်များမှာ ဖြစ်ပေါ်နေတဲ့ လျှပ်စစ်မီးပြည့်စုံစွာရရှိရေး၊ ရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ Communication ဆက်သွယ်ရေးစသည့် ကျန်းမာရေး၊ ဘေးထွက်အန္တရာယ်ဆိုးကျိုးများ ကာကွယ်နိုင်တဲ့ ဥပဒေများလည်း ပြဋ္ဌာန်းဖို့ လိုအပ်ပါတယ်။ မကြာခင် ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်ပေါ်လာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စက်ရုံ၊ အလုပ်ရုံများ မကြာခင် စက်မှုဇုန်ကြီးတွေမှာ တိုးတက်ပြီးတော့ ဆောင်ရွက်မှာတွေ တွေ့ရှိရပါတယ်။ အဲ့ဒီအချိန်မှာ စက်ရုံ တည်ဆောက်ပြီးမှ အဲ့ဒီစက်ရုံက ထွက်တဲ့ ဆိုးကျိုးဖြစ်စေတတ်တဲ့ အဆိပ်ငွေ့များ သက်ဆိုင်ရာ စက်မှုဇုန်နဲ့ကပ်တဲ့ ကျေးရွာတွေ၊ မြို့နယ်တွေ ခံစားရမည်ဆိုရင် ဒီလိုမျိုး ကာကွယ်ပေးမယ့် ဥပဒေတွေ ပြည်သူများအတွက် လိုအပ်ပါတယ်။ သို့ဖြစ်ပါ၍ စက်မှုဇုန်များဟာ သူ့ရဲ့တိုင်းနှင့် ပြည်နယ်ဒေသ အလိုက် ဥပဒေနည်းဥပဒေများ ပြဌာန်းပြီးတော့မှ ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ နိုင်ငံတော်နဲ့ ပြည်သူအကျိုးငှာ အကာအကွယ်ပေးမှာ ဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့ ပြည်ထောင်စုအစိုးရအနေနဲ့ စက်မှုဇုန်များကို ထင်သာမြင်သာရှိတဲ့ နည်းဥပဒေတွေ၊ ဥပဒေတွေ၊ ပြဋ္ဌာန်းပြီးတော့ အဆင့်ဆင့်အုပ်ချုပ်ကွပ်ကဲမှုစနစ် စက်မှုဇုန်လုပ်ငန်းရှင်များ လိုအပ်ချက် စက်မှုဇုန် ဘက်က အကာအကွယ်ပေးနိုင်မယ့် ဥပဒေအဘက်ဘက်က လိုအပ်နေချိန်ဖြစ်ပါတယ်။ ဒီနေ့ ဈေးကွက်စီးပွားရေးအရ ကျွန်တော်တို့နိုင်ငံကို (၁) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မကြာခင် ကျရောက် လာမှာ ဖြစ်ပါတယ်။ လက်ရှိကျွန်တော်တို့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုဥပဒေများ ကျွန်တော်တို့ ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ အဲတော့ လုပ်ငန်းရှင်ပြည်သူများကလည်း စက်မှုဇုန်ဥပဒေများနဲ့အညီ လုပ်ငန်း အမျိုးအစားအလိုက် လုပ်ကိုင်ဆောင်ရွက်ဖို့ အဆင်သင့်ရှိပါတယ်။ သို့ပါ၍ စက်မှုဇုန်များမှာ ဥပဒေ များနှင့်အညီလုပ်ကိုင်နိုင်ခြင်း၊ လုပ်ငန်းရှင်များနှင့် ပွင့်လင်းမြင်သာတဲ့၊ ပြည်သူများ ယုံကြည်အားကိုး ရတဲ့ စက်မှုဇုန်ဖြစ်အောင် ကျွန်တော်တို့ ဖိတ်ခေါ်ရမှာဖြစ်ပါတယ်။ အဲတော့ ဥပဒေတွေ နည်းဥပဒေ တွေ မရှိဘူးဆိုရင် ကျွန်တော်တို့ စက်မှုဇုန်ထဲမှာ လုပ်ချင်ရာလုပ် ဖြစ်ချင်သလိုဖြစ်လုပ် စည်းမဲ့ကမ်းမဲ့ လုပ်ရင်လည်း ကျွန်တော်တို့ ကာကွယ်ရတာ အင်မတန်ခက်ပါတယ်။ နောက်တစ်ချက်က နိုင်ငံခြားသား တွေဆိုရင် ပြီးမှဖြေရှင်းရတာ ပိုခက်ပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော်တို့ နိုင်ငံအနေနဲ့ လိုအပ်လို့ ကျွန်တော့်အနေနဲ့ ပြည်သူများရဲ့ကိုယ်စား၊ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ပြည်သူတွေ အကျိုး အလို့ငှာ ရင်းနှီးမြှုပ်နှံမှု ပြုရာတွင် စက်မှုဇုန်များသည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်ဖြစ်တဲ့ အတွက် စက်မှုဇုန်ဥပဒေကို လိုအပ်သလို ပြဋ္ဌာန်းနိုင်ပါရန် အဆိုကို လေးလေးနက်နက် တင်သွင်း ရခြင်းဖြစ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။ (သြဘာသံများ)

          ဥက္ကဋ္ဌ။           ။ ဦးစိန်မြင့် တင်သွင်းတဲ့ အဆိုနှင့်ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးလည်း အစည်းအဝေးခန်းမထဲ ရောက်နေတဲ့အတွက် ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဒီအဆိုကို ဆက်စပ်ပြီး ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျား။

ဦးအေးမြင့်(ပြည်ထောင်စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန)။         ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် ဖြစ်ပါတယ်။  ယခု အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့် တင်သွင်းတဲ့  စက်မှုဇုန်ဥပဒေ ပြဋ္ဌာန်းပေးရေး အဆိုနှင့် ပတ်သက်ပြီး စက်မှုဝန်ကြီးဌာနက ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။  မြန်မာနိုင်ငံမှာ လက်ရှိဖွဲ့ စည်းထားပြီးဖြစ်တဲ့ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဟာ ပြည်နယ် နှင့် တိုင်းဒေသကြီးများမှာ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးနှင့် ဈေးကွက်စီးပွားရေး အကျိုးဖြစ်ထွန်းမှု ရရှိရေးတို့အတွက် ရည်ရွယ်ပြီးတော့ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှာ စက်မှုဇုန် ၁၈ ဇုန် ကို  တည်ထောင်ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။  နိုင်ငံတော်အတွင်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်ရေးတို့အတွက် တည်ထောင်ပြီးဖြစ်တဲ့ စက်မှုဇုန် ၁၈ ဇုန်အပြင် ကရင်ပြည်နယ်မှာ ဘားအံစက်မှုဇုန်၊ ဘုရားသုံးဆူစက်မှုဇုန်နှင့် မြဝတီ စက်မှုဇုန်၊ မန္တလေးတိုင်းဒေသကြီးမှာ တပ်ကုန်းစက်မှုဇုန်နှင့် ရတနာပုံစက်မှုဇုန်၊ ရခိုင်ပြည်နယ်မှာ ပုဏ္ဏားကျွန်းစက်မှုဇုန်နှင့် ရှမ်းပြည်နယ်မှာ နမ့်အွန်စက်မှုဇုန်တို့ကို ထပ်မံတိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်ဖို့လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ စက်မှုလုပ်ငန်းများကို ကြီးကြပ်နိုင်ဖို့အတွက် လျှပ်စစ်ဥပဒေဖြစ်တဲ့ The Electricity Law 1984 ၊ ဘွိုင်လာဥပဒေဖြစ်တဲ့ The Boilers Law 1984 နှင့် ပုဂ္ဂလိက စက်မှုလုပ်ငန်းများ ဥပဒေဖြစ်တဲ့ The Private Industrial Enterprise Law 1999 တို့ကို စက်မှုဝန်ကြီးဌာနအနေနဲ့ အတည်ပြုပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရယ်က တားဆီးကာကွယ်ရေး ဥပဒေနှင့် အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများ မူဝါဒ (Small and Medium Industrial Enterprise Policy) တို့ကို ပြဋ္ဌာန်းနိုင်ရေးအတွက် ရေးဆွဲဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အထူးစီးပွားရေးဇုန်များဖြစ်တဲ့ ထားဝယ် အထူးစီးပွားရေးဇုန်၊ သီလဝါအထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အထူးစီးပွားရေး ဇုန်ဥပဒေ (Special Economic Zone Law) ကို ရေးဆွဲအတည်ပြုပြဋ္ဌာန်းနိုင်ရေး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က စီမံဆောင်ရွက်လျက်ရှိပါ တယ်။ ဒါ့အပြင် ၂၀၁၅ ခုနှစ်မှာ ကျရောက်လာတော့မယ့် ASEAN Free Trade Area (AFTA) ကျရောက်တဲ့အချိန်မှာ ပြည်တွင်းလုပ်ငန်းရှင်များကို အကာအကွယ်ပေးနိုင်မယ့် Standard Law နဲ့ မူပိုင်ခွင့်ဆိုင်ရာဥပဒေများဖြစ်တဲ့ Intellectual Property Law တို့ကိုလည်း ပြုစုရေးဆွဲလျက် ရှိပါ တယ်။ ဒီဥပဒေများကလည်း မကြာခင်မှာ အကောင်အထည်ဖော်လာမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှာရှိတဲ့ စက်မှုဇုန်များကို ကြီးကြပ်ကွပ်ကဲပြီး လိုအပ်တာတွေကို ပံံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ဖို့ အဲဒီပြည်နယ်နှင့် တိုင်းဒေသကြီးမှာရှိတဲ့ လျှပ်စစ်နှင့်စက်မှုဝန်ကြီးများ ကို တာဝန်ပေးအပ်ထားပြီးတော့ ပြည်နယ်နှင့် တိုင်းဒေသကြီးများရဲ့ လုပ်ပိုင်ခွင့်နှင့် ဘဏ္ဍာငွေ ခွင့်ပြုချက်တို့အပေါ်မှာ မူတည်ပြီး မိမိတို့ရဲ့ ပြည်နယ် နှင့်တိုင်းဒေသကြီးတွေမှာရှိတဲ့ စက်မှုဇုန်များကို ကူညီပံ့ပိုးစေလျက်ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ စက်မှုဝန်ကြီးဌာနအနေနဲ့လည်း လုပ်ငန်းကဏ္ဍ အလိုက် လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီအသီးသီးကို ဖွဲ့စည်းပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး များမှာရှိတဲ့ စက်မှုဇုန်များကို ပံ့ပိုးကူညီပေးလျက် ရှိတဲ့အပြင် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးဘဏ် ကိုလည်းပဲ လက်ရှိအချိန်မှာ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် အဖြစ် ပြောင်းလဲဖွဲ့စည်းပြီးတော့ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှာရှိတဲ့ စက်မှုဇုန်များနှင့် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများအတွက် ငွေကြေးအကူအညီများကိုလည်း ပေးနေပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ရှင်းလင်းပြောကြားလိုတာကတော့ ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ စက်မှုဇုန်များဟာ တစ်ခုနှင့်တစ်ခု ဖွဲ့စည်းထားတဲ့ အသွင်သဏ္ဍာန်၊ ထုတ်လုပ်မှုလုပ်ငန်းများနှင့် တည်ရှိမှု အနေအထားတို့ မတူညီတာကြောင့် စက်မှုဇုန် အားလုံးကို ဥပဒေတစ်ခုတည်းပြဋ္ဌာန်းပြီး တစ်ပြေးညီ လုပ်ကိုင်ဆောင်ရွက်စေမယ်ဆိုရင် လုပ်ငန်းရှင်များအနေနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ အခက်အခဲများရှိနိုင်ကြောင်း စက်မှုဇုန်များကလည်း တင်ပြထားတဲ့အတွက် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရ အဖွဲ့များရဲ့ အစီအမံအရ စက်မှုဇုန်အလိုက် ရေးဆွဲထားတဲ့ ဥပဒေများအတိုင်း သာ ဆောင်ရွက်မယ်ဆိုရင် ပိုမိုသင့်လျော်နိုင်မည်ဖြစ်တဲ့အတွက် အဲ့ဒီအဆိုကို မှတ်တမ်းတင်နိုင်ရေး ဆောင်ရွက်ပေးနိုင်ပါရန် ရှင်းလင်းဖြေကြားအပ်ပါတယ်။

 

 

ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်က ၁၉၇၅ ခုနှစ်တွင် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၃ အဖြစ် ပြဋ္ဌာန်းခဲ့သော နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပယ်ဖျက်ပေးပါရန် အဆို တင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်၊ မသင်‌့ အဆုံးအဖြတ်ရယူခြင်း

          ဥက္ကဋ္ဌ။  ။ အစီအစဉ် ၈ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပုသိမ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အား အဆိုတင်သွင်းဖို့ ဖိတ်ခေါ်ပါတယ်။

