Skip to main content

ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ UNFPA ၏ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ်နှင့် အဖွဲ့အား လက်ခံတွေဆုံ

နေပြည်တော် နိုဝင်ဘာ ၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည် UNFPA ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Ms. Janet Jackson ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ (၀၉း၀၀)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-1) ၌ လက်ခံ တွေ့ဆုံ ပါသည်။

<--break->

ထိုသို့တွေ့ဆုံရာတွင် UNFPAနှင့် မြန်မာနိုင်ငံလွှတ်တော်ကော်မတီများအကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး၊ မြန်မာနိုင်ငံ၌ အမျိုးသမီးများ၏အခွင့်အရေးနှင့် အကာအကွယ် ပေးရေးဆိုင်ရာကိစ္စရပ်များ၊ AFPPD တွင် မြန်မာနိုင်ငံအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့်အတူ ကျန်းမာရေးမြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာကျော်မြင့်၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဆွေနှင့် အတွင်းရေးမှူး ဦးမြင့်သူ၊ လွှတ်တော်အခွင့်အရေး ကော်မတီအဖွဲ့ဝင် ဦးအောင်ဆန်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး UNFPAမှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Ms. Janet Jackson နှင့်အတူ ဦးဝင်းမြင့်တို့ တက်ရောက် ကြပါသည်။ (သတင်းစဉ်)