Skip to main content

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမ အထူးအစည်းအဝေး ကျင်းပရန် ခေါ်ယူ

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမအထူးအစည်းအ‌ဝေးကို နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအ‌ဝေးခန်းမ၌ ၂၀၁၃ ခုနှစ်၊ မေလ ၂၀ ရက် (တနင်္လာနေ့) ၁၀းဝ၀ နာရီအချိန်တွင် စတင် ကျင်းပရန်ခေါ်ယူထားရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားပါသည်။

<--break->

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအ‌ဝေးဖိတ်စာ လက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည် ဖြစ်စေ နေပြည်တော် ရုံးအမှတ် (၂၀)၊ လွှတ်တော်ရုံးသို့ ၂၀၁၃ ခုနှစ်၊ မေလ ၁၈ ရက်ထက်မစော ၁၉ ရက် ထက် နောက်မကျစေဘဲ သတင်းပို့ကြရန်နှင့် ကိုယ်စားလှယ် အသိအမှတ်ပြုလွှာနှင့် ကိုယ်စားလှယ် စိစစ်ရေးကတ်ပြား တို့ကို ယူဆောင်လာကြရန် ပန်ကြားအပ်ပါသည်။

မူရင်းသတင်း

http://www.myanmarparliament.gov.mm/%E1%80%95%E1%80%91%E1%80%99%E1%80%A1%E1%80%91%E1%80%B0%E1%80%B8%E1%80%A1%E1%80%85%E1%80%8A%E1%80%B9%E1%80%B8%E1%80%A1%E1%80%B1%E1%80%9D%E1%80%B8%E1%80%80%E1%80%BA%E1%80%84%E1%80%B9%E1%80%B8%E1%80%95/