Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဆွစ်ဇာလန်နိုင်ငံ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ H.E Mr. Filippo Lombardi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် - မေ ၂၂

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဆွစ်ဇာလန်နိုင်ငံ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ H.E Mr. Filippo Lombardi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ဇမ္ဗူသီရိခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

<--break->

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဆွစ်ဇာလန် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူလွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ရေးရာကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးစိုးသာ၊ ဦးလှမြင့်ဦး၊ အတွင်းရေးမှူးဦးမောင်တိုး၊ ကော်မတီအဖွဲ့ဝင် ဒေါ်ခင်စောဝေနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။ (သတင်းစဉ်)