Skip to main content

သူနာပြုယာဉ်များ၏ တယ်လီဖုန်းနံပါတ်အား ဂဏာန်း ၃ လုံး သတ်မှတ်ပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တိုက်တွန်းပြောကြား

ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၇ ရက်မြောက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှ သူနာပြုယာဉ်များ၏ တယ်လီဖုန်းနံပါတ်များမှာ ရှည်လျားနေသည့်အတွက် အခက်အခဲ တစ်စုံတစ်ရာကြောင့် တယ်လီဖုန်း ဆက်သွယ်လိုပါက လွယ်ကူစွာ မှတ်မိနိုင်ရန် တယ်လီဖုန်းနံပါတ်များအား သုံးလုံး သို့မဟုတ် သုံးလုံးထက်တိုသော နံပါတ်များအား ထုတ်ပေးရန် ဆက်သွယ်ရေး ဝန်ကြီးဌာနသို့ တိုက်တွန်း ပြောကြားခဲ့ပါသည်။

<--break->

ရန်ကုန်တွင် အရေးပေါ်သူနာပြုယာဉ်များ၏ တယ်လီဖုန်းနံပါတ်မှာ ရှည်လျှားနေသည့်အတွက် အရေးပေါ် သူနာပြုယာဉ်များခေါ်ဆိုရာတွင် အလွယ်တကူမမှတ်မိနိုင်ဘဲ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ဆရာဝန်များ အသင်းတိုက်မှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးထံ တင်ပြလာသည့်အတွက် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် တယ်လီဖုန်းနံပါတ်ကို သုံးလုံး သို့မဟုတ် သုံးလုံးထက်တိုသော နံပါတ်ထုတ်ပေးပါရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှ တိုက်တွန်း ပြောကြားခဲ့ရာ ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင် မှ သူနာပြုယာဉ်များကိစ္စအတွက် ဂဏန်း ၃ လုံး သို့မဟုတ် ၄ လုံး ရရှိရေး အတွက် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့်ပူးပေါင်း ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ယင်းအစီအစဉ် ဖြစ်မြောက်ရေးအတွက် ရန်ကုန်မှ အင်ဂျင်နီယာချုပ်ကို ဆရာဝန်များ အသင်းတိုက်သို့ စေလွှတ်ပြီး ဖြစ်ပါကြောင်း၊ နည်းပညာပိုင်းဆိုင်ရာအရ ဂဏန်း ၃ လုံး ဆိုပါက တယ်လီဖုန်း အရေအတွက် နည်းပါးမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ဂဏန်း ၄ လုံးဖြစ်မည် ဖြစ်ပါကြောင်း၊ အသေးစိတ် အချက်အလက်များအား ဆရာဝန် အသင်းတိုက်နှင့် ညှိနှိုင်း ဆောင်ရွက်နေသည့် အတွက် မကြာမီ အချိန်တိုအတွင်း ပြီးမြောက် သွားမည် ဖြစ်ပါကြောင်း ပြန်လည် ပြောကြားခဲ့ပါသည်။