Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း Harvard Kennedy ကျောင်းအုပ်ကြီး Mr.Daved T.Ellwood နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ(၃)

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မေရိကန်ပြည်ထောင်စု၊ Harvard Kennedy ကျောင်းအုပ်ကြီး Mr. David T.Ellwood နှင့် အဖွဲ့အား ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

<--break->အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတူ ပြည်သူ့လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမောင်မောင်သိမ်း၊ ဦးသိန်းဆွေ၊ ဦးလှမြင့်ဦး၊ ကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)