          ဦးဝင်းမြင့်(ပုသိမ်မဲဆန္ဒနယ်)။  ။ လေးစားအပ်တဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ် များ အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ၁၉၇၅ ခုနှစ်တွင် ပြည်သူ့လွှတ်တော် ဥပဒေအမှတ်(၃)အဖြစ် ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ပယ်ဖျက်ပေးရန်အဆိုကို တင်သွင်းမှာဖြစ်ပါတယ်။ ဒီဥပဒေကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် မှာ ဆိုရှယ်လစ်စနစ်ကို ကာကွယ်ရန်အတွက် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါတယ်။ ယခုအခါမှာ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင်‌့သုံးနေပြီး ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစည်များကို ဆောင်ရွက်နေချိန်ဖြစ်ပါတယ်။ အကယ်၍ နိုင်ငံတော်လုံခြုံ ရေးနဲ့ အများပြည်သူအေးချမ်းသာယာရေးအတွက် အမှန်တကယ်လိုအပ်တယ်ဆိုပါလျှင်လည်း ယင်းအချက်နဲ့ပတ်သက်ပြီး ရာဇသတ်ကြီးဥပဒေအခန်း(၈)မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြား စေသော ပြစ်မှုများဆိုပြီး ပြဋ္ဌာန်းထားပြီး ဖြစ်လို့ ရာဇသတ်ကြီးဥပဒေအရ အရေးယူနိုင်ပါတယ်။ တစ်ဖန် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးအန္တရာယ်ဖြစ်စေတယ်ဆိုရင်လည်း ရာဇသတ်ကြီးဥပဒေအခန်း(၆)မှာ ပြည်ထောင်စုနိုင်ငံတော်အစိုးရကို ဆန့်ကျင်ကျူးလွန်သောပြစ်မှု များ ဆိုပြီး ပြဋ္ဌာန်းထားပြီးလည်း ဖြစ်ပါတယ်။ ထိုဥပဒေပြဋ္ဌာန်းချက်များရှိပါလျက်နဲ့ နိုင်ငံသားများအား ဖိစီးနှိပ်စက်တဲ့၊ ဖိနှိပ်ချုပ်ချယ်တဲ့ နောက်ထပ်ဥပဒေတစ်ခုဆိုတာ လုံးဝမရှိသင်‌့ မရှိထိုက်ပါ။ မလိုအပ်တော့ဘဲ တည်ဆဲဥပဒေအဖြစ် တည်ရှိနေခြင်းဟာ ဖွဲ့စည်းပုံအ‌ွခေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်ပါတယ်။

          ဤဥပဒေရဲ့ ပုဒ်မ ၁၀ မှာ ပြဋ္ဌာန်းထားတဲ့ ဗဟိုအဖွဲ့ဟာ နိုင်ငံတော်အား ထိပါးမည့် အန္တရာယ်မှ ကြိုတင်ကာကွယ်ခြင်းအတွက် ကန့်သတ်အမိန့်ချမှတ်၍ (က) အရေးယူခြင်းခံရသူ အား တစ်ကြိမ်လျှင် ရက်ပေါင်း ၆၀ ထက်မိုစေဘဲ စုစုပေါင်း ရက် ၁၈၀ အထိ ဖမ်းဆီးချုပ်နှောင်ထား နိုင်ခြင်း၊ (ခ) အရေးယူခြင်းခံရသူအား တစ်နှစ်အထိ တားဆီးပြုလုပ်နိုင်ခြင်း ဆိုသည်တို့မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်နေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ဗဟိုအဖွဲ့ကို ယင်းသို့ ဖမ်းဆီးချုပ်နှောင်နိုင်တဲ့ လုပ်ပိုင်ခွင့်မပေးထားပါ။ ဖွဲ့စည်းပုံအ‌ွခေခံဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ(ခ)မှာ တရားရုံး၏ ခွင့်ပြုချက်မရရှိပါက နိုင်ငံသားတစ်ဦးကို ၂၄ နာရီထက်ကျော်လွန်ပြီး ချုပ်နှောင်ထားခွင့်မရှိစေရ ဆိုတဲ့ နိုင်ငံတော်အ‌ွခေခံမူကို မလွဲမသွေလေးစားလိုက်နာရမှာ ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံအ‌ွခေခံဥပဒေဆိုတာ တိုင်းပြည်ရဲ့ အ‌ွခေခံအကျဆုံး ဥပဒေ(Fundamental Law)ဖြစ်ပါတယ်။ မြင့်ဆုံးဥပဒေ(Supreme Law)ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ပြီး ပြဋ္ဌာန်းထားတဲ့ ဥပဒေများကလည်း မူလကတည်းက ပျက်ပြယ်ပြီးသား ဖြစ်ပါတယ်။ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့်ဥပဒေမှာ ဖွဲ့စည်းပုံအ‌ွခေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျော်လွန်နေပါတယ်။ ထို့အပြင် ကျွန်တော်တို့နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းကိုလည်း လေးစားလိုက်နာရမှာဖြစ်ပါတယ်။ ယင်းစာတမ်းရဲ့ အပိုဒ်(၃)မှာပါရှိတဲ့ လူတိုင်းအသက်ရှင်ရန် လွတ်လပ်ခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်ဟူသည်ကို မျက်ကွယ်ပြုရာရောက်နေ ပါတယ်။ ဤဥပဒေရဲ့ အမည်ကို ကြည့်ခြင်းအားဖြင့် ဥပဒေဟုပင် ပြောရခက်ပါတယ်။ ဘာကြောင့်လဲဆို တော့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးခြင်းကြောင့် ပြုလုပ်မှုကြောင့် ပြစ်မှုကျူးလွန်ခြင်းကြောင့် မဟုတ်ဘဲ နှောင့်ယှက်ဖျက်ဆီးလိုသူဟု ယုံကြည်လောက်သော အကြောင်းရှိရုံသက်သက် ထင်မြင် ယူဆချက်ဖြင့် ဝန်ကြီးအဖွဲ့သည် ပုဂ္ဂိုလ်တစ်ဦးဦးရဲ့ မူလအခွင့်အရေးကို လိုအပ်သလို ကန့်သတ်မိန့်ချမှတ်နိုင်ခြင်းမှာ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အပိုဒ် ၁၁ အပိုဒ်ခွဲ(၂)မှာ လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေ အရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာဥပဒေအရဖြစ်စေ ပြစ်မှုမမြောက်သောလုပ်ရပ် သို့မဟုတ် ပျက်ကွက်မှု အရ စွဲဆိုအပြစ်ပေးခြင်းမပြုရ ဆိုသည်ကို အတိအလင်း ချိုးဖောက်နေခြင်း ဖြစ်ပါတယ်။ ထို့အပြင် နိုင်ငံသားတစ်ဦးဦးကို ပြစ်မှု‌မြောက်ကြောင်း တရားရုံးက စီရင်ချက်မချသေးသမျှ အပြစ်ကျူးလွန်သည် ဟု မမှတ်ယူရ နောက်တစ်ဖန် ထင်ကြေးဖြင့် အပြစ်မပေးသင့်၊ အပြစ်မတွေ့သမျှ အပြစ်ကင်းသည်ဟု မှတ်ယူရမည် ဆိုတဲ့ တရားဥပဒေဆိုင်ရာ အခြေခံစံနှုန်းများနဲ့လည်း ကွဲလွဲနေပါတယ်။ ဒါကြောင့် ၁၉၇၅ ခုနှစ်က ဥပဒေအမှတ်(၃)ဖြစ်တဲ့ ဆိုရှယ်လစ်စနစ်ကို ကာကွယ်ဖို့ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ဥပဒေမှာ ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်နေသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင်‌့သုံးနေသော ယနေ့ခေတ်တွင် လုံးဝမရှိသင့်တော့ပါ၍ ပယ်ဖျက်ပေးပါရန် အဆိုတင်သွင်းအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူး တင်ပါတယ်။

          ဒေါ်ခင်စောဝေ(ရသေ့တောင်မဲဆန္ဒနယ်)။               ။ အားလုံး မင်္ဂလာပါ။ ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်က တင်သွင်းတဲ့ ၁၉၇၅ ခုနှစ်တွင် ပြည်သူ့လွှတ်တော် ဥပဒေအမှတ်(၃)အဖြစ် ပြဋ္ဌာန်းခဲ့သော နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့်ဥပဒေကို ပယ်ဖျက်ပေးပါရန် အဆိုကို ဤလွှတ်တော်မှ လက်ခံဆွေးနွေးရန် သင့်ပါ ကြောင်း ကျွန်မ ခင်စောဝေမှ ထောက်ခံတင်ပြအပ်ပါတယ်ရှင်။ (သြဘာသံများ)

          ဥက္ကဋ္ဌ။  ။ အဆို တင်ပြသွားချက်အပေါ် ပြန်လည်သုံးသပ်မယ်ဆိုရင် ဒီလွှတ်တော်မှာ ဆွေးနွေးသင်‌့တဲ့အဆိုတစ်ခုဖြစ်ကြောင်း မိမိအနေနဲ့တွေ့ရှိရပါတယ်။ ထိုနည်းတူစွာပဲ ဒီအဆိုနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဖို့ ကိုယ်စားလှယ်တစ်ဦးအားလည်း ဖိတ်ခေါ်အပ်ပါတယ်။ ဆွေးနွေးပြီးတဲ့ အခါကျတော့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ဆွေးနွေးမှုပေါ်မူတည်ပြီးတော့ ထောက်ခံခြင်း၊ ကန့်ကွက် ခြင်းပေါ်မှာမူတည်ပြီးတော့ လွှတ်တော်က ဆုံးဖြတ်သွားရမှာဖြစ်ပါတယ်။ ဒီအဆိုကလည်း အရေးကြီး တဲ့ အဆိုတစ်ခုဖြစ်တဲ့အတွက် အဆိုတင်သွင်းသူထောက်ခံသူလည်း ရှိနေပြီဖြစ်တဲ့အတွက် လွှတ်တော် ကို ကျွန်တော် မေးမြန်းတင်ပြပါမယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပုသိမ်မဲဆန္ဒနယ်မှ ဦးဝင်းမြင့် တင်သွင်းတဲ့အဆိုကို ကိုယ်စားလှယ်တစ်ဦးက ထောက်ခံသွားပါတယ်။ ဒီအဆိုကို လက်ခံဆွေးနွေးရန် သင်‌့၊ မသင်‌့လွှတ်တော်ရဲ့ ဆန္ဒရယူပါမယ်။ ဦးဝင်းမြင်‌့တင်သွင်းတဲ့အဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူပါသလားခင်ဗျား။

                    ဥက္ကဋ္ဌ။  ။ သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပုသိမ် မဲဆန္ဒနယ်မှ ဦးဝင်းွမင့် တင်သွင်းတဲ့အဆိုနဲ့စပ်လျဉ်းပြီး လွှတ်တော်က သဘောတူတဲ့အတွက် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာပါတယ်။

ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်၏အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း

          ဥက္ကဋ္ဌ။  ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပုသိမ်မဲဆန္ဒနယ်မှ ဦးဝင်းမြင့်တင်သွင်းတဲ့ အဆိုကို ဆွေးနွေးမယ့်ရက်ထပ်မံတင်ပြပါမယ်။ ဆွေးနွေးမယ့်လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် ၁၃၀၀ နာရီအရောက် ပြည်သူ့လွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းရန်ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ အချိန်များကို စနစ်တကျကျင်‌့သုံးသွားနိုင်ဖို့ လွှတ်တော်ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းတဲ့ နေရာမှာ မိမိအနေနဲ့ ရည်ရွယ်ထားတာကတော့ မည်မျှပင်စာရင်းတင်သွင်းတင်သွင်း လွှတ်တော် အစည်းအဝေးမှာတော့ ၆ ယောက်ထက်ပိုပြီးတော့ မဆွေးနွေးစေချင်ပါဘူး။ ၆ ယောက်ကလည်း တင်သွင်းတဲ့လူအချင်းချင်းစိစစ်ပြီးတဲ့အခါမှာ မိမိတို့တင်ပြလိုတဲ့ အချက်အလက်တွေကို ထောက်ခံဖို့ အတွက် ထောက်ခံသလို ပြည့်စုံအောင် ဆောင်ရွက်မယ်ဆိုလို့ရှိရင် လုံလောက်မယ်လို့ ယူဆပါတယ်။ ဒါပေမယ့် တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက် ပြောတဲ့အခါမှာလည်း ထောက်ခံဖို့အတွက် လုံလောက်နိုင်ပါတယ်။ အဲဒီအတိုင်းပဲ ကန့်ကွက်မယ်ဆိုလို့ရှိရင်လည်း တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက် ပြောမယ်ဆိုရင်လည်း လုံလောက်နိုင်ပါတယ်။ သို့ရာတွင် ထောက်ခံဖို့အတွက်ပဲ ရှိတယ်ဆိုရင်တော့ ခုနက ၆ ယောက်လုံးလည်း ဆွေးနွေးလို့ရပါတယ်။ ဒါကြောင့်မို့လို့ ဒါကိုလည်း ကျွန်တော် လွှတ်တော်ကို ကြိုတင်ပြီးတော့ တင်ပြခြင်းဖြစ်ပါတယ်။ ဒီနေ့ ဆိုလို့ရှိရင် အမျိုးသား လွှတ်တော်မှာ အဆိုတစ်ခုအတွက် တင်သွင်းထားတဲ့လူအရည်အတွက်များတဲ့အတွက် အခု ဒီအစည်းအဝေးကို တက်ရောက်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့က ဒုတိယဝန်ကြီးဟာ ဒီခန်းမထဲကို ရောက်မလာနိုင်သေးပါဘူး။ ခုနက ခွင့်လာတောင်းပါတယ်။ ဆက်လက်ဆွေးနွေးဖို့ အချိန်တစ်နာရီ ကျော်ကျော်ကြာပါဦးမယ်။ ဒါကြောင့်မို့လို့ ဟိုဖက်မှာဆက်ပြီး တက်ပါရစေ ဆိုတဲ့အတွက် သူ့ရဲ့ တောင်းခံတဲ့အတိုင်းပဲ ခွင့်ပြုရပါတယ်။ ကျွန်တော်တင်ပြချင်တာကတော့ လုံလောက်တဲ့အချိန်ကို အသုံးပြုမယ်ဆိုရင် အားလုံးအဆင်ပြေနိုင်တဲ့အတွက် ဒါကြိုတင်ပြီးတော့ ကျွန်တော် တင်ပြထားခြင်း ဖြစ်ပါတယ်။ ဒါဟာလည်း ကျွန်တော့်ရဲ့ တင်ပြချက်ပဲ ဖြစ်ပါတယ်။ ကိစ္စမရှိဘူး။ ကျွန်တော်တို့ ကတော့ ဆွေးနွေးချင်တယ်ဆိုလို့ရှိရင်လည်းပဲ ဒါ လွှတ်တော်ရဲ့ သဘောထားပေါ် မူတည်ပြီးတော့ ဆွေးနွေးခိုင်းပါ့မယ်။ သို့ရာတွင် ကျွန်တော် လွှတ်တော်မှာတော့ အခြားအသုံးပြုရမယ့်အချိန်တွေက တော့ လျှော့နည်းသွားမှာ ဆိုတဲ့အကြောင်း ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်။

ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပုသိမ်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်တင်သွင်းတဲ့အဆိုကို ဆှေးနွေးမယ့်ရက်ထပ်မံကြေညာပါ့မယ်။ ဆွေးနွေးမယ့်လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ ၂၀၁၂ခုနှစ်  အောက်တိုဘာလ ၂၄ ရက် ၁၃း၀၀ နာရီအရောက် ပြည်သူ့လွှတ်တော် ဒုတိယ ညွှန်ကြားရေးမှုးချုပ်ထံ အမည်စာရင်း တင်သွင်းရန်ဖြစ်ပါတယ်။ လွှတ်တော်ရဲ့အချိန်များကို စနစ်တကျ ကျင့်သုံးသွားနိုင်ဖို့ လွှတ်တော် ဒုတိယညွှန်ကြားရေးမှုးချုပ်ထံ အမည်စာရင်းတင်သွင်းတဲ့နေရာမှာ မိမိအနေနဲ့ ရည်ရွယ်ထားတာ ကတော့ မည်မျှပင်စာရင်းတင်သွင်း လွှတ်တော်အစည်းအဝေးမှာတော့ ၆ ယောက် ထက်ပိုပြီးတော့ မဆွေးနွေးစေလိုပါဘူး။ ၆ ယောက်ကလဲ တင်သွင်းတဲ့လူအချင်းချင်း စိစစ်ပြီးတဲ့အခါမှာ တင်ပြလိုတဲ့အချက်အလက်တွေကို ထောက်ခံဖို့အတွက် ထောက်ခံတဲ့လူပြည့်စုံအောင်ဆောင်ရွက် မယ်ဆိုလို့ရှိရင် လုံလောက်မယ်လို့ယူဆပါတယ်။ ဒါပေမဲ့ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက် ပြောတဲ့အခါမှာလဲ ထောက်ခံဖို့အတွက် လုံလောက်နိုင်ပါတယ်။ အဲဒီအတိုင်းပဲ ကန့်ကွက်မယ် ဆိုလို့ရှိရင်လည်း တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်‌ပြောမယ်ဆိုလည်း လုံလောက်ပါတယ်။ သို့ရာတွင် ထောက်ခံမှုအတွက်ပဲ ရှိတယ်ဆိုလို့ရှိရင်တော့ ခုဏက ၆ ယောက်လုံးလဲ ဆွေးနွေးလို့ ရပါတယ်။  ဒါကြောင့်မို့လို့ ဒါဟာလည်း ကျွန်တော်တို့ လွှတ်တော်ကိုကြိုတင်ပြီးတော့တင်ပြခြင်း ဖြစ်ပါတယ်။ ယနေ့ဆိုလို့ရှိရင် အမျိုးသားလွှတ်တော်မှာ အဆိုတစ်ခုအတွက်တင်သွင်းထားတဲ့ လူအရည်အတွက်များတဲ့အတွက် အခု ဒီအစည်းအဝေးကိုတက်ရောက်ဖို့ ပြည်ထောင်စုအစိုးရ အဖွဲ့က ဒုတိယဝန်ကြီးဟာ ဒီခန်းမထဲရောက်မလာနိုင်သေးပါဘူး။ ခုန ခွင့်လာတောင်းပါတယ်။ ဆက်လက်ဆွေးနွေးဖို့ အချိန်တစ်နာရီကျော်ကျော်ကြာပါဦးမယ်။ ဒါကြောင့်မို့လို့ ဟိုဘက်မှာ ဆက်ပြီး တက်ပါရစေဆိုတဲ့အတွက် သူ့ရဲ့တောင်းခံတဲ့အတိုင်းပဲ ခွင့်ပြုရပါတယ်။ ကျွန်တော် တင်ပြချင်တာက လုံလောက်တဲ့အချိန်ကို အသုံးပြုမယ်ဆိုလို့ရှိရင် အားလုံးအဆင်ပြေနိုင်တဲ့ အတွက် ဒါကြိုတင်ပြီးတော့ ကျွန်တော်တင်ပြထားခြင်းဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော့်ရဲ့ တင်ပြချက်ပဲဖြစ်ပါတယ်။ ဒါကိုလည်းကိစ္စမရှိဘူး ကျွန်တော်တို့ကလည်း ဆွေးနွေးချင်တယ် ဆိုလို့ရှိရင်လည်း ဒါလွှတ်တော်ရဲ့ သဘောထားပေါ်မူတည်ပြီးတော့ ဆွေးနွေးခိုင်းပါ့မယ်။ သို့ရာတွင် လွှတ်တော်ရဲ့အခြေအနေပေါ်မူတည်ပြီးတော့လည်း အခြားအသုံးပြုရမယ့် အချိန်တွေ လျော့နည်းသွားမှာဖြစ်တယ်ဆိုတဲ့အကြောင်း ကျွန်တော်ကြိုတင် တင်ပြခြင်းဖြစ်ပါတယ်။ အစီအစဉ် ၁၀ ကို ဆက်လက်ဆောင်ရွက်ပါ့မယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။  ကျန်းမာရေးဝန်ကြီး ဌာနက တင်သွင်းသော တိုင်းရင်းဆေးကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်မှာ စတင်တင်သွင်းပြီး အတည်ပြုချက်ဖြင့်ပေးပို့လာရာ ၁-၈-၂၀၁၂ ရက်နေ့တွင်  လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြပြီးဖြစ်ပါတယ်။ ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ဥပဒေကြမ်းကော်မတီ၏အစီရင်ခံစာကိုလည်း ၂၉-၈- ၂၀၁၂ နေ့တွင် တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။ ဒီဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ပြင်ဆင်ချက်တင်သွင်းထားတာရှိပါတယ်။ ၎င်းပြင်ဆင်ချက်များ အပေါ် ပြင်ဆင်ချက်အဆိုတင်သွင်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင် ရာအပိုဒ်၊ အပိုဒ်ခွဲအလိုက်ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းများ ပြုလုပ်ပြီး လွှတ်တော်ရဲ့ဆန္ဒသဘောထားရယူ၍ ဆုံးဖြတ်အတည်ပြုခြင်းနှင့် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိသည့် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များကို အတည်ပြုခြင်းများဆောင်ရွက်သွှားမှာဖြစ်ပါတယ်။ ယခု စတင်ဆောင်ရွက်ပါ့မယ်။ ဆောင်ရွက်တဲ့ နေရာမှာအဆင်ပြေနိုင်ဖို့အတွက် ဖြန့်ဝေထားတဲ့ကန့်လန့်ဖြတ်ဇယားများ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ကန့်လန့်ဖြတ်ဇယားနဲ့အတူ  လွှတ်တော်ကိုယ်စားလှယ်များထံမှ မူလဥပဒေကြမ်း ပြင်ဆင်ချက်အဆိုများလည်း လက်ထဲမှာရှိပြီးပြီလို့ယူဆပါတယ်။ ဒါကြောင့်မို့လို့  ကန့်လန့်ဖြတ် ဇယားကိုအသုံးပြုသွားမှာဖြစ်ပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး တိုင်းရင်းဆေးကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပကြမ်းနှင့်စပ်လျဉ်း၍ အဆိုပြုပြဌာန်းချက်၊ အမျိုးသားလွှတ်တော်၏ပြင်ဆင်ချက်နှင့် ပြည်သူ့လွှတ်တော်က ပြင်ဆင်ရန်တင်ပြချက်ဇယား  ဖြစ်ပါတယ်။ 

ဒေါက်တာစိုးမိုးအောင်(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ )။  ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ တိုင်းရင်းဆေး ကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အမှတ်စဉ် ၁ အပိုဒ်စဉ် ၁ အခန်း ၁ မှာ မူလအဆိုပြုပြဌာန်းချက်မှာ တိုင်းရင်းဆေးကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေဟုခေါ်တွင် စေရမည်ဟုပါရှိပါတယ်။ အမျိုးသားလွှတ်တော်၏ပြင်ဆင်ချက်မှာလည်း မူလ အဆိုအတိုင်း လက်ခံထားရှိပါတယ်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအနေနဲ့ အမျိုးသား လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း လက်ခံသဘောတူရန် လွှတ်တော်သို့တင်ပြအပ်ပါသည်ခင်ဗျား။ 

ဒေါက်တာ ဝင်းမြင့် (ဒုတိယဝန်ကြီး ၊ ကျန်းမာရေးဝန်ကြီးဌာန)။      ။ သဘောတူပါတယ်။

ဥက္ကဋ္ဌ။           ။ သဘောတူတဲ့အတွက် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်အဆိုပြုချက် အတည်ဖြစ်ကြောင်းကြေညာပါတယ်။ (သြဘာသံများ)

ဦးသိန်းထွန်းဦး(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။    ။ ဥပဒေကြမ်းကော်မတီကတင်ပြဖို့ ဖြစ်ပါတယ်။  လေးစားအပ်ပါသော  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ တိုင်းရင်းဆေးကောင်စီ ဥပဒေကိုပြင်ဆင်သည့် ဥပဒေနှင့်စပ်လျဉ်း၍ မူလအဆိုပြုပြဌာန်းသည့် အခန်း ၁ အပိုဒ် ၆ အပိုဒ်  ခွဲ (ခ) တွင် တစ်ဆက်တည်း သုံးကြိမ်အထိဆိုသည့်စကားရပ်ကို တစ်ဆက်တည်း ၂ ကြိမ်ဆိုသည့် စကားရပ်အား အစားထိုးရမည်ဟု အဆိုပြု တင်ပြထားပါတယ်။ ဥပဒေကြမ်းကော်မတီမှ အမျိုးသား လွှတ်တော်ရဲ့ပြင်ဆင်ချက်အဆိုကို ပြင်ဆင်ချက်အတိုင်း တင်ပြပါ့မယ်။ အခန်း ၁ အပိုဒ် ၆ အပိုဒ်ခွဲ  (ခ)တွင် တစ်ဆက်တည်း သုံးကြိမ်အထိဆိုသည့်စကားရပ်ကို တိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌမှအပ ကျန်ကောင်စီဝင်များ၏သက်တမ်းသည် တစ်ဆက်တည်း နှစ်ကြိမ်ထိဆိုသည့် စကားရပ်ဖြင့်  အစားထိုးရမည်ဟု အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း ပြည်သူ့လွှတ်တော်၏ ဥပဒေကြမ်းကော်မတီက  ပြင်ဆင်ချက်အဖြစ်တင်သွင်းထားပါတယ်။ ပြင်ဆင်ချက်အား လွှတ်တော်မှ အတည် ပြုပေးနိုင်ပါရန် လေးစားစွာတြင်ပအပ်ပါတယ်ခင်ဗျား။

ဒေါက်တာ ဝင်းမြင့် (ဒုတိယဝန်ကြီး ၊ ကျန်းမာရေးဝန်ကြီးဌာန)။      ။ ဝန်ကြီးဌာနအနေနဲ့ သဘောတူပါတယ်။

ဥက္ကဋ္ဌ။           ။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ပြင်ဆင်အဆိုပြုချက်ကို ပြည်ထောင်စုဝန်ကြီးဌာန ကလည်း သဘောတူတဲ့အတွက်  ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင် အဆိုပြုချက်အတည် ဖြစ်ကြောင်း ကြေညာပါတယ်။ (သြဘာသံများ)

