Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ လွှတ်တော်များသို့လာရောက်လေ့လာသူများအား တွေ့ဆုံအမှာစကားပြောကြား

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးသတ္တမနေ့ကို လာရောက်လေ့လာသည့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကျွန်းလှ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ၁၆၀၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) သာယာဝတီမြို့ နယ် နှင့် လက်ပံတန်းမြို့နယ်များမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၂၆၇ ဦးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ၂၂၂ ဦးတို့အား လွှတ်တော်ဝင်း အတွင်းရှိ ဇမ္ဗူသီရိဆောင်တွင် တွေ့ဆုံအမှာစကားပြောကြားသည်။ ယင်းနောက် လေ့လာရေးအဖွဲ့သည် လွှတ်တော်ဝင်းအတွင်း ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

ဓါတ်ပုံများ