Skip to main content

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း Nippon Foundation ဥက္ကဋ္ဌ အား လက်ခံတွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၁၈

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း သည် ဂျပန်နိုင်ငံ၊ Nippon Foundation ဥက္ကဋ္ဌ Mr. Yohei SASAKAWA ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အဦ၊ ပြည်သူ့လွှတ်တော် အစည်းအဝေးဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

<--break->အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများဖြစ်ကြ သည့် ဦးလှမြင့်ဦး၊ ဦးတီးခွန်မြတ်၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးခင်စိုး၊ ဦးကြည်ထွဋ်ဝင်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်နှင့်တူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Mikio NUMATA လည်းတက်ရောက်သည်။ (သတင်းစဉ်)