ဦးမြင့်ဦး(သနပ်ပင်မဲဆန္ဒနယ်)။         ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များ အားလုံး မင်္ဂလာအ‌ပေါင်းနဲ့ပြည့်စုံပါစေကြောင်း ဂါရဝပြုနှုတ်ခွန်းဆက်သက်ပါတယ်။ ကျွန်တော် ကတော့ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးဖြစ်ပါတယ်။ ကျွန်တော်ဟာ တိုင်းရင်းဆေး ဆရာတစ်ဦးဖြစ်ပြီး ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင်မှုကော်မတီ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ ကျွန်တော် တင်ပြချင်တာက တော့ တိုင်းရင်းဆေးကောင်စီဥပဒေပုဒ်မ ၂၂ ကို ပြင်ဆင်ခြင်းမပြုပဲ မူလအတိုင်းသာ ထားရှိသင့်ကြောင်းတင်ပြသွားမှာဖြစ်ပါတယ်။ အကြောင်းကတော့  (၁) တောင်ပေါ်မြေပြန့်နေရာ  အနှံအပြားမှာ ကောင်စီကထုတ်ပေးတဲ့ တိုင်းရင်းဆေးဆရာမှတ်ပုံတင် တ/ဆမရှိတဲ့ တိုင်းရင်းသား ရိုးရာဆေးပညာရှင်များ အများအပြားရှိနေခြင်း၊ (၂) အဘိဓမ္မာတောင်သာကဲ့သို့သော ဒေသန္တရ ဆေးပညာသင်တန်းဆင်း  တိုင်းရင်း ဆေးဆရာများ ရှိနေခြင်း၊ (၃) မိရိုးဖလာသားစဉ်မြေးဆက် အမွေဆက်ခံတတ်မြောက်လာသော တိုင်းရင်း ဆေးဆရာများရှိနေခြင်း၊ (၄) သမားအစဉ်အဆက် တပည့်ခံသင်ယူတက်မြောက်လာသော တိုင်းရင်းဆေးဆရာများ ရှိနေခြင်း၊ (၅) ၂၀၁၀-၂၁၁၁  စာရင်းများအရ မှတ်ပုံတင်ရှိသောတိုင်းရင်းဆေးဆရာ ၆၀၀၀ ကျော်သာရှိနေခြင်း၊ (၆) ယခုအခါ တိုင်းရင်းဆေးသင်တန်းဟူ၍ တိုင်းရင်းဆေးတက္ကသိုလ်တစ်ခုသာရှိနေပြီး တစ်နှစ်ကို သင်တန်း သား ၂၀၀ မှ ၁၀၀ အတွင်းသာ မွေးထုတ်ပေးနိုင်သေးခြင်း၊ ၁၉၉၅ ခုနှစ်နောက်ပိုင်း တိုင်းရင်းဆေးပညာ အရည်အချင်းစစ်စာမေးပွဲများဖြစ်တဲ့ ၃ ဘာသာ၊ ၄ ဘာသာစာမေးပွဲများသာ ပြုလုပ်ပေးနိုင်တော့ခြင်း စတဲ့အကြောင်းများကြောင့် ကျေးလက်တောရွာများမှာ တစ်ထောင့် တစ်နေရာမှ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြတဲ့ တိုင်းရင်းဆေးဆရာများနှင့် ရိုးရာဆေးပညာ ရပ်များကို ဖော်ထုတ်ချီးမြှောက်အားပေးရမဲ့အစား ဥပဒေသတ်မှတ်လို့ တိမ်ကောပျောက်ကွယ် သွားအောင် နှိပ်ကွပ်သလိုဖြစ်သွားမှာကို အလွန်ပဲစိုးရိမ်မိပါတယ်။ လက်ရှိ ဘက်ပေါင်းစုံ အ‌ခြေအနေအရ တိုင်းရင်းဆေးဆရာများထားရှိဖို့ အခြေအနေအရလိုအပ်နေသေးပါတယ်။ ကိုယ်စားလှယ်တော်ကြီးများ အလေးအနက်ထားပြီးတော့ စဉ်းစားပေးကြပါခင်ဗျား။ မူလ တိုင်းရင်းဆေးကောင်စီ ဥပဒေပုဒ်မ ၂၂ မှာ မည်သူမှ တိုင်းရင်းဆေးကောင်စီက ထုတ်ပေးသည့် လတ်မှတ်မရှိဘဲ ပုဂ္ဂလိက အကျိုးစီးပွားအတွက် ငွေကြေး သို့မဟုတ်  အကျိုးစီးပွားရယူ၍ ဆေးကုသတဲ့လုပ်ငန်းကို လုပ်ကိုင်ခြင်း မပြုရဟူ၍ဖြစ်ပါတယ်။ တ/ဆ မရှိပဲ ငွေကြေး သို့မဟုတ် အကျိုးခံစားခွင့်မယူပဲနဲ့ အခမဲ့ကုသိုြလ်ဖစ် ကုသတယ်ဆိုရင်တော့ ဥပဒေနဲ့မငြိစွန်းပါဘူး။ ပုဒ်မ ၂၂ ကိုပြင်ဆင်ဖို့ အဆိုပြုထားတာက မည်သူမှ ဆေးကောင်စီကထုတ်ပေးတဲ့ လတ်မှတ်မရှိပဲ ဆေးကုသတဲ့လုပ်ငန်းကို လုပ်ကိုြင်ခင်းမပြုရဟူြ၍ဖစ်ပါတယ်။ ဘာအကြောင်းကြောင့်မှ ကုသခွင့် မရှိလို့ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ အမေလုပ်တဲ့သူက သားသမီးဖျားလို့ ကွမ်းရွက်ပြုတ်ရေ တိုက်ရင်တောင် အပြစ်ဖြစ်သလိုဖြစ်နေပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ တကယ်တော့ တိုင်းရင်းဆေး၊ ရိုးရာဆေးများဟာ  ဂျင်း၊ ငရုတ်ကောင်း၊ ဆနွင်း၊ လေးညှင်း ၊ ကြက်သွန်နီ၊ ဖန်ခါးသီး၊ ဇီးဖြူသီး၊ ပျားရည်တို့လို မီးဖိုချောင်သုံးအစားအစာနှင့် ဆေးဖက်ဝင်သဘာဝပေါက်ပင် အရွက်၊ အခေါက်၊ အသီး၊ အမြစ်၊ သစ်ဥသစ်ဖုတွေနဲ့ သဘာဝအတိုင်းဖော်စပ်တာဖြစ်ပါတယ်။ ဓာတုဗေဒဆေးဝါးများ ထက် သောက်သုံးသူကို ဘေးထွက် ဆိုးကျိုးအလွန်နည်းစေပါတယ်။ ယနေ့ကမ္ဘာမှာ ခေတ်သစ် ဆေးပညာထွန်းကားတဲ့ အနောက်နိုင်ငံကြီးများပင်လျှင် မိမိတို့ရဲ့ မိရိုးဖလာတိုင်းရင်းဆေးပညာ Antigrnrus Medicine ကို ရောဂါဘယကြီးများတွင် Alternative Medicine အဖြစ် သဘာဝကုထုံးများ တွင်ကျယ်စွာအသုံးပြုနေသည်ကိုတွေ့မြင်နိုင်ပါတယ်။ အထက်ပါ‌ပြောခဲ့သလို  နိုင်ငံတကာမှာ ရိုးရာဆေးပညာတွေကို  ဖော်ထုတ်အားပေးနေချိန်မှာ ကျေးလက်ဒေသတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုအလွန်နိမ့်ကျနေသေးချိန်မှာ ကျေးလက်တောရွာနှင့် တောင်ပေါ်ဒေသ တွေမှာ  တိုင်းရင်းဆေးကိုအားကိုးနေရသေးချိန်မှာ တိုင်းရင်းဆေးကိုမိရိုးဖလာတက်‌ွမောက်လာတဲ့ အကြောပညာရှင်တွေ၊ အရိုးကျိုး၊ အရိုးဆက်ပညာရှင်တွေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအရ ကိုယ်တတ်သိထားတဲ့ ရိုးရာဆေးနည်းတွေနဲ့ ကုသိုလ်ဖြစ်၊ ဇီဝိတဒါနအဖြစ် ကျန်းမာရေး စောင့်ရှောြက်ခင်း၊ လက်ဆင့်ကမ်းအမွေပေးခြင်းတွေကို မလိုသူကတိုင်ကြားရင် ဥပဒေအရ အရေယူခြင်းခံရနိုင်တာရှိပါတယ်။ သို့ဖြစ်ပါ၍ တိုင်းရင်းဆေးကောင်စီသည် တောင်ပေါ်၊ မြေပြန့်၊ ကျေးလက်တောရွာများတွင်ရှိနေကြတဲ့ ရိုးရာတိုင်းရင်းဆေးဆရာများအား တိုင်းရင်းဆေးဆရာ မှတ်ပုံတင်လတ်မှတ်တ/ဆကို  အရည်အချင်းအရ စနစ်တကျရရှိအောင်ဆောင်ရွက်ပေးနိုြင်ခင်း မရှိမီကာလအထိ  ဒေသအလိုက်အဆင်ပြေအောင်ဆောင်ရွက်နေသော တိုင်းရင်းဆေးကုသနည်း များကို လက်ရှိအ‌ခြေအေနေအတိုင်းသာထားရှိသင်ပါ၍ တိုင်းရေးဆေးကောင်စီဥပဒေပုဒ်မ ၂၂ အား မူလပြဋ္ဌာန်းချက် အတိုင်းသာထားရှိသင်‌့ပါကြောင်း လေးစားစွာတင်ပြအပ်ပါတယ်။

(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ )။        ။ လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အခန်း (၁) အပိုဒ် ၂၂ ပုဂ္ဂလိကအကျိုးအတွက် ငွေကြေး သို့မဟုတ် အကျိုးခံစားခွင့် ရယူ၍ဆိုသည့်စကားရပ်ကို ပယ်ဖျက်ရမည်ဟူ၍ တိုင်းရင်းဆေး ကောင်စီကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာဖော်ပြထားပါတယ်။ အမျိုးသားလွှတ်တော်က အဆိုပြု ပြဋ္ဌာန်းချက်ကို သဘောတူ အတည်ပြုထားတာတွေ့ရပါတယ်။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအနေနဲ့ မူလဥပဒေမှာ ပါတဲ့ မည်သူမျှ ကောင်စီက ထုတ်ပေးသည့် မှတ်ပုံတင် လက်မှတ်မရှိဘဲ ပုဂ္ဂလိကအကျိုးအတွက် ငွေကြေး သို့မဟုတ် အကျိုးခံစားခွင့်ရယူ၍ဆိုသည့် စကားရပ်ကိုပယ်ဖျက်ပြီး မှတ်ပုံတင်လက်မှတ်မရှိဘဲ ပုဂ္ဂလိက အကျိုးအတွက် ငွေကြေး သို့မဟုတ် အကျိုးခံစားခွင့်ရယူ၍ဆေးကုသသည့်လုပ်ငန်းကို လုပ်ကိုင်ခွင့်မပြုရဟု ပြဋ္ဌာန်းခဲ့ပါတယ်။ အဲ့ဒီ အပေါ်မှာ ကျွန်တော်တို့ ပယ်ဖျက်လိုက်တဲ့အတွက် ပယ်ဖျက်တဲ့စကားရပ်ကို ဖြည်‌့လိုက်တဲ့အတွက် ကျန်ရှိတဲ့အဓိပ္ပာကတော့ မည်သူမျှကောင်စီကထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်မရှိဘဲ ဆေးကုသသည့်လုပ်ငန်းကိုလုပ်ကိုင်ခြင်းမပြုရလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ ဥပဒေသဘော အရ ကျွန်တော်တို့ သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦးတင်ပြသွားတဲ့ ဒါ စိုးရိမ်စရာအချက်များကို တွေ့ရပါတယ်။ သို့ရာတွင် ဥပဒေသဘောအရ ကောင်စီကထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ် မရှိဘဲ ဆေးကုသတဲ့ ကိစ္စကို ပြောတာမဟုတ်ဘဲနဲ့ ဆေးကုသတဲ့လုပ်ငန်းကိုဆောင်ရွက်တယ်လို့ မူလကသုံးသပ်ရရှိပါတယ်။ ဆေးကုသတဲ့ လုပ်ငန်းများဖြစ်တဲ့  ဆေးခန်းဖွင့်ခြင်း၊ ဆေးဆိုင်ဖွင့်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်းဆိုတဲ့အချက်များကိုတွေ့ရပါတယ်။ နောက်တစ်နည်း စဉ်းစားရင်လည်း လက်မှတ်ရတဲ့ တိုင်းရင်းဆေးဆရာများကိုသာအသိအမှတ်ပြုပြီး လုပ်ကိုင်ခွင့် ပြုမည့် သဘောဆိုတဲ့ ဟာလည်းတွေ့ရတဲ့အတွက် ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီအနေနဲ့ ကျွန်တော်တို့ အမျိုးသား လွှတ်တော်ရဲ့ ပြင်ဆင်ချက်အတိုင်းသဘောတူထားရှိခဲ့ပါတယ်။ သို့ရာတွင် လက်တလော အခြေအနေအရ ဝေးလံတဲ့ဒေသများမှာပါရှိတဲ့ တိုင်းရင်းဆေးဝါးကို ကုသမှုခံယူဆောင်ရွက်လျက် ရှိကြတဲ့ ဒါ တိုင်းရင်းဆေးလက်မှတ်မရှိသေးတဲ့ ပြည်သူများယုံကြည်လက်ခံပြီးတော့ ဆေးဝါး စောင့်ရှောက်နေကြတဲ့ ပြည်သူတွေလည်းရှိနိုင်တယ်။ တိုင်းရင်းဆေးလက်မှတ်မရှိသေးတဲ့ ဆေးဆရာများလည်းရှိနိုင်တယ်။ ဒီဥပဒေ ထုတ်လိုက်ပါက ဒီ အခက်အခဲများအတွက် ပြည်သူ များမှာ တိုက်ရိုက်အခက်အခဲများကြုံတွေ့နိုင်တဲ့အချက်များကို ပြန်လည်သုံးသပ်ရရှိတဲ့အတွက် တိုင်းရင်းဆေးဆရာမှတ်ပုံတင်လက်မှတ်ကို အရည်အချင်းအရစနစ်တကျရရှိအောင် ဆောင်ရွက် ပေးနိုင်တဲ့ကာလရောက်တဲ့အချိန်မှာမှ ဒီအချက်ကိုပြန်လည်စဉ်းစားပြီးတော့ ပြင်ဆင်သင်‌့တယ်လို့ ယူဆတဲ့အတွက် ဦးမြင့်ဦး၊ သနပ်ပင်မဲဆန္ဒနယ်ရဲ့အဆိုပြုချက်အား ထောက်ခံသင်‌့ပါကြောင်း ပြန်လည် သုံးသပ်ရရှိတဲ့ အချက်ကို တင်ပြအပ်ပါတယ်။

