Skip to main content

ပြည်သူ့လွှတ်တော်မှဖွဲ့စည်းထားသောကော်မတီ များမှ ကော်မတီတစ်ခု အမည်ပြင်ဆင်ခြင်း၊ ကော်မတီ ၁၈ ခုသက်တမ်း တိုးမြှင့်ခြင်း

ပြည်သူ့လွှတ်တော်မှ (၅-၉-၂၀၁၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော တိုင်းရင်းသားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ၏ အမည်အား တိုင်းရင်းသားရေးရာ၊ ကျေးလက် လူမှုဘဝ မြှင့်တင်ရေး ရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဟု ပြင်ဆင် သတ်မှတ်ပြီး၊ ၎င်းနေ့ရက်တွင် စတင်ဖွဲ့စည်းခဲ့သော အောက်ပါကော်မတီများကိုလည်း  သက်တမ်း တစ်နှစ် ပြည့်မြောက်သောနေ့၏ နောက် တစ်ရက်ဖြစ်သော ၅-၉-၂၀၁၃ ရက်နေ့မှစ၍ နောက်ထပ် တစ်နှစ်တိုးမြှင့် သတ်မှတ်လိုက်သည်။

နိုင်ငံသားများ၏ မူလ အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေးဆိုင်ရာကော်မတီ၊

တိုင်းရင်းသားရေးရာ၊ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ၊

ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊

စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၊

တောင်သူ လယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီ၊

နိုင်ငံတကာဆက်ဆံရေးကော်မတီ၊

စီးပွားရေး နှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုး‌တက်ရေးကော်မတီ၊

ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာကော်မတီ၊

အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကော်မတီ၊

ရင်းနှီးမြှုပ်နှံမှု စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၊

ကျန်းမာရေးမြှင့်တင်မှုကော်မတီ၊

ပညာရေးမြှင့်တင်မှုကော်မတီ၊

တရားစီရင်ရေး၊ ဥပဒေ‌ရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ၊

ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ၊

လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊

ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေးကော်မတီ