Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အမေရိကန်ပြည်ထောင်စုသမ္မတ၏ အကြီးတန်းအကြံပေး အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ သြဂုတ် ၁

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန်ပြည်ထောင်စုသမ္မတ၏ အကြီးတန်းအကြံပေး Mr. Benjamin James Rhodes ဦးဆောင်သည့်အဖွဲ့အား ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၄ နရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-အမေရိကန်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌ များ ဖြစ်ကြသော ဦးသိန်းဆွေ၊ ဦးလှမြင့်ဦး၊ ဦးတီခွန်မြတ် နှင့် လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr. Derek Mitchell လည်းတက်ရောက်သည်။ (သတင်စဉ်)

ဓါတ်ပုံများ