          ဥက္ကဋ္ဌ။           ။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များ လက်ထဲမှာရှိတဲ့ တိုင်းရင်းဆေးကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အကျိုးအကြောင်းဖော်ပြချက်ဆိုတဲ့ ဇယားတစ်ခုပါပါတယ်။ အဲဒီမှာ ကျွန်တော်တို့ အပိုဒ်(၂)မှာ ပုဒ်မ ၂၂ မည်သူမျှ ကောင်စီက ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်မရရှိဘဲ ပုဂ္ဂလိကအကျိုးစီးပွားအတွက် ငွေကြေး သို့မဟုတ် အကျိုးခံစားခွင့်ရယူ၍ ဆေးကုသသည့်လုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရဆိုတာ ၂၀၀၀ ပြည့်နှစ် တိုင်းရင်းဆေးကောင်စီ ဥပဒေပြဋ္ဌာန်းချက် ပဲဖြစ်ပါတယ်။ ဒါကို အမျိုးသားလွှတ်တော်က ပြင်ဆင် ထားခဲ့ပါတယ်။ ဒီအပေါ်မူတည်ပြီးတော့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက အမျိုးသား လွှတ်တော်ရဲ့ ပြင်ဆင်ချက်အတိုင်း ထားသင့်ပါတယ် ဆိုပြီးတော့ ဆွေးနွေးမှတ်တမ်းတင်ခဲ့ပါတယ်။ သို့ရာတွင် ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမတိုင်ခင်မှာ အဆိုပြုထားသူများနဲ့ ကျွန်တော်တို့ ရုံးခန်းမှာ အစည်းအဝေးလုပ်ပါတယ်။ လုပ်တဲ့အခါမှာ ဒီဦးမြင့်ဦးရဲ့တင်ပြချက်က လက်ရှိ အခြေအနေနဲ့ ကျိုးကြောင်းလျော်ညီမှုရှိကြောင်း ကျွန်တော်တို့အဖွဲ့အနေနဲ့ ပြီးလို့ရှိရင် အရင်တုန်းက ပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာကြီး ဦးကျော်မြင်‌့အနေနဲ့ လည်း လက်ရှိအခြေအနေက ဒီအတိုင်းပဲထားသင့်တယ်ဆိုတာကို အားလုံးဝိုင်းဝန်းဆွေးနွေး ဆုံးဖြတ်တဲ့အခါပေါ်လာပါတယ်။ သို့ရာတွင် ခုနကတင်ပြသလို တိုင်းရင်းဆေးဆရာလက်မှတ် ရရှိရေးအတွက်တော့ ဒီကာလအတွင်းမှာ ဆောင်ရွက်ပေးဖို့ လိုကြောင်းလည်း ဖော်ထုတ်လို့ရပါ တယ်။ အဲဒီလိုမှမဟုတ်ဘဲနဲ့ ဒီဥပဒေကို အတည်ပြုပြဋ္ဌာန်းလိုက်မယ်ဆိုရင် အမျိုးသား လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်မယ်ဆိုရင် တကယ်ဝေးလံခေါင်းပါးတဲ့နေရာမှာ ဆေးကုသ ခြင်းခံနေရတဲ့ ကျွန်တော်တို့ ဆရာဝန်လည်းမပေးနိုင်၊ သူနာပြုလည်းမပေးနိုင်၊ အခြား ကျန်းမာရေး အထောက်အကူလည်းမပေးနိုင်တဲ့ တောင်ပေါ်ဒေသတိုင်းရင်းသားများအတွက် များစွာဒုက္ခရောက် နိုင်သလို ဆေးကုပေးတဲ့လူကိုလည်း တခြားအကြောင်းအကြောင်းကြောင့် အရေးယူအပြစ်ပေးမယ် ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ ဥပဒေပြုတဲ့လူများအတွက်လည်း တာဝန်မကင်းဖြစ်မှာဖြစ်တဲ့အတွက် အတိုချုပ်ပြောမယ် ဆိုရင်တော့ ဒါအပြင်မှာ ကျွန်တော်တို့ ညှိပြီးသားဖြစ်ပါတယ်။ အကျေအလည် ကျွန်တော်တို့ ဆွေးနွေးပြီးသားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း ဦးမြင့်ဦးတင်ပြတဲ့ပြင်ဆင်ချက်၊ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်အဆိုကို ဝန်ကြီးဌာနရဲ့ သဘောထား ပြန်လည် ပြောကြားပေးဖို့ ဖြစ်ပါတယ်။

          ဒေါက်တာဝင်းမြင့်(ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန)။          ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင်‌့ လွှတ်တော်ကိုယ်စားလှယ်တော်များခင်ဗျား။ ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဒီဥပဒေကို ကျွန်တော်တို့ ဒီအပိုဒ်ကို ပုဂ္ဂလိကအကျိုးအတွက် ငွေကြေး သို့မဟုတ် အကျိုးခံစားခွင့်ရယူ၍ဆိုတဲ့ စကားရပ်ကိုပယ်ဖျက်ဖို့အတွက် တင်ပြစဉ်တုန်း က စဉ်းစားခဲ့တာကတော့ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းဆေးပညာရဲ့ အရည်အသွေးလေးကို ကျွန်တော်တို့ မြှင့်တင်ချင်တယ်။ နောက်တစ်ခုက တကယ့်တိုင်းရင်းဆေးပညာမတတ်ဘဲနဲ့ ကျွန်တော်တို့ ကုသနေတဲ့လူတွေ ပြည်သူလူထုအတွင်းမှာ သူတို့အတွက် ဆေးကြောင့်အလေး ဖြစ်မှာလည်းစိုးရိမ်တဲ့အတွက် ဒါလေးကို ကျွန်တော်ထည့်သွင်း စဉ်းစားခဲ့တာဖြစ်ပါတယ်။ သို့သော် လည်းပဲ ခုနက ကျွန်တော်တို့ သနပ်ပင်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးမြင့်ဦး တင်ပြသွားတဲ့အချက်တွေအပေါ်မှာစဉ်းစားပြီးတော့ ကျွန်တော်တို့ အချိန်အတိုင်းအတာတစ်ခု အတွင်းမှာတော့ လက်ရှိရှိနေတဲ့ တိုင်းရင်းဆေးမှတ်ပုံတင်မရှိသေးတဲ့ဆရာတွေကို တိုင်ရင်းဆေး မှတ်ပုံတင် ရရှိအောင် စွမ်းဆောင်တဲ့အပိုင်းကိုဆောင်ရွက်သွားပြီးတဲ့ကာလ ပြည့်စုံပြီလို့ အချိန် အတိုင်းအတာတစ်ခု ဖြစ်သွားတဲ့ကာလမှာမှပဲ ဒါကိုဆက်လက်ပြီး ကျွန်တော်တို့စဉ်းစားသင့်ပါ တယ်။ အခု လောလောဆယ်မှာတော့ သနပ်ပင်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားတဲ့အတိုင်း စဉ်စားသင်‌့ပါကြောင်း၊ သဘောတူပါကြောင်း လွှတ်တော်ကို တင်ပြအပ်ပါ တယ်။ (သြဘာသံများ)

          ဦး      ( အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။  ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ တိုင်းရင်းဆေးကောင်စီဥပဒေကို ပြင်ဆင် သည့်ဥပဒေကြမ်း အမှတ်စဉ် ၄ အခန်း (၁) အပိုဒ် ၂၄ အပိုဒ်ခွဲ (က) အဆိုပြုပြဋ္ဌာန်းချက်ကတော့  ငွေဒဏ်ကျပ် ၁၀၀၀၀ အထိဆိုသည့်စကားရပ်ကို ငွေဒဏ်ကျပ် ၁၀၀၀၀၀ အထိ စကားရပ်ဖြင့် အစားထိုးရမည်ဖြစ်ပါတယ်။ အဲဒီ အဆိုပြုပြဋ္ဌာန်းချက်နဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော် ပြင်ဆင်ချက်ကတော့ မူလအဆိုပြုပြဋ္ဌာန်းချက်အတိုင်းထားရှိရန် သဘောတူပါတယ်။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအနေနဲ့လည်း အမျိုးသားလွှတ်တော်ရဲ့ပြင်ဆင်ချက် အတိုင်းထားရှိရန် သဘောတူကြောင်းတင်ပြပါတယ်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ တင်ပြချက်ကို လွှတ်တော်က အတည်ပြုပေးနိုင်ပါရန်တင်ပြအပ်ပါတယ်။

                    ဒေါက်တာဝင်းမြင့်(ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန)။          ။ သဘောတူပါတယ်။

          ဥက္ကဋ္ဌ။           ။ ဒါကြောင့် ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်အဆိုအတည်ဖြစ်ကြောင်း ကြေညာပါတယ်။ ဥက္ကဋ္ဌ။                   ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပုသိမ်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် တင်သွင်းတဲ့အဆိုကို ဆွေးနွေးမယ့်ရက် ထပ်မံကြေညာပါ့မယ်။ ဆွေးနွေးမယ့် လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ ၂၀၁၂ခုနှစ်  အောက်တိုဘာလ ၂၄ ရက် ၁၃း၀၀ နာရီအရောက် ပြည်သူ့လွှတ်တော် ဒုတိယညွှန်ကြားရေးမှုးချုပ်ထံ အမည်စာရင်း တင်သွင်းရြန်ဖစ်ပါတယ်။ လွှတ်တော်ရဲ့အချိန်များကို စနစ်တကျကျင့်သုံးသွားနိုင်ဖို့ လွှတ်တော် ဒုတိယညွှန်ကြားရေးမှုးချုပ်ထံ အမည်စာရင်းတင

