Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ချစ်ကြည်ရေးခရီးမှ ပြန်လည်ရောက်ရှိ

နေပြည်တော် အောက်တိုဘာ ၁၃

ပြည်ထောင်စုလွှတ်တော်နာယက  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော  ကိုယ်စား လှယ်အဖွဲ့သည်  ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ ကျင်းပသည့် (၁၂၉) ကြိမ် မြောက် အပြည်ပြည်ဆိုင်ရာ ပါလီမန် များသမဂ္ဂ ညီလာခံ (IPU) (129 th  Assembly  of  the  Inter- Parliamentary  Union) နှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး

<--break->

ဆွစ်ဇာလန်နိုင်ငံ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့သို့လည်းကောင်း၊ ဩစတြီးယားနိုင်ငံလွှတ်တော်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ဩစတြီးယားနိုင်ငံ  ဗီယင်နာမြို့သို့လည်းကောင်း  ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ရာမှ ယနေ့မွန်းလွဲ ၁ နာရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယကနှင့် အဖွဲ့အား ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်နှင့်  အမျိုးသားလွှတ်တော်ကော်မတီတို့မှ ဥက္ကဋ္ဌများ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်နှင့် လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ  ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Christoph Burgener တို့က ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။ ပြည်ထောင်စုလွှတ်တော်နာယကနှင့် အတူ ပြည်ထောင်စုလွှတ်တော် (IPU)   ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊  ကော်မတီဒုတိယဥက္ကဋ္ဌ ဒေါက်တာမြဦးနှင့်  လွှတ်တော်ရုံးမှ တာဝန်ရှိသူများလည်း ပြန်လည်လိုက် ပါလာကြသည်။   (သတင်းစဉ်)