Skip to main content

ကော်မတီ၊ ကော်မရှင်အဖွဲ့ဝင် ပယ်ဖျက်ခြင်းနှင့် အဖွဲ့ဝင်ထည့်သွင်းဖွဲ့စည်းခြင်း

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် ၂၇ ရက်မြောက်နေ့ အစည်းအဝေးတွင် မူဆယ်မဲဆန္ဒနယ်မှ ဦးစိုင်းဘိုးအောင်အား နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာကော်မတီ အဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက်လိုက်ကြောင်းနှင့်

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်မှ ဦးလင်းမြိုင်၊ သံအမတ်ကြီး (ငြိမ်း) အား ကော်မရှင်အဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက် လိုက်ပြီး ဒေါ်အေးအေးမူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) အာဆီယံရေးရာ ဦးစီးဌာန၊ နိုင်ငံခြားရေးရာ ဝန်ကြီးဌာနအား အဖွဲ့ဝင်အဖြစ် ထည့်သွင်း ဖွဲ့စည်းလိုက်ကြောင်း အတည်ပြုကြေညာ ခဲ့ပါသည်။