်သွင်းတဲ့နေရာမှာ မိမိအနေနဲ့ ရည်ရွယ်ထားတာ ကတော့ မည်မျှပင်စာရင်းတင်သွင်း လွှတ်တော်အစည်းအဝေးမှာတော့ ၆ ယောက်ထက်ပိုပြီးတော့ မဆွေးနွေးစေလိုပါဘူး။ ၆ ယောက်ကလဲ တင်သွင်းတဲ့လူအချင်းချင်း စိစစ်ပြီးတဲ့အခါမှာ တင်ပြလိုတဲ့အချက်အလက်တွေကို ထောက်ခံဖို့အတွက် ထောက်ခံတဲ့လူပြည့်စုံအောင်ဆောင်ရွက် မယ်ဆိုလို့ရှိရင် လုံလောက်မယ်လို့ယူဆပါတယ်။ ဒါပေမဲ့ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက် ပြောတဲ့အခါမှာလဲ ထောက်ခံဖို့အတွက် လုံလောက်နိုင်ပါတယ်။ အဲဒီအတိုင်ကန့်ကွက်မယ် ဆိုလို့ရှိရင်လည်း တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်‌ပြောမယ်ဆိုလည်း လုံလောက်ပါတယ်။ သို့ရာတွင် ထောက်ခံမှုအတွက်ပဲရှိတယ်ဆိုလို့ရှိရင်တော့ ခုဏက ၆ ယောက်လုံးလဲ ဆွေးနွေးလို့ ရပါတယ်။  ဒါကြောင့်မို့လို့ ဒါဟာလည်း ကျွန်တော်တို့ လွှတ်တော်ကိုကြိုတင်ပြီးတော့တင်ပြခြင်း ဖြစ်ပါတယ်။ ယနေ့ဆိုလို့ရှိရင် အမျိုးသားလွှတ်တော်မှာ အဆိုတစ်ခုအတွက်တင်သွင်းထားတဲ့ လူအရည်အတွက်များတဲ့အတွက် အခု ဒီအစည်းအဝေးကိုတက်ရောက်ဖို့ ပြည်ထောင်စုအစိုးရ အဖွဲ့က ဒုတိယဝန်ကြီးဟာ ဒီခန်းမထဲရောက်မလာနိုင်သေးပါဘူး။ ခုန ခွင့်လာတောင်းပါတယ်။ ဆက်လက်ဆွေးနွေးဖို့ အချိန်တစ်နာရီ ကျော်ကျော် ကြာပါဦးမယ်။ ဒါကြောင့်မို့လို့ ဟိုဘက်မှာ ဆက်ပြီးတက်ပါရစေဆိုတဲ့အတွက် သူ့ရဲ့ တောင်းခံတဲ့အတိုင်းပဲ ခွင့်ပြုရပါတယ်။ ကျွန်တော် တင်ပြချင်တာက လုံလောက်တဲ့အချိန်ကို အသုံးပြုမယ်ဆိုလို့ရှိရင် အားလုံးအဆင်ပြေနိုင်တဲ့ အတွက် ဒါကြိုတင်ပြီးတော့ ကျွန်တော်တင်ပြထားခြင်းဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော့်ရဲ့ တင်ပြချက်ပဲဖြစ်ပါတယ်။ ဒါကိုလည်းကိစ္စမရှိဘူး ကျွန်တော်တို့ကလည်း ဆွေးနွေးချင်တယ် ဆိုလို့ရှိရင်လည်း ဒါလွှတ်တော်ရဲ့ သဘောထားပေါ်မူတည်ပြီးတော့ ဆွေးနွေးခိုင်းပါ့မယ်။ သို့ရာတွင် လွှတ်တော်ရဲ့အခြေအနေပေါ်မူတည်ပြီးတော့လည်း အခြားအသုံးပြုရမယ့်အချိန်တွေ လျော့နည်းသွားမှာဖြစ်တယ် ဆိုတဲ့အကြောင်း ကျွန်တော်ကြိုတင် တင်ပြခြင်းဖြစ်ပါတယ်။ အစီအစဉ် ၁၀ ကို ဆက်လက်ဆောင်ရွက်ပါ့မယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။  ကျန်းမာရေးဝန်ကြီး ဌာနကတင်သွင်းသော တိုင်းရင်းဆေးကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်မှာစတင်တင်သွင်းပြီး အတည်ပြုချက်ဖြင့်ပေးပို့လာရာ ၁-၈-၂၀၁၂ ရက်နေ့တွင်  လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးတင်ပြပြီးဖြစ်ပါတယ်။ ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ဥပဒေကြမ်းကော်မတီ၏အစီရင်ခံစာကိုလည်း ၂၉-၈- ၂၀၁၂ နေ့တွင် တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။ ဒီဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ပြင်ဆင်ချက်တင်သွင်းထားတာရှိပါတယ်။ ၎င်းပြင်ဆင်ချက်များ အပေါ် ပြင်ဆင်ချက် အဆိုတင်သွင်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာအပိုဒ်၊ အပိုဒ်ခွဲအလိုက်ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းများပြုလုပ်ပြီး လွှတ်တော်ရဲ့ ဆန္ဒသဘောထားရယူ၍ ဆုံးဖြတ်အတည်ပြုခြင်းနှင့် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိသည့် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များကို အတည်ပြုခြင်းများဆောင်ရွက်သွှားမှာဖြစ်ပါတယ်။ ယခု စတင်ဆောင်ရွက်ပါ့မယ်။ ဆောင်ရွက်တဲ့ နေရာမှာအဆင်ပြေနိုင်ဖို့အတွက် ဖြန့်ဝေထားတဲ့ကန့်လန့်ဖြတ်ဇယားများ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ကန့်လန့်ဖြတ်ဇယားနဲ့အတူ  လွှတ်တော်ကိုယ်စားလှယ်များထံမှ မူလဥပဒေကြမ်း ပြင်ဆင်ချက်အဆိုများလည်း လက်ထဲမှာရှိပြီးပြီလို့ယူဆပါတယ်။ ဒါကြောင့်မို့လို့  ကန့်လန့်ဖြတ် ဇယားကို အသုံးပြုသွားမှာဖြစ်ပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး တိုင်းရင်းဆေး ကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပကြမ်းနှင့်စပ်လျဉ်း၍ အဆိုပြုပြဌာန်းချက်၊ အမျိုးသား လွှတ်တော်၏ ပြင်ဆင်ချက်နှင့် ပြည်သူ့လွှတ်တော်က ပြင်ဆင်ရန်တင်ပြချက်ဇယား  ဖြစ်ပါတယ်။ 

ဒေါက်တာစိုးမိုးအောင်(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ )။  ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ တိုင်းရင်းဆေး ကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အမှတ်စဉ် ၁ အပိုဒ်စဉ် ၁ အခန်း ၁ မှာ မူလအဆိုပြုပြဌာန်းချက်မှာ တိုင်းရင်းဆေးကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေဟုခေါ်တွင် စေရမည်ဟုပါရှိပါတယ်။ အမျိုးသားလွှတ်တော်၏ပြင်ဆင်ချက်မှာလည်း မူလအဆိုအတိုင်း လက်ခံထားရှိပါတယ်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအနေနဲ့ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း လက်ခံသဘောတူရန် လွှတ်တော်သို့တင်ပြအပ်ပါသည်ခင်ဗျား။ 

ဥက္ကဋ္ဌ။           ။ ပြည်ထောင်စုဝန်ကြီးဌာနရဲ့ သဘောထား‌ပြောပါ။

ဒေါက်တာ ဝင်းမြင့် (ဒုတိယဝန်ကြီး ၊ ကျန်းမာရေးဝန်ကြီးဌာန)။      ။ သဘောတူပါတယ်။

ဥက္ကဋ္ဌ။           ။ သဘောတူတဲ့အတွက် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်အဆိုပြုချက် အတြည်ဖစ်ကြောင်းကြေညာပါတယ်။ (သြဘာသံများ)

ဥက္ကဋ္ဌ။           ။ အမှတ်စဉ် ၂  ဖြစ်ပါတယ်။

ဦးသိန်းထွန်းဦး(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။    ။ ဥပဒေကြမ်းကော်မတီကတင်ပြဖို့ ဖြစ်ပါတယ်။  လေးစားအပ်ပါသော  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ တိုင်းရင်းဆေးကောင်စီ ဥပဒေကိုပြင်ဆင်သည့် ဥပဒေနှင့်စပ်လျဉ်း၍ မူလအဆိုပြုပြဌာန်းသည့် အခန်း ၁ အပိုဒ် ၆ အပိုဒ်  ခွဲ (ခ) တွင် တစ်ဆက်တည်း သုံးကြိမ်အထိဆိုသည့်စကားရပ်ကို တစ်ဆက်တည်း ၂ ကြိမ်ဆိုသည့် စကားရပ်အား အစားထိုးရမည် ဟုအဆိုပြုတင်ပြထားပါတယ်။ ဥပဒေကြမ်းကော်မတီမှ အမျိုးသား လွှတ်တော်ရဲ့ပြင်ဆင်ချက်အဆိုကို ပြင်ဆင်ချက်အတိုင်းတင်ပြပါ့မယ်။ အခန်း ၁ အပိုဒ် ၆ အပိုဒ်ခွဲ  (ခ)တွင် တစ်ဆက်တည်း သုံးကြိမ်အထိ ဆိုသည့်စကားရပ်ကို တိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌမှအပ ကျန်ကောင်စီဝင်များ၏သက်တမ်းသည် တစ်ဆက်တည်း နှစ်ကြိမ်ထိဆိုသည့်စကားရပ်ဖြင့်  အစားထိုးရမည်ဟု အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် အတိုင်း ပြည်သူ့လွှတ်တော်၏ ဥပဒေကြမ်းကော်မတီက  ပြင်ဆင်ချက်အဖြစ်တင်သွင်းထားပါတယ်။ ပြင်ဆင်ချက်အား လွှတ်တော်မှအတည်ပြုပေးနိုင်ပါရန် လေးစားစွာတြင်ပအပ်ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌ။           ။ ပြည်ထောင်စုဝန်ကြီးဌာနရဲ့ သဘောထားသိလိုပါတယ်။

ဒေါက်တာ ဝင်းမြင့် (ဒုတိယဝန်ကြီး ၊ ကျန်းမာရေးဝန်ကြီးဌာန)။      ။ ဝန်ကြီးဌာနအနေနဲ့ သဘောတူပါတယ်။

ဥက္ကဋ္ဌ။           ။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ပြင်ဆင်အဆိုပြုချက်ကို ပြည်ထောင်စု ဝန်ကြီးဌာနကလည်း သဘောတူတဲ့အတွက်  ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင် အဆိုပြုချက် အတည်ဖြစ်ကြောင်းကြေညာပါတယ်။ (သြဘာသံများ)

ဥက္ကဋ္ဌ။           ။ အမှတ်စဉ် ၃ ဖြစ်ပါတယ်။ ဦးမြင့်ဦး၊ သနပ်ပင်မဲဆန္ဒနယ်မှဆွေးနွေးဖို့ ဖြစ်ပါတယ်။

ဦးမြင့်ဦး(သနပ်ပင်မဲဆန္ဒနယ်)။         ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များ အားလုံး မင်္ဂလာအ‌ပေါင်းနဲ့ ပြည့်စုံပါစေကြောင်း ဂါရဝပြုနှုတ်ခွန်းဆက်သက်ပါတယ်။ ကျွန်တော် ကတော့ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးဖြစ်ပါတယ်။ ကျွန်တော်ဟာ တိုင်းရင်းဆေးဆရာ တစ်ဦးဖြစ်ပြီး ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင်မှုကော်မတီ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ ကျွန်တော် တင်ပြချင်တာက တော့ တိုင်းရင်းဆေးကောင်စီဥပဒေပုဒ်မ ၂၂ ကို ပြင်ဆင်ခြင်းမပြုပဲ မူလအတိုင်းသာ ထားရှိသင့်ကြောင်းတင်ပြသွားမှာဖြစ်ပါတယ်။ အကြောင်းကတော့  (၁) တောင်ပေါ်မြေပြန့်နေရာ  အနှံအပြားမှာ ကောင်စီကထုတ်ပေးတဲ့ တိုင်းရင်းဆေးဆရာမှတ်ပုံတင် တ/ဆမရှိတဲ့ တိုင်းရင်းသား ရိုးရာဆေးပညာရှင်များ အများအပြားရှိနေခြင်း၊ (၂) အဘိဓမ္မာတောင်သာကဲ့သို့သော ဒေသန္တရ ဆေးပညာသင်တန်းဆင်း  တိုင်းရင်းဆေး ဆရာများ ရှိနေခြင်း၊ (၃) မိရိုးဖလာသားစဉ်မြေးဆက် အမွေဆက်ခံတတ်မြောက်လာသော တိုင်းရင်းဆေး ဆရာများရှိနေခြင်း၊ (၄) သမားအစဉ်အဆက် တပည့်ခံသင်ယူတက်မြောက်လာသော တိုင်းရင်းဆေး ဆရာများရှိနေခြင်း၊ (၅) ၂၀၁၀-၂၁၁၁  စာရင်းများအရ မှတ်ပုံတင်ရှိသောတိုင်းရင်းဆေးဆရာ ၆၀၀၀ ကျော်သာ ရှိနေခြင်း၊ (၆) ယခုအခါ တိုင်းရင်းဆေးသင်တန်းဟူ၍ တိုင်းရင်းဆေးတက္ကသိုလ်တစ်ခုသာရှိနေပြီး တစ်နှစ်ကို သင်တန်း သား ၂၀၀ မှ ၁၀၀ အတွင်းသာ မွေးထုတ်ပေးနိုင်သေးခြင်း၊ ၁၉၉၅ ခုနှစ်နောက်ပိုင်း တိုင်းရင်းဆေးပညာအရည်အချင်းစစ်စာမေးပွဲများဖြစ်တဲ့ ၃ ဘာသာ၊ ၄ ဘာသာစာမေးပွဲများသာ ပြုလုပ်ပေးနိုင်တော့ခြင်းစတဲ့အကြောင်းများကြောင့် ကျေးလက်တောရွာများမှာ တစ်ထောင့် တစ်နေရာမှ ကျန်းမာရေး စောင့်ရှောက်မှုပေးနေကြတဲ့ တိုင်းရင်းဆေးဆရာများနှင့် ရိုးရာဆေးပညာ ရပ်များကို ဖော်ထုတ်ချီးမြှောက်အားပေးရမဲ့အစား ဥပဒေသတ်မှတ်လို့ တိမ်ကောပျောက်ကွယ် သွားအောင် နှိပ်ကွပ်သလို ဖြစ်သွားမှာကို အလွန်ပဲစိုးရိမ်မိပါတယ်။ လက်ရှိ ဘက်ပေါင်းစုံ အ‌ခြေအနေအရ တိုင်းရင်းဆေးဆရာများထားရှိဖို့ အခြေအနေအရလိုအပ်နေသေးပါတယ်။ ကိုယ်စားလှယ်တော်ကြီးများ အလေးအနက်ထားပြီးတော့ စဉ်းစားပေးကြပါ ခင်ဗျား။ မူလ တိုင်းရင်းဆေးကောင်စီဥပဒေပုဒ်မ ၂၂ မှာ မည်သူမှ တိုင်းရင်းဆေးကောင်စီက ထုတ်ပေးသည့် လတ်မှတ်မရှိဘဲ ပုဂ္ဂလိကအကျိုးစီးပွားအတွက် ငွေကြေး သို့မဟုတ်  အကျိုးစီးပွားရယူ၍ ဆေးကုသတဲ့လုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရဟူ၍ဖြစ်ပါတယ်။ တ/ဆ မရှိပဲ ငွေကြေး သို့မဟုတ် အကျိုးခံစားခွင့်မယူပဲနဲ့ အခမဲ့ကုသိုလ်ဖြစ်ကုသတယ်ဆိုရင်တော့ ဥပဒေနဲ့မငြိစွန်းပါဘူး။ ပုဒ်မ ၂၂ ကိုပြင်ဆင်ဖို့ အဆိုပြုထားတာက မည်သူမှ ဆေးကောင်စီကထုတ်ပေးတဲ့ လတ်မှတ်မရှိပဲ ဆေးကုသတဲ့လုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရ ဟူ၍ဖြစ်ပါတယ်။ ဘာအကြောင်းကြောင့်မှ ကုသခွင့် မရှိလို့ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ အမေလုပ်တဲ့သူက သားသမီးဖျားလို့ ကွမ်းရွက်ပြုတ်ရေ တိုက်ရင်တောင် အပြစ်ဖြစ်သလိုဖြစ်နေပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ တကယ်တော့ တိုင်းရင်းဆေး၊ ရိုးရာဆေးများဟာ  ဂျင်း၊ ငရုတ်ကောင်း၊ ဆနွင်း၊ လေးညှင်း ၊ ကြက်သွန်နီ၊ ဖန်ခါးသီး၊ ဇီးဖြူသီး၊ ပျားရည်တို့လို မီးဖိုချောင်သုံးအစားအစာနှင့် ဆေးဖက်ဝင်သဘာဝပေါက်ပင် အရွက်၊ အခေါက်၊ အသီး၊ အမြစ်၊ သစ်ဥသစ်ဖုတွေနဲ့ သဘာဝအတိုင်းဖော်စပ်တာဖြစ်ပါတယ်။ ဓာတုဗေဒဆေးဝါးများ ထက် သောက်သုံးသူကို ဘေးထွက်ဆိုးကျိုးအလွန်နည်းစေပါတယ်။ ယနေ့ကမ္ဘာမှာ ခေတ်သစ် ဆေးပညာထွန်းကားတဲ့ အနောက် နိုင်ငံကြီးများ ပင်လျှင် မိမိတို့ရဲ့ မိရိုးဖလာတိုင်းရင်းဆေးပညာ Antigrnrus Medicine ကို ရောဂါဘယကြီးများတွင် Alternative Medicine အဖြစ် သဘာဝကုထုံးများ တွင်ကျယ်စွာအသုံးပြုနေသည်ကိုတွေ့မြင်နိုင်ပါတယ်။ အထက်ပါ‌ပြောခဲ့သလို  နိုင်ငံတကာမှာ ရိုးရာဆေးပညာတွေကို  ဖော်ထုတ်အားပေးနေချိန်မှာ ကျေးလက်ဒေသတွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှုအလွန်နိမ့်ကျနေသေးချိန်မှာ ကျေးလက်တောရွာနှင့် တောင်ပေါ်ဒေသ တွေမှာ  တိုင်းရင်းဆေးကိုအားကိုးနေရသေးချိန်မှာ တိုင်းရင်းဆေးကိုမိရိုးဖလာတက်‌ွမောက်လာတဲ့ အကြောပညာရှင်တွေ၊ အရိုးကျိုး၊ အရိုးဆက်ပညာရှင်တွေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအရ ကိုယ်တတ်သိထားတဲ့ ရိုးရာဆေးနည်းတွေနဲ့ ကုသိုလ်ဖြစ်၊ ဇီဝိတဒါနအဖြစ် ကျန်းမာရေး စောင့်ရှောက်ခြင်း၊ လက်ဆင့်ကမ်းအမွေပေးခြင်းတွေကို မလိုသူကတိုင်ကြားရင် ဥပဒေအရ အရေယူခြင်းခံရနိုင်တာရှိပါတယ်။ သို့ဖြစ်ပါ၍ တိုင်းရင်းဆေးကောင်စီသည် တောင်ပေါ်၊ မြေပြန့်၊ ကျေးလက်တောရွာများတွင်ရှိနေကြတဲ့ ရိုးရာတိုင်းရင်းဆေးဆရာများအား တိုင်းရင်းဆေးဆရာ မှတ်ပုံတင်လတ်မှတ်တ/ဆကို  အရည်အချင်းအရ စနစ်တကျရရှိအောင်ဆောင်ရွက်ပေးနိုြင်ခင်း မရှိမီကာလအထိ  ဒေသအလိုက်အဆင်ပြေအောင်ဆောင်ရွက်နေသော တိုင်းရင်းဆေးကုသနည်း များကို လက်ရှိအ‌ခြေအနေ အတိုင်းသာထားရှိသင်ပါ၍ တိုင်းရေးဆေးကောင်စီဥပဒေပုဒ်မ ၂၂ အား မူလပြဋ္ဌာန်းချက် အတိုင်းသာ ထားရှိသင်‌့ပါကြောင်း လေးစားစွာတင်ပြအပ်ပါတယ်။

(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ )။   ။ လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ အခန်း (၁) အပိုဒ် ၂၂ ပုဂ္ဂလိကအကျိုးအတွက် ငွေကြေး သို့မဟုတ် အကျိုးခံစားခွင့်ရယူ၍ဆိုသည့်စကားရပ်ကို ပယ်ဖျက်ရမည်ဟူ၍ တိုင်းရင်းဆေး ကောင်စီကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာဖော်ပြထားပါတယ်။ အမျိုးသားလွှတ်တော်က အဆိုပြု ပြဋ္ဌာန်းချက်ကို သဘောတူ အတည်ပြုထားတာ တွေ့ရပါတယ်။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအနေနဲ့ မူလဥပဒေမှာပါတဲ့ မည်သူမျှ ကောင်စီကထုတ်ပေးသည့် မှတ်ပုံတင် လက်မှတ်မရှိဘဲ ပုဂ္ဂလိကအကျိုးအတွက် ငွေကြေး သို့မဟုတ် အကျိုးခံစားခွင့်ရယူ၍ဆိုသည့် စကားရပ်ကိုပယ်ဖျက်ပြီး မှတ်ပုံတင်လက်မှတ်မရှိဘဲ ပုဂ္ဂလိကအကျိုးအတွက် ငွေကြေး သို့မဟုတ် အကျိုးခံစားခွင့်ရယူ၍ဆေးကုသသည့်လုပ်ငန်းကို လုပ်ကိုင်ခွင့်မပြုရဟု ပြဋ္ဌာန်းခဲ့ပါတယ်။ အဲ့ဒီ အပေါ်မှာ ကျွန်တော်တို့ ပယ်ဖျက်လိုက်တဲ့အတွက် ပယ်ဖျက်တဲ့စကားရပ်ကို ဖြည်‌့လိုက်တဲ့အတွက် ကျန်ရှိတဲ့အဓိပ္ပာကတော့ မည်သူမျှကောင်စီကထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်မရှိဘဲ ဆေးကုသသည့်လုပ်ငန်းကိုလုပ်ကိုင်ခြင်းမပြုရလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ ဥပဒေသဘော အရ ကျွန်တော်တို့ သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦးတင်ပြသွားတဲ့ ဒါ စိုးရိမ်စရာအချက်များကို တွေ့ရပါတယ်။ သို့ရာတွင် ဥပဒေသဘောအရ ကောင်စီကထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ် မရှိဘဲ ဆေးကုသတဲ့ ကိစ္စကို ပြောတာ မဟုတ်ဘဲနဲ့ ဆေးကုသတဲ့လုပ်ငန်းကိုဆောင်ရွက်တယ်လို့ မူလကသုံးသပ်ရရှိပါတယ်။ ဆေးကုသတဲ့ လုပ်ငန်းများဖြစ်တဲ့  ဆေးခန်းဖွင့်ခြင်း၊ ဆေးဆိုင်ဖွင့်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်းဆိုတဲ့အချက်များကိုတွေ့ရပါတယ်။ နောက်တစ်နည်း စဉ်းစားရင်လည်း လက်မှတ်ရတဲ့ တိုင်းရင်းဆေးဆရာများကိုသာအသိအမှတ်ပြုပြီး လုပ်ကိုင်ခွင့်ပြုမည့် သဘောဆိုတဲ့ ဟာလည်းတွေ့ရတဲ့အတွက် ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီအနေနဲ့ ကျွန်တော်တို့ အမျိုးသား လွှတ်တော်ရဲ့ ပြင်ဆင်ချက်အတိုင်းသဘောတူထားရှိခဲ့ပါတယ်။ သို့ရာတွင် လက်တလော အခြေအနေအရ ဝေးလံတဲ့ဒေသများမှာပါရှိတဲ့ တိုင်းရင်းဆေးဝါးကို ကုသမှုခံယူဆောင်ရွက်လျက် ရှိကြတဲ့ ဒါ တိုင်းရင်းဆေးလက်မှတ်မရှိသေးတဲ့ ပြည်သူများယုံကြည်လက်ခံပြီးတော့ ဆေးဝါး စောင့်ရှောက်နေကြတဲ့ ပြည်သူတွေလည်းရှိနိုင်တယ်။ တိုင်းရင်းဆေးလက်မှတ်မရှိသေးတဲ့ ဆေးဆရာများလည်းရှိနိုင်တယ်။ ဒီဥပဒေ ထုတ်လိုက်ပါက ဒီ အခက်အခဲများအတွက် ပြည်သူ များမှာ တိုက်ရိုက်အခက်အခဲများ ကြုံတွေ့နိုင်တဲ့ အချက်များကို ပြန်လည်သုံးသပ်ရရှိတဲ့အတွက် တိုင်းရင်းဆေးဆရာမှတ်ပုံတင်လက်မှတ်ကို အရည်အချင်းအရ စနစ်တကျ ရရှိအောင် ဆောင်ရွက် ပေးနိုင်တဲ့ကာလရောက်တဲ့အချိန်မှာမှ ဒီအချက်ကိုပြန်လည်စဉ်းစားပြီးတော့ ပြင်ဆင်သင်‌့တယ်လို့ ယူဆတဲ့အတွက် ဦးမြင့်ဦး၊ သနပ်ပင်မဲဆန္ဒနယ်ရဲ့အဆိုပြုချက်အား ထောက်ခံသင်‌့ပါကြောင်း ပြန်လည်သုံးသပ်ရရှိတဲ့အချက်ကို တင်ပြအပ်ပါတယ်။

          ဥက္ကဋ္ဌ။           ။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များ လက်ထဲမှာရှိတဲ့ တိုင်းရင်းဆေး ကောင်စီ ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အကျိုးအကြောင်းဖော်ပြချက်ဆိုတဲ့ ဇယားတစ်ခုပါပါတယ်။ အဲဒီမှာ ကျွန်တော်တို့ အပိုဒ်(၂)မှာ ပုဒ်မ ၂၂ မည်သူမျှ ကောင်စီက ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်မရရှိဘဲ ပုဂ္ဂလိကအကျိုးစီးပွားအတွက် ငွေကြေး သို့မဟုတ် အကျိုးခံစားခွင့်ရယူ၍ ဆေးကုသသည့်လုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရဆိုတာ ၂၀၀၀ ပြည့်နှစ် တိုင်းရင်းဆေးကောင်စီဥပဒေပြဋ္ဌာန်းချက်ပဲဖြစ်ပါတယ်။ ဒါကို အမျိုးသားလွှတ်တော်က ပြင်ဆင် ထားခဲ့ပါတယ်။ ဒီအပေါ်မူတည်ပြီးတော့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက အမျိုးသား လွှတ်တော်ရဲ့ ပြင်ဆင်ချက်အတိုင်းထားသင့်ပါတယ်ဆိုပြီးတော့ ဆွေးနွေးမှတ်တမ်း တင်ခဲ့ပါတယ်။ သို့ရာတွင် ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမတိုင်ခင်မှာ အဆိုပြုထားသူများနဲ့ ကျွန်တော်တို့ ရုံးခန်းမှာ အစည်းအဝေးလုပ်ပါတယ်။ လုပ်တဲ့အခါမှာ ဒီဦးမြင့်ဦးရဲ့တင်ပြချက်က လက်ရှိ အခြေအနေနဲ့ ကျိုးကြောင်းလျော်ညီမှုရှိကြောင်း ကျွန်တော်တို့အဖွဲ့အနေနဲ့ ပြီးလို့ရှိရင် အရင်တုန်းက ပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာကြီး ဦးကျော်မြင်‌့အနေနဲ့ လည်း လက်ရှိအခြေအနေက ဒီအတိုင်းပဲထားသင့်တယ်ဆိုတာကို အားလုံးဝိုင်းဝန်းဆွေးနွေး ဆုံးဖြတ်တဲ့အခါပေါ်လာပါတယ်။ သို့ရာတွင် ခုနကတင်ပြသလို တိုင်းရင်းဆေးဆရာလက်မှတ် ရရှိရေးအတွက်တော့ ဒီကာလအတွင်းမှာ ဆောင်ရွက်ပေးဖို့ လိုကြောင်းလည်း ဖော်ထုတ်လို့ရပါ တယ်။ အဲဒီလိုမှမဟုတ်ဘဲနဲ့ ဒီဥပဒေကို အတည်ပြုပြဋ္ဌာန်းလိုက်မယ်ဆိုရင် အမျိုးသား လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်မယ်ဆိုရင် တကယ်ဝေးလံခေါင်းပါးတဲ့နေရာမှာ ဆေးကုသ ခြင်းခံနေရတဲ့ ကျွန်တော်တို့ ဆရာဝန်လည်းမပေးနိုင်၊ သူနာပြုလည်းမပေးနိုင်၊ အခြား ကျန်းမာရေး အထောက်အကူလည်းမပေးနိုင်တဲ့ တောင်ပေါ်ဒေသတိုင်းရင်းသားများအတွက် များစွာဒုက္ခရောက် နိုင်သလို ဆေးကုပေးတဲ့လူကိုလည်း တခြားအကြောင်းအကြောင်းကြောင့် အရေးယူအပြစ်ပေးမယ် ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ ဥပဒေပြုတဲ့လူများအတွက်လည်း တာဝန်မကင်းဖြစ်မှာဖြစ်တဲ့အတွက် အတိုချုပ်ပြောမယ် ဆိုရင်တော့ ဒါအပြင်မှာ ကျွန်တော်တို့ ညှိပြီးသားဖြစ်ပါတယ်။ အကျေအလည် ကျွန်တော်တို့ ဆွေးနွေးပြီးသားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း ဦးမြင့်ဦးတင်ပြတဲ့ပြင်ဆင်ချက်၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်အဆိုကို ဝန်ကြီးဌာနရဲ့ သဘောထား ပြန်လည် ပြောကြားပေးဖို့ ဖြစ်ပါတယ်။

          ဒေါက်တာဝင်းမြင့်(ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန)။။ လေးစားအပ်ပါသောပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင်‌့ လွှတ်တော်ကိုယ်စားလှယ်တော်များခင်ဗျား။ ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ဒီဥပဒေကို ကျွန်တော်တို့ ဒီအပိုဒ်ကို ပုဂ္ဂလိကအကျိုးအတွက် ငွေကြေး သို့မဟုတ် အကျိုးခံစားခွင့် ရယူ၍ဆိုတဲ့ စကားရပ်ကိုပယ်ဖျက်ဖို့အတွက် တင်ပြစဉ်တုန်း က စဉ်းစားခဲ့တာကတော့ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းဆေးပညာရဲ့ အရည်အသွေးလေးကို ကျွန်တော်တို့ မြှင့်တင်ချင်တယ်။ နောက်တစ်ခုက တကယ့်တိုင်းရင်းဆေး ပညာ မတတ်ဘဲနဲ့ ကျွန်တော်တို့ ကုသနေတဲ့လူတွေ ပြည်သူလူထုအတွင်းမှာ သူတို့အတွက် ဆေးကြောင့်အလေး ဖြစ်မှာလည်းစိုးရိမ်တဲ့အတွက် ဒါလေးကို ကျွန်တော်ထည့်သွင်းစဉ်းစားခဲ့တာဖြစ်ပါတယ်။ သို့သော် လည်းပဲ ခုနက ကျွန်တော်တို့ သနပ်ပင်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးမြင့်ဦး တင်ပြသွားတဲ့အချက်တွေအပေါ်မှာစဉ်းစားပြီးတော့ ကျွန်တော်တို့ အချိန်အတိုင်းအတာတစ်ခု အတွင်းမှာတော့ လက်ရှိရှိနေတဲ့ တိုင်းရင်းဆေးမှတ်ပုံတင်မရှိသေးတဲ့ဆရာတွေကို တိုင်ရင်းဆေး မှတ်ပုံတင်ရရှိအောင် စွမ်းဆောင်တဲ့အပိုင်းကိုဆောင်ရွက်သွားပြီးတဲ့ကာလ ပြည့်စုံပြီလို့ အချိန် အတိုင်းအတာတစ်ခု ဖြစ်သွားတဲ့ ကာလမှာမှပဲ ဒါကိုဆက်လက်ပြီး ကျွန်တော်တို့စဉ်းစားသင့်ပါတယ်။ အခု လောလောဆယ်မှာတော့ သနပ်ပင်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားတဲ့အတိုင်း စဉ်စားသင်‌့ပါကြောင်း၊ သဘောတူပါကြောင်း လွှတ်တော်ကို တင်ပြအပ်ပါ တယ်။ (သြဘာသံများ)

          ဥက္ကဋ္ဌ။           ။ ဒါကြောင့် ဦးမြင်‌့ဦး သနပ်ပင်မဲဆန္ဒနယ် ကိုယ်စားလှယ်ရဲ့အဆိုပြုချက် အတည်ဖြစ်ကြောင်း ကြေညာပါတယ်။

          ဦး      ( အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။  ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ တိုင်းရင်းဆေးကောင်စီဥပဒေကို ပြင်ဆင် သည့်ဥပဒေကြမ်း အမှတ်စဉ် ၄ အခန်း (၁) အပိုဒ် ၂၄ အပိုဒ်ခွဲ (က) အဆိုပြုပြဋ္ဌာန်းချက်ကတော့  ငွေဒဏ်ကျပ် ၁၀၀၀၀ အထိဆိုသည့်စကားရပ်ကို ငွေဒဏ်ကျပ် ၁၀၀၀၀၀ အထိ စကားရပ်ဖြင့် အစားထိုးရမည်ဖြစ်ပါတယ်။ အဲဒီ အဆိုပြုပြဋ္ဌာန်းချက်နဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော် ပြင်ဆင်ချက်ကတော့ မူလအဆိုပြုပြဋ္ဌာန်းချက်အတိုင်းထားရှိရန် သဘောတူပါတယ်။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအနေနဲ့လည်း အမျိုးသားလွှတ်တော်ရဲ့ပြင်ဆင်ချက် အတိုင်းထားရှိရန် သဘောတူကြောင်းတင်ပြပါတယ်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ တင်ပြချက်ကို လွှတ်တော်က အတည်ပြုပေးနိုင်ပါရန်တင်ပြအပ်ပါတယ်။

           

          ဒေါက်တာဝင်းမြင့်(ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန)။          ။ သဘောတူပါတယ်။

          ဥက္ကဋ္ဌ။           ။ ဒါကြောင့် ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်အဆိုအတည်ဖြစ်ကြောင်း ကြေညာပါတယ်။ (သြဘာသံများ)

          ဥက္ကဋ္ဌ။           ။ ဒါကြောင့် ဥပဒေကြမ်းကော်မတီရဲ့ပြင်ဆင်ချက်အဆို အတည်ဖြစ်ကြောင်း ကြေညာပါတယ်။

          ဥက္ကဋ္ဌ။           ။ အမှတ်စဉ် ၅ ဖြစ်ပါတယ်။ ချမ်းအေးသာစံမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်မြင့်မှတင်ပြဖို့ဖြစ်ပါတယ်။

          ဒေါက်တာ ကျော်မြင့် (ချမ်းအေးသာစံမဲဆန္ဒနယ်)။              ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ တိုင်းရင်းဆေး ကောင်စီကို ပြင်ဆင်သည့်ဥပဒေကြမ်း အခန်း(၄) ပုဒ်မ ၁၀ ပုဒ်မခွဲ (င) မူလပြဋ္ဌာန်းချက်ကတော့ တိုင်းရင်းဆေး ပညာခေတ်မီတိုးတက်ရေး၊ သိပ္ပံနည်းကျရေးနှင့် သင်ကြားရေးနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနသို့ လိုအပ်သည့်အကြံပြုချက်များတင်ပြခြင်းဖြစ်ပါတယ်။ ပြင်ဆင်ရန်တင်ပြ ချက်ကတော့ တိုင်းရင်းဆေး ပညာခေတ်မီတိုးတက်ရေး၊ သိပ္ပံနည်းပညာကျရေး၊ သင်ကြားရေးများနှင့် သုတေသနပြုရေးများနှင့်စပ်လျဉ်း၍ ကျန်းမာရေး ဝန်ကြီးဌာနသို့ လိုအပ်သည့်အကြံပြုချက်များ တင်ပြခြင်းဖြစ်ပါတယ်။ အကျိုးအကြောင်း ဖော်ပြချက်ကတော့ တိုင်းရင်းဆေးပညာသုတေသနဌာနက သုတေသနလုပ်ငန်းများကို လက်ရှိဆောင်ရွက်လျက် ရှိရာ ဆေးပညာသုတေသနလုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိသဖြင့် ထပ်မံဖြည့်စွက်ခြင်းကို အတည်ပြုပေးပါရန် တင်ပြအပ်ပါတယ်။

          ဥက္ကဋ္ဌ။           ။ ဒါကြောင့်မို့လို့ သုတေသနပြုရေးများဆိုတဲ့ဟာ ထပ်ပြီးတော့ဖြည်‌့စွက်တင်ပြ ခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးဌာနရဲ့သဘောထားသိလိုပါတယ်။

          ဒေါက်တာ ဝင်းမြင့် (ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန)။        ။ ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်တို့ လိုအပ်ချက်ပြည့်စုံသွားမှာဖြစ်တဲ့အတွက် ဖြည်‌့စွက်ခြင်းကို သဘောတူကြောင်း တင်ပြအပ်ပါတယ်။

          ဥက္ကဋ္ဌ။           ။ ဒါကြောင့် ဒေါက်တာ ကျော်မြင့်တင်ပြတဲ့ ပြင်ဆင်အဆိုပြုချက် အတည်ဖြစ် ကြောင်း ကြေညာပါတယ်။ (သြဘာသံများ)

          ဥက္ကဋ္ဌ။           ။ စာမျက်နှာ ၂ အစီအစဉ် ၆ ဖြစ်ပါတယ်။ ဒေါက်တာ ကျော်မြင့်မှတင်ပြဖို့ဖြစ်ပါ တယ်။ 

          ဒေါက်တာ ကျော်မြင့် (ချမ်းအေးသာစံမဲဆန္ဒနယ်)။              ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ တိုင်းရင်းဆေး ကောင်စီကိုပြင်ဆင်သည့် ဥပဒေကြမ်း အခန်း(၄) ပုဒ်မ ၁၀ ပုဒ်မခွဲ (စ) မူလပြဋ္ဌာန်းချက်ကတော့ နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ တိုင်းရင်းရိုးရာဆေးပညာကိုအသုံးပြု၍ကုသသော ဆေးဆရာများအား ဆေးကုသခွင့်ပေးခြင်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနသို့ အကြံပြုတင်ပြခြင်းနှင့် ထောက်ခံ ချက်ပေးခြင်းဖြစ်ပါတယ်။ ပြင်ဆင်ရန် တင်ပြချက်ကတော့ နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ တိုင်းရင်းရိုးရာ ဆေးပညာကိုအသုံးပြု၍ကုသသော ဆေးဆရာများ ဆေးကုသခွင့်ပေးခြင်းနှင့်စပ်လျဉ်း၍ ဆေးကုသ ခွင့်လိုင်စင်ထုတ်ပေးရန် ၎င်းတိုင်းရင်းရိုးရာဆေးပညာအတွက် လိုအပ်သောဆေးလက်မှတ်၊ ကုသမည့် ဆေးဆရာတို့၏အရည်အချင်းတို့ကိုစိစစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနသို့ အကြံပြုတင်ပြခြင်းနှင့် ထောက်ခံချက်ပေးခြင်းဖြစ်ပါတယ်။ အကျိုးအကြောင်းဖော်ပြချက်ကတော့ မူလဥပဒေ အခန်း(၇) ပုဒ်မ ၁၆ နှင့် ရှေ့နောက်ညီညွတ်မှုရှိစေရန် လက်ရှိကျင့်သုံးနေသော တိုင်းရင်းဆေးပညာ ကုထုံးများနဲ့လည်း ဆက်နွယ်လျက်ရှိခြင်း၊ တိုင်းရင်းဆေးပညာရပ်များတိမ်မြုပ်ပျောက်ကွယ်မှုမရှိစေရန် ရည်ရွယ်ချက်ဖြင့် ဖြည်‌့စွက်ခြင်းဖြစ်၍ အတည်ပြုပေးနိုင်ပါရန်တင်ပြအပ်ပါတယ်ခင်ဗျား။

          ဥက္ကဋ္ဌ။           ။ ပြည်ထောင်စုဝန်ကြီးဌာနရဲ့သဘောထားသိလိုပါတယ်။

          ဒေါက်တာ ဝင်းမြင့် (ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန)။       ။ ဝန်ကြီးဌာနအနေနဲ့ သဘောတူကြောင်း တင်ပြအပ်ပါတယ်။

          ဥက္ကဋ္ဌ။           ။ ဒါကြောင့် ဒေါက်တာ ကျော်မြင့်တင်ပြတဲ့ ပြင်ဆင်အဆိုပြုချက် အတည်ဖြစ် ကြောင်း ကြေညာပါတယ်။

          ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ တိုင်းရင်းဆေးကောင်စီဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ပြင်ဆင်ချက်အဆိုတင်သွင်းခြင်း၊ ဆွေးနွေးဆုံးဖြတ်ခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က ပြင်ဆင်ခြင်း မပြုတဲ့အပိုဒ်၊ အပိုဒ်ခွဲများကို ဝန်ကြီးဌာနရဲ့အဆိုပြုချက် အတိုင်းအတည်ပြုသွားမှာဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းဆေး ကောင်စီဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုရန် လွှတ်တော်က သဘောတူပါသလားခင်ဗျား။

[ သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။ ]

ဥက္ကဋ္ဌ။           ။ သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ သဘောမတူသူ မရှိတဲ့အတွက် အမျိုးသားလွှတ်တော်မှာ စတင်တင်သွင်းပြီး အတည်ပြုချက်ဖြင့် ပြည်သူ့လွှတ်တော်သို့ပေးပို့လာတဲ့ တိုင်းရင်းဆေးကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုကြောင်း ကြေညာပါတယ်။